သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

UEC ဖိတ္ၾကားမႈ ႏိုင္ငံေရးပါတီႀကီးတခ်ိဳ႕ မတက္


ေနျပည္ေတာ္ရွိ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ (UEC) ရံုး။

[Zawgyi/Unicode]

စစ္အုပ္ခ်ဳပ္ေရးေကာင္စီ အာဏာရယူၿပီးေနာက္ပိုင္း အဖြဲ႕ဝင္သစ္ေတြနဲ႔ ေျပာင္းလဲဖြဲ႕စည္းလိုက္တဲ့ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္က ဖိတ္ၾကားလာတဲ့ အစည္းအေဝးကို တက္ေရာက္မွာ မဟုတ္ဘူးလို႔ နိုင္ငံေရးပါတီႀကီးတခ်ိဳ႕က ဒီကေန႔ သေဘာထားေၾကညာခ်က္ ထုတ္ျပန္လိုက္တဲ့အေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးမွာပါ။

ေရြးေကာက္ပြဲေကာ္မရွင္က နိုင္ငံေရးပါတီေတြနဲ႔ ေဖေဖာ္ဝါရီ ၂၆ ရက္မွာ ေတြ႕ဆုံညႇိႏိႈင္းခ်င္တဲ့အေၾကာင္း ပါတီအသီးသီးကို မေန႔ကေပးပို႔ထားတာပါ။ ဒီေပၚမွာ သေဘာထားကြဲျပားေနၾကၿပီး ပါတီအမ်ားစုက မတက္ေရာက္ဘူးလို႔ တုံ႔ျပန္ထားသလို၊ တက္ေရာက္မယ့္ပါတီတခ်ိဳ႕လည္း ရွိေနပါတယ္။

အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီဝင္ ဦးစိုးေလးကေတာ့ NLD အေနနဲ႔ တက္ေရာက္ဖို႔မရွိေၾကာင္း ဗဟိုပါတီ႐ုံးခ်ဳပ္မွာ ေဖေဖာ္ဝါရီ ၂၂ ရက္က သတင္းေထာက္ေတြနဲ႔ ေတြ႕ဆုံရာမွာ ေျပာလိုက္တာပါ။

“မတက္ပါဘူး၊ မတက္ဘူး၊ ဘာေၾကာင့္မတက္လဲဆိုေတာ့ တက္ဖို႔ လူမွမရွိတာ။ တို႔ကေတာ့၊ ဒါက အာဏာသိမ္းထားတာပဲကြဲ႔။ ကမၻာကလည္း အသိအမွတ္မျပဳဘူး၊ တို႔ကလည္း အသိအမွတ္မျပဳဘူး။”

၂၀၂၀ ပါတီစုံေရြးေကာက္ပြဲ ရလဒ္အေပၚ ဥပေဒနဲ႔အညီ ေျဖရွင္းတာမ်ိဳး မလုပ္ဘဲ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္နာမည္နဲ႔ ဖိတ္ၾကားလာတဲ့ အစည္းအေဝးကို တက္ေရာက္မွာ မဟုတ္ဘူးလို႔ ျပည္သူ႔ပါတီက ဒီေန႔ ေၾကညာခ်က္ထုတ္ၿပီး တုံ႔ျပန္လိုက္ပါတယ္။ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲမွာ မဲေပးခဲ့တဲ့ မဲဆႏၵရွင္ေတြ အထူးသျဖင့္ ပထမဆုံးအႀကိမ္ မဲေပးခဲ့ၾကတဲ့ လူငယ္မဲဆႏၵရွင္ေတြကို တန္ဖိုးထားတဲ့အေနနဲ႔ ဒီလိုဆုံးျဖတ္ရတာလို႔ ပါတီဒုတိယ ဥကၠ႒ ဦးမင္းေဇယ်က ဗြီအိုေအကို ေျပာပါတယ္။

“အဲဒီလို မတက္ရတဲ့ အေၾကာင္းအရင္းမွာ ေရြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ ရလဒ္ေတြ အေပၚမွာ တရားဥပေဒနဲ႔အညီ စြပ္စြဲ စစ္ေဆးမႈေတြ မၿပီးျပတ္ေသးခင္မွာ က်ေနာ္တို႔ ျပည္သူ႔ပါတီအေနနဲ႔ (ေရြးေကာက္ပြဲ) ေကာ္မရွင္နဲ႔ တိုက္ရိုက္ဆက္သြယ္ဖို႔ အခက္အခဲရွိတယ္ ဆိုတဲ့အေၾကာင္း က်ေနာ္တို႔က၊ ဒါေၾကာင့္ မတက္ျဖစ္တဲ့အေၾကာင္း ရွင္းျပတဲ့သေဘာပါခင္ဗ်။”

ဗဟိုေကာ္မတီ အစည္းအေဝး ဆုံးျဖတ္ခ်က္အရနဲ႔ လမ္းခရီးအခက္အခဲေၾကာင့္ ေရြးေကာက္ပြဲေကာ္မရွင္သစ္ရဲ့ အစည္းအေဝးကို မသြားဖို႔ ဆုံးျဖတ္ထားေၾကာင္း တေအာင္း (ပေလာင္) အမ်ိဳးသားပါတီ အေထြေထြအတြင္းေရးမႉး မိုင္းအုဏ္းခိုင္က ဗြီအိုေအကို ေျပာပါတယ္။

အလားတူပဲ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD ကလည္း စစ္အစိုးရခန႔္အပ္ထားတဲ့ ေရြးေကာက္ပြဲေကာ္မရွင္နဲ႔ ေတြ႕ဆုံမွာမဟုတ္ေၾကာင္း သူတို႔ရဲ့ တရားဝင္ Facebook လူမႈကြန္ရက္မွာ ေျပာဆိုထားတာပါ။ လူ႔ေဘာင္သစ္ ဒီမိုကရက္တစ္ပါတီကလည္း တက္ေရာက္မွာမဟုတ္ဘူးလို႔ ဗြီအိုေအကို ေျပာထားပါတယ္။

ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ေျပာေရးဆိုခြင့္ရွိသူ ေဒၚဒြဲဘူကေတာ့ အေျခေနအရပ္ရပ္ကို သိနားလည္ဖို႔ ဒီအစည္းအေဝးကို ပါတီဘက္က သြားတက္ဖို႔ရွိေၾကာင္း ေျပာပါတယ္။

“သူတို႔ဘာေျပာသလဲ၊ လက္ရွိလက္ငင္း အေျခအေနအေပၚမွာ သူတို႔ဘယ္လို က်မတို႔ပါတီေတြကို ဘာေျပာခ်င္သလဲ၊ ဘာေတြ ေဆြးေႏြးဖို႔ရွိသလဲဆိုတာ က်မတို႔ သြားမွသိမွာ ျဖစ္ပါတယ္။ ဘာေတြေျပာမလဲ၊ ဘာေတြေဆြးေႏြးမလဲဆိုတာ က်မတို႔က က်မတို႔ပါတီကိုယ္တိုင္ သြားၿပီးမွ ပါဝင္မယ္ေပါ့ေနာ္။”

စစ္အုပ္ခ်ဳပ္ေရးေကာင္စီက အာဏာရယူၿပီးေနာက္ပိုင္း တႏွစ္အတြင္းေရြးေကာက္ပြဲ ျပန္က်င္းပေပးမယ္လို႔ ကတိျပဳထားသလို အခုေရြးေကာက္ပြဲ ေကာ္မရွင္ကလည္း ေဖေဖာ္ဝါရီ ၂၆ ရက္မွာလုပ္မယ့္ အစည္းအေဝးမွာလည္း ပါတီေတြနဲ႔ ဒါကိုထပ္ၿပီး ေဆြးေႏြးဖို႔ ျဖစ္နိုင္ေျခမ်ားတယ္လို႔ သုံးသပ္ေနၾကတာလည္း ရွိပါတယ္။

UEC ဖိတ္ၾကားမႈ ႏိုင္ငံေရးပါတီႀကီးတခ်ိဳ႕ မတက္
please wait

No media source currently available

0:00 0:02:33 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

UEC ဖိတ်ကြားမှု နိုင်ငံရေးပါတီကြီးတချို့ မတက်

စစ်အုပ်ချုပ်ရေးကောင်စီ အာဏာရယူပြီးနောက်ပိုင်း အဖွဲ့ဝင်သစ်တွေနဲ့ ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖိတ်ကြားလာတဲ့ အစည်းအဝေးကို တက်ရောက်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးပါတီကြီးတချို့က ဒီကနေ့ သဘောထားကြေညာချက် ထုတ်ပြန်လိုက်တဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေနဲ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ တွေ့ဆုံညှိနှိုင်းချင်တဲ့အကြောင်း ပါတီအသီးသီးကို မနေ့ကပေးပို့ထားတာပါ။ ဒီပေါ်မှာ သဘောထားကွဲပြားနေကြပြီး ပါတီအများစုက မတက်ရောက်ဘူးလို့ တုံ့ပြန်ထားသလို၊ တက်ရောက်မယ့်ပါတီတချို့လည်း ရှိနေပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ဦးစိုးလေးကတော့ NLD အနေနဲ့ တက်ရောက်ဖို့မရှိကြောင်း ဗဟိုပါတီရုံးချုပ်မှာ ဖေဖော်ဝါရီ ၂၂ ရက်က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြောလိုက်တာပါ။

“မတက်ပါဘူး၊ မတက်ဘူး၊ ဘာကြောင့်မတက်လဲဆိုတော့ တက်ဖို့ လူမှမရှိတာ။ တို့ကတော့၊ ဒါက အာဏာသိမ်းထားတာပဲကွဲ့။ ကမ္ဘာကလည်း အသိအမှတ်မပြုဘူး၊ တို့ကလည်း အသိအမှတ်မပြုဘူး။”

၂၀၂၀ ပါတီစုံရွေးကောက်ပွဲ ရလဒ်အပေါ် ဥပဒေနဲ့အညီ ဖြေရှင်းတာမျိုး မလုပ်ဘဲ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နာမည်နဲ့ ဖိတ်ကြားလာတဲ့ အစည်းအဝေးကို တက်ရောက်မှာ မဟုတ်ဘူးလို့ ပြည်သူ့ပါတီက ဒီနေ့ ကြေညာချက်ထုတ်ပြီး တုံ့ပြန်လိုက်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ မဲဆန္ဒရှင်တွေ အထူးသဖြင့် ပထမဆုံးအကြိမ် မဲပေးခဲ့ကြတဲ့ လူငယ်မဲဆန္ဒရှင်တွေကို တန်ဖိုးထားတဲ့အနေနဲ့ ဒီလိုဆုံးဖြတ်ရတာလို့ ပါတီဒုတိယ ဥက္ကဋ္ဌ ဦးမင်းဇေယျက ဗွီအိုအေကို ပြောပါတယ်။

“အဲဒီလို မတက်ရတဲ့ အကြောင်းအရင်းမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ရလဒ်တွေ အပေါ်မှာ တရားဥပဒေနဲ့အညီ စွပ်စွဲ စစ်ဆေးမှုတွေ မပြီးပြတ်သေးခင်မှာ ကျနော်တို့ ပြည်သူ့ပါတီအနေနဲ့ (ရွေးကောက်ပွဲ) ကော်မရှင်နဲ့ တိုက်ရိုက်ဆက်သွယ်ဖို့ အခက်အခဲရှိတယ် ဆိုတဲ့အကြောင်း ကျနော်တို့က၊ ဒါကြောင့် မတက်ဖြစ်တဲ့အကြောင်း ရှင်းပြတဲ့သဘောပါခင်ဗျ။”

ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရနဲ့ လမ်းခရီးအခက်အခဲကြောင့် ရွေးကောက်ပွဲကော်မရှင်သစ်ရဲ့ အစည်းအဝေးကို မသွားဖို့ ဆုံးဖြတ်ထားကြောင်း တအောင်း (ပလောင်) အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး မိုင်းအုဏ်းခိုင်က ဗွီအိုအေကို ပြောပါတယ်။

အလားတူပဲ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကလည်း စစ်အစိုးရခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံမှာမဟုတ်ကြောင်း သူတို့ရဲ့ တရားဝင် Facebook လူမှုကွန်ရက်မှာ ပြောဆိုထားတာပါ။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကလည်း တက်ရောက်မှာမဟုတ်ဘူးလို့ ဗွီအိုအေကို ပြောထားပါတယ်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ပြောရေးဆိုခွင့်ရှိသူ ဒေါ်ဒွဲဘူကတော့ အခြေနေအရပ်ရပ်ကို သိနားလည်ဖို့ ဒီအစည်းအဝေးကို ပါတီဘက်က သွားတက်ဖို့ရှိကြောင်း ပြောပါတယ်။

“သူတို့ဘာပြောသလဲ၊ လက်ရှိလက်ငင်း အခြေအနေအပေါ်မှာ သူတို့ဘယ်လို ကျမတို့ပါတီတွေကို ဘာပြောချင်သလဲ၊ ဘာတွေ ဆွေးနွေးဖို့ရှိသလဲဆိုတာ ကျမတို့ သွားမှသိမှာ ဖြစ်ပါတယ်။ ဘာတွေပြောမလဲ၊ ဘာတွေဆွေးနွေးမလဲဆိုတာ ကျမတို့က ကျမတို့ပါတီကိုယ်တိုင် သွားပြီးမှ ပါဝင်မယ်ပေါ့နော်။”

စစ်အုပ်ချုပ်ရေးကောင်စီက အာဏာရယူပြီးနောက်ပိုင်း တနှစ်အတွင်းရွေးကောက်ပွဲ ပြန်ကျင်းပပေးမယ်လို့ ကတိပြုထားသလို အခုရွေးကောက်ပွဲ ကော်မရှင်ကလည်း ဖေဖော်ဝါရီ ၂၆ ရက်မှာလုပ်မယ့် အစည်းအဝေးမှာလည်း ပါတီတွေနဲ့ ဒါကိုထပ်ပြီး ဆွေးနွေးဖို့ ဖြစ်နိုင်ခြေများတယ်လို့ သုံးသပ်နေကြတာလည်း ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG