သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူ႔အခြင့္အေရးေကာင္စီအဆင္ျမင့္ကိုယ္စားလွယ္ေဆြးေႏြးပဲြက ျမန္မာ့အေရး


ရန္ကုန္ၿမိဳ႕ ဆႏၵျပပဲြ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၄၊ ၂၀၂၁)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီနဲ႔ ျပန္လည္ထိစပ္ဆက္ဆံခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံတြင္း ဒီမိုကေရစီအေျခအေန ဆုတ္ယုတ္လာတဲ့အေျခအေနကို ပထမဆံုးကိုင္တြယ္ခဲ့တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Anthony Blinken က ေျပာပါတယ္။ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီရဲ႕ အဆင့္ျမင့္တာ၀န္ရွိသူေတြေဆြးေႏြးပဲြလုပ္ေနရာမွာ ဒီေန႔မွာလည္း သက္ဆိုင္ရာႏိုင္ငံအဆင့္ျမင့္တာ၀န္ရွိသူေတြက ျမန္မာ့အေရးက ထည့္သြင္းေဆြးေႏြးခဲ့တာပါ။ ကိုသားၫြန္႔ဦး ေျပာျပပါလိမ့္မယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Anthony Blinken
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Anthony Blinken

အေမရိကန္ျပည္ေထာင္စုမွာ သမၼတ Joe Biden အစိုးရသစ္တက္လာၿပီး ႏိ္ုင္ငံျခားေရးမူဝါဒ တခ်ိဳ႕အေျပာင္းအလဲမွာ၊ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီနဲ႔ ျပန္လည္ဆက္ဆံဖို႔ဆိုတာလည္း ပါ၀င္ပါတယ္။ ဒါေၾကာင့္လည္း ႏိုင္ငံျခားေရး၀န္ႀကီး Anthony Blinken က ျမန္မာႏိုင္ငံအေျခအေနကို ဥပမာျပၿပီး ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီရဲ႕ အေရးပါမႈကို ထည့္သြင္းေျပာဆိုသြားပါတယ္။

“လူ႔အခြင့္အေရး ခ်ိဳးေဖာက္သူေတြကို အေရးယူႏိုင္မယ့္ မွတ္တမ္းမွတ္ရာေတြျပဳစုတာ၊ ဒီခ်ိဳးေဖာက္မႈေတြကို အေရးယူကိုင္တြယ္ႏိုင္မယ့္မူေဘာင္ခ်တာ၊ အသြင္ကူးေျပာင္းေရးဆိုင္ရာ တရားမွ်တမႈ ရွာေဖြျခင္းအားျဖင့္ အေျခခံအက်ဆံုး လြတ္လပ္မႈေတြကို ကာကြယ္ရာမွာ လူ႔အခြင့္အေရးေကာင္စီက အေရးပါတဲ့အခန္းမွာ ရွိပါတယ္။ မၾကာခင္ကျဖစ္ခဲ့တဲ့ျမန္မာ့အေရးလိုမ်ိဳး ေကာင္စီရဲ႕ အေရးေပၚအစည္းအေ၀းေတြဟာ ဒီလိုအၾကပ္အတည္းေတြကို ခ်က္ခ်င္းအာရံုစိုက္ႏိုင္ဖို႔နဲ႔ လူထုရဲ႕အသံေတြ ၾကားႏိုင္ဖို႔ ျဖစ္လာေစပါတယ္။”

အေမရိကန္ျပည္ေထာင္စုအေနနဲ႔ကေတာ့ လာမယ့္ ၂၀၂၂-၂၀၂၄ သက္တမ္း လူ႔အခြင့္အေရးေကာင္စီမွာ အဖဲြ႕၀င္ျဖစ္လာဖို႔ ျပန္အေရြးခ်ယ္ခံမယ္လို႔လည္း အေမရိကန္ႏိ္ုင္ငံျခားေရး၀န္ႀကီးက ဒီကေန႔ လူ႔အခြင့္အေရးေကာင္စီမွာ ေၾကညာေျပာဆိုခဲ့ပါတယ္။ ဒီအတြက္လည္း ကုလသမဂၢအဖဲြ႕၀င္ႏိုင္ငံေတြရဲ႕ ေထာက္ခံမႈကို ေတာင္းခံခဲ့သလို၊ လူ႔အခြင့္အေရးေကာင္စီအဖဲြ႕၀င္ႏိုင္ငံေတြဟာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္တဲ့ႏိုင္ငံေတြ မျဖစ္သင့္ဘူးလို႔လည္း ေျပာသြားပါတယ္။ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ လူ႔အခြင့္အေရးေကာင္စီကို ျပန္လည္ထိစပ္မႈလုပ္ၿပီး၊ ပထမဆံုးအေနနဲ႕ ျမန္မာ့အေရးကို ကိုင္တြယ္ခဲ့တယ္လို႔လည္း လူ႔အခြင့္အေရးေကာင္စီမွာ အြန္လိုင္းကတဆင့္ ေျပာဆိုသြားပါတယ္။

“ျမန္မာႏိုင္ငံတြင္း ဒီမိုကေရစီစနစ္ ဆုတ္ယုတ္လာတဲ့အေပၚမွာ က်ေနာ္တို႔စိုးရိမ္ပူပင္ပါတယ္။ ဒါေၾကာင့္လည္း ဒီအေျခအေနဟာ လူ႔အခြင့္အေရးေကာင္စီကို အေမရိကန္ျပန္၀င္လာၿပီေနာက္ ပထမဆံုး အေရးယူကိုင္တြယ္မႈျဖစ္လာပါတယ္။”

အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ျမန္မာ့အေရးနဲ႔ပတ္သက္လို႔ ကုလသမဂၢ လံုျခံဳေရးေကာင္စီအပါအ၀င္ ကုလသမဂၢအဖဲြ႕အစည္းအဆင့္ဆင့္မွာ တတ္တတ္ႂကြႂကြ ေဆြးေႏြးေနတာျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ကေတာ့ စစ္အာဏာသိမ္း စစ္ေကာင္စီတာ၀န္ရွိသူေတြကို ပစ္မွတ္ထားအေရးယူမႈေတြ စတင္လုပ္ေနၿပီး၊ ဒီထက္လည္း ပိုမိုေဆာင္ရြက္မယ္လို႔ ျမန္မာစစ္ေကာင္စီကို သတိေပးထားပါတယ္။

ကေနဒါႏိုင္ငံကလည္း ျမန္မာ့အေရးနဲ႔ ပတ္သက္လို႔ စိုးရိမ္ပူပင္ခ်က္ေတြကို လူ႔အခြင့္အေရးေကာင္စီ ဒီကေန႔ ေဆြးေႏြးပဲြမွာ ကေနဒါႏိုင္ငံျခားေရး၀န္ႀကီး Marc Garneau က အြန္လိုင္းကတဆင့္ ေျပာသြားပါတယ္။

“ျမန္မာႏိုင္ငံတြင္း စစ္အာဏာသိမ္းမႈနဲ႔ ေရြးေကာက္ခံ ကိုယ္စားလွယ္ေတြ အတိုက္အခံေတြ အရပ္ဘက္အဖဲြ႕အစည္းေခါင္းေဆာင္ေတြ သတင္းေထာက္ေတြကို ဖမ္ဆီး ထိန္းသိမ္းတဲ့အေပၚ ကေနဒါႏိုင္ငံအေနနဲ႔ အႂကြင္းမဲ့ဆန္႔က်င္ရႈတ္ခ်ပါတယ္။ ျမန္မာျပည္သူေတြရဲ႕ဆႏၵျပမႈေတြကို စစ္တပ္က ဖိႏွိပ္ေနတာေတြကိုလည္း အလြန္တရာစိုးရိမ္ပါတယ္။ ဒါ့အျပင္ ႐ိုဟင္ဂ်ာေတြနဲ႔ ျမန္မာႏိ္ုင္ငံ ပဋိပကၡေဒသက လူထုေတြကို အကူအညီေပးဖို႔ ႏိုင္ငံတကာႀကိဳးပမ္းမႈေတြမွာလည္း ကေနဒါႏိုင္ငံအေနနဲ႔ ေထာက္ခံရပ္တည္သြားပါမယ္။”

ဆြီဇာလန္ႏိုင္ငံ ဂ်နီဗာၿမိဳ႕မွာအေျခစိုက္တဲ့ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ အစည္းအေ၀းက်င္းပေနခ်ိန္မွာပဲ ကုလသမဂၢ ဂ်နီဗာအေျခစိုက္ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးျမင့္သူဟာ တာ၀န္ကေန ႏုတ္ထြက္တယ္လို႔ သတင္းေတြ ထြက္ေနပါတယ္။ တခ်ိန္တည္းမွာ စစ္ေကာင္စီကေန သူ႕ကို ႏိ္ုင္ငံျခားေရးဌာနကို ျပန္လည္ေရႊ႕ေျပာင္းလိုက္တယ္ဆိုတဲ့ ရံုးစာေတြလည္း ျပန္႔ေနပါတယ္။

ဒါနဲ႔ပတ္သက္လို႔ေတာ့ ျမန္မာတာ၀န္ရွိသူေတြဘက္က သီးျခားအတည္ျပဳခ်က္ေတာ့မရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လူ့အခွင့်အရေးကောင်စီအဆင်မြင့်ကိုယ်စားလှယ်ဆွေးနွေးပွဲက မြန်မာ့အရေး

အမေရိကန်ပြည်ထောင်စုအနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ ပြန်လည်ထိစပ်ဆက်ဆံခဲ့ပြီးနောက် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီအခြေအနေ ဆုတ်ယုတ်လာတဲ့အခြေအနေကို ပထမဆုံးကိုင်တွယ်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က ပြောပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အဆင့်မြင့်တာဝန်ရှိသူတွေဆွေးနွေးပွဲလုပ်နေရာမှာ ဒီနေ့မှာလည်း သက်ဆိုင်ရာနိုင်ငံအဆင့်မြင့်တာဝန်ရှိသူတွေက မြန်မာ့အရေးက ထည့်သွင်းဆွေးနွေးခဲ့တာပါ။ ကိုသားညွန့်ဦး ပြောပြပါလိမ့်မယ်။

အမေရိကန်ပြည်ထောင်စုမှာ သမ္မတ Joe Biden အစိုးရသစ်တက်လာပြီး နိုင်ငံခြားရေးမူဝါဒ တချို့အပြောင်းအလဲမှာ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ ပြန်လည်ဆက်ဆံဖို့ဆိုတာလည်း ပါဝင်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က မြန်မာနိုင်ငံအခြေအနေကို ဥပမာပြပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အရေးပါမှုကို ထည့်သွင်းပြောဆိုသွားပါတယ်။

“လူ့အခွင့်အရေး ချိုးဖောက်သူတွေကို အရေးယူနိုင်မယ့် မှတ်တမ်းမှတ်ရာတွေပြုစုတာ၊ ဒီချိုးဖောက်မှုတွေကို အရေးယူကိုင်တွယ်နိုင်မယ့်မူဘောင်ချတာ၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ရှာဖွေခြင်းအားဖြင့် အခြေခံအကျဆုံး လွတ်လပ်မှုတွေကို ကာကွယ်ရာမှာ လူ့အခွင့်အရေးကောင်စီက အရေးပါတဲ့အခန်းမှာ ရှိပါတယ်။ မကြာခင်ကဖြစ်ခဲ့တဲ့မြန်မာ့အရေးလိုမျိုး ကောင်စီရဲ့ အရေးပေါ်အစည်းအဝေးတွေဟာ ဒီလိုအကြပ်အတည်းတွေကို ချက်ချင်းအာရုံစိုက်နိုင်ဖို့နဲ့ လူထုရဲ့အသံတွေ ကြားနိုင်ဖို့ ဖြစ်လာစေပါတယ်။”

အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ လာမယ့် ၂၀၂၂-၂၀၂၄ သက်တမ်း လူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်ဖြစ်လာဖို့ ပြန်အရွေးချယ်ခံမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ လူ့အခွင့်အရေးကောင်စီမှာ ကြေညာပြောဆိုခဲ့ပါတယ်။ ဒီအတွက်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ထောက်ခံမှုကို တောင်းခံခဲ့သလို၊ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေဟာ လူ့အခွင့်အရေး ချိုးဖောက်တဲ့နိုင်ငံတွေ မဖြစ်သင့်ဘူးလို့လည်း ပြောသွားပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ လူ့အခွင့်အရေးကောင်စီကို ပြန်လည်ထိစပ်မှုလုပ်ပြီး၊ ပထမဆုံးအနေနဲ့ မြန်မာ့အရေးကို ကိုင်တွယ်ခဲ့တယ်လို့လည်း လူ့အခွင့်အရေးကောင်စီမှာ အွန်လိုင်းကတဆင့် ပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံတွင်း ဒီမိုကရေစီစနစ် ဆုတ်ယုတ်လာတဲ့အပေါ်မှာ ကျနော်တို့စိုးရိမ်ပူပင်ပါတယ်။ ဒါကြောင့်လည်း ဒီအခြေအနေဟာ လူ့အခွင့်အရေးကောင်စီကို အမေရိကန်ပြန်ဝင်လာပြီနောက် ပထမဆုံး အရေးယူကိုင်တွယ်မှုဖြစ်လာပါတယ်။”

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းအဆင့်ဆင့်မှာ တတ်တတ်ကြွကြွ ဆွေးနွေးနေတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ စစ်အာဏာသိမ်း စစ်ကောင်စီတာဝန်ရှိသူတွေကို ပစ်မှတ်ထားအရေးယူမှုတွေ စတင်လုပ်နေပြီး၊ ဒီထက်လည်း ပိုမိုဆောင်ရွက်မယ်လို့ မြန်မာစစ်ကောင်စီကို သတိပေးထားပါတယ်။

ကနေဒါနိုင်ငံကလည်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ စိုးရိမ်ပူပင်ချက်တွေကို လူ့အခွင့်အရေးကောင်စီ ဒီကနေ့ ဆွေးနွေးပွဲမှာ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Marc Garneau က အွန်လိုင်းကတဆင့် ပြောသွားပါတယ်။

“မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှုနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ အတိုက်အခံတွေ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တွေ သတင်းထောက်တွေကို ဖမ်ဆီး ထိန်းသိမ်းတဲ့အပေါ် ကနေဒါနိုင်ငံအနေနဲ့ အကြွင်းမဲ့ဆန့်ကျင်ရှုတ်ချပါတယ်။ မြန်မာပြည်သူတွေရဲ့ဆန္ဒပြမှုတွေကို စစ်တပ်က ဖိနှိပ်နေတာတွေကိုလည်း အလွန်တရာစိုးရိမ်ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေနဲ့ မြန်မာနိုင်ငံ ပဋိပက္ခဒေသက လူထုတွေကို အကူအညီပေးဖို့ နိုင်ငံတကာကြိုးပမ်းမှုတွေမှာလည်း ကနေဒါနိုင်ငံအနေနဲ့ ထောက်ခံရပ်တည်သွားပါမယ်။”

ဆွီဇာလန်နိုင်ငံ ဂျနီဗာမြို့မှာအခြေစိုက်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကျင်းပနေချိန်မှာပဲ ကုလသမဂ္ဂ ဂျနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်သူဟာ တာဝန်ကနေ နုတ်ထွက်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ တချိန်တည်းမှာ စစ်ကောင်စီကနေ သူ့ကို နိုင်ငံခြားရေးဌာနကို ပြန်လည်ရွှေ့ပြောင်းလိုက်တယ်ဆိုတဲ့ ရုံးစာတွေလည်း ပြန့်နေပါတယ်။

ဒါနဲ့ပတ်သက်လို့တော့ မြန်မာတာဝန်ရှိသူတွေဘက်က သီးခြားအတည်ပြုချက်တော့မရသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG