သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားေရာက္ ကပ္ေဘးပိတ္မိသူ ျမန္မာ ၁၇၀ ေက်ာ္ ေနရပ္ျပန္


မေလးရွား ထိန္းသိမ္းေရးစခန္းက ေနျပန္သြားၾကတဲ့ျမန္မာႏိုင္ငံသားမ်ား။ (ဓာတ္ပံု - ျမန္မာလူမႈ ကူညီေရးအသင္း (မေလးရွား) - ေဖေဖာ္ဝါရီ ၁၇၊ ၂၀၂၁ )

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါကာလ မေလးရွားႏုိင္ငံမွာ ေသာင္တင္ေနၾကတဲ့ ျမန္မာႏုိင္ငံသားေတြထဲက ေနာက္ထပ္ ၁၇၀ ေက်ာ္ကုိ ဒီကေန႔ ေနရပ္ျပန္ခြင့္ျပဳလုိက္ပါတယ္။ ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္ၿပီးေနာက္ ႏုိင္ငံေရး မတည္မၿငိမ္ အေျခအေနေတြ ႀကံဳေနရခ်ိန္မွာ ေနရပ္ျပန္တဲ့ ျမန္မာႏုိင္ငံသားေတြ အခက္အခဲေတြလည္း ႀကံဳေနၾကရတာပါ။ အျပည့္အစုံကုိေတာ့ ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာက ေျပာျပပါမယ္။

မေလးရွား ထိန္းသိမ္းေရးစခန္းက ေနျပန္သြားၾကတဲ့ျမန္မာႏိုင္ငံသားမ်ား။ (ဓာတ္ပံု - ျမန္မာလူမႈ ကူညီေရးအသင္း (မေလးရွား) - ေဖေဖာ္ဝါရီ ၁၇၊ ၂၀၂၁ )
မေလးရွား ထိန္းသိမ္းေရးစခန္းက ေနျပန္သြားၾကတဲ့ျမန္မာႏိုင္ငံသားမ်ား။ (ဓာတ္ပံု - ျမန္မာလူမႈ ကူညီေရးအသင္း (မေလးရွား) - ေဖေဖာ္ဝါရီ ၁၇၊ ၂၀၂၁ )

မေလးရွားႏုိင္ငံက လူ၀င္မႈ ႀကီးၾကပ္ေရး ထိန္းသိမ္းေရးစခန္းေတြမွာ လြတ္ရက္ေစ့ေနၿပီျဖစ္တဲ့ အက်ဥ္းသားေတြ အပါအ၀င္ ျမန္မာႏုိင္ငံသားေတြကုိ ေနရပ္ျပန္ပုိ႔ေနရာမွာ ဒီကေန႔လည္း ၁၇၀ ေက်ာ္ ေနရပ္ျပန္ခဲ့ၾကတာပါ။ ကယ္ဆယ္ေရး ေလယာဥ္နဲ႔ ဒီကေန႔ ျပန္ၾကတဲ့ အထဲမွာေတာ့ ထိန္းသိမ္းေရးစခန္းက ျမန္မာႏုိင္ငံသား ၆၀ ေလာက္ ပါ၀င္ေၾကာင္လည္း မေလးရွားႏုိင္ငံ အေျခစိုက္ ျမန္မာလူမႈကူညီေရးအသင္း ဥကၠ႒ ဦးစန္း၀င္းက ေျပာပါတယ္။

“၅၁ ႀကိမ္ေျမာက္ကယ္ဆယ္ေရးေလယာဥ္မွာဆုိရင္ အားလံုးစုစုေပါင္း ျမန္မာႏို္င္ငံကိုျပန္သြားတဲ့သူက ၁၇၁ ေယာက္ျဖစ္ပါတယ္။ အဲဒီထဲမွာ ၇၁ ေယာက္မွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မေလးရွားႏိုင္ငံမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ အမ်ိဳးသမီး သံုးေယာက္အပါအဝင္ ဖမ္းထားခံရသူ စုစုေပါင္း၊ လူ ၆၀ ေက်ာ္ျပန္တယ္ေပါ့ေလ။"

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ႏုိင္ငံေရးအေျခအေနေတြ ႐ႈပ္ေထြးေနခ်ိန္မွာပဲ မေလးရွားေရာက္ ျမန္မာႏုိင္ငံသားေတြ ေနရပ္ျပန္ေနၾကတာပါ။ အာဏာသိမ္းမႈကုိ ဆန္႔က်င္တဲ့ အေနနဲ႔ အလုပ္မဆင္းဘဲ ကန္႔ကြက္တဲ့ လႈပ္ရွားမႈေတြမွာ က်န္းမာေရး ၀န္ထမ္းေတြလည္း ပါ၀င္ေနၾကတာေၾကာင့္ ေနရပ္ျပန္ ျမန္မာႏုိင္ငံသားေတြ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းေတြမွာ အခက္အခဲေတြ ႀကံဳေနရတယ္လုိ႔လည္း ဦးစန္း၀င္းက ေျပာပါတယ္။ သီးျခားခဲြထားဖုိ႔ ေစာင့္ၾကည့္ေရးစင္တာေတြ မရွိတဲ့အတြက္ ရပ္ကြက္ေတြမွာ ယာယီထားဖုိ႔ စီစဥ္ရာမွာ ကန္႔ကြက္တာေတြနဲ႔လည္း ႀကံဳေနရတယ္လုိ႔ ေျပာပါတယ္။

“တပတ္ကုိ ၃ ေခါက္ပုိ႔ေနတာ တနလၤာ၊ ဗုဒၶဟူး၊ ၾကာသပေတးပို႔ေနတာပါ။ ျပည္တြင္းေရာက္တဲ့အခါမွာ တခ်ိဳ႕လူေတြက ထင္ေယာင္ထင္မွားနဲ႔ မေလးရွားက ျပန္လာရင္ တျခားႏုိင္ငံသားေတြ ပါမယ္လို႔ ယူဆၾကတယ္။ ျပန္တဲ့သူေတြက အရင္ကတည္းက ေသခ်ာစိစစ္ျပီးထားတဲ့ျမန္မာႏိုင္ငံသားေတြျဖစ္ပါတယ္။ စိစစ္ထားတဲ့သူေတြကို ျပန္ပုိ႔ေနျခင္းျဖစ္တယ္။ NLD အစိုးရလက္ထက္မွာ စီမံခ်က္ခ်ျပီး တပတ္ကုိ ၃ ႀကိမ္ပုိ႔ဖို႔အတြက္ မေလးရွားအစိုးရနဲ႔ ညိွႏိႈင္းျပီး ေအာင္ျမင္ျပီး ဒီေဖေဖၚ၀ါရီလကေန စပို႔မယ္ဆုိတာလုပ္ခဲ့တယ္။ လူမ်ိဳးေပါင္းစံုကုိ စိစစ္ျပီး ျပန္လည္ၿပီး ျမန္မာႏိုင္ငံကုိ ပို႔ေနတာျဖစ္တယ္။ ဒီမူ၀ါဒေတြကလည္း NLD လက္ထက္ကတည္းက ခ်ထားတဲ့မူ၀ါဒေတြျဖစ္တယ္။ တျခားႏို္င္ငံသားေတြ ပါ၀င္၊ မ၀င္ဆုိတာ က်ေနာ္တို႔ ပရဟိတအဖဲြ ့ေတြက အနီးကပ္ေစာင့္ၾကည့္ေလ့လာေနတာျဖစ္ပါတယ္။”

မေလးရွားႏိုင္ငံမွာ ပိတ္မိေနတဲ့ ျမန္မာႏို္င္ငံသားေတြကုိ ျမန္မာအစိုးရအစီစဥ္နဲ႔ တပတ္ကုိ ၁ ရက္ ကယ္ဆယ္ေရး ေလယာဥ္ေတြနဲ႔ ျပန္ပို႔ေပးေနရာကေန ဒီလဆန္းမွာပဲ တပတ္ကုိ ၃ ႀကိမ္အထိ တုိးျမွင့္ခဲ့တာပါ။ မေလးရွား လူ၀င္မႈႀကီးၾကပ္ေရးဌာန အႀကီးအကဲကေတာ့ ထိန္းသိမ္းေရးစခန္းေတြက ျမန္မာႏုိင္ငံသား ၁,၂၀၀ ကုိ ေရွ႕သီတင္းပတ္ကစၿပီး ျမန္မာေရတပ္က ေရေၾကာင္းကေန ျပန္လည္ ေခၚယူဖုိ႔ စီစဥ္ထားေၾကာင္းလည္း ေျပာဆုိထားပါတယ္။ ဒုကၡသည္မ်ားဆုိင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံးကေတာ့ အစီအစဥ္အေပၚမွာ စုိးရိမ္ေၾကာင္း ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားရောက် ကပ်ဘေးပိတ်မိသူ မြန်မာ ၁၇၀ ကျော် နေရပ်ပြန်

ကိုဗစ်ကပ်ရောဂါကာလ မလေးရှားနိုင်ငံမှာ သောင်တင်နေကြတဲ့ မြန်မာနိုင်ငံသားတွေထဲက နောက်ထပ် ၁၇၀ ကျော်ကို ဒီကနေ့ နေရပ်ပြန်ခွင့်ပြုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံရေး မတည်မငြိမ် အခြေအနေတွေ ကြုံနေရချိန်မှာ နေရပ်ပြန်တဲ့ မြန်မာနိုင်ငံသားတွေ အခက်အခဲတွေလည်း ကြုံနေကြရတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

မလေးရှားနိုင်ငံက လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ လွတ်ရက်စေ့နေပြီဖြစ်တဲ့ အကျဉ်းသားတွေ အပါအဝင် မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့နေရာမှာ ဒီကနေ့လည်း ၁၇၀ ကျော် နေရပ်ပြန်ခဲ့ကြတာပါ။ ကယ်ဆယ်ရေး လေယာဉ်နဲ့ ဒီကနေ့ ပြန်ကြတဲ့ အထဲမှာတော့ ထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသား ၆၀ လောက် ပါဝင်ကြောင်လည်း မလေးရှားနိုင်ငံ အခြေစိုက် မြန်မာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

“၅၁ ကြိမ်မြောက်ကယ်ဆယ်ရေးလေယာဉ်မှာဆိုရင် အားလုံးစုစုပေါင်း မြန်မာနိုင်ငံကိုပြန်သွားတဲ့သူက ၁၇၁ ယောက်ဖြစ်ပါတယ်။ အဲဒီထဲမှာ ၇၁ ယောက်မှာ အကြောင်းအမျိုးမျိုးကြောင့် မလေးရှားနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသမီး သုံးယောက်အပါအဝင် ဖမ်းထားခံရသူ စုစုပေါင်း၊ လူ ၆၀ ကျော်ပြန်တယ်ပေါ့လေ။"

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးအခြေအနေတွေ ရှုပ်ထွေးနေချိန်မှာပဲ မလေးရှားရောက် မြန်မာနိုင်ငံသားတွေ နေရပ်ပြန်နေကြတာပါ။ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနေနဲ့ အလုပ်မဆင်းဘဲ ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေမှာ ကျန်းမာရေး ဝန်ထမ်းတွေလည်း ပါဝင်နေကြတာကြောင့် နေရပ်ပြန် မြန်မာနိုင်ငံသားတွေ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံနေရတယ်လို့လည်း ဦးစန်းဝင်းက ပြောပါတယ်။ သီးခြားခွဲထားဖို့ စောင့်ကြည့်ရေးစင်တာတွေ မရှိတဲ့အတွက် ရပ်ကွက်တွေမှာ ယာယီထားဖို့ စီစဉ်ရာမှာ ကန့်ကွက်တာတွေနဲ့လည်း ကြုံနေရတယ်လို့ ပြောပါတယ်။

“တပတ်ကို ၃ ခေါက်ပို့နေတာ တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေးပို့နေတာပါ။ ပြည်တွင်းရောက်တဲ့အခါမှာ တချို့လူတွေက ထင်ယောင်ထင်မှားနဲ့ မလေးရှားက ပြန်လာရင် တခြားနိုင်ငံသားတွေ ပါမယ်လို့ ယူဆကြတယ်။ ပြန်တဲ့သူတွေက အရင်ကတည်းက သေချာစိစစ်ပြီးထားတဲ့မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။ စိစစ်ထားတဲ့သူတွေကို ပြန်ပို့နေခြင်းဖြစ်တယ်။ NLD အစိုးရလက်ထက်မှာ စီမံချက်ချပြီး တပတ်ကို ၃ ကြိမ်ပို့ဖို့အတွက် မလေးရှားအစိုးရနဲ့ ညှိနှိုင်းပြီး အောင်မြင်ပြီး ဒီဖေဖေါ်ဝါရီလကနေ စပို့မယ်ဆိုတာလုပ်ခဲ့တယ်။ လူမျိုးပေါင်းစုံကို စိစစ်ပြီး ပြန်လည်ပြီး မြန်မာနိုင်ငံကို ပို့နေတာဖြစ်တယ်။ ဒီမူဝါဒတွေကလည်း NLD လက်ထက်ကတည်းက ချထားတဲ့မူဝါဒတွေဖြစ်တယ်။ တခြားနိုင်ငံသားတွေ ပါဝင်၊ မဝင်ဆိုတာ ကျနော်တို့ ပရဟိတအဖွဲ့တွေက အနီးကပ်စောင့်ကြည့်လေ့လာနေတာဖြစ်ပါတယ်။”

မလေးရှားနိုင်ငံမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာအစိုးရအစီစဉ်နဲ့ တပတ်ကို ၁ ရက် ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ ပြန်ပို့ပေးနေရာကနေ ဒီလဆန်းမှာပဲ တပတ်ကို ၃ ကြိမ်အထိ တိုးမြှင့်ခဲ့တာပါ။ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲကတော့ ထိန်းသိမ်းရေးစခန်းတွေက မြန်မာနိုင်ငံသား ၁,၂၀၀ ကို ရှေ့သီတင်းပတ်ကစပြီး မြန်မာရေတပ်က ရေကြောင်းကနေ ပြန်လည် ခေါ်ယူဖို့ စီစဉ်ထားကြောင်းလည်း ပြောဆိုထားပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးကတော့ အစီအစဉ်အပေါ်မှာ စိုးရိမ်ကြောင်း ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG