[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းထားတဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီး အာဆီယံအဖြဲ႔နဲ႔ ေဆြးေႏြးဖို႔ စစ္ေကာင္စီကခန္႔ထားတဲ့ ႏုိင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္ ဒီကေန႔ ထိုင္းႏုိင္ငံမွာေရာက္ေနခ်ိန္မွာပဲ ရန္ကုန္ၿမိဳ႕က ထုိင္းနဲ႔ အင္ဒိုနီးရွားသံ႐ံုးေတြေရွ႕မွာ ဆႏၵျပသူေတြ စုေဝး ဆႏၵျပခဲ့ၾကပါတယ္။
ထိုင္းႏုိင္ငံအေနနဲ႔ ျမန္မာ အာဏာသိမ္းစစ္တပ္ကို အားမေပးသင့္ေတာ့ဘူးလို႔ ဆႏၵျပပြဲမွာပါဝင္တဲ့ ေက်ာင္းသူတစ္ဦးက ႐ိုက္တာသတင္းဌာနကိုေျပာပါတယ္။
"ညီမတို႔ ထိုင္းသံရံုးေရွ႕ ေရာက္ေနရတဲ့ အေၾကာင္းအရင္းက ညီမတို႔ ႏိုင္ငံက မသတ္မွတ္ထားတဲ့ စစ္ေကာင္စီက ခန္႔အပ္ထားတဲ့ ဝဏၰေမာင္လြင္ဟာ ထိုင္းႏိုင္ငံကို သြားေရာက္ၿပီးေတာ့ အင္ဒိုနီးရွားက သံအမတ္ေတြ၊ ႏိုင္ငံျခားေရးဝန္ၾကီးေတြနဲ႔ ေတြ႔ဆံုဖို႔သူက ရွိတယ္ေပါ့ေနာ္။ ဒါမ်ိဳးကို ၾကားတဲ့အတြက္ ထိုင္းႏိုင္ငံအေနနဲ႔ ဒါမ်ိဳးကို လက္ခံအားေပးမလုပ္သင့္ပါဘူး။ သူ႔အေနနဲ႔လည္း စစ္တပ္ကို အားေပးတာေတြ မလုပ္သင့္ေတာ့ပါဘူးဆိုတာ ညီမတို႔က ထိုင္းသံရံုးေရွ႕မွာ ျမန္မာေက်ာင္းသားေတြအေနနဲ႔ လာေရာက္ေဖာ္ထုတ္ေနတာျဖစ္ပါတယ္။"
ထိုင္းသံ႐ံုးေရွ႕ဆႏၵျပသူေတြဟာ "မိမိတို႔ရဲ႕ဆႏၵမဲေတြကုိ ေလးစားပါ၊ စစ္အာဏာသိမ္းမႈကို မေထာက္ခံပါနဲ႔၊ ျမန္မာႏုိင္ငံ တရားမ ွ်တမႈရရွိေရး" လို႔ အဓိပၸါယ္ရမယ့္ ထိုင္း၊ အဂၤလိပ္ ႏွစ္ဘာသာနဲ႔ေရးထားတဲ့ ကဒ္ျပားေတြကို ကိုင္ၿပီး ဆႏၵျပေတာင္းဆိုၾကပါတယ္။
အင္ဒိုနီးရွားသံ႐ံုးေရွ႕ ဆႏၵျပသူေတြထဲမွာေတာ့ "ေရြးေကာက္ပြဲ ျပန္လုပ္ဖို႔မလိုဘူး၊ မိမိတို႔ရဲ႕ဆႏၵမဲေတြကို ေလးစားပါ။" ဆိုတဲ့ အဂၤလိပ္လိုေရးထားတဲ့ စာတမ္းေတြကိုကိုင္ၿပီး ဆႏၵျပၾကသူေတြလည္း ပါဝင္ပါတယ္။
