သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားထိန္းသိမ္းေရးစခန္းက ျမန္မာ ၁,၀၀၀ ေက်ာ္ ေနရပ္ျပန္ေခၚ


ျမန္မာႏုိင္ငံကလာတဲ့ သေဘၤာေတြနဲ႔ ေနရပ္ျပန္ၾကတဲ့ ထိန္းသိမ္းေရးစခန္းေတြက ျမန္မာႏိုင္ငံသားမ်ား (ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) - ေဖေဖာ္ဝါရီ ၂၃၊ ၂၀၂၁)

[Zawgyi/Unicode]

မေလးရွားထိန္းသိမ္းေရးစခန္း ၁၃ ခုက လြတ္ရက္ေစ့အက်ဥ္းသား ၁,၁၀၀ ခန္႔ ျပည္ေတာ္ျပန္တဲ့သတင္းကုိ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက ေျပာျပေပးပါမယ္။

ျမန္မာႏုိင္ငံကလာတဲ့ သေဘၤာေတြနဲ႔ ေနရပ္ျပန္ၾကတဲ့ ထိန္းသိမ္းေရးစခန္းေတြက ျမန္မာႏိုင္ငံသားမ်ား (ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) - ေဖေဖာ္ဝါရီ ၂၃၊ ၂၀၂၁)
ျမန္မာႏုိင္ငံကလာတဲ့ သေဘၤာေတြနဲ႔ ေနရပ္ျပန္ၾကတဲ့ ထိန္းသိမ္းေရးစခန္းေတြက ျမန္မာႏိုင္ငံသားမ်ား (ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) - ေဖေဖာ္ဝါရီ ၂၃၊ ၂၀၂၁)

မေလးရွားထိန္းသိမ္းေရးစခန္း ၁၃ ခုက လြတ္ရက္ေစ့အက်ဥ္းသား ၁၁၀၀ ခန္႔ဟာ ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီနဲ႔ မေလးရွားအစုိးရ အစီအစဥ္အရ သေဘၤာ ၃ စီးနဲ႔ ေဖေဖၚ၀ါရီလ ၂၃ ရက္ေန႔မွာ ေနရပ္ျပန္ပုိ႔ခဲ့ပါတယ္။ ဒီလူေတြဟာ ထိန္းသိမ္းေရးစခန္းေတြမွာ တႏွစ္နီးပါးၾကာေစာင့္ေနရတဲ့ လြတ္ရက္ေစ့ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားေတြျဖစ္ေၾကာင္း မေလးရွားအေျခစုိက္ျမန္မာလူမႈကူညီေရးအသင္း ဥကၠ႒ ဦးစန္း၀င္းက အခုလိုေျပာပါတယ္။

"က်ေနာ္တို႔ ဒီေန႔မွာ မေလးရွား ႏိုင္ငံကေန ျပန္တဲ့ လူဦးေရ စာရင္းအားလံုးက ၁,၁၀၀ နီးပါးျပန္သြားတယ္။ သူတို႔ ျပန္ဖို႔က သတ္မွတ္ခ်က္က ၁,၂၀၀ ေလာက္ရွိေပမဲ့ ကိုဗစ္ ၁၉ က်န္းမာေရး အေျခအေနေၾကာင့္ လူဦးေရေလ်ာ့သြားပါတယ္။ ဒီေန႔မွာေတာ့ ျမန္မာႏိုင္ငံက လာတဲ့ မုတၱမ သေဘၤာရယ္၊ ဆင္ျဖဴရွင္သေဘၤာရယ္၊ သံလ်င္သေဘၤာရယ္နဲ႔ မေလးရွားစံေတာ္ခ်ိန္ ညေန ၅ နာရီခန္႔မွာ ေရေၾကာင္းခရီးစဥ္နဲ႔ ထြက္ခြါမွာျဖစ္ပါတယ္။"

မေလးရွား ထိန္းသိမ္းေရးစခန္းထဲမွာ ျမန္မာႏို္င္ငံသား အက်ဥ္းသား ၄,၀၀၀ ထက္မနည္း ရွိေနျပီး သူတို႔ဟာ လြတ္ရက္ေစ့ေနတဲ့သူေတြျဖစ္တယ္လို႔ ဆုိပါတယ္။ သူတုိ႔ထဲက တခ်ိဳ႕ဟာက်န္းမာေရးဆိုး၀ါးေနတာေၾကာင့္ အျမန္ဆံုးျပန္ဖို႔ လိုအပ္ေနတယ္လို႔လည္း ဦးစန္း၀င္းကေျပာျပပါတယ္။

"တခ်ိဳ႕က က်န္းမာေရး မေကာင္းတဲ့သူ အမ်ားႀကီးရွိေနတယ္။ အခုမွ သေဘၤာနဲ႔ ဆုိေတာ့ ျမန္ျမန္ထက္ထက္ျပန္လို႔ရပါတယ္။"

မေလးရွားႏို္င္ငံရဲ႕ ထိန္းသိမ္းေရးစခန္း ၁၃ ခုက ျမန္မာအက်ဥ္းသားေတြအပါအ၀င္ ကိုဗစ္ကပ္ေဘးကာလ ပိတ္မိေနသူေတြကို NLD အစိုးရက တပတ္ ၃ ႀကိမ္ ေလယာဥ္ခရီးစဥ္နဲ႔ ျပန္ပို႔ေနတာကုိ ေဖေဖၚ၀ါရီလကေန စတင္ခဲ့ပါတယ္။ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက အာဏာသိမ္းလိုက္တဲ့ျဖစ္စဥ္ေၾကာင့္ ေဖေဖၚ၀ါရီလ ၁ ရက္ေန႔ ပထမဦးဆံုးေန႔မွာ ေလယာဥ္ခရီးစဥ္ဖ်က္လိုက္ရျပီး ေနာက္ရက္ေတြမွာေတာ့ ပံုမွန္ပို႔ေဆာင္ေပးေနတာပါ။

မေလးရွားမွာျမန္မာႏိုင္ငံသား ၅၅၀,၀၀၀ ခန္႔ အလုပ္လုပ္ကိုင္ေနၾကတာျဖစ္ျပီး ကုိဗစ္ကပ္ေဘးကာလမွာ အဖမ္းဆီးခံရတာေတြ ရွိသလို ေနရပ္ျပန္ဖို႔အေရး ျမန္မာသံရံုးကုိ စာရင္းေပးသြင္းထားသူ တရားမ၀င္ျမန္မာႏိုင္ငံသား ၁၀,၀၀၀ ေက်ာ္လည္းရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားထိန်းသိမ်းရေးစခန်းက မြန်မာ ၁,၀၀၀ ကျော် နေရပ်ပြန်ခေါ်

မလေးရှားထိန်းသိမ်းရေးစခန်း ၁၃ ခုက လွတ်ရက်စေ့အကျဉ်းသား ၁,၁၀၀ ခန့် ပြည်တော်ပြန်တဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

ျမန္မာႏုိင္ငံကလာတဲ့ သေဘၤာေတြနဲ့ ေနရပ္ျပန္ၾကတဲ့ ထိန္းသိမ္းေရးစခန္းေတြက ျမန္မာႏိုင္ငံသားမ်ား (ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) - ေဖေဖာ္ဝါရီ ၂၃၊ ၂၀၂၁)
ျမန္မာႏုိင္ငံကလာတဲ့ သေဘၤာေတြနဲ့ ေနရပ္ျပန္ၾကတဲ့ ထိန္းသိမ္းေရးစခန္းေတြက ျမန္မာႏိုင္ငံသားမ်ား (ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) - ေဖေဖာ္ဝါရီ ၂၃၊ ၂၀၂၁)

မလေးရှားထိန်းသိမ်းရေးစခန်း ၁၃ ခုက လွတ်ရက်စေ့အကျဉ်းသား ၁၁၀၀ ခန့်ဟာ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီနဲ့ မလေးရှားအစိုးရ အစီအစဉ်အရ သင်္ဘော ၃ စီးနဲ့ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှာ နေရပ်ပြန်ပို့ခဲ့ပါတယ်။ ဒီလူတွေဟာ ထိန်းသိမ်းရေးစခန်းတွေမှာ တနှစ်နီးပါးကြာစောင့်နေရတဲ့ လွတ်ရက်စေ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဖြစ်ကြောင်း မလေးရှားအခြေစိုက်မြန်မာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက အခုလိုပြောပါတယ်။

"ကျနော်တို့ ဒီနေ့မှာ မလေးရှား နိုင်ငံကနေ ပြန်တဲ့ လူဦးရေ စာရင်းအားလုံးက ၁,၁၀၀ နီးပါးပြန်သွားတယ်။ သူတို့ ပြန်ဖို့က သတ်မှတ်ချက်က ၁,၂၀၀ လောက်ရှိပေမဲ့ ကိုဗစ် ၁၉ ကျန်းမာရေး အခြေအနေကြောင့် လူဦးရေလျော့သွားပါတယ်။ ဒီနေ့မှာတော့ မြန်မာနိုင်ငံက လာတဲ့ မုတ္တမ သင်္ဘောရယ်၊ ဆင်ဖြူရှင်သင်္ဘောရယ်၊ သံလျင်သင်္ဘောရယ်နဲ့ မလေးရှားစံတော်ချိန် ညနေ ၅ နာရီခန့်မှာ ရေကြောင်းခရီးစဉ်နဲ့ ထွက်ခွါမှာဖြစ်ပါတယ်။"

မလေးရှား ထိန်းသိမ်းရေးစခန်းထဲမှာ မြန်မာနိုင်ငံသား အကျဉ်းသား ၄,၀၀၀ ထက်မနည်း ရှိနေပြီး သူတို့ဟာ လွတ်ရက်စေ့နေတဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ထဲက တချို့ဟာကျန်းမာရေးဆိုးဝါးနေတာကြောင့် အမြန်ဆုံးပြန်ဖို့ လိုအပ်နေတယ်လို့လည်း ဦးစန်းဝင်းကပြောပြပါတယ်။

"တချို့က ကျန်းမာရေး မကောင်းတဲ့သူ အများကြီးရှိနေတယ်။ အခုမှ သင်္ဘောနဲ့ ဆိုတော့ မြန်မြန်ထက်ထက်ပြန်လို့ရပါတယ်။"

မလေးရှားနိုင်ငံရဲ့ ထိန်းသိမ်းရေးစခန်း ၁၃ ခုက မြန်မာအကျဉ်းသားတွေအပါအဝင် ကိုဗစ်ကပ်ဘေးကာလ ပိတ်မိနေသူတွေကို NLD အစိုးရက တပတ် ၃ ကြိမ် လေယာဉ်ခရီးစဉ်နဲ့ ပြန်ပို့နေတာကို ဖေဖေါ်ဝါရီလကနေ စတင်ခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးကောင်စီက အာဏာသိမ်းလိုက်တဲ့ဖြစ်စဉ်ကြောင့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ပထမဦးဆုံးနေ့မှာ လေယာဉ်ခရီးစဉ်ဖျက်လိုက်ရပြီး နောက်ရက်တွေမှာတော့ ပုံမှန်ပို့ဆောင်ပေးနေတာပါ။

မလေးရှားမှာမြန်မာနိုင်ငံသား ၅၅၀,၀၀၀ ခန့် အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး ကိုဗစ်ကပ်ဘေးကာလမှာ အဖမ်းဆီးခံရတာတွေ ရှိသလို နေရပ်ပြန်ဖို့အရေး မြန်မာသံရုံးကို စာရင်းပေးသွင်းထားသူ တရားမဝင်မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်လည်းရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG