သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံသားေတြ ျပန္ပို႔မယ္႔ မေလးရွားအစီအစဥ္ ႏိုင္ငံတကာကန္႔ကြက္


မေလးရွား ထိန္းသိမ္းေရးစခန္းက ေနျပန္သြားၾကတဲ့ျမန္မာႏိုင္ငံသားမ်ား (ဓာတ္ပံု - ျမန္မာလူမႈ ကူညီေရးအသင္း (မေလးရွား) - ေဖေဖာ္ဝါရီ ၁၇၊ ၂၀၂၁ )


{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံသား ၁၂၀၀ ကို ျမန္မာေရတပ္သေဘၤာေတြနဲ႔ ျမန္မာႏိုင္ငံ ျပန္ပို႔ဖို႔ လုပ္ေနတဲ့ မေလးရွား ႏိုင္ငံရဲ့ လုပ္ရပ္ကို ရပ္ဆိုင္းဖို႔ အေမရိကန္အပါအဝင္ ႏိုင္ငံတကာက ေတာင္းဆိုေနၾကပါတယ္။

ျမန္မာႏိုင္ငံက လႊတ္လိုက္တဲ့ သေဘၤာ ၃ စင္းနဲ႔ ျပန္ပို႔မယ့္ သူေတြ အထဲမွာ မၾကာခင္က အာဏာသိမ္းထားတဲ့ ျမန္မာစစ္တပ္ လက္ေအာက္မွာ အႏၱရာယ္က်ေရာက္ႏိုင္တဲ့ လူနည္းစုအဖြဲ႔ဝင္ေတြ ပါေနတယ္လို႔ ဆိုပါတယ္။ မေလးရွားႏုိင္ငံ ကြာလာလန္ပူရွိ အေမရိကန္သံရံုးက ဒီကိစၥကို အထူးစိုးရိမ္ေၾကာင္း ေျပာဆိုၿပီး အထိန္းသိမ္းခံ ျမန္မာႏိုင္ငံသားေတြကို ကုလသမဂၢ အဖြဲ႔အစည္းေတြနဲ႔ ေတြ႔ခြင့္ေပးဖို႔ ဒီလူေတြထဲမွာ ခိုလႈံခြင့္ ေတာင္းခံထားသူေတြ ပါမပါ စစ္ေဆးခြင့္ေပးဖို႔ တိုက္တြန္းထားပါတယ္။

ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ ေအဂ်င္စီကေတာ့ အခု ျပန္ပို႔မယ့္ သူေတြထဲမွာ အနည္းဆံုး ၆ ေယာက္ဟာ သူတို႔ဆီမွာ မွတ္ပံုတင္ထားၿပီး ႏိုင္ငံတကာရဲ့ အကာအကြယ္ကို လိုအပ္ေနသူေတြ ျဖစ္ေပမယ့္ သူတို႔ထဲက အမ်ားစုကိုေတာ့ ေတြ႔ဆံုခြင့္ မရပဲ ျဖစ္ေနတယ္လို႔ ဆိုပါတယ္။

Fortify Rights လူ႔အခြင့္ေရးအဖြဲ႔ အႀကီးအကဲ Amy Smith က အခုလို ျပန္ပို႔မယ့္ အစီစဥ္ဟာ ဒီလူေတြရဲ့ အသက္ကို အႏၱရာယ္ က်ေရာက္ေစမွာ ျဖစ္သလို ျမန္မာႏုိင္ငံမွာ မတရားတဲ့ စစ္အာဏာသိမ္းမႈကို တရားဝင္ ျဖစ္ေအာင္ လုပ္ေဆာင္ရာ က်တယ္လို႔ ေျပာပါတယ္။ အခု ျပန္အပို႔ခံရမယ့္ သူေတြထဲမွာ ပဋိပကၡျဖစ္ပြါးေနတဲ့ ကခ်င္နဲ႔ ရွမ္းျပည္နယ္တို႔က လူေတြနဲ႔ ခရစ္ယန္ဘာသာဝင္ ခ်င္းတိုင္းရင္းသားေတြ ပါဝင္ေနတယ္လို႔လည္း ေျပာပါတယ္။

မေလးရွားအာဏာပိုင္ေတြ ကေတာ့ အခု ျပန္ပို႔မယ့္ သူေတြဟာ ေနထုိင္ခြင့္ သက္တမ္းကို ေက်ာ္ၿပီးေနထိုင္တာ အပါအဝင္ ျပစ္မႈေတြ က်ဴးလြန္ထားသူေတြ ျဖစ္ၿပီး ျမန္မာႏိုင္ငံက ႏိုင္ငံသားအျဖစ္ အသိမွတ္ မျပဳတဲ့ ရိုဟင္ဂ်ာမူစလင္ေတြေ မပါဝင္ဘူးလို႔ ေျပာပါတယ္။

.......................................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}
မြန်မာနိုင်ငံသား ၁၂၀၀ ကို မြန်မာရေတပ်သင်္ဘောတွေနဲ့ မြန်မာနိုင်ငံ ပြန်ပို့ဖို့ လုပ်နေတဲ့ မလေးရှား နိုင်ငံရဲ့ လုပ်ရပ်ကို ရပ်ဆိုင်းဖို့ အမေရိကန်အပါအဝင် နိုင်ငံတကာက တောင်းဆိုနေကြပါတယ်။

မြန်မာနိုင်ငံက လွှတ်လိုက်တဲ့ သင်္ဘော ၃ စင်းနဲ့ ပြန်ပို့မယ့် သူတွေ အထဲမှာ မကြာခင်က အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ် လက်အောက်မှာ အန္တရာယ်ကျရောက်နိုင်တဲ့ လူနည်းစုအဖွဲ့ဝင်တွေ ပါနေတယ်လို့ ဆိုပါတယ်။ မလေးရှားနိုင်ငံ ကွာလာလန်ပူရှိ အမေရိကန်သံရုံးက ဒီကိစ္စကို အထူးစိုးရိမ်ကြောင်း ပြောဆိုပြီး အထိန်းသိမ်းခံ မြန်မာနိုင်ငံသားတွေကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ တွေ့ခွင့်ပေးဖို့ ဒီလူတွေထဲမှာ ခိုလှုံခွင့် တောင်းခံထားသူတွေ ပါမပါ စစ်ဆေးခွင့်ပေးဖို့ တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီကတော့ အခု ပြန်ပို့မယ့် သူတွေထဲမှာ အနည်းဆုံး ၆ ယောက်ဟာ သူတို့ဆီမှာ မှတ်ပုံတင်ထားပြီး နိုင်ငံတကာရဲ့ အကာအကွယ်ကို လိုအပ်နေသူတွေ ဖြစ်ပေမယ့် သူတို့ထဲက အများစုကိုတော့ တွေ့ဆုံခွင့် မရပဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

Fortify Rights လူ့အခွင့်ရေးအဖွဲ့ အကြီးအကဲ Amy Smith က အခုလို ပြန်ပို့မယ့် အစီစဉ်ဟာ ဒီလူတွေရဲ့ အသက်ကို အန္တရာယ် ကျရောက်စေမှာ ဖြစ်သလို မြန်မာနိုင်ငံမှာ မတရားတဲ့ စစ်အာဏာသိမ်းမှုကို တရားဝင် ဖြစ်အောင် လုပ်ဆောင်ရာ ကျတယ်လို့ ပြောပါတယ်။ အခု ပြန်အပို့ခံရမယ့် သူတွေထဲမှာ ပဋိပက္ခဖြစ်ပွါးနေတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်တို့က လူတွေနဲ့ ခရစ်ယန်ဘာသာဝင် ချင်းတိုင်းရင်းသားတွေ ပါဝင်နေတယ်လို့လည်း ပြောပါတယ်။

မလေးရှားအာဏာပိုင်တွေ ကတော့ အခု ပြန်ပို့မယ့် သူတွေဟာ နေထိုင်ခွင့် သက်တမ်းကို ကျော်ပြီးနေထိုင်တာ အပါအဝင် ပြစ်မှုတွေ ကျူးလွန်ထားသူတွေ ဖြစ်ပြီး မြန်မာနိုင်ငံက နိုင်ငံသားအဖြစ် အသိမှတ် မပြုတဲ့ ရိုဟင်ဂျာမူစလင်တွေေ မပါဝင်ဘူးလို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG