[Zawgyi/Unicode]
ျမန္မာႏုိင္ငံမွာ အရပ္သားအစုိးရကုိ ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလုိက္တာကုိ ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြ သီတင္း ၂ ပတ္ေလာက္ ရွိလာခ်ိန္မွာပဲ အင္အားအလုံးအရင္းနဲ႔ လမ္းေပၚထြက္ ဆႏၵျပတာ ေတြ႔ၾကရသလုိ ပုံစံသစ္နဲ႔ လႈပ္ရွားမႈေတြလည္း ေတြ႔ရပါတယ္။ ဒီကေန႔ ဆႏၵျပပဲြေတြအတြင္း လမ္းေတြေပၚမွာ ကားေတြ၊ ယာဥ္ေတြ စက္ပ်က္လုိ႔ ရပ္ထားရတဲ့ပုံမ်ဳိးနဲ႔ ပိတ္ဆုိ႔တားဆီး ဆႏၵျပသူေတြလည္း ရွိခဲ့ပါတယ္။ အျပည့္အစုံကုိေတာ့ ရန္ကုန္ၿမိဳ႕မွာ ကုိယ္တုိင္သြားေရာက္ သတင္းယူခဲ့တဲ့ ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါမယ္။
ရန္ကုန္ၿမိဳ႕က ဆူးေလေစတီအနီးတ၀ုိက္၊ လွည္းတန္းလမ္းဆုံနဲ႔ ႏုိင္ငံတကာသံရုံးေတြေရွ႔ အပါအ၀င္ ဆႏၵျပသူေတြ အဓိက စုေ၀းရာ ေနရာေတြမွာ ဒီကေန႔ လူေပါင္း ေထာင္ေသာင္းခ်ီ စုေ၀းခဲ့ၾကပါတယ္။ သန္းနဲ႔ခ်ီတဲ့ လူထုလႈပ္ရွားမႈအျဖစ္ အင္အားျပဖုိ႔ တက္ၾကြလႈပ္ရွားသူေတြ တုိက္တြန္းခဲ့ၿပီးေနာက္ ဆႏၵျပသူေတြ အရင္ေန႔ေတြကထက္ လမ္းေတြေပၚ ျပန္ထြက္လာၾကတာပါ။ ဒီကေန႔ လႈပ္ရွားမႈမွာေတာ့ အရင္ရက္ေတြနဲ႔မတူဘဲ တမူထူးၾကားၿပီး ကားေတြ၊ ယာဥ္ေတြကုိ လမ္းေတြေပၚမွာ စက္ပ်က္ေနသလုိ ဟန္ေဆာင္ၿပီး ပိတ္ဆုိ႔ ဆႏၵျပခဲ့ၾကပါတယ္။
ဆႏၵျပသူေတြကုိ အာဏာပုိင္ေတြ ဟန္႔တားေႏွာင့္ယွက္မွာကုိ ကာကြယ္တဲ့ အေနနဲ႔ ကားေတြ၊ ယာဥ္ေတြနဲ႔ ပိတ္ဆုိ႔တဲ့နည္းကုိ သုံးခဲ့ၾကတာလုိ႔လည္း ရန္ကုန္ၿမိဳ႕က ဆႏၵျပသူတေယာက္ကေျပာပါတယ္။
“ကားေတြ Jam ျဖစ္တယ္၊ အဲ့ဒီလိုျဖစ္ေနတာက ခုျဖစ္ေနတဲ့ ဒီအာဏာရူးေတြအတြက္ လမ္းေတြကို တမင္တကာ က်ေနာ္တို႔ ကားေတြလည္း မပ်က္ဘဲနဲ႔ ပ်က္ခ်င္ေယာင္ေဆာင္လိုက္ရတာေပါ့ေနာ္။ အဲ့ဒီလိုေပါ့၊ ကိုယ္ေတြလည္း ကိုယ္ေတြနိုင္တဲ့ဘက္က ဆႏၵျပတာေပါ့။”
CDM လုိ႔ ေခၚတဲ့ အႏုနည္းနဲ႔ အာဏာဖီဆန္ေရး လႈပ္ရွားမႈမွာ ၀န္ထမ္းေတြ အလုပ္မဆင္းဘဲ ပူးေပါင္းပါ၀င္ေအာင္ တုိက္တြန္းမႈေတြနဲ႔အတူ အသြားအလာေတြ ရပ္ဆုိင္းေအာင္ ဆႏၵျပသူေတြက ရည္ရြယ္ခဲ့ၾကတာပါ။
“က်ေနာ္တို႔ လူငယ္ေတြက CDM ကို စလုပ္ေနတဲ့ အခ်ိန္မွာ တစ္ခ်ိဳ႕လူၾကီးေတြက ခုအခ်ိန္ထိ ရုံးတက္ေနၾကတုန္းေပါ့ေနာ္္။ အဲ့လို အေနအထားမ်ိဳးမွာ က်ေနာ္တို႔ လူငယ္ေတြ အေနနဲ့ CDM မွာ ပါဝင္ဖို႔ ဒီလို ကားပ်က္ပုံစံမ်ိဳးနဲ႔ ေဆာင္ရြက္ၾကတာပါ။ က်ေနာ္တို႔ကလည္း ရွိတာနဲ႔ တတပ္တအားအေနနဲ႔ အားျဖည့္ကူညီေဆာင္ရြက္ေပးတာပါ။”
ၿငိမ္းခ်မ္းတဲ့ လႈပ္ရွားမႈေတြမွာ အလုပ္မဆင္းဘဲ ပူးေပါင္းပါ၀င္ၾကဖုိ႔ တုိက္တြန္းမႈေတြနဲ႔အတူ အစုိးရဌာနေတြက ၀န္ထမ္းေတြ လႈပ္ရွားမႈမွာ ပူးေပါင္းလာၾကသလုိ၊ လမ္းေပၚထြက္ ကန္႔ကြက္တဲ့ ဆႏၵျပပဲြေတြမွာလည္း ပါ၀င္လာၾကပါတယ္။ ဆႏၵျပလႈပ္ရွားမႈေတြ စတင္ခ်ိန္ကစလုိ႔ ရပ္ဆုိင္းေနတဲ့ မီးရထားဌာနက ၀န္ထမ္းေတြလည္း ဒီကေန႔ ရန္ကုန္ဘူတာႀကီးကေန ကုလသမဂၢရုံးေရွ႕အထိ ခ်ီတက္ခဲ့ၾကၿပီး ဆႏၵျပပဲြမွာ ပါ၀င္ခဲ့ၾကပါတယ္။ ရန္ကုန္ၿမိဳ႕ ဆႏၵျပပဲြမွာ ပါ၀င္ခဲ့တဲ့ ျမန္မာ့မီးရထားဌာန ဝန္ထမ္းတစ္ဦးကေတာ့ စိန္ေခၚမႈေတြ ရွိေနေပမဲ့ ၿငိမ္းခ်မ္းတဲ့ လႈပ္ရွားမႈမွာ ပါ၀င္ဖုိ႔ ဆုံးျဖတ္ထားတယ္လုိ႔ ေျပာပါတယ္။
“CDM ကို ဘာေၾကာင့္လုပ္လဲဆို စစ္အာဏာရွင္ကို က်ေနာ္တို႔ မၾကိဳက္လို႔ပဲ။ က်ေနာ္တို႔က အရပ္သားအစိုးရကို နွစ္သက္လို႔ စစ္အာဏာရွင္ကို က်ေနာ္တုိ႔ မၾကိဳက္လို႔ အလုပ္မလုပ္ဘူး။ CDM ကိ္ုလုပ္လို႔ က်ေနာ္တို႔ ဝန္ထမ္းေတြမွာ အခက္အခဲေတြ အမ်ားၾကီးရွိတယ္။ ေရွ႕မွာလည္း အခက္အခဲေတြ အမ်ားၾကီးရွိခဲ့ေတာ့ က်ေနာ္တို႔ကေတာ့ မမႈေတာ့ပါဘူး။”
ဆူးေလေစတီ အနီးတ၀ုိက္အပါအ၀င္ အခ်က္အျခာေနရာေတြမွာ သိန္းနဲ႔ခ်ီ စုေ၀းခဲ့ၾကတဲ့ လႈပ္ရွားမႈေတြမွာေတာ့ တက္ၾကြလႈပ္ရွားသူေတြက ေဟာေျပာစည္း႐ုံးမႈေတြလည္း ရွိခဲ့ပါတယ္။ ၁၉၈၈ ခုႏွစ္ လူထုအုံၾကြမႈမွာ ဦးေဆာင္ခဲ့သူ တဦးလည္းျဖစ္၊ လက္ရွိလႈပ္ရွားမႈေတြမွာ ပါ၀င္မႈေၾကာင့္ အာဏာပုိင္ေတြက ဖမ္း၀ရမ္း ထုတ္ထားတဲ့ ကိုမင္းကိုနိုင္ကလည္း ဆႏၵျပလႈပ္ရွားမႈေတြကုိ အသံနဲ႔သတင္းစကားပါးခဲ့တာပါ။
“အဓိကက ဘာလဲ။ CDM ဆိုတဲ့ ဝန္ထမ္းေတြရဲ့ သပိတ္ေမွာက္တဲ့ အလုပ္မဆင္းတဲ့ လႈပ္ရွားမႈက အဓိကက်တယ္၊ အေရးၾကီးတယ္၊ ထိေရာက္တယ္ဆိုတာ သိထားပါတယ္။ CDM ဟာ ရုံးမတက္တာ တစ္ခုတည္းလားဆိုေတာ့ မဟုတ္ပါဘူး။ အဲ့ဒီ အာဏာလု စစ္ေကာင္စီရဲ့ အမိန္႔ေတြ၊ ညႊန္ၾကားခ်က္ေတြ၊ ထုတ္ျပန္ေၾကညာခ်က္ေတြမွန္သမ်ွကို ျငင္းဆန္ရမွာပါ။ ကိုယ့္ေဒသကို လုံျခဳံဖို႔ လုပ္ရမယ္၊ ကိုယ့္ျပည္သူကို ကိုယ္ေစာင့္ေရွာက္ရမယ္။ ဒီလုိသြားၾကရပါလိမ့္မယ္။”
ဆႏၵျပသူေတြ အမ်ားစု စုေဝးရာေနရာေတြျဖစ္တဲ့ လွည္းတန္း၊ ေျမနီကုန္း၊ ဆူးေလ စတဲ့ ေနရာေတြမွာ ကားေတြ၊ စက္ဘီးေတြနဲ႔ လမ္းေတြပိတ္ျပီး ထိုင္သပိတ္နဲ႔ ဆႏၵျပခဲ့ဲၾကပါတယ္။ သံရုံးေတြနဲ႔ ကုလသမဂၢရုံးေရွ႕ေတြမွာလည္း ဆႏၵျပသူေတြက ေဖ်ာ္ေျဖေရး၊ သ႐ုပ္ျပ၊ စတဲ့နည္းမ်ိဳးစုံနဲ႔ ပါ၀င္ေနၾကတာပါ။
ဝန္ထမ္းေတြ၊ အလုပ္သမားေတြ အပါအဝင္ လူတန္းစားေပါင္းစုံ ပါဝင္လာတဲ့ လႈပ္ရွားမႈေတြ အရွိန္ျမင့္လာေနခ်ိန္မွာပဲ မၾကာေသးခင္ရက္ေတြက လုံျခဳံေရးတပ္ဖြဲ႔ဝင္ေတြက အင္အားသုံးႏွိမ္နင္းတာ၊ ဖမ္းဆီးတာေတြလည္း ရွိခဲ့ပါတယ္။ ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အသိုင္းအဝန္းကေတာ့ ျငိမ္းခ်မ္းတဲ့ လႈပ္ရွားမႈေတြကို အင္အားသုံးနွိမ္နင္းတာေတြ၊ ဖမ္းဆီးတာေတြ မလုပ္ဖို႔နဲ႔ အရပ္သားအစုိးရ ေခါငး္ေဆာင္ေတြ အပါအ၀င္ ဖမ္းဆီးထားသူေတြကုိ ျပန္လႊတ္ေပးဖုိ႔လည္း ေတာင္းဆိုထားပါတယ္။
[Unicode Version]
ပုံစံသစ်နဲ့ ထွက်လာတဲ့ စစ်အာဏာသိမ်းဆန့်ကျင်မှု ဆန္ဒပြပွဲများ
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ သီတင်း ၂ ပတ်လောက် ရှိလာချိန်မှာပဲ အင်အားအလုံးအရင်းနဲ့ လမ်းပေါ်ထွက် ဆန္ဒပြတာ တွေ့ကြရသလို ပုံစံသစ်နဲ့ လှုပ်ရှားမှုတွေလည်း တွေ့ရပါတယ်။ ဒီကနေ့ ဆန္ဒပြပွဲတွေအတွင်း လမ်းတွေပေါ်မှာ ကားတွေ၊ ယာဉ်တွေ စက်ပျက်လို့ ရပ်ထားရတဲ့ပုံမျိုးနဲ့ ပိတ်ဆို့တားဆီး ဆန္ဒပြသူတွေလည်း ရှိခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်မြို့မှာ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။
ရန်ကုန်မြို့က ဆူးလေစေတီအနီးတဝိုက်၊ လှည်းတန်းလမ်းဆုံနဲ့ နိုင်ငံတကာသံရုံးတွေရှေ့ အပါအဝင် ဆန္ဒပြသူတွေ အဓိက စုဝေးရာ နေရာတွေမှာ ဒီကနေ့ လူပေါင်း ထောင်သောင်းချီ စုဝေးခဲ့ကြပါတယ်။ သန်းနဲ့ချီတဲ့ လူထုလှုပ်ရှားမှုအဖြစ် အင်အားပြဖို့ တက်ကြွလှုပ်ရှားသူတွေ တိုက်တွန်းခဲ့ပြီးနောက် ဆန္ဒပြသူတွေ အရင်နေ့တွေကထက် လမ်းတွေပေါ် ပြန်ထွက်လာကြတာပါ။ ဒီကနေ့ လှုပ်ရှားမှုမှာတော့ အရင်ရက်တွေနဲ့မတူဘဲ တမူထူးကြားပြီး ကားတွေ၊ ယာဉ်တွေကို လမ်းတွေပေါ်မှာ စက်ပျက်နေသလို ဟန်ဆောင်ပြီး ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေကို အာဏာပိုင်တွေ ဟန့်တားနှောင့်ယှက်မှာကို ကာကွယ်တဲ့ အနေနဲ့ ကားတွေ၊ ယာဉ်တွေနဲ့ ပိတ်ဆို့တဲ့နည်းကို သုံးခဲ့ကြတာလို့လည်း ရန်ကုန်မြို့က ဆန္ဒပြသူတယောက်ကပြောပါတယ်။
“ကားတွေ Jam ဖြစ်တယ်၊ အဲ့ဒီလိုဖြစ်နေတာက ခုဖြစ်နေတဲ့ ဒီအာဏာရူးတွေအတွက် လမ်းတွေကို တမင်တကာ ကျနော်တို့ ကားတွေလည်း မပျက်ဘဲနဲ့ ပျက်ချင်ယောင်ဆောင်လိုက်ရတာပေါ့နော်။ အဲ့ဒီလိုပေါ့၊ ကိုယ်တွေလည်း ကိုယ်တွေနိုင်တဲ့ ဘက်က ဆန္ဒပြတာပေါ့။”
CDM လို့ ခေါ်တဲ့ အနုနည်းနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ဝန်ထမ်းတွေ အလုပ်မဆင်းဘဲ ပူးပေါင်းပါဝင်အောင် တိုက်တွန်းမှုတွေနဲ့အတူ အသွားအလာတွေ ရပ်ဆိုင်းအောင် ဆန္ဒပြသူတွေက ရည်ရွယ်ခဲ့ကြတာပါ။
“ကျနော်တို့ လူငယ်တွေက CDM ကို စလုပ်နေတဲ့ အချိန်မှာ တစ်ချို့လူကြီးတွေက ခုအချိန်ထိ ရုံးတက်နေကြတုန်းပေါ့နော်။ အဲ့လို အနေအထားမျိုးမှာ ကျနော်တို့ လူငယ်တွေ အနေနဲ့ CDM မှာ ပါဝင်ဖို့ ဒီလို ကားပျက်ပုံစံမျိုးနဲ့ ဆောင်ရွက်ကြတာပါ။ ကျနော်တို့ကလည်း ရှိတာနဲ့ တတပ်တအားအနေနဲ့ အားဖြည့်ကူညီဆောင်ရွက်ပေးတာပါ။”
ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေမှာ အလုပ်မဆင်းဘဲ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းမှုတွေနဲ့အတူ အစိုးရဌာနတွေက ဝန်ထမ်းတွေ လှုပ်ရှားမှုမှာ ပူးပေါင်းလာကြသလို၊ လမ်းပေါ်ထွက် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေမှာလည်း ပါဝင်လာကြပါတယ်။ ဆန္ဒပြလှုပ်ရှားမှုတွေ စတင်ချိန်ကစလို့ ရပ်ဆိုင်းနေတဲ့ မီးရထားဌာနက ဝန်ထမ်းတွေလည်း ဒီကနေ့ ရန်ကုန်ဘူတာကြီးကနေ ကုလသမဂ္ဂရုံးရှေ့အထိ ချီတက်ခဲ့ကြပြီး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြပါတယ်။ ရန်ကုန်မြို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ မြန်မာ့မီးရထားဌာန ဝန်ထမ်းတစ်ဦးကတော့ စိန်ခေါ်မှုတွေ ရှိနေပေမဲ့ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုမှာ ပါဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။
“CDM ကို ဘာကြောင့်လုပ်လဲဆို စစ်အာဏာရှင်ကို ကျနော်တို့ မကြိုက်လို့ပဲ။ ကျနော်တို့က အရပ်သားအစိုးရကို နှစ်သက်လို့ စစ်အာဏာရှင်ကို ကျနော်တို့ မကြိုက်လို့ အလုပ်မလုပ်ဘူး။ CDM ကိုလုပ်လို့ ကျနော်တို့ ဝန်ထမ်းတွေမှာ အခက်အခဲတွေ အများကြီးရှိတယ်။ ရှေ့မှာလည်း အခက်အခဲတွေ အများကြီးရှိခဲ့တော့ ကျနော်တို့ကတော့ မမှုတော့ပါဘူး။”
ဆူးလေစေတီ အနီးတဝိုက်အပါအဝင် အချက်အခြာနေရာတွေမှာ သိန်းနဲ့ချီ စုဝေးခဲ့ကြတဲ့ လှုပ်ရှားမှုတွေမှာတော့ တက်ကြွလှုပ်ရှားသူတွေက ဟောပြောစည်းရုံးမှုတွေလည်း ရှိခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုမှာ ဦးဆောင်ခဲ့သူ တဦးလည်းဖြစ်၊ လက်ရှိလှုပ်ရှားမှုတွေမှာ ပါဝင်မှုကြောင့် အာဏာပိုင်တွေက ဖမ်းဝရမ်း ထုတ်ထားတဲ့ ကိုမင်းကိုနိုင်ကလည်း ဆန္ဒပြလှုပ်ရှားမှုတွေကို အသံနဲ့သတင်းစကားပါးခဲ့တာပါ။
“အဓိကက ဘာလဲ။ CDM ဆိုတဲ့ ဝန်ထမ်းတွေရဲ့ သပိတ်မှောက်တဲ့ အလုပ်မဆင်းတဲ့ လှုပ်ရှားမှုက အဓိကကျတယ်၊ အရေးကြီးတယ်၊ ထိရောက်တယ်ဆိုတာ သိထားပါတယ်။ CDM ဟာ ရုံးမတက်တာ တစ်ခုတည်းလားဆိုတော့ မဟုတ်ပါဘူး။ အဲ့ဒီ အာဏာလု စစ်ကောင်စီရဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေ၊ ထုတ်ပြန်ကြေညာချက်တွေမှန်သမျှကို ငြင်းဆန်ရမှာပါ။ ကိုယ့်ဒေသကို လုံခြုံဖို့ လုပ်ရမယ်၊ ကိုယ့်ပြည်သူကို ကိုယ်စောင့်ရှောက်ရမယ်။ ဒီလိုသွားကြရပါလိမ့်မယ်။”
ဆန္ဒပြသူတွေ အများစု စုဝေးရာနေရာတွေဖြစ်တဲ့ လှည်းတန်း၊ မြေနီကုန်း၊ ဆူးလေ စတဲ့ နေရာတွေမှာ ကားတွေ၊ စက်ဘီးတွေနဲ့ လမ်းတွေပိတ်ပြီး ထိုင်သပိတ်နဲ့ ဆန္ဒပြခဲ့ဲကြပါတယ်။ သံရုံးတွေနဲ့ ကုလသမဂ္ဂရုံးရှေ့တွေမှာလည်း ဆန္ဒပြသူတွေက ဖျော်ဖြေရေး၊ သရုပ်ပြ၊ စတဲ့နည်းမျိုးစုံနဲ့ ပါဝင်နေကြတာပါ။
ဝန်ထမ်းတွေ၊ အလုပ်သမားတွေ အပါအဝင် လူတန်းစားပေါင်းစုံ ပါဝင်လာတဲ့ လှုပ်ရှားမှုတွေ အရှိန်မြင့်လာနေချိန်မှာပဲ မကြာသေးခင်ရက်တွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားသုံးနှိမ်နင်းတာ၊ ဖမ်းဆီးတာတွေလည်း ရှိခဲ့ပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကတော့ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေကို အင်အားသုံးနှိမ်နင်းတာတွေ၊ ဖမ်းဆီးတာတွေ မလုပ်ဖို့နဲ့ အရပ်သားအစိုးရ ခေါင်းဆောင်တွေ အပါအဝင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။