သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တဲ့ေျပာသတင္းဌာန အယ္ဒီတာခ်ဳပ္ေပၚ တရားစီရင္ ျပစ္ဒဏ္ေပးမႈ ေဝဖန္ေျပာဆို


တဲ့ေျပာ သတင္းဌာန Facebook စာမ်က္ႏွာ။

(Zawgyi / Unicode)

COVID-19 ေၾကာင့္ လူေသဆံုးတယ္ဆိုတဲ့ သတင္းမွားကို ေဖာ္ျပခဲ့တဲ့ သတင္းဌာန အယ္ဒီတာခ်ဳပ္တဦးရဲ႕အမႈကို အလ်င္အျမန္စစ္ေဆးၿပီး ေထာင္ဒဏ္ခ်မွတ္ခဲ့တာနဲ႔ ပတ္သက္လို႔ ႏုိင္ကြန္္းအိန္က တင္ျပေပးထားပါတယ္။

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕အေျခစိုက္ တဲ့ေျပာသတင္းဌာန အယ္ဒီတာခ်ဳပ္ ဦးေဇာ္မင္းဦး (ခ) ဦးေဇာ္ရဲထက္ကို ပုဒ္မ ၅၀၅(ခ) နဲ႔ ဖမ္းဆီး စြဲခ်က္တင္ၿပီး စီရင္ခ်က္ခ်တာ သိပ္ျမန္တာေၾကာင့္ ဥပေဒေၾကာင္းအရ ခုခံေခ်ပခြင့္ အလံုအေလာက္ မရခဲ့ဘူးလို႔ ဦးေဇာ္ရဲထက္ရဲ႕အမႈကို လိုက္ပါေဆာင္ရြက္ေပးေနတဲ့ ေရွ႕ေန ေဒၚျမင့္သူဇာေမာ္က ဗီြအိုေအကုိ ေျပာပါတယ္။

“ဥပေဒမွာ ျပ႒ာန္းထားတာကေတာ့ အမႈစစ္တဲ့အခါမွာ ေအးေအးေဆးေဆးနဲ႔ စစ္ပါ့မယ္ဆိုတဲ့ အရာေတြနဲ႔ ျပ႒ာန္းထားေပမယ့္ တရားသူႀကီးကေတာ့ တေန႔တည္းမွာ ဘယ္ႏွစ္ေယာက္ အၿပီးစစ္ပါ့မယ္ဆိုေတာ့ သိပ္ၿပီးေတာ့ ျမန္တာေပါ့။ ျမန္တယ္ တရားသူႀကီးကို ဘယ္လိုမွ ေျပာလို႔မရဘူး။ မနည္းေတာင္းပန္ေတာင္မွ အဆင္မေျပဘူး။ ရွိတယ္ အယူခံတင္ဖို႔။ က်မတို႔ ဒီတနလၤာေန႔ အယူခံတင္မယ္ေလ။”

ျမဝတီၿမိဳ႕မွာ COVID-19 ေရာဂါေၾကာင့္ လူတဦးေသဆုံးေၾကာင္း သတင္းမွား ေဖာ္ျပခဲ့တဲ့အတြက္ ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(ခ) နဲ႔ ဘားအံၿမိဳ႕နယ္ တရား႐ုံးကေန ဦးေဇာ္ရဲထက္ကို ေထာင္ဒဏ္ ၂ ႏွစ္ က်ခံေစဖို႔ ေမလ ၂၀ ရက္ေန႔မွာ အမိန႔္ခ်မွတ္ခဲ့တာပါ။

အဲဒီသတင္းကို ေဖာ္ျပခဲ့တဲ့ ဧၿပီလ ၁၃ ရက္ေန႔ ညေနပိုင္းမွာပဲ ဦးေဇာ္ရဲထက္ကို ရဲတပ္ဖြဲ႔က ဖမ္းဆီးခဲ့ၿပီး ဘားအံၿမိဳ႕မ ရဲစခန္းမွာ အခ်ဳပ္ခ်ထားခဲ့ၿပီးတဲ့ေနာက္ တလအၾကာ ေမလ ၁၄ ရက္ေန႔မွာ ပထမအႀကိမ္ ႐ံုးထုတ္စစ္ေဆးပါတယ္။ အဲဒီေနာက္ တပတ္နီးပါးအၾကာ ေမလ ၂၀ ရက္ေန႔မွာ စီရင္ခ်က္ခ်လိုက္တာေၾကာင့္ အမႈတခုလံုးကို တလေက်ာ္ေက်ာ္အတြင္း အၿပီးသတ္ စီရင္ဆံုးျဖတ္ခဲ့တာပါ။

သတင္းမွားေဖာ္ျပမိလို႔ ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(ခ) နဲ႔ တရားစြဲတာဟာ မျဖစ္သင့္သလို ဒီျဖစ္စဥ္အတြက္ သတင္းမီဒီယာေကာင္စီကို အေၾကာင္းၾကားသင့္တယ္လို႔ ေကာင္စီအတြင္းေရးမွဴး ဦးျမင့္ေက်ာ္က ေျပာပါတယ္။

“က်ေနာ့္အျမင္မွာေတာ့ ဒီပုဒ္မနဲ႔ မစြဲသင့္ဘူးေပါ့ေနာ္။ ဒီပုဒ္မက ၅၀၅(ခ) က တကယ့္ကို အမ်ားျပည္သူ အထိတ္တလန္႔ ျဖစ္ေစတဲ့အတြက္ တျခားေသာကိစၥမ်ိဳးေတြ သုံးတဲ့ဟာ။ သို႔ေသာ္ ဒီသတင္းထုတ္ျပန္မႈမွာ သုံးတာ နစ္နာေစလိုတဲ့ ရည္ရြယ္ခ်က္ ရွိေကာင္းရွိမယ္လို႔ ထင္တယ္။ သို႔ေသာ္ ဘာပဲျဖစ္ျဖစ္ ဒီဟာက ေကာင္စီကို အရင္တိုင္ၾကားသင့္တယ္ေပါ့ေနာ္။ သတင္းေဖာ္ျပမႈနဲ႔ ပတ္သက္ရင္။ ဒါေပမယ့္ အဲဒီလိုမဟုတ္ဘဲနဲ႔ တန္းၿပီးေတာ့ ဖမ္းဆီးၿပီးေတာ့ တလေလာက္အတြင္းမွာပဲေပါ့ေနာ္ စီရင္ခ်က္ခ်လိုက္တာ အဲဒါေတာ့ မျဖစ္သင့္ဘူးထင္ပါတယ္။”

ဦးေဇာ္မင္းဦးကို စဖမ္းသြားတဲ့အခ်ိန္ကေန ေနာက္ဆံုး ျပစ္ဒဏ္ခ်မွတ္လိုက္တဲ့ အခ်ိန္ထိ ျဖစ္စဥ္ကိုေတာ့ တဲ့ေျပာသတင္းဌာန အႀကီးတန္းသတင္းေထာက္ ကိုရန္ေအာင္စိုးက ေျပာျပပါတယ္။

“သူ႔သတင္း၀က္ဘ္ဆုိက္မွာ ျမ၀တီ ကုိဗစ္လူနာ ေသဆုံးဆိုၿပီးေတာ့ သတင္းကိုတင္တယ္ ဆုိၿပီးေတာ့ သူ႔ကို ဘားအံၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းကေန ရဲသား ၃ ဦးနဲ႔ သူေနတဲ့အိမ္မွာ သြားဖမ္းတာေပါ့။ ၁၄ ရက္ေန႔မွာ သူ႔ကို ႐ုံးထုတ္တယ္။ ႐ုံးထုတ္တဲ့အခ်ိန္က်ေတာ့ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၂၆၉/၅၀၅(ခ) နဲ႔ဖြင့္တယ္။ တရားလိုက ဘားအံၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး။ သူ႔ကို တရားသူႀကီးက ရမန္ႀကီးတပတ္ေပါ့ ၁၄ ရက္ခ်ဳပ္မိန္႔ေပးထားတယ္။ ေနာက္ရက္ခ်ိန္းေရာက္တဲ့ အခ်ိန္မွာ သူ႔ကိုစစ္တယ္။ စစ္တဲ့အခ်ိန္မွာ တရားလိုက ဘားအံၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး မဟုတ္ေတာ့ဘဲနဲ႔ ခ႐ုိင္ဦးစီးအရာရွိ ျဖစ္သြားတယ္။ သူ႔ကို အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္ ၂ ႏွစ္ခ်လိုက္တယ္။ ၂၀ ရက္ေန႔မွာ။”

ျမ၀တီ ကုိဗစ္လူနာ ေသဆုံးမႈသတင္းဟာ သတင္းမွားျဖစ္တယ္လို႔ သိသိခ်င္း ဦးေဇာ္မင္းဦးက မွားယြင္းေၾကာင္း ေတာင္းပန္ခဲ့တယ္လို႔ ဇနီးျဖစ္သူ ေဒၚျဖဴျဖဴဝင္းက ေျပာပါတယ္။

“ဒီသတင္းတင္တာကေတာ့ ၁၃ ရက္ေန႔ ေန႔လယ္ေလာက္မွာ တင္တယ္။ ညေန ၅ နာရီေလာက္မွာ လာဖမ္းသြားတယ္။ သတင္းမွားေၾကာင့္ သူတို႔လာေခၚသြားတယ္။ သူ ဘားအံရဲစခန္း ေရာက္တဲ့အခါမွာ စာဖတ္သူေတြကို သူ သတင္းမွားယြင္းေၾကာင္း ျပန္လည္ေတာင္းပန္စာ သူတင္လိုက္တယ္။”

အခုလို ျပစ္ဒဏ္စီရင္ခံရတဲ့အေပၚ တရားမွ်တမႈ လိုခ်င္ေၾကာင္းလည္း ေဒၚျဖဴျဖဴဝင္းက ေျပာပါတယ္။

“ဒီအေပၚမွာေတာ့ က်မလည္း ဥပေဒအေၾကာင္း နားမလည္ပါဘူး။ ဒါေပမယ့္ သတင္းသမားနဲ႔ေတာ့ မကိုက္ညီဘူးလို႔ ျမင္ပါတယ္။ အမွန္တရားအတိုင္းေတာ့ ျဖစ္ခ်င္တယ္ရွင္။ က်မအမ်ိဳးသားမို႔လို႔ ေျပာတာမဟုတ္ပါဘူး။ တရားရင္ဆိုင္ေနရတဲ့ အေယာက္တိုင္းဆီကို အမွန္တရားအတိုင္း မွ်မွ်တတနဲ႔ အမွန္တရားအတိုင္းပဲ ျဖစ္ေစခ်င္တယ္။”

ေထာင္ဒဏ္ခ်မွတ္ၿပီးတဲ့ေနာက္ ဦးေဇာ္မင္းဦးကို ေတာင္ကေလးအက်ဥ္းေထာင္မွာ လက္ရွိ ထိန္းသိမ္းထားပါတယ္။

ဦးေဇာ္မင္းဦးဟာ ၂၀၁၃ ခုႏွစ္မွာ ဖားစည္သံ သတင္းဂ်ာနယ္ကို စတင္တည္ေထာင္ခဲ့ၿပီး အဲဒီကာလမွာလည္း သတင္းေဖာ္ျပမႈနဲ႔ ပတ္သက္လို႔ အာဏာပိုင္ေတြကေန အေရးယူတာ ခံခဲ့ရဖူးပါတယ္။

တဲ့ေျပာသတင္းဌာနကို ၂၀၁၉ ခုႏွစ္ေလာက္မွာ ျပန္လည္တည္ေထာင္ခဲ့ၿပီး အြန္လိုင္းသတင္းဌာနအျဖစ္ သတင္းေတြကို ေရးသားတင္ျပခဲ့တာပါ။

ဦးေဇာ္မင္းဦးကို ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔ သတင္းသမားမ်ား အကာအကြယ္ေပးေရး ေကာ္မတီ (CPJ) နဲ႔ နယ္စည္းမျခား သတင္းေထာက္မ်ားအဖြဲ႔ (RSF) တို႔က ေမလ ၂၂ ရက္ေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆိုထားပါတယ္။ အခုလို အလ်င္အျမန္စစ္ေဆးၿပီး ျပင္းထန္တဲ့ျပစ္ဒဏ္ ခ်မွတ္တာဟာ ျမန္မာႏုိင္ငံက သတင္းသမားေတြ အားလံုးကုိ အာဏာပိုင္ေတြက ၿခိမ္းေျခာက္ ဖိအားေပးခ်င္တယ္ဆိုတာ ျပေနတယ္လုိ႔ RSF ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဝဖန္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါ အေရးေပၚကာလအတြင္း အထူးသျဖင့္ လူမႈကြန္ရက္ စာမ်က္ႏွာေတြေပၚမွာ သတင္းမွားေတြ ေတြ႔ရေလ့ရွိပါတယ္။ သတင္းမွား၊ သတင္းတုေတြ မျပန္႔ေအာင္ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီက ၾကပ္မတ္ေပးဖို႔ ျပည္ထဲေရးဝန္ႀကီးဌာနက ေမလ ၂၀ ရက္ေန႔ကပဲ စာေပးပို႔ထားပါတယ္။

ဒဲ့ေျပာ သတင္းဌာန Facebook စာမ်က္ႏွာ။
please wait

No media source currently available

0:00 0:04:42 0:00
တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

တဲ့ပြောသတင်းဌာန အယ်ဒီတာချုပ်ပေါ် တရားစီရင် ပြစ်ဒဏ်ပေးမှု ဝေဖန်ပြောဆို

COVID-19 ကြောင့် လူသေဆုံးတယ်ဆိုတဲ့ သတင်းမှားကို ဖော်ပြခဲ့တဲ့ သတင်းဌာန အယ်ဒီတာချုပ်တဦးရဲ့အမှုကို အလျင်အမြန်စစ်ဆေးပြီး ထောင်ဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်လို့ နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့အခြေစိုက် တဲ့ပြောသတင်းဌာန အယ်ဒီတာချုပ် ဦးဇော်မင်းဦး (ခ) ဦးဇော်ရဲထက်ကို ပုဒ်မ ၅၀၅(ခ) နဲ့ ဖမ်းဆီး စွဲချက်တင်ပြီး စီရင်ချက်ချတာ သိပ်မြန်တာကြောင့် ဥပဒေကြောင်းအရ ခုခံချေပခွင့် အလုံအလောက် မရခဲ့ဘူးလို့ ဦးဇော်ရဲထက်ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်မြင့်သူဇာမော်က ဗွီအိုအေကို ပြောပါတယ်။

“ဥပဒေမှာ ပြဋ္ဌာန်းထားတာကတော့ အမှုစစ်တဲ့အခါမှာ အေးအေးဆေးဆေးနဲ့ စစ်ပါ့မယ်ဆိုတဲ့ အရာတွေနဲ့ ပြဋ္ဌာန်းထားပေမယ့် တရားသူကြီးကတော့ တနေ့တည်းမှာ ဘယ်နှစ်ယောက် အပြီးစစ်ပါ့မယ်ဆိုတော့ သိပ်ပြီးတော့ မြန်တာပေါ့။ မြန်တယ် တရားသူကြီးကို ဘယ်လိုမှ ပြောလို့မရဘူး။ မနည်းတောင်းပန်တောင်မှ အဆင်မပြေဘူး။ ရှိတယ် အယူခံတင်ဖို့။ ကျမတို့ ဒီတနင်္လာနေ့ အယူခံတင်မယ်လေ။”

မြဝတီမြို့မှာ COVID-19 ရောဂါကြောင့် လူတဦးသေဆုံးကြောင်း သတင်းမှား ဖော်ပြခဲ့တဲ့အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ဘားအံမြို့နယ် တရားရုံးကနေ ဦးဇော်ရဲထက်ကို ထောင်ဒဏ် ၂ နှစ် ကျခံစေဖို့ မေလ ၂၀ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့တာပါ။

အဲဒီသတင်းကို ဖော်ပြခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ ညနေပိုင်းမှာပဲ ဦးဇော်ရဲထက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဘားအံမြို့မ ရဲစခန်းမှာ အချုပ်ချထားခဲ့ပြီးတဲ့နောက် တလအကြာ မေလ ၁၄ ရက်နေ့မှာ ပထမအကြိမ် ရုံးထုတ်စစ်ဆေးပါတယ်။ အဲဒီနောက် တပတ်နီးပါးအကြာ မေလ ၂၀ ရက်နေ့မှာ စီရင်ချက်ချလိုက်တာကြောင့် အမှုတခုလုံးကို တလကျော်ကျော်အတွင်း အပြီးသတ် စီရင်ဆုံးဖြတ်ခဲ့တာပါ။

သတင်းမှားဖော်ပြမိလို့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲတာဟာ မဖြစ်သင့်သလို ဒီဖြစ်စဉ်အတွက် သတင်းမီဒီယာကောင်စီကို အကြောင်းကြားသင့်တယ်လို့ ကောင်စီအတွင်းရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။

“ကျနော့်အမြင်မှာတော့ ဒီပုဒ်မနဲ့ မစွဲသင့်ဘူးပေါ့နော်။ ဒီပုဒ်မက ၅၀၅(ခ) က တကယ့်ကို အများပြည်သူ အထိတ်တလန့် ဖြစ်စေတဲ့အတွက် တခြားသောကိစ္စမျိုးတွေ သုံးတဲ့ဟာ။ သို့သော် ဒီသတင်းထုတ်ပြန်မှုမှာ သုံးတာ နစ်နာစေလိုတဲ့ ရည်ရွယ်ချက် ရှိကောင်းရှိမယ်လို့ ထင်တယ်။ သို့သော် ဘာပဲဖြစ်ဖြစ် ဒီဟာက ကောင်စီကို အရင်တိုင်ကြားသင့်တယ်ပေါ့နော်။ သတင်းဖော်ပြမှုနဲ့ ပတ်သက်ရင်။ ဒါပေမယ့် အဲဒီလိုမဟုတ်ဘဲနဲ့ တန်းပြီးတော့ ဖမ်းဆီးပြီးတော့ တလလောက်အတွင်းမှာပဲပေါ့နော် စီရင်ချက်ချလိုက်တာ အဲဒါတော့ မဖြစ်သင့်ဘူးထင်ပါတယ်။”

ဦးဇော်မင်းဦးကို စဖမ်းသွားတဲ့အချိန်ကနေ နောက်ဆုံး ပြစ်ဒဏ်ချမှတ်လိုက်တဲ့ အချိန်ထိ ဖြစ်စဉ်ကိုတော့ တဲ့ပြောသတင်းဌာန အကြီးတန်းသတင်းထောက်ကိုရန်အောင်စိုးက ပြောပြပါတယ်။

“သူ့သတင်းဝက်ဘ်ဆိုက်မှာ မြဝတီ ကိုဗစ်လူနာ သေဆုံးဆိုပြီးတော့ သတင်းကိုတင်တယ် ဆိုပြီးတော့ သူ့ကို ဘားအံမြို့နယ် မြို့မရဲစခန်းကနေ ရဲသား ၃ ဦးနဲ့ သူနေတဲ့အိမ်မှာ သွားဖမ်းတာပေါ့။ ၁၄ ရက်နေ့မှာ သူ့ကို ရုံးထုတ်တယ်။ ရုံးထုတ်တဲ့အချိန်ကျတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၆၉/၅၀၅(ခ) နဲ့ဖွင့်တယ်။ တရားလိုက ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူး။ သူ့ကို တရားသူကြီးက ရမန်ကြီးတပတ်ပေါ့ ၁၄ ရက်ချုပ်မိန့်ပေးထားတယ်။ နောက်ရက်ချိန်းရောက်တဲ့ အချိန်မှာ သူ့ကိုစစ်တယ်။ စစ်တဲ့အချိန်မှာ တရားလိုက ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူး မဟုတ်တော့ဘဲနဲ့ ခရိုင်ဦးစီးအရာရှိ ဖြစ်သွားတယ်။ သူ့ကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ်ချလိုက်တယ်။ ၂၀ ရက်နေ့မှာ။”

မြဝတီ ကိုဗစ်လူနာ သေဆုံးမှုသတင်းဟာ သတင်းမှားဖြစ်တယ်လို့ သိသိချင်း ဦးဇော်မင်းဦးက မှားယွင်းကြောင်း တောင်းပန်ခဲ့တယ်လို့ ဇနီးဖြစ်သူ ဒေါ်ဖြူဖြူဝင်းက ပြောပါတယ်။

“ဒီသတင်းတင်တာကတော့ ၁၃ ရက်နေ့ နေ့လယ်လောက်မှာ တင်တယ်။ ညနေ ၅ နာရီလောက်မှာ လာဖမ်းသွားတယ်။ သတင်းမှားကြောင့် သူတို့လာခေါ်သွားတယ်။ သူ ဘားအံရဲစခန်း ရောက်တဲ့အခါမှာ စာဖတ်သူတွေကို သူ သတင်းမှားယွင်းကြောင်း ပြန်လည်တောင်းပန်စာ သူတင်လိုက်တယ်။”

အခုလို ပြစ်ဒဏ်စီရင်ခံရတဲ့အပေါ် တရားမျှတမှု လိုချင်ကြောင်းလည်း ဒေါ်ဖြူဖြူဝင်းက ပြောပါတယ်။

“ဒီအပေါ်မှာတော့ ကျမလည်း ဥပဒေအကြောင်း နားမလည်ပါဘူး။ ဒါပေမယ့် သတင်းသမားနဲ့တော့ မကိုက်ညီဘူးလို့ မြင်ပါတယ်။ အမှန်တရားအတိုင်းတော့ ဖြစ်ချင်တယ်ရှင်။ ကျမအမျိုးသားမို့လို့ ပြောတာမဟုတ်ပါဘူး။ တရားရင်ဆိုင်နေရတဲ့ အယောက်တိုင်းဆီကို အမှန်တရားအတိုင်း မျှမျှတတနဲ့ အမှန်တရားအတိုင်းပဲ ဖြစ်စေချင်တယ်။”

ထောင်ဒဏ်ချမှတ်ပြီးတဲ့နောက် ဦးဇော်မင်းဦးကို တောင်ကလေးအကျဉ်းထောင်မှာ လက်ရှိ ထိန်းသိမ်းထားပါတယ်။

ဦးဇော်မင်းဦးဟာ ၂၀၁၃ ခုနှစ်မှာ ဖားစည်သံ သတင်းဂျာနယ်ကို စတင်တည်ထောင်ခဲ့ပြီး အဲဒီကာလမှာလည်း သတင်းဖော်ပြမှုနဲ့ ပတ်သက်လို့ အာဏာပိုင်တွေကနေ အရေးယူတာ ခံခဲ့ရဖူးပါတယ်။

တဲ့ပြောသတင်းဌာနကို ၂၀၁၉ ခုနှစ်လောက်မှာ ပြန်လည်တည်ထောင်ခဲ့ပြီး အွန်လိုင်းသတင်းဌာနအဖြစ် သတင်းတွေကို ရေးသားတင်ပြခဲ့တာပါ။

ဦးဇော်မင်းဦးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ သတင်းသမားများ အကာအကွယ်ပေးရေး ကော်မတီ (CPJ) နဲ့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) တို့က မေလ ၂၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။ အခုလို အလျင်အမြန်စစ်ဆေးပြီး ပြင်းထန်တဲ့ပြစ်ဒဏ် ချမှတ်တာဟာ မြန်မာနိုင်ငံက သတင်းသမားတွေ အားလုံးကို အာဏာပိုင်တွေက ခြိမ်းခြောက် ဖိအားပေးချင်တယ်ဆိုတာ ပြနေတယ်လို့ RSF ရဲ့ ထုတ်ပြန်ချက်မှာ ဝေဖန်ထားပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ အရေးပေါ်ကာလအတွင်း အထူးသဖြင့် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ သတင်းမှားတွေ တွေ့ရလေ့ရှိပါတယ်။ သတင်းမှား၊ သတင်းတုတွေ မပြန့်အောင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြပ်မတ်ပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနက မေလ ၂၀ ရက်နေ့ကပဲ စာပေးပို့ထားပါတယ်။

XS
SM
MD
LG