ျမန္မာ့လူ႔အခြင့္အေရးအေျခအေနဆိုင္ရာ ကုလသမဂၢ အထူးစံုစမ္းစစ္ေဆးေရးမွဴး Tom Andrews က "လက္ေမာင္းေပၚမွာ ေသြးအမ်ဳိးအစားေရးၿပီး ေန႔တစ္ေန႔စတင္ရမယ္လို႔ ဘယ္သူက ေတြးဖူးမွာလဲ၊ မေန႔က ဆႏၵျပ ျပည္သူမ်ားကေတာ့ လက္ေတြ႔လုပ္ခဲ့ရပါၿပီ။ စစ္အုပ္စုကၿခိမ္းေျခာက္လို႔ မေတြးဖူးတာေတြ လုပ္ေနရၿပီ။ ျပည္သူေတြက ေတြေဝျခင္းအလ်ဥ္းမရွိပါဘူး။ ျပင္ဆင္ၾကတယ္၊ ကူညီၾကတယ္၊ ဒါေၾကာင့္ ျပည္သူရဲ႕ သတၱိနဲ႔အင္အားက တစ္ေန႔ေတာ့ အရာထင္လာမွာ မလြဲမေသြပါပဲ" လို႔ ဒီကေန႔ ျမန္မာစံေတာ္ခ်ိန္ နံနက္အေစာပိုင္းက Twitter မွာေရးခဲ့ပါတယ္။
၂ ငါးလံုးကို အထိမ္းအမွတ္ျပဳၿပီး ၂၂ ရက္၊ ၂ လ၊ ၂၀၂၁ ခုႏွစ္ တနလၤာေန႔က တႏုိင္ငံလံုး ဆႏၵျပပြဲေတြမွာ ပါဝင္သူတခ်ဳိ႕ ကိုယ့္ရဲ႕လက္ဖ်ံမွာ ကိုယ့္ေသြးအမ်ဳိးအစား၊ ဆက္သြယ္ရမယ့္ဖုန္းနံပါတ္ စတာေတြေရးထားခဲ့ၾကတာကို Tom Andrews က ရည္ၫႊန္းတာပါ။
ဒီကေန႔ ရန္ကုန္ၿမိဳ႕မွာ တိုင္းရင္းသားလူမ်ဳိးေပါင္းစံု စုေဝးၿပီးေတာ့ ထပ္ၿပီး ဆႏၵျပခဲ့ၾကပါတယ္။ တိုင္းရင္းသားေတြအေနနဲ႔ စစ္အာဏာရွင္ဆန္႔က်င္ေရး တိုက္ပြဲဝင္လာတာ ႏွစ္ ၇၀ ေက်ာ္ခဲ့ၿပီလို႔ ဆႏၵျပပြဲမွာပါဝင္တဲ့ တိုင္းရင္းသူတစ္ဦးကေျပာပါတယ္။
"အခုမွ တိုက္ခဲ့တာမဟုတ္ဘူး။ ဘယ္ေလာက္ထိ ရွည္ၾကာဦးမလဲဆိုလို႔ရွိရင္ က်မတို႔ရဲ႕ လူမ်ိဳးစုေတြအတြက္ အေရးၾကီးတဲ့၊ ဒီႏိုင္ငံအတြက္ အေရးၾကီးတဲ့ Federal မူဝါဒေတြ မရမျခင္း တိုင္းရင္းသားေတြရဲ႕ ေျပာေရးဆိုခြင့္ေတြ၊ တိုင္းရင္းသားေတြရဲ႕ ကိုယ္ပိုင္မူဟန္ေတြ ေဖာ္ထုတ္ခြင့္ မရေသးသေရြ႕ က်မတို႔ကဆက္တိုက္ရမွာ ျဖစ္တယ္လို႔ ထင္ပါတယ္ရွင့္။"
ရန္ကုန္ၿမိဳ႕က ဒီကေန႔ဆႏၵျပခ်ီတက္ပြဲေတြမွာ ျမန္မာႏုိင္ငံသား တ႐ုတ္ႏြယ္ဖြားေတြအျဖစ္ ဆိုင္းဘုတ္ေထာင္ၿပီး ဆႏၵျပသူေတြပါဝင္သလို ေဟာင္ေကာင္က ထီးေဆာင္းဆႏၵျပပြဲေတြကို နမူနာယူထားတဲ့ ထီးလႈပ္ရွားမႈဆိုၿပီး ထီးေတြမွာ အာဏာသိမ္းမႈဆန္႔က်င္တဲ့ ေႂကြးေက်ာ္သံေတြေရးၿပီးေတာ့ ဆႏၵျပသူေတြလည္း ေတြ႔ရပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းေတြက ဆႏၵျပပြဲေတြအတြင္း ပစ္ခတ္ႏွိမ္နင္းတာေတြ၊ ဖမ္းဆီးတာေတြရွိခဲ့တဲ့ ေနျပည္ေတာ္မွာ ေထာင္နဲ႔ခ်ီတဲ့လူေတြ ဒီကေန႔ဆႏၵျပခဲ့ၾကၿပီး ႏွိမ္နင္း ဖမ္းဆီးတဲ့သတင္းေတြေတာ့ မရပါဘူး။
မႏၲေလး၊ အံုးေခ်ာအရပ္က ဆႏၵျပပြဲမွာေတာ့ ခ်ီတက္သူေတြရဲ႕ ေရွ႕ဆံုးမွာ ဆင္ခုနစ္ေကာင္ကို စီးထားသူေတြပါဝင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းေတြက ပစ္ခတ္ၿဖိဳခြဲတာေၾကာင့္ လူေသဆံုးခဲ့တဲ့ မႏၲေလးၿမိဳ႕မွာ ဒီကေန႔ ရဲေတြက ပိတ္ဆို႔တားဆီးတာမ်ဳိး ရွိခဲ့ေပမဲ့လည္း ႐ုန္းရင္းဆန္ခတ္ျဖစ္တ့ဲသတင္းမ်ဳိးေတာ့ မရပါဘူး။
ၿပီးခဲ့တဲ့ႏွစ္ရက္အတြင္း ဆႏၵျပသူအမ်ားအျပား ပါဝင္ခဲ့တဲ့ တနသၤာရီတုိင္း၊ ထားဝယ္ၿမိဳ႕က ဒီကေန႔ ဆႏၵျပပြဲမွာလည္း လူအမ်ားအျပားပါဝင္ခဲ့ပါတယ္။
ဆႏၵျပသူေတြကို စစ္ေကာင္စီက သတိေပးေျပာဆိုထားၿပီး စစ္တပ္နဲ႔ ရဲ အင္အားအမ်ားအျပားကို ခ်ထားတဲ့ၾကားမွာပဲ ကန္႔ကြက္ဆႏၵျပေတာင္းဆိုပြဲေတြ သီတင္းသံုးပတ္ေက်ာ္ ရွိလာေနၿပီျဖစ္ပါတယ္။
[Unicode Version]
ရန်ကုန် ထိုင်းနဲ့ အင်ဒို သံရုံးရှေ့ ဆန္ဒပြသူတွေ စုဝေး
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့နဲ့ ဆွေးနွေးဖို့ စစ်ကောင်စီကခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဒီကနေ့ ထိုင်းနိုင်ငံမှာရောက်နေချိန်မှာပဲ ရန်ကုန်မြို့က ထိုင်းနဲ့ အင်ဒိုနီးရှားသံရုံးတွေရှေ့မှာ ဆန္ဒပြသူတွေ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာ အာဏာသိမ်းစစ်တပ်ကို အားမပေးသင့်တော့ဘူးလို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ကျောင်းသူတစ်ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။
"ညီမတို့ ထိုင်းသံရုံးရှေ့ ရောက်နေရတဲ့ အကြောင်းအရင်းက ညီမတို့ နိုင်ငံက မသတ်မှတ်ထားတဲ့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ဝဏ္ဏမောင်လွင်ဟာ ထိုင်းနိုင်ငံကို သွားရောက်ပြီးတော့ အင်ဒိုနီးရှားက သံအမတ်တွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့သူက ရှိတယ်ပေါ့နော်။ ဒါမျိုးကို ကြားတဲ့အတွက် ထိုင်းနိုင်ငံအနေနဲ့ ဒါမျိုးကို လက်ခံအားပေးမလုပ်သင့်ပါဘူး။ သူ့အနေနဲ့လည်း စစ်တပ်ကို အားပေးတာတွေ မလုပ်သင့်တော့ပါဘူးဆိုတာ ညီမတို့က ထိုင်းသံရုံးရှေ့မှာ မြန်မာကျောင်းသားတွေအနေနဲ့ လာရောက်ဖော်ထုတ်နေတာဖြစ်ပါတယ်။"
ထိုင်းသံရုံးရှေ့ဆန္ဒပြသူတွေဟာ "မိမိတို့ရဲ့ဆန္ဒမဲတွေကို လေးစားပါ၊ စစ်အာဏာသိမ်းမှုကို မထောက်ခံပါနဲ့၊ မြန်မာနိုင်ငံ တရားမ ျှတမှုရရှိရေး" လို့ အဓိပ္ပါယ်ရမယ့် ထိုင်း၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ရေးထားတဲ့ ကဒ်ပြားတွေကို ကိုင်ပြီး ဆန္ဒပြတောင်းဆိုကြပါတယ်။
အင်ဒိုနီးရှားသံရုံးရှေ့ ဆန္ဒပြသူတွေထဲမှာတော့ "ရွေးကောက်ပွဲ ပြန်လုပ်ဖို့မလိုဘူး၊ မိမိတို့ရဲ့ဆန္ဒမဲတွေကို လေးစားပါ။" ဆိုတဲ့ အင်္ဂလိပ်လိုရေးထားတဲ့ စာတမ်းတွေကိုကိုင်ပြီး ဆန္ဒပြကြသူတွေလည်း ပါဝင်ပါတယ်။
မြန်မာ့လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး Tom Andrews က "လက်မောင်းပေါ်မှာ သွေးအမျိုးအစားရေးပြီး နေ့တစ်နေ့စတင်ရမယ်လို့ ဘယ်သူက တွေးဖူးမှာလဲ၊ မနေ့က ဆန္ဒပြ ပြည်သူများကတော့ လက်တွေ့လုပ်ခဲ့ရပါပြီ။ စစ်အုပ်စုကခြိမ်းခြောက်လို့ မတွေးဖူးတာတွေ လုပ်နေရပြီ။ ပြည်သူတွေက တွေဝေခြင်းအလျဉ်းမရှိပါဘူး။ ပြင်ဆင်ကြတယ်၊ ကူညီကြတယ်၊ ဒါကြောင့် ပြည်သူရဲ့ သတ္တိနဲ့အင်အားက တစ်နေ့တော့ အရာထင်လာမှာ မလွဲမသွေပါပဲ" လို့ ဒီကနေ့ မြန်မာစံတော်ချိန် နံနက်အစောပိုင်းက Twitter မှာရေးခဲ့ပါတယ်။
၂ ငါးလုံးကို အထိမ်းအမှတ်ပြုပြီး ၂၂ ရက်၊ ၂ လ၊ ၂၀၂၁ ခုနှစ် တနင်္လာနေ့က တနိုင်ငံလုံး ဆန္ဒပြပွဲတွေမှာ ပါဝင်သူတချို့ ကိုယ့်ရဲ့လက်ဖျံမှာ ကိုယ့်သွေးအမျိုးအစား၊ ဆက်သွယ်ရမယ့်ဖုန်းနံပါတ် စတာတွေရေးထားခဲ့ကြတာကို Tom Andrews က ရည်ညွှန်းတာပါ။
ဒီကနေ့ ရန်ကုန်မြို့မှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုဝေးပြီးတော့ ထပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ တိုင်းရင်းသားတွေအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင်လာတာ နှစ် ၇၀ ကျော်ခဲ့ပြီလို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ တိုင်းရင်းသူတစ်ဦးကပြောပါတယ်။
"အခုမှ တိုက်ခဲ့တာမဟုတ်ဘူး။ ဘယ်လောက်ထိ ရှည်ကြာဦးမလဲဆိုလို့ရှိရင် ကျမတို့ရဲ့ လူမျိုးစုတွေအတွက် အရေးကြီးတဲ့၊ ဒီနိုင်ငံအတွက် အရေးကြီးတဲ့ Federal မူဝါဒတွေ မရမခြင်း တိုင်းရင်းသားတွေရဲ့ ပြောရေးဆိုခွင့်တွေ၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်မူဟန်တွေ ဖော်ထုတ်ခွင့် မရသေးသရွေ့ ကျမတို့ကဆက်တိုက်ရမှာ ဖြစ်တယ်လို့ ထင်ပါတယ်ရှင့်။"
ရန်ကုန်မြို့က ဒီကနေ့ဆန္ဒပြချီတက်ပွဲတွေမှာ မြန်မာနိုင်ငံသား တရုတ်နွယ်ဖွားတွေအဖြစ် ဆိုင်းဘုတ်ထောင်ပြီး ဆန္ဒပြသူတွေပါဝင်သလို ဟောင်ကောင်က ထီးဆောင်းဆန္ဒပြပွဲတွေကို နမူနာယူထားတဲ့ ထီးလှုပ်ရှားမှုဆိုပြီး ထီးတွေမှာ အာဏာသိမ်းမှုဆန့်ကျင်တဲ့ ကြွေးကျော်သံတွေရေးပြီးတော့ ဆန္ဒပြသူတွေလည်း တွေ့ရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဆန္ဒပြပွဲတွေအတွင်း ပစ်ခတ်နှိမ်နင်းတာတွေ၊ ဖမ်းဆီးတာတွေရှိခဲ့တဲ့ နေပြည်တော်မှာ ထောင်နဲ့ချီတဲ့လူတွေ ဒီကနေ့ဆန္ဒပြခဲ့ကြပြီး နှိမ်နင်း ဖမ်းဆီးတဲ့သတင်းတွေတော့ မရပါဘူး။
မန္တလေး၊ အုံးချောအရပ်က ဆန္ဒပြပွဲမှာတော့ ချီတက်သူတွေရဲ့ ရှေ့ဆုံးမှာ ဆင်ခုနစ်ကောင်ကို စီးထားသူတွေပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ပစ်ခတ်ဖြိုခွဲတာကြောင့် လူသေဆုံးခဲ့တဲ့ မန္တလေးမြို့မှာ ဒီကနေ့ ရဲတွေက ပိတ်ဆို့တားဆီးတာမျိုး ရှိခဲ့ပေမဲ့လည်း ရုန်းရင်းဆန်ခတ်ဖြစ်တဲ့သတင်းမျိုးတော့ မရပါဘူး။
ပြီးခဲ့တဲ့နှစ်ရက်အတွင်း ဆန္ဒပြသူအများအပြား ပါဝင်ခဲ့တဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့က ဒီကနေ့ ဆန္ဒပြပွဲမှာလည်း လူအများအပြားပါဝင်ခဲ့ပါတယ်။
ဆန္ဒပြသူတွေကို စစ်ကောင်စီက သတိပေးပြောဆိုထားပြီး စစ်တပ်နဲ့ ရဲ အင်အားအများအပြားကို ချထားတဲ့ကြားမှာပဲ ကန့်ကွက်ဆန္ဒပြတောင်းဆိုပွဲတွေ သီတင်းသုံးပတ်ကျော် ရှိလာနေပြီဖြစ်ပါတယ်။