သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေလးရွားကျပန္ပုိ႔မယ့္ ျမန္မာဒုကၡသည္တခ်ဳိ႕အတြက္ စုိးရိမ္ေၾကာင္း ကုလေျပာ


မႏွစ္ ေအာက္တုိဘာ ၁၅ ရက္ေန႔က ေနရပ္ျပန္ပို႔ခဲ့တဲ့ တရားမ၀င္အလုပ္သမားမ်ားနဲ႔ ထိန္းသိမ္းေရးစခန္းက အက်ဥ္းသားမ်ား။ (ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း-မေလးရွား။ ေအာက္တိုဘာ ၁၅၊ ၂၀၂၀)

(Zawgyi / Unicode)

စစ္တပ္အာဏာသိမ္းထားတဲ့ ျမန္မာႏုိင္ငံဆီကို ေရွ႕သီတင္းပတ္ထဲ မေလးရွားကေန ျပန္ပို႔ဖို႔ စီစဥ္ေနတဲ့ ျမန္မာႏိုင္ငံသား ၁,၂၀၀ ထဲမွာ သူတို႔ဆီမွာ မွတ္ပံုတင္ထားသူ အနည္းဆံုး ၆ ဦး ပါဝင္ေနတယ္လို႔ ကုလသမဂၢ ဒုကၡသည္ဆိုင္ရာ မဟာမင္းႀကီး႐ုံး (UNHCR) က စေနေန႔မွာ ေျပာၾကားလိုက္ပါတယ္။ ဒါဟာ ဒုကၡသည္ေတြရဲ႕ အသက္ေဘးအတြက္ စိုးရိမ္ရတယ္လို႔ အေမရိကန္အစိုးရက ေျပာေနခ်ိန္မွာပဲ အခုလို ျပန္ပို႔ဖို႔ စီစဥ္ေနတာ ျဖစ္ပါတယ္။

မေလးရွားအစိုးရက သူတို႔ဆီကို ေရာက္လာတဲ့ ႐ုိဟင္ဂ်ာ မြတ္စလင္ေတြ ဒါမွမဟုတ္ UNHCR မွာ မွတ္ပံုတင္ထားသူေတြကို ျပန္မပို႔ဘူးလို႔ ကတိေပးထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ျမန္မာႏုိင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီးေနာက္ ဒီဒုကၡသည္ေတြကို ျပန္ေခၚဖို႔ စစ္သေဘၤာေတြ ေစလႊတ္ေပးမယ္လို႔ ကမ္းလွမ္းခဲ့တဲ့ေနာက္ အခု ျပန္ပို႔ဖို႔ စီစဥ္ေနတာျဖစ္ေၾကာင္း တာဝန္ရွိသူေတြကေရာ ဒုကၡသည္ဆို္င္ရာ အဖြဲ႔ေတြကပါ ေျပာပါတယ္။

မေလးရွားႏုိင္ငံကို ေရာက္ေနတဲ့ ျမန္မာဒုကၡသည္ေတြကို ေခၚယူမယ့္ ျမန္မာအလံတင္ထားတဲ့ သေဘၤာ ၃ စင္းဟာ မေလးရွား Lumut ေရတပ္အေျခစိုက္စခန္းကို စေနေန႔က ေရာက္ရွိလာေၾကာင္းနဲ႔ အဲဒီထဲက တစင္းဟာ ျမန္မာစစ္တပ္ သေဘၤာတစင္း ျဖစ္တယ္လို႔ သေဘၤာေတြရဲ႕ ေရေၾကာင္းသြားလာမႈဆိုင္ရာ ေျခရာခံတဲ့ Marine Traffic ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။

အခုေရာက္ေနတဲ့ သေဘၤာေတြဟာ အဂၤါေန႔မွာ ျမန္မာႏိုင္ငံကို ျပန္ထြက္ခြာမွာ ျဖစ္ေၾကာင္းလည္း သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ျပန္ပို႔မယ့္သူေတြထဲမွာ ကုလသမဂၢမွာ မွတ္ပံုမတင္ရေသးတဲ့ ခိုလႈံခြင့္ေလွ်ာက္ထားသူေတြ ပါေနၿပီး သူတုိ႔ရဲ႕ အေျခေနကို ဆန္းစစ္ဖို႔ လူေတြ႔ေမးျမန္းခြင့္ ေတာင္းထားတာ တႏွစ္ေက်ာ္ေနၿပီ ျဖစ္ေပမယ့္ ခြင့္ျပဳခ်က္ မရေသးဘူးလို႔လည္း UNHCR က ေျပာပါတယ္။ အခုျပန္ပို႔မယ့္သူေတြထဲမွာ ပါေနတဲ့ မွတ္ပံုတင္ထားသူ ၆ ဦးအတြက္ ႏိုင္ငံတကာ အကာအကြယ္ေပးမႈ လိုအပ္တာေၾကာင့္ ျပန္မပို႔ဖို႔ မေလးအာဏာပိုင္ေတြကို ေတာင္းဆုိထားတယ္လို႔လည္း ေျပာပါတယ္။

မေလးရွားက ျမန္မာသံ႐ုံး ေဖ့စ္ဘုတ္စာမ်က္ႏွာမွာေတာ့ ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ မေလးရွားမွာ ေသာင္တင္ေနတဲ့ ျမန္မာႏုိင္ငံသားေတြကို ဦးစားေပးျပန္ပို႔မယ္လို႔ ေဖာ္ျပထားၿပီး ျပန္ပို႔မယ့္သူ ၁,၂၀၀ ျဖစ္ေၾကာင္း အတည္ျပဳ ေဖာ္ျပထားပါတယ္။

မေလးရွားမွာရွိတဲ့ အေမရိကန္နဲ႔ အေနာက္ႏုိင္ငံ သံ႐ုံးေတြကေတာ့ မေလးရွားအစိုးရက ဒီလူေတြကို ျပန္မပို႔ေအာင္ ႀကိဳးပမ္းေနၾကသလို မေလးရွားအစုိးရက ျမန္မာႏိုင္ငံက အာဏာသိမ္း စစ္ေကာင္စီနဲ႔ ပူးေပါင္းေဆာင္ရြက္မႈအတြက္ စိုးရိမ္ေနၾကေၾကာင္းလည္း သံတမန္ေတြရဲ႕ ေျပာၾကားခ်က္ေတြကို ကိုးကားၿပီး ႐ုိက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

မလေးရှားကပြန်ပို့မယ့် မြန်မာဒုက္ခသည်တချို့အတွက် စိုးရိမ်ကြောင်း ကုလပြော

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံဆီကို ရှေ့သီတင်းပတ်ထဲ မလေးရှားကနေ ပြန်ပို့ဖို့ စီစဉ်နေတဲ့ မြန်မာနိုင်ငံသား ၁,၂၀၀ ထဲမှာ သူတို့ဆီမှာ မှတ်ပုံတင်ထားသူ အနည်းဆုံး ၆ ဦး ပါဝင်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါဟာ ဒုက္ခသည်တွေရဲ့ အသက်ဘေးအတွက် စိုးရိမ်ရတယ်လို့ အမေရိကန်အစိုးရက ပြောနေချိန်မှာပဲ အခုလို ပြန်ပို့ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

မလေးရှားအစိုးရက သူတို့ဆီကို ရောက်လာတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ ဒါမှမဟုတ် UNHCR မှာ မှတ်ပုံတင်ထားသူတွေကို ပြန်မပို့ဘူးလို့ ကတိပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဒီဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ စစ်သင်္ဘောတွေ စေလွှတ်ပေးမယ်လို့ ကမ်းလှမ်းခဲ့တဲ့နောက် အခု ပြန်ပို့ဖို့ စီစဉ်နေတာဖြစ်ကြောင်း တာဝန်ရှိသူတွေကရော ဒုက္ခသည်ဆိုင်ရာ အဖွဲ့တွေကပါ ပြောပါတယ်။

မလေးရှားနိုင်ငံကို ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို ခေါ်ယူမယ့် မြန်မာအလံတင်ထားတဲ့ သင်္ဘော ၃ စင်းဟာ မလေးရှား Lumut ရေတပ်အခြေစိုက်စခန်းကို စနေနေ့က ရောက်ရှိလာကြောင်းနဲ့ အဲဒီထဲက တစင်းဟာ မြန်မာစစ်တပ် သင်္ဘောတစင်း ဖြစ်တယ်လို့ သင်္ဘောတွေရဲ့ ရေကြောင်းသွားလာမှုဆိုင်ရာ ခြေရာခံတဲ့ Marine Traffic ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အခုရောက်နေတဲ့ သင်္ဘောတွေဟာ အင်္ဂါနေ့မှာ မြန်မာနိုင်ငံကို ပြန်ထွက်ခွာမှာ ဖြစ်ကြောင်းလည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပြန်ပို့မယ့်သူတွေထဲမှာ ကုလသမဂ္ဂမှာ မှတ်ပုံမတင်ရသေးတဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေ ပါနေပြီး သူတို့ရဲ့ အခြေနေကို ဆန်းစစ်ဖို့ လူတွေ့မေးမြန်းခွင့် တောင်းထားတာ တနှစ်ကျော်နေပြီ ဖြစ်ပေမယ့် ခွင့်ပြုချက် မရသေးဘူးလို့လည်း UNHCR က ပြောပါတယ်။ အခုပြန်ပို့မယ့်သူတွေထဲမှာ ပါနေတဲ့ မှတ်ပုံတင်ထားသူ ၆ ဦးအတွက် နိုင်ငံတကာ အကာအကွယ်ပေးမှု လိုအပ်တာကြောင့် ပြန်မပို့ဖို့ မလေးအာဏာပိုင်တွေကို တောင်းဆိုထားတယ်လို့လည်း ပြောပါတယ်။

မလေးရှားက မြန်မာသံရုံး ဖေ့စ်ဘုတ်စာမျက်နှာမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် မလေးရှားမှာ သောင်တင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဦးစားပေးပြန်ပို့မယ်လို့ ဖော်ပြထားပြီး ပြန်ပို့မယ့်သူ ၁,၂၀၀ ဖြစ်ကြောင်း အတည်ပြု ဖော်ပြထားပါတယ်။

မလေးရှားမှာရှိတဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံ သံရုံးတွေကတော့ မလေးရှားအစိုးရက ဒီလူတွေကို ပြန်မပို့အောင် ကြိုးပမ်းနေကြသလို မလေးရှားအစိုးရက မြန်မာနိုင်ငံက အာဏာသိမ်း စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် စိုးရိမ်နေကြကြောင်းလည်း သံတမန်တွေရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG