[Zawgyi/Unicode]
၂၀၂၀ ခုႏွစ္အတြင္း အသတ္ခံရတဲ့ သတင္းေထာက္ ကမာၻတဝန္းမွာ အေယာက္ ၅၀ ႐ွိတယ္လို႔ သတင္းလြတ္လပ္ခြင့္ေဆာင္႐ြက္ေနတဲ့ နယ္စည္းမထား သတင္းေထာက္မ်ားအဖဲြ႔ RSF က ထုတ္ျပန္လိုက္ပါတယ္။ RSF ရဲ႕ ႏွစ္ခ်ဳပ္ထုတ္ျပန္ခ်က္အရ အခုႏွစ္ထဲ စစ္ျဖစ္ေနတဲ့ႏိုင္ငံေတြမွာ သတင္းေထာက္ေတြ အသတ္ခံရတာ က်ဆင္းသြားၿပီး စစ္ပြဲမ႐ွိတဲ့ႏိုင္ငံေတြမွာ သတင္းေထာက္ေတြ အသတ္ခံရတာ ပိုမ်ားလာတယ္လို႔ ေဖာ္ျပထားပါတယ္။
သတင္းေထာက္အလုပ္လုပ္လို႔ သတ္ခံရသူေတြ စာရင္းထဲ ျမန္မာႏိုင္ငံက မပါေပမဲ့ ေထာင္ခ်ခံရသူေတြစာရင္းထဲမွာ ၂ ေယာက္ပါပါတယ္။ ၂၀၂၀ ေမလမွာေထာင္ခ်ခံရတဲ့ သတင္းေထာက္ ဦးေဇာ္ရဲထက္နဲ႔ ၂၀၁၈ ဇူလိုင္လထဲက ေထာင္ခ်ခံခဲ့ရတဲ့ ငါးမင္းေဆြတို႔ျဖစ္တယ္လို႔ RSF ရဲ႕ စာရင္းမွာ ေဖာ္ျပျပပါတယ္။ ျမဝတီၿမိဳ႕က ကိုဗစ္လူနာေသဆုံးၿပီလို႔ သတင္းမွာ ေဖာ္ျပခဲ့မႈနဲ႔ ဘားအံၿမိဳ႕အေျခစိုက္ တဲ့ေျပာသတင္းဌာန အယ္ဒီတာခ်ဳပ္ ဦးေဇာ္ရဲထက္ကို ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၅၀၅ (ခ) နဲ႔ ေမလက ေထာင္ဒဏ္ ၂ ႏွစ္ခ်ခဲ့တာပါ။
RSF ရဲ႕ ကမာၻတဝန္း သတင္းလြတ္လပ္မႈ အၫႊန္းကိန္းမွာ ျမန္မာႏိုင္ငံက အခု ၂၀၂၀ မွာ အဆင့္ ၁၃၉ မွာ႐ွိပါတယ္။ ၂၀၁၉ မွာ ၁၃၈ ႐ွိခဲ့ရာက ၁ ဆင့္ေလ်ာ့က်သြားတာျဖစ္ပါတယ္။ ၂၀၁၃ ကေန ၂၀၁၇ ခုႏွစ္အထိ သတင္းလြတ္လပ္ခြင့္ ျမင့္တက္ခဲ့တဲ့ ျမန္မာႏိုင္ငံမွာ အခုျပန္လည္က်ဆင္းေနတယ္လို႔ RSF ရဲ႕ website မွာေဖာ္ျပထားပါတယ္။
[Unicode Version]
မြန်မာ့သတင်းလွတ်လပ်ခွင့် ကျဆင်းနေဆဲ
၂၀၂၀ ခုနှစ်အတွင်း အသတ်ခံရတဲ့ သတင်းထောက် ကမ္ဘာတဝန်းမှာ အယောက် ၅၀ ရှိတယ်လို့ သတင်းလွတ်လပ်ခွင့်ဆောင်ရွက်နေတဲ့ နယ်စည်းမထား သတင်းထောက်များအဖွဲ့ RSF က ထုတ်ပြန်လိုက်ပါတယ်။ RSF ရဲ့ နှစ်ချုပ်ထုတ်ပြန်ချက်အရ အခုနှစ်ထဲ စစ်ဖြစ်နေတဲ့နိုင်ငံတွေမှာ သတင်းထောက်တွေ အသတ်ခံရတာ ကျဆင်းသွားပြီး စစ်ပွဲမရှိတဲ့နိုင်ငံတွေမှာ သတင်းထောက်တွေ အသတ်ခံရတာ ပိုများလာတယ်လို့ ဖော်ပြထားပါတယ်။
သတင်းထောက်အလုပ်လုပ်လို့ သတ်ခံရသူတွေ စာရင်းထဲ မြန်မာနိုင်ငံက မပါပေမဲ့ ထောင်ချခံရသူတွေစာရင်းထဲမှာ ၂ ယောက်ပါပါတယ်။ ၂၀၂၀ မေလမှာထောင်ချခံရတဲ့ သတင်းထောက် ဦးဇော်ရဲထက်နဲ့ ၂၀၁၈ ဇူလိုင်လထဲက ထောင်ချခံခဲ့ရတဲ့ ငါးမင်းဆွေတို့ဖြစ်တယ်လို့ RSF ရဲ့ စာရင်းမှာ ဖော်ပြပြပါတယ်။ မြဝတီမြို့က ကိုဗစ်လူနာသေဆုံးပြီလို့ သတင်းမှာ ဖော်ပြခဲ့မှုနဲ့ ဘားအံမြို့အခြေစိုက် တဲ့ပြောသတင်းဌာန အယ်ဒီတာချုပ် ဦးဇော်ရဲထက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နဲ့ မေလက ထောင်ဒဏ် ၂ နှစ်ချခဲ့တာပါ။
RSF ရဲ့ ကမ္ဘာတဝန်း သတင်းလွတ်လပ်မှု အညွှန်းကိန်းမှာ မြန်မာနိုင်ငံက အခု ၂၀၂၀ မှာ အဆင့် ၁၃၉ မှာရှိပါတယ်။ ၂၀၁၉ မှာ ၁၃၈ ရှိခဲ့ရာက ၁ ဆင့်လျော့ကျသွားတာဖြစ်ပါတယ်။ ၂၀၁၃ ကနေ ၂၀၁၇ ခုနှစ်အထိ သတင်းလွတ်လပ်ခွင့် မြင့်တက်ခဲ့တဲ့ မြန်မာနိုင်ငံမှာ အခုပြန်လည်ကျဆင်းနေတယ်လို့ RSF ရဲ့ website မှာဖော်ပြထားပါတယ်။