သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံသား ၁၀၀၀ ေက်ာ္ မေလးရွားက ျပန္ပို႔မႈ ကုလစိတ္ပ်က္


ေဖေဖာ္၀ါရီ ၂၃ ရက္ေန႔က ျမန္မာႏိုင္ငံသား ၁၀၀၀ ေက်ာ္ ကို မေလးရွားအစိုးရက ျပန္ပို႔

(Zawgyi/Unicode)

မေလးရွားႏိုင္ငံ ထိန္းသိမ္းေရးစခန္းေတြက ျမန္မာႏိုင္ငံသား ၁ ေထာင္ေက်ာ္ကို ေနရပ္ျပန္ပို႔လိုက္တဲ့အတြက္ စိတ္ပ်က္မိေၾကာင္း ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ေတြ ေျပာဆိုလိုက္ပါတယ္။

ေနရပ္ျပန္ပို႔မယ့္ အစီအစဥ္ကို ဆိုင္းငံ့ထားဖို႔ တရား႐ုံးက အမိန္႔ခ်ထားတဲ့ၾကားက အမ်ဳိးသမီးနဲ႔ ကေလးေတြ အပါအ၀င္ ျမန္မာႏိုင္ငံသား ၁ ေထာင္ေက်ာ္ကို မေလးရွား အာဏာပိုင္ေတြက ျပန္ပို႔ဖို႔ ဆုံးျဖတ္ခဲ့တာဟာ စိတ္ပ်က္စရာ ျဖစ္ရေၾကာင္း ၫွဥ္းပမ္းႏွိပ္စက္မႈ၊ လူမဆန္တဲ့ လုပ္ရပ္မႈေတြ တားဆီးေရးဆိုင္ရာ အထူးကိုယ္စားလွယ္ Nils Melzer ေရႊ႕ေျပာင္းအလုပ္သမားဆိုင္ရာ အထူးကိုယ္စားလွယ္ Felipe González Morales တို႔ အပါအ၀င္ ကုလသမဂၢ အထူးကိုယ္စားလွယ္ ၇ ေယာက္က ဗုဒၶဟူးေန႔မွာ ပူးတဲြေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုခဲ့တာပါ။

မေလးရွား အာဏာပိုင္ေတြ အဂၤါေန႔က ျပန္ပို႔လိုက္တဲ့ ျမန္မာႏိုင္ငံသား ၁၀၈၆ ေယာက္မွာ အုပ္ထိန္းသူ မပါတဲ့ ကေလးေတြ၊ အသက္ ၃ ႏွစ္အထိ ငယ္ရြယ္သူေတြ ပါ၀င္ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ အေျခခံလူ႔အခြင့္အေရး ခ်ဳိးေဖာက္ခံရမႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္ပြားေနေၾကာင္း ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီမွာပါ တင္ျပထားတဲ့ အခ်ိန္မ်ဳိးမွာ ေနရပ္ျပန္ပို႔ခံရသူေတြ အႏၲရာယ္ျဖစ္မွာ စိုးရိမ္ေၾကာင္းလည္း ေျပာပါတယ္။

ကေလးေတြကို မိသားစုနဲ႔ တကဲြတျပားထားတာမ်ဳိး မလုပ္သင့္သလို၊ သူတို႔အတြက္ အက်ဳိးရွိမရွိ ဆိုတာကို ကိုယ္တိုင္ မဆုံးျဖတ္ႏိုင္တဲ့ အေျခအေနမ်ဳိးမွာ ေနရပ္ျပန္ပို႔တာဟာ မလုပ္သင့္တဲ့ လုပ္ရပ္ျဖစ္ေၾကာင္းလည္း ကုလသမဂၢ ကၽြမ္းက်င္သူေတြက ေျပာဆိုထားၾကပါတယ္။

မေလးရွားႏိုင္ငံက ထိန္းသိမ္းေရး စခန္းေတြမွာ လြတ္ရက္ေစ့ေနေပမဲ့ ေနရပ္မျပန္ႏိုင္ေသးသူေတြ အပါအ၀င္ ကိုဗစ္ကပ္ေရာဂါကာလ ေသာင္တင္ေနသူေတြကို ၂ ႏိုင္ငံ တာ၀န္ရွိသူေတြၾကား ၫွိႏႈိင္းၿပီး ေနရပ္ျပန္ပို႔ေနတာပါ။ ဒါေပမဲ့လည္း ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ ႏိုင္ငံေရး အေျခအေနေတြ မတည္မၿငိမ္ ျဖစ္ေနခ်ိန္မွာ ေနရပ္ျပန္ပို႔မယ့္ အစီအစဥ္ေတြကို ဆိုင္းထားဖို႔ လူ႔အခြင့္အေရး လႈပ္ရွားမႈအဖဲြ႕ေတြကလည္း ေတာင္းဆိုေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

မြန်မာနိုင်ငံသား (၁) ထောင်ကျော် မလေးရှားက ပြန်ပို့မှု ကုလစိတ်ပျက်

(Unicode)

မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတွေက မြန်မာနိုင်ငံသား ၁ ထောင်ကျော်ကို နေရပ်ပြန်ပို့လိုက်တဲ့အတွက် စိတ်ပျက်မိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေ ပြောဆိုလိုက်ပါတယ်။

နေရပ်ပြန်ပို့မယ့် အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ တရားရုံးက အမိန့်ချထားတဲ့ကြားက အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် မြန်မာနိုင်ငံသား ၁ ထောင်ကျော်ကို မလေးရှား အာဏာပိုင်တွေက ပြန်ပို့ဖို့ ဆုံးဖြတ်ခဲ့တာဟာ စိတ်ပျက်စရာ ဖြစ်ရကြောင်း ညှဉ်းပမ်းနှိပ်စက်မှု၊ လူမဆန်တဲ့ လုပ်ရပ်မှုတွေ တားဆီးရေးဆိုင်ရာ အထူးကိုယ်စားလှယ် Nils Melzer ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အထူးကိုယ်စားလှယ် Felipe González Morales တို့ အပါအဝင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ၇ ယောက်က ဗုဒ္ဓဟူးနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့တာပါ။

မလေးရှား အာဏာပိုင်တွေ အင်္ဂါနေ့က ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသား ၁၀၈၆ ယောက်မှာ အုပ်ထိန်းသူ မပါတဲ့ ကလေးတွေ၊ အသက် ၃ နှစ်အထိ ငယ်ရွယ်သူတွေ ပါဝင်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အခြေခံလူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာပါ တင်ပြထားတဲ့ အချိန်မျိုးမှာ နေရပ်ပြန်ပို့ခံရသူတွေ အန္တရာယ်ဖြစ်မှာ စိုးရိမ်ကြောင်းလည်း ပြောပါတယ်။

ကလေးတွေကို မိသားစုနဲ့ တကွဲတပြားထားတာမျိုး မလုပ်သင့်သလို၊ သူတို့အတွက် အကျိုးရှိမရှိ ဆိုတာကို ကိုယ်တိုင် မဆုံးဖြတ်နိုင်တဲ့ အခြေအနေမျိုးမှာ နေရပ်ပြန်ပို့တာဟာ မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်ကြောင်းလည်း ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ပြောဆိုထားကြပါတယ်။

မလေးရှားနိုင်ငံက ထိန်းသိမ်းရေး စခန်းတွေမှာ လွတ်ရက်စေ့နေပေမဲ့ နေရပ်မပြန်နိုင်သေးသူတွေ အပါအဝင် ကိုဗစ်ကပ်ရောဂါကာလ သောင်တင်နေသူတွေကို ၂ နိုင်ငံ တာဝန်ရှိသူတွေကြား ညှိနှိုင်းပြီး နေရပ်ပြန်ပို့နေတာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံရေး အခြေအနေတွေ မတည်မငြိမ် ဖြစ်နေချိန်မှာ နေရပ်ပြန်ပို့မယ့် အစီအစဉ်တွေကို ဆိုင်းထားဖို့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တွေကလည်း တောင်းဆိုနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG