သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအရပ္သားအစိုးရကိုပါ အင္ဒိုနီးရွား ဆက္သြယ္ညိွႏိႈင္းေန


အင္ဒိုနီးရွား ႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi။ (ႏိုဝင္ဘာ ၂၃၊ ၂၀၁၉)

[Zawgyi/Unicode]

ျမန္မာႏိ္ုင္ငံတြင္း ျပႆနာရပ္ကို ေျဖရွင္းႏိ္ုင္ဖို႔အတြက္ အင္ဒိုနီးရွားအေနနဲ႔ ျမန္မာစစ္တပ္နဲ႔ေရာ အတိုက္အခံအရပ္သားအစိုးရနဲ႔ပါ အျပင္းအထန္ ေဆြးေႏြးေျပာဆိုေနတယ္လို႔ အင္ဒိုနီးရွား ႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi က ေျပာဆိုတယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပပါတယ္။

ထိုင္းႏိ္ုင္ငံျခားေရး ၀န္ႀကီး၊ ျမန္မာစစ္ေကာင္စီရဲ႕ထိပ္တန္းသံတမန္တို႔နဲ႔ ဘန္ေကာက္ၿမိဳ႕မွာေဆြးေႏြးၿပီးေနာက္ သတင္းစာရွင္းလင္းပဲြအတြင္းမွာ အင္ဒိုႏိုင္ငံျခားေရး၀န္ႀကီးက အခုလို ေျပာလိုက္တာပါ။ အေျခအေနေတြကို ထိန္းထိန္းသိမ္းသိမ္းကိုင္တြယ္ၾကဖို႔၊ အၾကမ္းမဖက္ဖို႔နဲ႔ ေသြးေျမက်ထိခိုက္မႈေတြကို ေရွာင္ရွားဖို႔အတြက္ တိုက္တြန္းပါတယ္လို႔လည္း အင္ဒိုႏိုင္ငံျခားေရး၀န္ႀကီးက ေျပာသြားပါတယ္။ ျမန္မာလူထုဆႏၵကို ေလးစားလိုက္နာဖို႔ကိုလည္း တိုက္တြန္းသြားပါတယ္။

အင္ဒိုနီးရွားႏိုင္ငံျခားေရး၀န္ႀကီးအေနနဲ႔ ျမန္မာအရပ္သားအစိုးရနဲ႔ ဆက္သြယ္စကားေျပာဆိုေနတယ္ဆိုရာမွာ ဘယ္အဆင့္၊ ဘယ္ပုဂၢိဳလ္နဲ႕ ေဆြးေႏြးေျပာဆိုေနသလဲဆိုတာ ရွင္းရွင္းလင္းလင္းမသိရေသးပါဘူး။

[Unicode Version]

မြန်မာအရပ်သားအစိုးရကိုပါ အင်ဒိုနီးရှား ဆက်သွယ်ညှိနှိုင်းနေ

မြန်မာနိုင်ငံတွင်း ပြဿနာရပ်ကို ဖြေရှင်းနိုင်ဖို့အတွက် အင်ဒိုနီးရှားအနေနဲ့ မြန်မာစစ်တပ်နဲ့ရော အတိုက်အခံအရပ်သားအစိုးရနဲ့ပါ အပြင်းအထန် ဆွေးနွေးပြောဆိုနေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောဆိုတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီး၊ မြန်မာစစ်ကောင်စီရဲ့ထိပ်တန်းသံတမန်တို့နဲ့ ဘန်ကောက်မြို့မှာဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲအတွင်းမှာ အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောလိုက်တာပါ။ အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ကြဖို့၊ အကြမ်းမဖက်ဖို့နဲ့ သွေးမြေကျထိခိုက်မှုတွေကို ရှောင်ရှားဖို့အတွက် တိုက်တွန်းပါတယ်လို့လည်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။ မြန်မာလူထုဆန္ဒကို လေးစားလိုက်နာဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မြန်မာအရပ်သားအစိုးရနဲ့ ဆက်သွယ်စကားပြောဆိုနေတယ်ဆိုရာမှာ ဘယ်အဆင့်၊ ဘယ်ပုဂ္ဂိုလ်နဲ့ ဆွေးနွေးပြောဆိုနေသလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG