သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိမ္နီးခ်င္းသံုးႏိုင္ငံ လုပ္သားေတြကို တရားဝင္လုပ္ကိုင္ခြင့္ထုတ္ေပးမည္


ကုိဗစ္ကပ္ေဘးႀကံဳေနရတဲ့ မဟာခ်ိဳင္ပုဇြန္ေစ်းမွာေတြ႔ရတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ား။ (ဓာတ္ပံု- က်န္းမာေရး၀န္ႀကီး Mr. Anutin Charnwirakul - ဒီဇင္ဘာ ၃၀၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာ၊ လာအို၊ ကေမၻာဒီးယားသံုး နိုင္ငံက ႏိုင္ငံျခားသားအလုပ္သမားမ်ား ကိုဗစ္-ကပ္ေဘးကာလ အထူးေျဖေလ်ာ့ေပးတဲ့အေနနဲ႔ အေထာက္အထား လက္မွတ္လုပ္ေပးဖို႔ကို ထိုင္းနိုင္ငံ လႊတ္ေတာ္အစည္းအေ၀းကေန ဒီဇင္ဘာလ ၂၉ ရက္ေန႔မွာပဲ အတည္ျပဳလိုက္ပါတယ္။ ဒီသတင္းကုိ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက ထိုင္းျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

ထုိင္းျပည္ထဲေရးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ထိုင္းနိုင္ငံအတြင္း အေၾကာင္းအမ်ိဳးမ်ိဳးနဲ ့ ေရာက္ရွိေနထိုင္းေနတဲ့ ျမန္မာ၊ လာအို၊ ကေမၻာဒီးယားသံုးနိုင္ငံက တရားမ၀င္အလုပ္သမားမ်ားအေနနဲ ့ ရက္ေပါင္း ၉၀ အတြင္း အလုပ္ရွင္ရွာေဖြ ကာ အလုပ္ေတြကုိ တရား၀င္ေလွ်ာက္ထားနိုင္ေၾကာင္း အြန္လိုင္းကေနလည္း မွတ္ပံုတင္နိုင္ျပီး ၂ ႏွစ္ တရား၀င္ေထာက္အထားလက္မွတ္ထုတ္ေပးမွာျဖစ္ျပီး ကုန္က်စရိတ္ကေတာ့ ဘတ္ေငြ ၇,၂၀၀ ေပးရမယ္လို ့ ဆုိပါတယ္။

ဒီလိုကပ္ေဘးကာလႀကီးမွာ တရားမ၀င္ျမန္မာႏိုင္ငံသားေတြအဖို႔ကေတာ့ ေရြးခ်ယ္စရာမရွိဘူးလို႔ ေရႊ႕ေျပာင္းအလုပ္သမားအခြင့္ေရးကြန္ယက္ရဲ႕ ဥကၠ႒ ဦးေအာင္ေက်ာ္ကဆိုပါတယ္။

"တရားမ၀င္အလုပ္သမားေတြကို ယာယီေနထုိင္ခြင့္ အလုပ္လုပ္ခြင့္လက္မွတ္ေတြ ထုတ္ေပးတဲ့အတြက္ေၾကာင့္ နံပါတ္ ၁ ပန္းေရာင္ကဒ္လုပ္ေပးမယ္။ ေဆးစစ္ခေတြ ပါမယ္။ ေနထုိင္ခြင့္ဗီဇာပါမယ္။ အလုပ္လုပ္ခြင့္ေတြပါမယ္။ ပံုမွန္အတုိင္းပါပဲ။ လက္ရိွေရႊ႕ေျပာင္းအလုပ္သမားေတြၾကား ကပ္ေရာဂါျဖစ္ေနခ်ိန္မွာ သူတို႔ ကိုယ္တိုင္တရားမ၀င္ေတြဆိုတာ ထုိင္းအစုိးရက ျမင့္ေတြ႔ သြားတယ္၊ ၾကံဳေတြခဲ့ရတယ္။ ဒါကို ေျဖေလ်ာ့ၿပီး ဖမ္းဆီးအေရးယူတာမလုပ္ဘူး။ ဆိုေတာ့က်ေနာ္တို႔မွာလည္း ဒီကုန္က်စရိတ္မ်ားလို႔ မေက်နပ္ေပမဲ့လည္း ေရြးခ်ယ္စရာမရွိတဲ့အေနအထားျဖစ္သြားတယ္။ က်ေနာ္တို႔ အလုပ္သမားေရးလႈပ္ရွားသူေတြ ဘယ္ေလာက္ပဲေတာင္းဆုိေတာင္းဆုိ... သူတို႔အေနနဲ႔ ေျဖေလ်ာ့ေပးမယ္လို႔ မထင္ဘူး။"

အခုထုတ္ေပးတဲ့ ယာယီေနထုိင္ခြင့္လက္မွတ္ေတြဟာ ခရီးသြားလာဖို႔အတြက္ အကန္႔အသတ္ေတြရွိေၾကာင္းနယ္ေျမေက်ာ္ျပီး သြားလာလို႔ မရေၾကာင္းကုိလည္း ဦးေအာင္ေက်ာ္ကေျပာပါတယ္။

"ဒီယာယီေနထုိင္ခြင့္လက္မွတ္ေတြက အကန္႔အသတ္ရွိတယ္။ သူတို႔ ထုတ္ေပးတာ သတ္မွတ္ထားတဲ့ခရိုင္ေဒသတြင္းမွာ သြားလာခြင့္ရွိတယ္။ တျခားေနရာေတြကို သြားလာခြင့္မရွိဘူး။"

ထုိင္းႏို္င္ငံမွာ တေက်ာ့ျပန္ျဖစ္လာတဲ့ ကုိဗစ္ကပ္ေဘးကာလအတြင္းမွာ တရားမ၀င္ေနထုိင္သူေတြေၾကာင့္ျဖစ္တယ္ဆုိျပီး ထုိင္းအစုိးရ ျပစ္တင္ခဲ့ျပီးတဲ့ေနာက္ တရားမ၀င္ေတြ လက္ခံထားသူေတြကုိ အေရးယူဖို႔ လုပ္ေဆာင္ခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ အလုပ္ရွင္ေတြက အလုပ္သမားေတြကို လက္မခံရဲတာ ခဲြျခားဆက္ဆံတာ စြန္႔ပစ္တာေတြျဖစ္လာခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ တရားမ၀င္ႏိုင္ငံျခားသား အလုပ္သမားေတြကို ဖမ္းဆီးမွာ မဟုတ္သလိုတရား၀င္ျဖစ္ေအာင္ လက္မွတ္ထုတ္ေပးဖို႔ဆိုျပီး ထုိင္းအစိုးရက ဆံုးျဖတ္ခဲ့တာပါ။ ဒီလိုကပ္ေဘးကာလမွာ အေထာက္အထား လက္မွတ္လုပ္ရမယ့္ ကုန္က်စရိတ္ကေတာ့ အလုပ္သမားေတြအတြက္ စိန္ေခၚမႈေတြျဖစ္လာေပမဲ့ တရား၀င္ျဖစ္ေအာင္ႀကိဳးစားလုပ္ၾကမယ္လို႔ ယူဆရေၾကာင္း အလုပ္သမားေရးလႈပ္ရွားသူေတြကဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိမ်နီးချင်းသုံးနိုင်ငံ လုပ်သားတွေကို တရားဝင်လုပ်ကိုင်ခွင့်ထုတ်ပေးမည်

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားသုံး နိုင်ငံက နိုင်ငံခြားသားအလုပ်သမားများ ကိုဗစ်-ကပ်ဘေးကာလ အထူးဖြေလျော့ပေးတဲ့အနေနဲ့ အထောက်အထား လက်မှတ်လုပ်ပေးဖို့ကို ထိုင်းနိုင်ငံ လွှတ်တော်အစည်းအဝေးကနေ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာပဲ အတည်ပြုလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ထိုင်းပြည်ထဲရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေထိုင်းနေတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားသုံးနိုင်ငံက တရားမဝင်အလုပ်သမားများအနေနဲ့ ရက်ပေါင်း ၉၀ အတွင်း အလုပ်ရှင်ရှာဖွေ ကာ အလုပ်တွေကို တရားဝင်လျှောက်ထားနိုင်ကြောင်း အွန်လိုင်းကနေလည်း မှတ်ပုံတင်နိုင်ပြီး ၂ နှစ် တရားဝင်ထောက်အထားလက်မှတ်ထုတ်ပေးမှာဖြစ်ပြီး ကုန်ကျစရိတ်ကတော့ ဘတ်ငွေ ၇,၂၀၀ ပေးရမယ်လို့ ဆိုပါတယ်။

ဒီလိုကပ်ဘေးကာလကြီးမှာ တရားမဝင်မြန်မာနိုင်ငံသားတွေအဖို့ကတော့ ရွေးချယ်စရာမရှိဘူးလို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်ကဆိုပါတယ်။

"တရားမဝင်အလုပ်သမားတွေကို ယာယီနေထိုင်ခွင့် အလုပ်လုပ်ခွင့်လက်မှတ်တွေ ထုတ်ပေးတဲ့အတွက်ကြောင့် နံပါတ် ၁ ပန်းရောင်ကဒ်လုပ်ပေးမယ်။ ဆေးစစ်ခတွေ ပါမယ်။ နေထိုင်ခွင့်ဗီဇာပါမယ်။ အလုပ်လုပ်ခွင့်တွေပါမယ်။ ပုံမှန်အတိုင်းပါပဲ။ လက်ရှိရွှေ့ပြောင်းအလုပ်သမားတွေကြား ကပ်ရောဂါဖြစ်နေချိန်မှာ သူတို့ ကိုယ်တိုင်တရားမဝင်တွေဆိုတာ ထိုင်းအစိုးရက မြင့်တွေ့ သွားတယ်၊ ကြုံတွေခဲ့ရတယ်။ ဒါကို ဖြေလျော့ပြီး ဖမ်းဆီးအရေးယူတာမလုပ်ဘူး။ ဆိုတော့ကျနော်တို့မှာလည်း ဒီကုန်ကျစရိတ်များလို့ မကျေနပ်ပေမဲ့လည်း ရွေးချယ်စရာမရှိတဲ့အနေအထားဖြစ်သွားတယ်။ ကျနော်တို့ အလုပ်သမားရေးလှုပ်ရှားသူတွေ ဘယ်လောက်ပဲတောင်းဆိုတောင်းဆို... သူတို့အနေနဲ့ ဖြေလျော့ပေးမယ်လို့ မထင်ဘူး။"

အခုထုတ်ပေးတဲ့ ယာယီနေထိုင်ခွင့်လက်မှတ်တွေဟာ ခရီးသွားလာဖို့အတွက် အကန့်အသတ်တွေရှိကြောင်းနယ်မြေကျော်ပြီး သွားလာလို့ မရကြောင်းကိုလည်း ဦးအောင်ကျော်ကပြောပါတယ်။

"ဒီယာယီနေထိုင်ခွင့်လက်မှတ်တွေက အကန့်အသတ်ရှိတယ်။ သူတို့ ထုတ်ပေးတာ သတ်မှတ်ထားတဲ့ခရိုင်ဒေသတွင်းမှာ သွားလာခွင့်ရှိတယ်။ တခြားနေရာတွေကို သွားလာခွင့်မရှိဘူး။"

ထိုင်းနိုင်ငံမှာ တကျော့ပြန်ဖြစ်လာတဲ့ ကိုဗစ်ကပ်ဘေးကာလအတွင်းမှာ တရားမဝင်နေထိုင်သူတွေကြောင့်ဖြစ်တယ်ဆိုပြီး ထိုင်းအစိုးရ ပြစ်တင်ခဲ့ပြီးတဲ့နောက် တရားမဝင်တွေ လက်ခံထားသူတွေကို အရေးယူဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ အလုပ်ရှင်တွေက အလုပ်သမားတွေကို လက်မခံရဲတာ ခွဲခြားဆက်ဆံတာ စွန့်ပစ်တာတွေဖြစ်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ တရားမဝင်နိုင်ငံခြားသား အလုပ်သမားတွေကို ဖမ်းဆီးမှာ မဟုတ်သလိုတရားဝင်ဖြစ်အောင် လက်မှတ်ထုတ်ပေးဖို့ဆိုပြီး ထိုင်းအစိုးရက ဆုံးဖြတ်ခဲ့တာပါ။ ဒီလိုကပ်ဘေးကာလမှာ အထောက်အထား လက်မှတ်လုပ်ရမယ့် ကုန်ကျစရိတ်ကတော့ အလုပ်သမားတွေအတွက် စိန်ခေါ်မှုတွေဖြစ်လာပေမဲ့ တရားဝင်ဖြစ်အောင်ကြိုးစားလုပ်ကြမယ်လို့ယူဆရကြောင်း အလုပ်သမားရေးလှုပ်ရှားသူတွေကဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG