သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘာသာေခါင္းေဆာင္ေတြရဲ႕ ၂၀၂၁ ႏွစ္သစ္ဆုေတာင္းမ်ား


ဒီဇင္ဘာ ၂၀၁၃ ခုႏွစ္က ရန္ကုန္ၿမိဳ႕မွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (ဒီဇင္ဘာ ၃၀၊ ၂၀၁၃)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါရင္ဆိုင္ခဲ့ရတဲ့ႏွစ္ျဖစ္တဲ့ ၂၀၂၀ လြန္ၿပီးတဲ့ေနာက္မွာေတာ့၊ ၂၀၂၁ခုႏွစ္ ႏွစ္သစ္ကစလို႔ သက္ရွိသတၱဝါအေပါင္း က်န္းမာၿငိမ္းေအးေစဖို႔ ဘာသာေပါင္းစုံေခါင္းေဆာင္ေတြက ဆုေတာင္းေမတၱာပို႔သထားတဲ့အေၾကာင္း ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက တင္ဆက္ေပးပါမယ္။

၂၀၂၁ ခုႏွစ္ ႏွစ္သစ္ကူးမွာ တဦးနဲ႔တဦး ခ်စ္ျခင္းေမတၱာ၊ က႐ုဏာ၊ မုဒိတာတရား၊ ကိုယ္ခ်င္းစာတရားေတြနဲ႔အညီ အတူယွဥ္တြဲေနထိုင္သြားေစခ်င္တယ္လို႔ ဆရာေတာ္ မင္းသုညက မိန႔္ပါတယ္။

"ဦးပဇင္းတို႔ ကမာၻ႔ႏိုင္ငံအသီးသီး ခရစ္ယာန္၊ မြတ္စလင္၊ ဟိႏၵဴ၊ ဗုဒၶဘာသာ၊ အျခားဘာသာ၊ ဘာသာမဲ့အစရွိသျဖင့္ ဦးပဇင္းတို႔ကမာၻႀကီးမွာ မွီတင္းေနထိုင္ၾကတာ။ ဒါေတြအားလုံးျပန္ၿပီးေတာ့ ၿခဳံၾကည့္မယ္ဆိုရင္ ဦးပဇင္းတို႔ ရရွိလာတဲ့ကာလေလးဟာ အင္မတန္တိုေတာင္းတဲ့ကာလေလးျဖစ္တဲ့အတြက္ေၾကာင့္ အားလုံးဟာ စည္းေတြျခားၿပီးေတာ့ မျမင္ၾကဘဲနဲ႔ ကမာၻ႔ႏိုင္ငံသူ၊ ႏိုင္ငံသားအားလုံးအခ်င္းခ်င္း၊ လူသားအခ်င္းခ်င္းဆိုတဲ့ စာနာနားလည္မႈေတြနဲ႔ၾကည့္ၿပီးေတာ့ ေမတၱာတရားေတြနဲ႔ အျပန္အလွန္ ခ်စ္ခင္မႈေတြနဲ႔ေနၾကၿပီးေတာ့ လာမယ့္ႏွစ္သစ္ႀကီးကို ေအးေအးခ်မ္းခ်မ္းနဲ႔ သာယာဖြံ႕ၿဖိဳးတိုးတက္ေသာ၊ ကပ္ေရာဂါဆိုးေတြကင္းေဝးေသာ ႏိုင္ငံေတာ္ႀကီးအျဖစ္ အားလုံးရဲ႕ႏွလုံးသားထဲမွာ ကိုယ္စီကိုယ္ငွေမတၱာဓာတ္ေတြ ကိန္းဝပ္ၿပီးေတာ့ ေနႏိုင္ၾကပါေစလို႔ ဦးပဇင္းတို႔ဆုေတာင္း ေမတၱာပို႔သလိုက္ပါတယ္။"

ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္မွာ ကိုဗစ္ကပ္ေရာဂါအျပင္ စားဝတ္ေနေရးအခက္အခဲနဲ႔ ျပည္တြင္းစစ္ေဘးေတြေၾကာင့္ ဒုကၡေရာက္ခဲ့ၾကတယ္ဆိုေပမဲ့ လူမ်ိဳးဘာသာမေ႐ြး ဝိုင္းဝန္းကူညီခဲ့ၾကလို႔ ကိုဗစ္ကာလရဲ႕အက်ိဳးတခုျဖစ္ခဲ့ၿပီး၊ ၂၀၂၁ခုႏွစ္မွာ မိသားစုအားလုံး ေပ်ာ္႐ႊင္က်န္းမာစြာ ေနႏိုင္တဲ့ႏွစ္သစ္ျဖစ္ေစဖို႔ ရန္ကုန္ကက္သလစ္ဂိုဏ္းခ်ဳပ္ သာသနာဆရာေတာ္ႀကီး ကာဒီနယ္ခ်ားစ္ဘိုက ခ်ီးေျမႇာက္ပါတယ္။

"ဒီႏွစ္သစ္မွာ ေ႐ြးေကာက္ပြဲလည္းၿပီးတဲ့အတြက္ အာဏာရရွိခဲ့တဲ့ NLD နဲ႔ ဒီအစိုးရစစ္တပ္နဲ႔ လက္နက္ကိုင္ေတြအားလုံးဟာ စားပြဲဝိုင္းမွာညႇိၾကၿပီးတဲ့ေနာက္ ျမန္မာျပည္မွာျဖစ္ပ်က္ေနတဲ့စစ္ပြဲေတြရပ္ဖို႔ရာလည္း ကြၽႏ္ုပ္တို႔အေနနဲ႔ အထူးပဲဆုမြန္ေကာင္းေတာင္းပါတယ္။ ျပည္သူျပည္သားေတြအားလုံးလည္းပဲ က်န္းက်န္းမာမာနဲ႔ဆက္လက္ၿပီးေတာ့ မိမိတို႔ရဲ႕သြားလာလႈပ္ရွား စားဝတ္ေနေရးဘက္မွာလည္းပဲ အဆင္ေျပႏိုင္ဖို႔ရာအတြက္ ကြၽႏ္ုပ္တို႔အေနနဲ႔ဆုေတာင္းတဲ့အျပင္ လူမ်ိဳးမေ႐ြး၊ ဘာသာမေ႐ြး မခြဲမျခားဘဲနဲ႔ ျမန္မာျပည္မိသားစုတခုကဲ့သို႔ ဆက္လက္ၿပီးေတာ့အသက္ရွင္ႏိုင္ဖို႔ရာအတြက္လည္းပဲ ဆုေတာင္းတယ္။ ဒါ့အျပင္ ျမစ္ဆုံမွာျဖစ္တဲ့ ေရကာတာႀကီးဟာလည္းပဲ ထာဝစဥ္ရပ္ဆိုင္းဖို႔ရာအတြက္ ဆုေတာင္းပါတယ္။ ျမန္မာျပည္မွာျဖစ္ပ်က္ေနတဲ့ ဘိန္းနဲ႔ မူးယစ္ေဆးဝါးေတြအားလုံးဟာလည္းပဲ အၿပီးရပ္စဲႏိုင္ၿပီးေတာ့ ဒီလိုမ်ိဳးကုန္ကူးေနၾကတဲ့ဟာေတြ ရပ္စဲႏိုင္ဖို႔ရာအတြက္လည္းပဲ တာဝန္ရွိသူမ်ားနဲ႔ပတ္သက္ေသာသူမ်ားလည္းပဲ အထူးႀကိဳးစားဖို႔ရန္အတြက္လည္းပဲ ဆုေတာင္းပါတယ္။"

ဘာသာဝင္တိုင္းမွာ ႏွစ္သစ္ကူးပြဲေတာ္အသီးသီးရွိၾကၿပီး သကၠရာဇ္ခုႏွစ္ ၂၀၂၁ ကေတာ့ အားလုံးနဲ႔သက္ဆိုင္တဲ့ႏွစ္သစ္ျဖစ္ၿပီး လူသားတိုင္းၿငိမ္းေအးသာယာေစဖို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အႏၶရဟိႏၵဴဘာသာေရး အဖြဲ႕ခ်ဳပ္အတြင္းေရးမႉး ရာဂူေနျမင့္က ဆုမြန္ေကာင္းေတာင္းပါတယ္။

"ျမန္မာႏိုင္ငံဟာ ဒီ ၂၀၂၁ကေနစၿပီး ေနာင္ႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္ စစ္မွန္ၿပီးေတာ့ တိုင္းရင္းသားအားလုံး၊ လူမ်ိဳးဘာသာအားလုံးပါဝင္တဲ့ ေအးခ်မ္းတဲ့ျပည္ေထာင္စုအစစ္အမွန္ႀကီးကို ရရွိပါေစ၊ ေဖာ္ေဆာင္ႏိုင္ပါေစ။ ၿပီးေတာ့ လူမ်ိဳးဘာသာေတြ ဘယ္ေလာက္ပဲ မတူကြဲျပားေနပါေစ၊ တိုင္းရင္းသားေတြမတူညီ ကြဲျပားေနပါေစ အကိုတို႔က ဒီေျမမွာေမြးၿပီး ဒီေျမမွာႀကီးလာၾကတဲ့ အမိျမန္မာျပည္ႀကီးရဲ႕သားသမီးေတြျဖစ္တဲ့အတြက္ေၾကာင့္ အားလုံးအယူအဆ အေတြးအေခၚမတူတာေတြေဘးထားၿပီးေတာ့ တက္ညီလက္ညီနဲ႔ ႏိုင္ငံေတာ္ႀကီးဖြံ႕ၿဖိဳး တိုးတက္ေအးခ်မ္းသာယာတဲ့ စစ္မွန္တဲ့ ၿငိမ္းခ်မ္းတဲ့ ျမန္မာႏိုင္ငံေတာ္ႀကီးျဖစ္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးခ်င္ပါတယ္။"

၂၀၂၀ ခုႏွစ္ဟာ သင္ခန္းစာေတြ၊ စိန္ေခၚမႈေတြေပးခဲ့တဲ့ႏွစ္ျဖစ္ၿပီး ဒါကို အခြင့္အေရးအေနနဲ႔ ေျပာင္းလဲအသုံးခ်ႏိုင္ခဲ့သလို၊ ႏွစ္သစ္မွာလည္း အက်ိဳးရွိရွိအသုံးခ်သြားႏိုင္ဖို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဇဖာရ္ရွားဂူဗိမာန္ ႀကီးၾကပ္ေရးေကာ္မတီ တာဝန္ရွိသူ ဟာဂ်ီဦးေအးလြင္က ႏွစ္သစ္ဆုေတာင္းပါတယ္။

"လူသားကေတာ့ ဘယ္ဘာသာတရားမွာၾကည့္ၾကည့္ အျမတ္ဆုံးပါပဲ။ အဲဒီေတာ့ ကမာၻသူ၊ ကမာၻသားမ်ားအေနနဲ႔ကလည္းပဲ ရရွိထားေသာ သင္ခန္းစာမ်ားကို က်ေနာ္တို႔အသုံးခ်ရမယ္။ အဲဒီေတာ့ New Normal ဆိုၿပီးေတာ့ အသုံးအႏႈန္းေလးေတြ ေပၚလာတယ္။ အခုအေလးအနက္ထားၿပီး စဥ္းစားလိုက္တဲ့အခါမွာ ဆင္ျခင္စရာေလးေတြဆင္ျခင္၊ ေဆာင္စရာေတြေဆာင္၊ ေရွာင္စရာေတြေရွာင္၊ သိပ္ၿပီးေတာ့ သဘာဝႀကီးနဲ႔ဆန႔္က်င္ၿပီး ေနစရာမလိုပါဘူး။ ဒီအျပဳအမူေလးေတြက က်ေနာ္တို႔အတြက္ က်န္းမာေရးတင္မဟုတ္ဘူး။ လူမႈေရး၊ စီးပြားေရး၊ ႏိုင္ငံေရး၊ တနည္းအားျဖင့္ ဘာသာေရးအတြက္ပါ အေထာက္အကူျဖစ္တဲ့ ကိစၥရပ္ေတြျဖစ္ပါတယ္။ အဲဒီေတာ့ အခုလာမယ့္ ၂၀၂၁ ခုႏွစ္မွာလည္းပဲ က်ေနာ္တို႔လူသားေတြဟာ ရရွိလာတဲ့သင္ခန္းစာမ်ားကို အက်ိဳးရွိစြာအသုံးခ်ၿပီးေတာ့ကာ ႏွစ္ဘဝလုံးၿငိမ္းခ်မ္းေရးအတြက္ကို တည္ေဆာက္ႏိုင္ပါေစလို႔ က်ေနာ္ဆုေတာင္းေမတၱာပို႔ရင္း နိဂုံးခ်ဳပ္အပ္ပါတယ္ခင္ဗ်ာ။"

ႏွစ္သစ္မွာအားလုံးပဲ စိတ္ခ်မ္းသာကိုယ္က်န္းမာရွိေစဖို႔ က်မတို႔ ဗြီအိုေအဝိုင္းေတာ္သားေတြကလည္း ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘာသာခေါင်းဆောင်တွေရဲ့ ၂၀၂၁ နှစ်သစ်ဆုတောင်းများ

ကိုဗစ်ကပ်ရောဂါရင်ဆိုင်ခဲ့ရတဲ့နှစ်ဖြစ်တဲ့ ၂၀၂၀ လွန်ပြီးတဲ့နောက်မှာတော့၊ ၂၀၂၁ခုနှစ် နှစ်သစ်ကစလို့ သက်ရှိသတ္တဝါအပေါင်း ကျန်းမာငြိမ်းအေးစေဖို့ ဘာသာပေါင်းစုံခေါင်းဆောင်တွေက ဆုတောင်းမေတ္တာပို့သထားတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးပါမယ်။

၂၀၂၁ ခုနှစ် နှစ်သစ်ကူးမှာ တဦးနဲ့တဦး ချစ်ခြင်းမေတ္တာ၊ ကရုဏာ၊ မုဒိတာတရား၊ ကိုယ်ချင်းစာတရားတွေနဲ့အညီ အတူယှဉ်တွဲနေထိုင်သွားစေချင်တယ်လို့ ဆရာတော် မင်းသုညက မိန့်ပါတယ်။

"ဦးပဇင်းတို့ ကမ္ဘာ့နိုင်ငံအသီးသီး ခရစ်ယာန်၊ မွတ်စလင်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ အခြားဘာသာ၊ ဘာသာမဲ့အစရှိသဖြင့် ဦးပဇင်းတို့ကမ္ဘာကြီးမှာ မှီတင်းနေထိုင်ကြတာ။ ဒါတွေအားလုံးပြန်ပြီးတော့ ခြုံကြည့်မယ်ဆိုရင် ဦးပဇင်းတို့ ရရှိလာတဲ့ကာလလေးဟာ အင်မတန်တိုတောင်းတဲ့ကာလလေးဖြစ်တဲ့အတွက်ကြောင့် အားလုံးဟာ စည်းတွေခြားပြီးတော့ မမြင်ကြဘဲနဲ့ ကမ္ဘာ့နိုင်ငံသူ၊ နိုင်ငံသားအားလုံးအချင်းချင်း၊ လူသားအချင်းချင်းဆိုတဲ့ စာနာနားလည်မှုတွေနဲ့ကြည့်ပြီးတော့ မေတ္တာတရားတွေနဲ့ အပြန်အလှန် ချစ်ခင်မှုတွေနဲ့နေကြပြီးတော့ လာမယ့်နှစ်သစ်ကြီးကို အေးအေးချမ်းချမ်းနဲ့ သာယာဖွံ့ဖြိုးတိုးတက်သော၊ ကပ်ရောဂါဆိုးတွေကင်းဝေးသော နိုင်ငံတော်ကြီးအဖြစ် အားလုံးရဲ့နှလုံးသားထဲမှာ ကိုယ်စီကိုယ်ငှမေတ္တာဓာတ်တွေ ကိန်းဝပ်ပြီးတော့ နေနိုင်ကြပါစေလို့ ဦးပဇင်းတို့ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။"

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ ကိုဗစ်ကပ်ရောဂါအပြင် စားဝတ်နေရေးအခက်အခဲနဲ့ ပြည်တွင်းစစ်ဘေးတွေကြောင့် ဒုက္ခရောက်ခဲ့ကြတယ်ဆိုပေမဲ့ လူမျိုးဘာသာမရွေး ဝိုင်းဝန်းကူညီခဲ့ကြလို့ ကိုဗစ်ကာလရဲ့အကျိုးတခုဖြစ်ခဲ့ပြီး၊ ၂၀၂၁ခုနှစ်မှာ မိသားစုအားလုံး ပျော်ရွှင်ကျန်းမာစွာ နေနိုင်တဲ့နှစ်သစ်ဖြစ်စေဖို့ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် သာသနာဆရာတော်ကြီး ကာဒီနယ်ချားစ်ဘိုက ချီးမြှောက်ပါတယ်။

"ဒီနှစ်သစ်မှာ ရွေးကောက်ပွဲလည်းပြီးတဲ့အတွက် အာဏာရရှိခဲ့တဲ့ NLD နဲ့ ဒီအစိုးရစစ်တပ်နဲ့ လက်နက်ကိုင်တွေအားလုံးဟာ စားပွဲဝိုင်းမှာညှိကြပြီးတဲ့နောက် မြန်မာပြည်မှာဖြစ်ပျက်နေတဲ့စစ်ပွဲတွေရပ်ဖို့ရာလည်း ကျွန်ုပ်တို့အနေနဲ့ အထူးပဲဆုမွန်ကောင်းတောင်းပါတယ်။ ပြည်သူပြည်သားတွေအားလုံးလည်းပဲ ကျန်းကျန်းမာမာနဲ့ဆက်လက်ပြီးတော့ မိမိတို့ရဲ့သွားလာလှုပ်ရှား စားဝတ်နေရေးဘက်မှာလည်းပဲ အဆင်ပြေနိုင်ဖို့ရာအတွက် ကျွန်ုပ်တို့အနေနဲ့ဆုတောင်းတဲ့အပြင် လူမျိုးမရွေး၊ ဘာသာမရွေး မခွဲမခြားဘဲနဲ့ မြန်မာပြည်မိသားစုတခုကဲ့သို့ ဆက်လက်ပြီးတော့အသက်ရှင်နိုင်ဖို့ရာအတွက်လည်းပဲ ဆုတောင်းတယ်။ ဒါ့အပြင် မြစ်ဆုံမှာဖြစ်တဲ့ ရေကာတာကြီးဟာလည်းပဲ ထာဝစဉ်ရပ်ဆိုင်းဖို့ရာအတွက် ဆုတောင်းပါတယ်။ မြန်မာပြည်မှာဖြစ်ပျက်နေတဲ့ ဘိန်းနဲ့ မူးယစ်ဆေးဝါးတွေအားလုံးဟာလည်းပဲ အပြီးရပ်စဲနိုင်ပြီးတော့ ဒီလိုမျိုးကုန်ကူးနေကြတဲ့ဟာတွေ ရပ်စဲနိုင်ဖို့ရာအတွက်လည်းပဲ တာဝန်ရှိသူများနဲ့ပတ်သက်သောသူများလည်းပဲ အထူးကြိုးစားဖို့ရန်အတွက်လည်းပဲ ဆုတောင်းပါတယ်။"

ဘာသာဝင်တိုင်းမှာ နှစ်သစ်ကူးပွဲတော်အသီးသီးရှိကြပြီး သက္ကရာဇ်ခုနှစ် ၂၀၂၁ ကတော့ အားလုံးနဲ့သက်ဆိုင်တဲ့နှစ်သစ်ဖြစ်ပြီး လူသားတိုင်းငြိမ်းအေးသာယာစေဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အန္ဓရဟိန္ဒူဘာသာရေး အဖွဲ့ချုပ်အတွင်းရေးမှူး ရာဂူနေမြင့်က ဆုမွန်ကောင်းတောင်းပါတယ်။

"မြန်မာနိုင်ငံဟာ ဒီ ၂၀၂၁ကနေစပြီး နောင်နှစ်ပေါင်းများစွာတိုင်အောင် စစ်မှန်ပြီးတော့ တိုင်းရင်းသားအားလုံး၊ လူမျိုးဘာသာအားလုံးပါဝင်တဲ့ အေးချမ်းတဲ့ပြည်ထောင်စုအစစ်အမှန်ကြီးကို ရရှိပါစေ၊ ဖော်ဆောင်နိုင်ပါစေ။ ပြီးတော့ လူမျိုးဘာသာတွေ ဘယ်လောက်ပဲ မတူကွဲပြားနေပါစေ၊ တိုင်းရင်းသားတွေမတူညီ ကွဲပြားနေပါစေ အကိုတို့က ဒီမြေမှာမွေးပြီး ဒီမြေမှာကြီးလာကြတဲ့ အမိမြန်မာပြည်ကြီးရဲ့သားသမီးတွေဖြစ်တဲ့အတွက်ကြောင့် အားလုံးအယူအဆ အတွေးအခေါ်မတူတာတွေဘေးထားပြီးတော့ တက်ညီလက်ညီနဲ့ နိုင်ငံတော်ကြီးဖွံ့ဖြိုး တိုးတက်အေးချမ်းသာယာတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံတော်ကြီးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးချင်ပါတယ်။"

၂၀၂၀ ခုနှစ်ဟာ သင်ခန်းစာတွေ၊ စိန်ခေါ်မှုတွေပေးခဲ့တဲ့နှစ်ဖြစ်ပြီး ဒါကို အခွင့်အရေးအနေနဲ့ ပြောင်းလဲအသုံးချနိုင်ခဲ့သလို၊ နှစ်သစ်မှာလည်း အကျိုးရှိရှိအသုံးချသွားနိုင်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဇဖာရ်ရှားဂူဗိမာန် ကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူ ဟာဂျီဦးအေးလွင်က နှစ်သစ်ဆုတောင်းပါတယ်။

"လူသားကတော့ ဘယ်ဘာသာတရားမှာကြည့်ကြည့် အမြတ်ဆုံးပါပဲ။ အဲဒီတော့ ကမ္ဘာသူ၊ ကမ္ဘာသားများအနေနဲ့ကလည်းပဲ ရရှိထားသော သင်ခန်းစာများကို ကျနော်တို့အသုံးချရမယ်။ အဲဒီတော့ New Normal ဆိုပြီးတော့ အသုံးအနှုန်းလေးတွေ ပေါ်လာတယ်။ အခုအလေးအနက်ထားပြီး စဉ်းစားလိုက်တဲ့အခါမှာ ဆင်ခြင်စရာလေးတွေဆင်ခြင်၊ ဆောင်စရာတွေဆောင်၊ ရှောင်စရာတွေရှောင်၊ သိပ်ပြီးတော့ သဘာဝကြီးနဲ့ဆန့်ကျင်ပြီး နေစရာမလိုပါဘူး။ ဒီအပြုအမူလေးတွေက ကျနော်တို့အတွက် ကျန်းမာရေးတင်မဟုတ်ဘူး။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ တနည်းအားဖြင့် ဘာသာရေးအတွက်ပါ အထောက်အကူဖြစ်တဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။ အဲဒီတော့ အခုလာမယ့် ၂၀၂၁ ခုနှစ်မှာလည်းပဲ ကျနော်တို့လူသားတွေဟာ ရရှိလာတဲ့သင်ခန်းစာများကို အကျိုးရှိစွာအသုံးချပြီးတော့ကာ နှစ်ဘဝလုံးငြိမ်းချမ်းရေးအတွက်ကို တည်ဆောက်နိုင်ပါစေလို့ ကျနော်ဆုတောင်းမေတ္တာပို့ရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ။"

နှစ်သစ်မှာအားလုံးပဲ စိတ်ချမ်းသာကိုယ်ကျန်းမာရှိစေဖို့ ကျမတို့ ဗွီအိုအေဝိုင်းတော်သားတွေကလည်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG