သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္၊ မႏၲေလးအပါအဝင္ ၿမိဳ႕အမ်ားအျပားမွာ သနပ္ခါးလိမ္း ဆႏၵျပ


ရန္ကုန္ၿမိဳ႕က သနပ္ခါးလိမ္း ဆႏၵျပပဲြမွာ ပါဝင္သူမ်ား။ (ေဖေဖာ္ဝါရီ ၂၅၊ ၂၀၂၁)

[Zawgyi/Unicode]

ေႏြဦးေတာ္လွန္ေရးလို႔ အမည္တပ္ထားတဲ့ ဆႏၵျပပြဲေတြ ျမန္မာႏုိင္ငံတဝန္းမွာ ဆက္ျဖစ္ေနၿပီး ဒီကေန႔မွာေတာ့ ရန္ကုန္နဲ႔ မႏၱေလးၿမိဳ႕ႀကီးေတြအပါအဝင္ တျခားၿမိဳ႕ေတြမွာပါ သနပ္ခါး လႈပ္ရွားမႈဆိုတာကို လုပ္ခဲ့ၾကပါတယ္။ စစ္အာဏာရွင္ကို ကန႔္ကြက္တဲ့ စာသားေတြ၊ CDM လုပ္ဖို႔ တိုက္တြန္းတဲ့ စာေတြကို မ်က္ႏွာေပၚမွာ သနပ္ခါးနဲ႔ေရးၿပီး စုေဝးဆႏၵျပၾကတာပါ။ ဒီအေၾကာင္းအျပည့္အစုံကိုေတာ့ ဗီြအိုေအ ျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၲာထြန္းက ေျပာျပပါမယ္။

ျမန္မာႏိုင္ငံရဲ႕ ႐ိုးရာယဥ္ေက်းမႈ အထိမ္းအမွတ္တစ္ခုျဖစ္တဲ့ သနပ္ခါးကို မ်က္ႏွာေပၚမွာ လိမ္းၿပီး ဆႏၵျပၾကတာမွာ ရည္ရြယ္ခ်က္အမ်ဳိးမ်ဳိးရွိၾကေပမဲ့လည္း ႏိုင္ငံတကာက သိေစခ်င္တဲ့ ရည္ရြယ္ခ်က္ကေတာ့ တူညီၾကပါတယ္။

ဆႏၵျပပြဲေတြမွာ ေသနတ္ပစ္ေဖာက္လူစုခြဲတာ၊ ဆႏၵျပသူေတြကို ေသနတ္နဲ႔ ပစ္တာမ်ိဳးေတြ လုပ္တဲ့အတြက္ ေသဆုံးသူေတြ ရွိခဲ့တာေၾကာင့္ ျပည္သူေတြက ေသနတ္ကို ခါးခါးသီးသီး မုန္းတီးတယ္ဆိုတဲ့ အဓိပၸာယ္မ်ိဳးခံယူၿပီး ဒီေန႔ သနပ္ခါးတိုက္ပြဲမွာ ပါဝင္ဆႏၵျပတာျဖစ္တယ္လို႔ LGBT အသိုင္းအဝန္းက လင္းလင္းက ေျပာပါတယ္။

“သနပ္ခါးဆိုတာက ကမာၻက သိတဲ့ အမွတ္အသားတစ္ခုေပါ့ေနာ္။ ဒါေပမဲ့ ဒီေန႔ ကမ္ပိန္းလုပ္ရတဲ့ အေၾကာင္းရင္းက သနပ္ခါးဆိုတဲ့ အဓိပၸာယ္ေပါ့ေနာ္။ သူမ်ားေတြက ဘယ္လို႔ အဓိပၸာယ္သတ္မွတ္လဲေတာ့ မသိဘူး။ က်ေနာ့္အေနနဲ႔က သနပ္ခါးဆိုတဲ့ဟာက အခု အသက္ဆုံးသြားတဲ့သူေတြက ေသနတ္နဲ႔ပဲ အသက္ေသခဲ့ရတဲ့သူေတြခ်ည္းပဲဆိုေတာ့ စိတ္ထဲမွာက ခါးသီးတယ္ေပါ့ေနာ္။ ကိုယ့္အတြက္က ကမာၻက သိေအာင္ သနပ္ခါး မွန္ေပမဲ့ ကိုယ့္အဓိပၸာယ္ကေတာ့ ေသနတ္ဆိုတာကို အရမ္းခါးသီးတယ္ဆိုတဲ့ အဓိပၸာယ္နဲ႔ ဒီေန႔မွာ ပါဝင္ျဖစ္တယ္ေပါ့ေနာ္။ အဲ့ဒီေတာ့ ဒီတစ္ကမာၻလုံးက ေသနတ္ကို ခါးတယ္ဆိုတဲ့ အဓိပၸာယ္ကို ျမင္ေစခ်င္တဲ့ စိတ္နဲ႔ ပါဝင္ျဖစ္တာေပါ့ေနာ္။”

ဒီေန႔ သနပ္ခါးကမ္ပိန္းမွာ ပါဝင္ၾကတဲ့ လူငယ္ေတြကလည္း တစ္ႏိုင္ငံလုံး ေအးခ်မ္းေစခ်င္တဲ့ ဆႏၵကို ထုတ္ေဖာ္ျပသတဲ့ အေနနဲ႔ ဒီကမ္ပိန္းမွာ ပါဝင္ၾကတာျဖစ္တယ္လို႔ ဆိုပါတယ္။

“က်ေနာ္တို႔ ဒီေန႔ အဓိက သနပ္ခါးေတြနဲ႔ ဒီလိုမ်ိဳး ကမ္ပိန္းလုပ္တယ္ဆိုတာက အဓိကကေတာ့ ႏိုင္ငံတကာရဲ႕ စိတ္ဝင္စားမႈရေအာင္ေပါ့ေနာ္။ က်ေနာ္တို႔က ႏိုင္ငံတကာကလည္း စိတ္ဝင္စားမႈ ရရွိမယ္။ ေနာက္တစ္ခုက သနပ္ခါးဆိုတာ ေအးျမတယ္ေပါ့၊ ဆိုေတာ့ တစ္ႏိုင္ငံလုံးကို ေအးခ်မ္းေစခ်င္တဲ့ ေစတနာမ်ိဳးနဲ႔ ဒီေန႔ ဒီကမ္ပိန္းေလးကို လုပ္ျဖစ္တာပါဗ်။”

ရန္ကုန္ၿမိဳ႕ ေျမနီကုန္း ဂုံးတံတားေအာက္မွာ ဆႏၵလာျပတဲ့ ကိုမင္းညီက သနပ္ခါးလိမ္းတယ္ဆိုတာ ျမန္မာေတြရဲ႕ ႐ိုးရာယဥ္ေက်းမႈ တစ္ခုျဖစ္သလို ဒီ႐ိုးရာယဥ္ေက်းမႈကို ေဖာ္ျပၿပီး စစ္အာဏာရွင္ကို ဆန႔္က်င္ဆႏၵျပတာက ႏိုင္ငံတကာရဲ႕ အာ႐ုံစိုက္မႈ ရေအာင္ လုပ္တာျဖစ္တဲ့အတြက္ လာၿပီး ပူးေပါင္း ဆႏၵျပတာျဖစ္တယ္လို႔ ေျပာပါတယ္။

“သနပ္ခါး ကမ္ပိန္းက အြန္လိုင္းမွာလည္း ျပန႔္ေနတယ္ေပါ့ေနာ္။ ဒီေန႔မွာ သနပ္ခါးလိမ္းၾကမယ္ေပါ့ေနာ္၊ က်ေနာ္တို႔ ျမန္မာ႐ိုးရာသနပ္ခါးကို ကမာၻကေန သိေအာင္ေပါ့ေနာ္။ က်ေနာ္တို႔ရဲ႕ ၿငိမ္းခ်မ္းစြာ ဆႏၵျပမႈေတြထဲမွာ ဒါက လုံးဝထိေရာက္တယ္ဆိုတဲ့ ကမာၻကေန သိေစတဲ့ အခ်က္ေလးတစ္ခု အေနနဲ႔ ပါဝင္ျဖစ္တာပါ။”

ဆႏၵျပပြဲေတြကို သ႐ုပ္ျပမႈမ်ိဳးစုံနဲ႔ အရွိန္အဟုန္ျမွင့္လုပ္ေနၾကသလို ႏိုင္ငံတကာ သံ႐ုံးေတြကိုလည္း ျမန္မာျပည္သူေတြရဲ႕ သေဘာထားကို ေလးစားဖို႔နဲ႔ စစ္တပ္ရဲ႕ အုပ္ခ်ဳပ္ေရးေကာင္စီကို ေထာက္ခံကူညီတာေတြ မလုပ္ဖို႔ ေတာင္းဆိုဆႏၵျပေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့အများအပြားမှာ သနပ်ခါးလိမ်း ဆန္ဒပြ

နွေဦးတော်လှန်ရေးလို့ အမည်တပ်ထားတဲ့ ဆန္ဒပြပွဲတွေ မြန်မာနိုင်ငံတဝန်းမှာ ဆက်ဖြစ်နေပြီး ဒီကနေ့မှာတော့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေအပါအဝင် တခြားမြို့တွေမှာပါ သနပ်ခါး လှုပ်ရှားမှုဆိုတာကို လုပ်ခဲ့ကြပါတယ်။ စစ်အာဏာရှင်ကို ကန့်ကွက်တဲ့ စာသားတွေ၊ CDM လုပ်ဖို့ တိုက်တွန်းတဲ့ စာတွေကို မျက်နှာပေါ်မှာ သနပ်ခါးနဲ့ရေးပြီး စုဝေးဆန္ဒပြကြတာပါ။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

မြန်မာနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု အထိမ်းအမှတ်တစ်ခုဖြစ်တဲ့ သနပ်ခါးကို မျက်နှာပေါ်မှာ လိမ်းပြီး ဆန္ဒပြကြတာမှာ ရည်ရွယ်ချက်အမျိုးမျိုးရှိကြပေမဲ့လည်း နိုင်ငံတကာက သိစေချင်တဲ့ ရည်ရွယ်ချက်ကတော့ တူညီကြပါတယ်။

ဆန္ဒပြပွဲတွေမှာ သေနတ်ပစ်ဖောက်လူစုခွဲတာ၊ ဆန္ဒပြသူတွေကို သေနတ်နဲ့ ပစ်တာမျိုးတွေ လုပ်တဲ့အတွက် သေဆုံးသူတွေ ရှိခဲ့တာကြောင့် ပြည်သူတွေက သေနတ်ကို ခါးခါးသီးသီး မုန်းတီးတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးခံယူပြီး ဒီနေ့ သနပ်ခါးတိုက်ပွဲမှာ ပါဝင်ဆန္ဒပြတာဖြစ်တယ်လို့ LGBT အသိုင်းအဝန်းက လင်းလင်းက ပြောပါတယ်။

“သနပ်ခါးဆိုတာက ကမ္ဘာက သိတဲ့ အမှတ်အသားတစ်ခုပေါ့နော်။ ဒါပေမဲ့ ဒီနေ့ ကမ်ပိန်းလုပ်ရတဲ့ အကြောင်းရင်းက သနပ်ခါးဆိုတဲ့ အဓိပ္ပာယ်ပေါ့နော်။ သူများတွေက ဘယ်လို့ အဓိပ္ပာယ်သတ်မှတ်လဲတော့ မသိဘူး။ ကျနော့်အနေနဲ့က သနပ်ခါးဆိုတဲ့ဟာက အခု အသက်ဆုံးသွားတဲ့သူတွေက သေနတ်နဲ့ပဲ အသက်သေခဲ့ရတဲ့သူတွေချည်းပဲဆိုတော့ စိတ်ထဲမှာက ခါးသီးတယ်ပေါ့နော်။ ကိုယ့်အတွက်က ကမ္ဘာက သိအောင် သနပ်ခါး မှန်ပေမဲ့ ကိုယ့်အဓိပ္ပာယ်ကတော့ သေနတ်ဆိုတာကို အရမ်းခါးသီးတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဒီနေ့မှာ ပါဝင်ဖြစ်တယ်ပေါ့နော်။ အဲ့ဒီတော့ ဒီတစ်ကမ္ဘာလုံးက သေနတ်ကို ခါးတယ်ဆိုတဲ့ အဓိပ္ပာယ်ကို မြင်စေချင်တဲ့ စိတ်နဲ့ ပါဝင်ဖြစ်တာပေါ့နော်။”

ဒီနေ့ သနပ်ခါးကမ်ပိန်းမှာ ပါဝင်ကြတဲ့ လူငယ်တွေကလည်း တစ်နိုင်ငံလုံး အေးချမ်းစေချင်တဲ့ ဆန္ဒကို ထုတ်ဖော်ပြသတဲ့ အနေနဲ့ ဒီကမ်ပိန်းမှာ ပါဝင်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဒီနေ့ အဓိက သနပ်ခါးတွေနဲ့ ဒီလိုမျိုး ကမ်ပိန်းလုပ်တယ်ဆိုတာက အဓိကကတော့ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုရအောင်ပေါ့နော်။ ကျနော်တို့က နိုင်ငံတကာကလည်း စိတ်ဝင်စားမှု ရရှိမယ်။ နောက်တစ်ခုက သနပ်ခါးဆိုတာ အေးမြတယ်ပေါ့၊ ဆိုတော့ တစ်နိုင်ငံလုံးကို အေးချမ်းစေချင်တဲ့ စေတနာမျိုးနဲ့ ဒီနေ့ ဒီကမ်ပိန်းလေးကို လုပ်ဖြစ်တာပါဗျ။”

ရန်ကုန်မြို့ မြေနီကုန်း ဂုံးတံတားအောက်မှာ ဆန္ဒလာပြတဲ့ ကိုမင်းညီက သနပ်ခါးလိမ်းတယ်ဆိုတာ မြန်မာတွေရဲ့ ရိုးရာယဉ်ကျေးမှု တစ်ခုဖြစ်သလို ဒီရိုးရာယဉ်ကျေးမှုကို ဖော်ပြပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြတာက နိုင်ငံတကာရဲ့ အာရုံစိုက်မှု ရအောင် လုပ်တာဖြစ်တဲ့အတွက် လာပြီး ပူးပေါင်း ဆန္ဒပြတာဖြစ်တယ်လို့ ပြောပါတယ်။

“သနပ်ခါး ကမ်ပိန်းက အွန်လိုင်းမှာလည်း ပြန့်နေတယ်ပေါ့နော်။ ဒီနေ့မှာ သနပ်ခါးလိမ်းကြမယ်ပေါ့နော်၊ ကျနော်တို့ မြန်မာရိုးရာသနပ်ခါးကို ကမ္ဘာကနေ သိအောင်ပေါ့နော်။ ကျနော်တို့ရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေထဲမှာ ဒါက လုံးဝထိရောက်တယ်ဆိုတဲ့ ကမ္ဘာကနေ သိစေတဲ့ အချက်လေးတစ်ခု အနေနဲ့ ပါဝင်ဖြစ်တာပါ။”

ဆန္ဒပြပွဲတွေကို သရုပ်ပြမှုမျိုးစုံနဲ့ အရှိန်အဟုန်မြှင့်လုပ်နေကြသလို နိုင်ငံတကာ သံရုံးတွေကိုလည်း မြန်မာပြည်သူတွေရဲ့ သဘောထားကို လေးစားဖို့နဲ့ စစ်တပ်ရဲ့ အုပ်ချုပ်ရေးကောင်စီကို ထောက်ခံကူညီတာတွေ မလုပ်ဖို့ တောင်းဆိုဆန္ဒပြနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG