သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သတင္းသမားတခ်ိဳ႕ ဖမ္းဆီးတရားစြဲခံရ


မွတ္တမ္းဓါတ္ပံု- ေဖေဖာ္၀ါရီ ၁၇ ရက္ေန႔က ေနျပည္ေတာ္ဆႏၵျပသူမ်ားကို ရဲ ၿဖိဳခြဲစဥ္ သတင္းသမားတဦး မွတ္တမ္းယူေန (Photo by STR / AFP)

[Zawgyi/Unicode]

လက္ရွိ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ သတင္းသမားေတြထဲမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၃ ရက္ေန႔က အဖမ္းခံခဲ့ရတဲ့ ပူတာအိုက အလြတ္တန္းသတင္းသမား ကိုေဖေနာင္းေအာင္လည္း အပါအဝင္ျဖစ္ပါတယ္။ ခုခ်ိန္ထိ အဖမ္းခံထားရၿပီး မိသားစုက ေတြ႔ခြင့္မရဘူးလို႔ နီးစပ္သူ ပူတာအို လူငယ္တဦးက ဗြီအိုေအကိုေျပာပါတယ္။

"ေထာင္ထဲမွာဗ်။ သူတို႔မိဘေတြနဲ႔လည္းမေတြ႕ရဘူးေပးကိုမေတြ႕ခိုင္းတာ။သူ႔ကိုဆြဲခ်က္က သဘာဝေဘးဥပေဒနဲ႔ တင္ထားတယ္။ သူ႔ကို ပူတာအို အက်ဥ္းေထာင္မွာ နန္ေဝါ့ အက်ဥ္းေထာင္မွာ။ ေရွ႕ေနေတြက ပူတာအိုမွာ ကူညီသူေတြရွိတယ္။ ဒါေပမယ့္ သူတို႔ေရွ႕ေနအဖြဲ႔ကိုလည္း တပ္နဲ႔ရဲက warning (သတိ) ေပးတယ္လို႔ ေျပာတာပဲ။ သူတို႔ ေရွ႕ေနအဖြဲ႕ေတြက ဒီအမႈကိုေမးတာ ၊ ဝင္တာေတြက ဘယ္လိုမွ လုပ္လို႕မရဘူးျဖစ္ေနတယ္။"

ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔မွာေတာ့ MCN TV NEWS သတင္းဌာနက မုံ႐ြာအေျခစိုက္ အမ်ိဳးသမီးသတင္းေထာက္ ေဒၚတင္မာေဆြနဲ႔ The Voice သတင္းဌာနက သတင္းေထာက္ ေဒၚခင္ေမစန္းတို႔ ႏွစ္ ဦးကို တညၾကာ ဖမ္းဆီးစစ္ေဆးခံရၿပီး ပုဒ္မ ၅၀၅ (က) နဲ႔ပဲ အမႈဖြင့္ တရားစြဲၿပီးေတာ့ က်ပ္သိန္း ၅၀ အာမခံနဲ႔ ေနာက္တေန႔မနက္မွာ ျပန္လႊတ္ေပးခဲ့ပါတယ္။

မုံ႐ြာၿမိဳ႕ နတ္လူထိပ္ပန္ရပ္ကြက္ လူထုက မသကၤာသူ အမ်ိဳးသားတစ္ေယာက္ကို ဖမ္းဆီး စစ္ေဆးတဲ့အေၾကာင္း MCN သတင္းဌာနရဲ႕ ႐ုပ္သံသတင္းမွာ စစ္တပ္ဘက္က ခိုင္းေစတယ္လို႔ ေျပာထားတာနဲ႔ ဆက္စပ္ၿပီး တရားစြဲဆိုခံရတာပါ။ အဲဒီသတင္းနဲ႔ ပတ္သက္ၿပီး ရဲတပ္ဖြဲ႔ရဲ႕ တုံ႔ျပန္ခ်က္ကိုေမးတာမွာ ရဲစခန္း လာယူပါဆိုလို႔ သတင္းေထာက္ေတြ သြားတဲ့အခ်ိန္ ဖမ္းဆီးလိုက္တာျဖစ္ပါတယ္။

သတင္းသမားတာဝန္အရ ႏွစ္ဘက္ ေျပာဆိုခ်က္ပါေအာင္ ေမးျမန္းဖို႔သြားတာကို တဘက္လွည့္နဲ႔ အခုလို ဖမ္းဆီး တရားစြဲဆိုတာ လက္ခံႏိုင္စရာ မရွိသလို စစ္ေဆးေမးျမန္းတာမွာလည္း က်င့္ဝတ္နဲ႔အညီ မဟုတ္ဘဲ အခြင့္အေရး ခ်ိဳးေဖာက္ခံခဲ့ရတယ္လို႔ ေဒၚတင္မာေဆြက ေျပာပါတယ္။

"က်မတို႔က မီဒီယာက်င့္ဝတ္နဲ႔အညီ ၂ ဖက္ျမင္ေစခ်င္တယ္ ။ က်မတို႔ကို အခုလိုဖမ္းဆီးတယ္။ ေရာက္ေတာ့ က်မတို႔ကို တရားခံအျဖစ္သတ္မွတ္ၿပီးေတာ့ အခ်ဳပ္ထဲထည့္တယ္။ က်မ ဖုန္းေတြကို သိမ္းတယ္ ၊ သိမ္းၿပီးေတာ့ မက္ဆင္ဂ်ာေတြကို တခုခ်င္း အကုန္ၾကည့္တယ္၊ ၾကည့္ၿပီးေတာ့ ခင္ဗ်ားတို႔မလြယ္ဘူးဆိုတာမ်ိဳး ေျပာတယ္။ က်မတို႔တရားခံတေယာက္အေနနဲ႔ေသာ္လည္းေကာင္း စစ္ေဆးခံရသူ အေနနဲ႔ေသာ္လည္းေကာင္း တဖက္သားရဲ႕ ရပိုင္ခြင့္ အခြင့္အေရး ေကာင္းေကာင္းမြန္မြန္ ယဥ္ယဥ္ေက်းေက်း ေျပာဆိုၿပီးေတာ့ လုပ္ရမယ့္အခြင့္အေရး မရခဲ့ဘူးလို႔ က်မေျပာခ်င္ပါတယ္။”

သူတို႔ကို တရားစြဲဆိုတဲ့ ပုဒ္မ ၅၀၅ (က) ဟာ တပ္မေတာ္ကို ၿပိဳကြဲေအာင္ လႈံ႕ေဆာ္မႈ/လုပ္ေဆာင္မႈ ျဖစ္ၿပီး ျပစ္မႈထင္ရွားရင္ေထာင္ သံုး ႏွစ္ထိ ခ်မွတ္ႏိုင္ပါတယ္။

ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီဝင္အျဖစ္ကေန ႏုတ္ထြက္ခဲ့တဲ့ ဦးျမင့္ေက်ာ္ကေတာ့ ဒီအေျခအေနမွာ သတင္းမီဒီယာသမားေတြကို ပစ္မွတ္ထားတိုက္ခိုက္တာဟာ မွန္ကန္တဲ့သတင္းစီးဆင္းမႈ က်ဆင္းေအာင္လုပ္တာျဖစ္တယ္လို႔ ေဝဖန္ပါတယ္။

" လုပ္ထုံးလုပ္နည္းေတြနဲ႔ မေလ်ာ္ညီတဲ့ဟာမ်ိဳးေတြ သို႔မဟုတ္ လိုတာထက္ပိုၿပီးေတာ့ အင္အားသံုးတဲ့ ကိစၥမ်ိဳးေတြ ဒါမ်ိဳးေတြမွတ္တမ္းတင္ေဖာ္ျပတာေတြကို ႀကိဳက္ႏွစ္သက္မွာမဟုတ္ဘူး။ ဥပေဒအရ ပစ္မွတ္ထားတဲ့ အေနအထားျဖစ္တယ္။ သတင္းသမားေတြ အေနနဲ႔ တေန႔နဲ႔တေန႔ ေျပာင္းလဲလာတဲ့ case အေပၚ ၊ မတူတဲ့ case အေပၚမွာ သတင္းသမားကိုယ္တိုင္ေရာ၊ သတင္းဌာနေတြေရာ အၾကံျပဳခ်က္ေတြ အစီအမံေတြ အတတ္ႏိုင္ဆံုး သတိထားဖို႔လိုတယ္။”

မၾကာေသးခင္ ေဖေဖၚဝါရီလ ၁၈ ရက္ မႏၲေလးၿမိဳ႕ဆႏၵျပပြဲကို လုံၿခဳံေရးတပ္ဖြဲ႕က အၾကမ္းဖက္ၿဖိဳခြင္းရာမွာ၊ သတင္းယူေနတဲ့ ဗီြဒီယိုသတင္းေထာက္ ဦးေခါင္းကို ႐ိုက္ႏွက္တာ၊ လဲက်သြားခ်ိန္မွာ မ်က္ႏွာကို ဖိနပ္နဲ႔ တက္နင္း ကန္ေက်ာက္တာေတြလည္း အာဏာပိုင္ေတြ ဘက္က လုပ္ခဲ့ပါတယ္။ အလားတူ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ စစ္အာဏာရွင္ဆန႔္က်င္ေရး လူထုဆႏၵျပပြဲေတြမွာလည္း သတင္းမွတ္တမ္းရယူေနတဲ့ သတင္းေထာက္ေတြကို ရဲနဲ႔စစ္တပ္က ေလာက္ေလးခြနဲ႔ ပစ္ခတ္တာ၊ ဖမ္းဆီးတာေတြ လုပ္ခဲ့ျပန္ပါေသးတယ္။

တည္ဆဲ ျမန္မာႏိုင္ငံ သတင္းမီဒီယာဥပေဒ အခန္း (၃) ပုဒ္မ ၇ (က) အရ၊ သတင္းသမားတစ္ဦးဟာ စစ္ျဖစ္ပြားရာ ေဒသပဲျဖစ္ျဖစ္၊ အဓိက႐ုဏ္းေတြ၊ အေရးအခင္းေတြ၊ ဆႏၵျပပြဲေတြမွာပဲျဖစ္ျဖစ္ စည္းမ်ဥ္းစည္းကမ္းနဲ႔အညီ သတင္းရယူခြင့္ရွိသလို အဲဒီလို သတင္းရယူရာမွာလည္း လုံၿခဳံေရးအဖြဲ႕အစည္းေတြက ဖမ္းဆီးထိန္းသိမ္းတာ၊ သတင္းမွတ္တမ္းဖ်က္ဆီးတာ၊ သိမ္းယူတာေတြ မလုပ္ဖို႔ အတိအက် ေဖာ္ျပထားပါတယ္။ သတင္းသမားေတြအေနနဲ႔ ဒီလိုအေျခအေနမ်ိဳး သတင္းရယူရင္ သတင္းသမားေတြကို ကာကြယ္ေပးရမယ္လို႔ပါ အတိအက် ေဖၚျပထားပါတယ္။

ဒီလိုေဖာ္ျပထားေပမယ့္ ၿပီးခဲ့တဲ့ ရက္ပိုင္းက ပထမဆုံးလုပ္တဲ့ စစ္အုပ္ခ်ဳပ္ေရး ေကာင္စီသတင္းစာရွင္းပြဲမွာ ျပန္ၾကားေရး၀န္ႀကီးဌာန ဒုဝန္ႀကီး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက သတင္းသမားေတြရဲ႕ လုံၿခဳံေရးကို အာမခံမယ္၊ မခံဘူးဆိုတာ အတိအက် မေျပာႏိုင္ေၾကာင္းေျဖၾကားခဲ့သလို အာဏာသိမ္းစစ္ေကာင္စီလို႔ ေရးသားရင္ သတင္းမီဒီယာေတြကို ထုတ္ေဝခြင့္ ပိတ္သိမ္းတာမ်ိဳးထိပါ အေရးယူဖို႔လုပ္မယ္လို႔ တုံ႕ျပန္ထားပါတယ္။

သတင္းသမားတခ်ိဳ႕ ဖမ္းဆီးတရားစြဲခံရ
please wait

No media source currently available

0:00 0:05:03 0:00
တိုက္႐ိုက္ လင့္ခ္


[Unicode Version]
လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားတွေထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က အဖမ်းခံခဲ့ရတဲ့ ပူတာအိုက အလွတ်တန်းသတင်းသမား ကိုဖေနောင်းအောင်လည်း အပါအဝင်ဖြစ်ပါတယ်။ ခုချိန်ထိ အဖမ်းခံထားရပြီး မိသားစုက တွေ့ခွင့်မရဘူးလို့ နီးစပ်သူ ပူတာအို လူငယ်တဦးက ဗွီအိုအေကိုပြောပါတယ်။

"ထောင်ထဲမှာဗျ။ သူတို့မိဘတွေနဲ့လည်းမတွေ့ရဘူးပေးကိုမတွေ့ခိုင်းတာ။သူ့ကိုဆွဲချက်က သဘာဝဘေးဥပဒေနဲ့ တင်ထားတယ်။ သူ့ကို ပူတာအို အကျဉ်းထောင်မှာ နန်ဝေါ့ အကျဉ်းထောင်မှာ။ ရှေ့နေတွေက ပူတာအိုမှာ ကူညီသူတွေရှိတယ်။ ဒါပေမယ့် သူတို့ရှေ့နေအဖွဲ့ကိုလည်း တပ်နဲ့ရဲက warning (သတိ)ပေးတယ်လို့ ပြောတာပဲ။ သူတို့ ရှေ့နေအဖွဲ့တွေက ဒီအမှုကိုမေးတာ ၊ ဝင်တာတွေက ဘယ်လိုမှ လုပ်လို့မရဘူးဖြစ်နေတယ်။"

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့အများအပြားမှာ သနပ်ခါးလိမ်း ဆန္ဒပြ
ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာတော့ MCN TV NEWS သတင်းဌာနက မုံရွာအခြေစိုက် အမျိုးသမီးသတင်းထောက် ဒေါ်တင်မာဆွေနဲ့ The Voice သတင်းဌာနက သတင်းထောက် ဒေါ်ခင်မေစန်းတို့ နှစ် ဦးကို တညကြာ ဖမ်းဆီးစစ်ဆေးခံရပြီး ပုဒ်မ ၅၀၅ (က) နဲ့ပဲ အမှုဖွင့် တရားစွဲပြီးတော့ ကျပ်သိန်း ၅၀ အာမခံနဲ့ နောက်တနေ့မနက်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

မုံရွာမြို့ နတ်လူထိပ်ပန်ရပ်ကွက် လူထုက မသင်္ကာသူ အမျိုးသားတစ်ယောက်ကို ဖမ်းဆီး စစ်ဆေးတဲ့အကြောင်း MCN သတင်းဌာနရဲ့ ရုပ်သံသတင်းမှာ စစ်တပ်ဘက်က ခိုင်းစေတယ်လို့ ပြောထားတာနဲ့ ဆက်စပ်ပြီး တရားစွဲဆိုခံရတာပါ။ အဲဒီသတင်းနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ တုံ့ပြန်ချက်ကိုမေးတာမှာ ရဲစခန်း လာယူပါဆိုလို့ သတင်းထောက်တွေ သွားတဲ့အချိန် ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

သတင်းသမားတာဝန်အရ နှစ်ဘက် ပြောဆိုချက်ပါအောင် မေးမြန်းဖို့သွားတာကို တဘက်လှည့်နဲ့ အခုလို ဖမ်းဆီး တရားစွဲဆိုတာ လက်ခံနိုင်စရာ မရှိသလို စစ်ဆေးမေးမြန်းတာမှာလည်း ကျင့်ဝတ်နဲ့အညီ မဟုတ်ဘဲ အခွင့်အရေး ချိုးဖောက်ခံခဲ့ရတယ်လို့ ဒေါ်တင်မာဆွေက ပြောပါတယ်။

"ကျမတို့က မီဒီယာကျင့်ဝတ်နဲ့အညီ ၂ ဖက်မြင်စေချင်တယ် ။ ကျမတို့ကို အခုလိုဖမ်းဆီးတယ်။ ရောက်တော့ ကျမတို့ကို တရားခံအဖြစ်သတ်မှတ်ပြီးတော့ အချုပ်ထဲထည့်တယ်။ ကျမ ဖုန်းတွေကို သိမ်းတယ် ၊ သိမ်းပြီးတော့ မက်ဆင်ဂျာတွေကို တခုချင်း အကုန်ကြည့်တယ်၊ ကြည့်ပြီးတော့ ခင်ဗျားတို့မလွယ်ဘူးဆိုတာမျိုး ပြောတယ်။ ကျမတို့တရားခံတယောက်အနေနဲ့သော်လည်းကောင်း စစ်ဆေးခံရသူ အနေနဲ့သော်လည်းကောင်း တဖက်သားရဲ့ ရပိုင်ခွင့် အခွင့်အရေး ကောင်းကောင်းမွန်မွန် ယဉ်ယဉ်ကျေးကျေး ပြောဆိုပြီးတော့ လုပ်ရမယ့်အခွင့်အရေး မရခဲ့ဘူးလို့ ကျမပြောချင်ပါတယ်။”

သူတို့ကို တရားစွဲဆိုတဲ့ ပုဒ်မ ၅၀၅ (က) ဟာ တပ်မတော်ကို ပြိုကွဲအောင် လှုံ့ဆော်မှု/လုပ်ဆောင်မှု ဖြစ်ပြီး ပြစ်မှုထင်ရှားရင်ထောင် သုံး နှစ်ထိ ချမှတ်နိုင်ပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်အဖြစ်ကနေ နုတ်ထွက်ခဲ့တဲ့ ဦးမြင့်ကျော်ကတော့ ဒီအခြေအနေမှာ သတင်းမီဒီယာသမားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ မှန်ကန်တဲ့သတင်းစီးဆင်းမှု ကျဆင်းအောင်လုပ်တာဖြစ်တယ်လို့ ဝေဖန်ပါတယ်။

" လုပ်ထုံးလုပ်နည်းတွေနဲ့ မလျော်ညီတဲ့ဟာမျိုးတွေ သို့မဟုတ် လိုတာထက်ပိုပြီးတော့ အင်အားသုံးတဲ့ ကိစ္စမျိုးတွေ ဒါမျိုးတွေမှတ်တမ်းတင်ဖော်ပြတာတွေကို ကြိုက်နှစ်သက်မှာမဟုတ်ဘူး။ ဥပဒေအရ ပစ်မှတ်ထားတဲ့ အနေအထားဖြစ်တယ်။ သတင်းသမားတွေ အနေနဲ့ တနေ့နဲ့တနေ့ ပြောင်းလဲလာတဲ့ case အပေါ် ၊ မတူတဲ့ case အပေါ်မှာ သတင်းသမားကိုယ်တိုင်ရော၊ သတင်းဌာနတွေရော အကြံပြုချက်တွေ အစီအမံတွေ အတတ်နိုင်ဆုံး သတိထားဖို့လိုတယ်။”

မကြာသေးခင် ဖေဖေါ်ဝါရီလ ၁၈ ရက် မန္တလေးမြို့ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းရာမှာ၊ သတင်းယူနေတဲ့ ဗွီဒီယိုသတင်းထောက် ဦးခေါင်းကို ရိုက်နှက်တာ၊ လဲကျသွားချိန်မှာ မျက်နှာကို ဖိနပ်နဲ့ တက်နင်း ကန်ကျောက်တာတွေလည်း အာဏာပိုင်တွေ ဘက်က လုပ်ခဲ့ပါတယ်။ အလားတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေမှာလည်း သတင်းမှတ်တမ်းရယူနေတဲ့ သတင်းထောက်တွေကို ရဲနဲ့စစ်တပ်က လောက်လေးခွနဲ့ ပစ်ခတ်တာ၊ ဖမ်းဆီးတာတွေ လုပ်ခဲ့ပြန်ပါသေးတယ်။

တည်ဆဲ မြန်မာနိုင်ငံ သတင်းမီဒီယာဥပဒေ အခန်း (၃) ပုဒ်မ ၇ (က) အရ၊ သတင်းသမားတစ်ဦးဟာ စစ်ဖြစ်ပွားရာ ဒေသပဲဖြစ်ဖြစ်၊ အဓိကရုဏ်းတွေ၊ အရေးအခင်းတွေ၊ ဆန္ဒပြပွဲတွေမှာပဲဖြစ်ဖြစ် စည်းမျဉ်းစည်းကမ်းနဲ့အညီ သတင်းရယူခွင့်ရှိသလို အဲဒီလို သတင်းရယူရာမှာလည်း လုံခြုံရေးအဖွဲ့အစည်းတွေက ဖမ်းဆီးထိန်းသိမ်းတာ၊ သတင်းမှတ်တမ်းဖျက်ဆီးတာ၊ သိမ်းယူတာတွေ မလုပ်ဖို့ အတိအကျ ဖော်ပြထားပါတယ်။ သတင်းသမားတွေအနေနဲ့ ဒီလိုအခြေအနေမျိုး သတင်းရယူရင် သတင်းသမားတွေကို ကာကွယ်ပေးရမယ်လို့ပါ အတိအကျ ဖေါ်ပြထားပါတယ်။

ဒီလိုဖော်ပြထားပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက ပထမဆုံးလုပ်တဲ့ စစ်အုပ်ချုပ်ရေး ကောင်စီသတင်းစာရှင်းပွဲမှာ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းသမားတွေရဲ့ လုံခြုံရေးကို အာမခံမယ်၊ မခံဘူးဆိုတာ အတိအကျ မပြောနိုင်ကြောင်းဖြေကြားခဲ့သလို အာဏာသိမ်းစစ်ကောင်စီလို့ ရေးသားရင် သတင်းမီဒီယာတွေကို ထုတ်ဝေခွင့် ပိတ်သိမ်းတာမျိုးထိပါ အရေးယူဖို့လုပ်မယ်လို့ တုံ့ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG