သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ျပည္ပေရာက္ျမန္မာေတြ ဌာေနျပန္ပို႔မႈ ရပ္ဆိုင္းထားဖို႔ ကန္တိုက္တြန္း


ေဖေဖာ္၀ါရီ ၂၃ ရက္ေန႔က ျမန္မာႏိုင္ငံသား ၁၀၀၀ ေက်ာ္ ကို မေလးရွားအစိုးရက ျပန္ပို႔ခဲ့

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ မတည္မၿငိမ္အေျခအေန ၾကံဳေနရခ်ိန္မွာ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြကို သက္ဆိုင္ရာႏိုင္ငံေတြက ေနရပ္ ျပန္မပို႔ဖို႔ အေမရိကန္က တိ္ုက္တြန္းလိုက္ပါတယ္။

"ေဒသတြင္းႏိုင္ငံေတြ ျမန္မာႏိုင္ငံသားေတြကို ေနရပ္ျပန္ပို႔မယ့္ အစီအစဥ္ေတြကို ရပ္ဆိုင္းထားဖို႔ " အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရ Ned Price က ဗုဒၶဟူးေန႔က သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုလိုက္တာပါ။

ျမန္မာစစ္တပ္ဟာ ဘာသာမတူသူေတြနဲ႔ လူနည္းစုေတြအေပၚ အရင္တုန္းကလည္း လူ႔အခြင့္အေရး ခ်ဳိးေဖာက္ခဲ့ဖူးတဲ့ အစဥ္အလာရွိတာေၾကာင့္ ေနရပ္ျပန္မပို႔ခင္မွာ ကာကြယ္ေစာင့္ေရွာက္ဖို႔ လိုအပ္တဲ့သူေတြ ပါမပါဆိုတာကို ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံးက စစ္ေဆးခြင့္ရဖို႔ လိုအပ္ေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္။

ကန္႔ကြက္မႈေတြၾကားကပဲ မေလးရွားႏိုင္ငံ ထိန္းသိမ္းေရး စခန္းေတြက ျမန္မာႏိုင္ငံသား ၁ ေထာင္ေက်ာ္ကို ဒီတပတ္ထဲ ေနရပ္ ျပန္ပို႔လိုက္ၿပီးေနာက္ အေမရိကန္ အပါအ၀င္ ႏိိုင္ငံတကာ အသိုင္းအ၀န္းနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားမႈ အဖဲြ႕ေတြက ေ၀ဖန္မႈေတြ ထြက္ေပၚေနတာပါ။

ေနရပ္ျပန္ပို႔မယ့္ အစီအစဥ္ကို ဆိုင္းငံ့ထားဖို႔ တရား႐ုံးက အမိန္႔ခ်ထားတဲ့ၾကားက အမ်ဳိးသမီးနဲ႔ ကေလးေတြ အပါအ၀င္ ျမန္မာႏိုင္ငံသား ၁ ေထာင္ေက်ာ္ကို မေလးရွား အာဏာပိုင္ေတြက ျပန္ပို႔ဖို႔ ဆုံးျဖတ္ခဲ့တာဟာ စိတ္ပ်က္စရာ ျဖစ္ရေၾကာင္းလည္း ကုလသမဂၢ အထူးကိုယ္စားလွယ္ ၇ ေယာက္က ဗုဒၶဟူးေန႔မွာ ပူးတဲြေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.............

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် မတည်မငြိမ်အခြေအနေ ကြုံနေရချိန်မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို သက်ဆိုင်ရာနိုင်ငံတွေက နေရပ် ပြန်မပို့ဖို့ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။

"ဒေသတွင်းနိုင်ငံတွေ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့မယ့် အစီအစဉ်တွေကို ရပ်ဆိုင်းထားဖို့ " အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

မြန်မာစစ်တပ်ဟာ ဘာသာမတူသူတွေနဲ့ လူနည်းစုတွေအပေါ် အရင်တုန်းကလည်း လူ့အခွင့်အရေး ချိုးဖောက်ခဲ့ဖူးတဲ့ အစဉ်အလာရှိတာကြောင့် နေရပ်ပြန်မပို့ခင်မှာ ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တဲ့သူတွေ ပါမပါဆိုတာကို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက စစ်ဆေးခွင့်ရဖို့ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ကန့်ကွက်မှုတွေကြားကပဲ မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်းတွေက မြန်မာနိုင်ငံသား ၁ ထောင်ကျော်ကို ဒီတပတ်ထဲ နေရပ် ပြန်ပို့လိုက်ပြီးနောက် အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက ဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။

နေရပ်ပြန်ပို့မယ့် အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ တရားရုံးက အမိန့်ချထားတဲ့ကြားက အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် မြန်မာနိုင်ငံသား ၁ ထောင်ကျော်ကို မလေးရှား အာဏာပိုင်တွေက ပြန်ပို့ဖို့ ဆုံးဖြတ်ခဲ့တာဟာ စိတ်ပျက်စရာ ဖြစ်ရကြောင်းလည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ၇ ယောက်က ဗုဒ္ဓဟူးနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG