သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္အာဏာပိုင္ေတြ ဖဲြ႕ထားတဲ့ ေရြးေကာက္ပဲြေကာ္မရွင္နဲ႔ေတြ႕ဖို႔ ႏိုင္ငံေရးပါတီတခ်ဳိ႕ လက္မခံ


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ အသစ္ဖဲြ႕လိုက္တဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္က ေသာၾကာေန႔မွာ ႏိုင္ငံေရးပါတီေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ ဖိတ္ေခၚထားပါတယ္။ ဖိတ္ေခၚခံရတဲ့ ႏိုင္ငံေရးပါတီေတြၾကားမွာေတာ့ စစ္တပ္က အာဏာသိမ္းတာကို လက္မခံတဲ့အတြက္ ေတြ႕မယ့္ အစီအစဥ္ကို လက္မခံသူေတြလည္း ရွိေနပါတယ္။ အျပည့္အစုံကိုေတာ့ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

ႏိုင္ငံေရးပါတီအားလုံးကို ဖိတ္ၾကားထားတယ္လို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္သစ္ရဲ႕ ဖိတ္ၾကားစာထဲမွာ ေဖာ္ျပထားပါတယ္။ ၂၀၂၁ ခုႏွစ္ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ တပ္မေတာ္က အာဏာသိမ္းလိုက္ၿပီး ေနာက္တေန႔မွာပဲ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကို အသစ္ဖြဲ႕စည္းခဲ့တာပါ။

စစ္ေကာင္စီက အသစ္ဖြဲ႕စည္းလိုက္တဲ့ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ ဥကၠ႒က ဦးသိန္းစိုးျဖစ္ပါတယ္။ အရင္ေကာ္မရွင္ကေတာ့ ၂၀၂၀ ေ႐ြးေကာက္ပြဲက်င္းပေပးခဲ့ၿပီး၊ အဲဒီ ေ႐ြးေကာက္ပြဲမွာ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္က အမ်ားစုအႏိုင္ရခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီေ႐ြးေကာက္ပြဲအတြင္း မဲစာရင္းမွားေတြ ျဖစ္ခဲ့တယ္လို႔ အခု စစ္ေကာင္စီက စြပ္စြဲထားပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ မဲအျပတ္အသတ္နဲ႔ အႏိုင္ရထားတဲ့ NLD ပါတီကေတာ့ သူတို႔မဲရလဒ္ဟာ တရားမွ်တစြာရလာတာျဖစ္သလို အခုလို ျပည္သူဆႏၵနဲ႔လြဲတဲ့ အာဏာသိမ္းမႈ ကိုလုပ္ေဆာင္တဲ့ စစ္ေကာင္စီ ဖြဲ႕စည္းတဲ့ ေကာ္မရွင္နဲ႔ ေတြ႕ဆုံမွာ မဟုတ္ဘူးလို႔သန္လ်င္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ကိုလတ္က ဗြီအို ေအကိုေျပာပါတယ္။

“က်ေနာ္တို႔ပါတီဘက္က ဒီစစ္အာဏာသိမ္းေကာင္စီဘက္ကဖြဲ႕စည္းပုံအေျခခံဥပေဒကို ဆန႔္က်င္လုပ္ေဆာင္ထားတာျဖစ္တယ္။ စစ္အာဏာရွင္ဘက္ကို အုပ္ခ်ဳပ္ေရးအရ လုံးဝအသိအမွတ္မ ျပဳဘူး။ စစ္ေကာင္စီကေန အဆင့္ဆင့္ဖြဲ႔စည္းလိုက္တဲ့အစိုးရယႏၲရားေတြ လက္ရွိဖြဲ႕ထားတဲ့ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္အသစ္ ကိုလည္း က်ေနာ္တို႔ လက္မခံဘူး။ ပါတီအေနနဲ႔ ဒီအစည္းအေဝး မတက္တာအေၾကာင္းၾကားထားၿပီးၿပီ။ လမ္းမေပၚထြက္ေန တဲ့ ျပည္သူေတြဆိုလဲ ဒီအစိုးရရဲ႕ အာဏာသိမ္းမႈကို တရားမဝင္ဘူး ဆိုတာ ဆန္႔က်င္တယ္ဆိုတာ တႏိုင္ငံလုံးသေဘာဆႏၵျဖစ္ ေနတယ္။ ဒီေတာ့ တျခားႏိုင္ငံေရးပါတီေတြေအနနဲ႔လည္း ျပည္သူ႔သေဘာဆႏၵေတြနဲ႔ရပ္တည္ၿပီးေတာ့ သူတို႔နဲ႔ ပူးေပါင္းတာ မလုပ္ဖို႔ပန္ၾကားလိုတယ္။”

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ NLD ပါတီက အျပတ္အသတ္အႏိုင္ရခဲ့ေပမယ့္ ေ႐ြးေကာက္ပြဲအတြင္း မဲမသမာမႈေတြရွိတယ္လို႔ စြပ္စြဲၿပီးေနာက္ တပ္မေတာ္ က အာဏာသိမ္းမႈ ျဖစ္လာခဲ့ပါတယ္။ ႏိုင္ငံေရးပါတီတခ်ိဳ႕က ေ႐ြးေကာက္ ပြဲ ေကာ္မရွင္အသစ္ရဲ႕ တရားဝင္မႈအေပၚ သံသယဝင္သူေတြ ရွိၾကပါတယ္။

လူ႔ေဘာင္သစ္ ဒီမိုကရက္တစ္ပါတီရဲ႕ ဥကၠ႒ ဦးေအာင္မိုးေဇာ္က ျပည္သူ႔ ဆႏၵနဲ႔ အနီးစပ္ဆုံးရပ္တည္ဖို႔ ဘဲ ပါတီဘက္က လမ္းစဥ္ခ်ထား တာေၾကာင့္ ေတြ႕ ဆုံဖို႔ကို ျငင္းပယ္ထားတယ္လို႔ ေျပာပါတယ္။

“ ျပည္သူလူထုက အာဏာသိမ္းမႈကို အႀကီးအက်ယ္ တတိုင္းတျပည္လုံးက ဆန႔္က်င္ေနတာျဖစ္တယ္။ အဲလိုအေနအထားမွာ ႏိုင္ငံေရးပါတီအေနနဲ႔ ေျပာမယ္ဆိုရင္ ျပည္သူဆႏၵနဲ႔ တထပ္ထဲျဖစ္ဖို႔လိုတယ္။ တတိုင္းတျပည္လုံးက ျပည္သူလူထုက အာဏာသိမ္းမႈကို ဆန႔္က်င္ေနတဲ့ အေနအထားျဖစ္တယ္။ တၿပိဳင္နက္ထဲမွာဘဲ အာဏာသိမ္းအစိုးရက ခန႔္တဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ကေန ဖိတ္တာက်ေတာ့ က်ေနာ္တို႔မွာ စဥ္းစားစရာေတာ္ေတာ္ရွိပါတယ္။ က်ေနာ္တို႔ျပဳမႈေဆာင္႐ြက္ခ်က္က ျပည္သူဆႏၵနဲ႔ ဆန႔္က်င္မွာ က်ေနာ္တို႔ စိုးရိမ္ပါတယ္။ ဒါေၾကာင့္က်ေနာ္တို႔ မတက္ပါဘူး။”

ကခ်င္ျပည္သူ႔ပါတီ (KSPP) ဒုဥကၠဌ ေဒၚဒြဲဘူကေတာ့ ပါတီအေနနဲ႔ ေကာ္မရွင္အ သစ္ဘက္က ဘယ္လိုေၾကာင့္ဖိတ္ၾကားသလဲဆိုတာတိတိက်က် မေျပာႏိုင္သလို သူတို႔ရပ္တည္ခ်က္ ကိုေသခ်ာမသိေသးသလို ဘယ္လိုေၾကာင့္အခုလို ေတြ႕ဆုံလဲ ဆိုတာကို ေသခ်ာတိက်စြာ သိဖို႔လိုအပ္တယ္လို႔ ရႈျမင္တာေၾကာင့္ ေတြ႕ဆုံသြားမယ္ လို႔ ဆိုပါတယ္။

“က်မတို႔ကေတာ့ UECမွာ တရားဝင္ မွတ္ပုံတင္ထားေတာ့ ဒီေန႔သြားတက္ဖို႔ တေယာက္ဆိုေတာ့ ဒီေန႔ စည္းေဝးဆုံးျဖတ္ခ်က္နဲ႔ တက္ဖို႔ လုပ္ထားပါတယ္။ ပါတီဖ်က္သိမ္းထားတာမဟုတ္တာမို႔ က်မတို႔တက္ဖို႔ တာ၀န္ရွိတယ္လုိ႔ ပါတီက မွတ္ယူတယ္။ ၿပီးရင္ သူတို႔ ဘာေတြေျပာမယ္ဆိုတာ အခုေလာေလာဆည္ က်မတို႔ မသိရေသးဘူး။ စည္းေဝးေခၚတာဘဲသိေတာ့ သူတို႔ေတြေျပာတဲ့ အေပၚမွာဘဲ မူတည္မွာ ျဖစ္ပါတယ္။ အခုကေတာ့ UEC ကေတာ့ ပါတီအေနနဲ႔ ဆိုင္မွာေပါ့ေနာ္။ ပူးေပါင္းေဆာင္႐ြက္ဖို႔ကေတာ့က႑တခုအေနနဲ႔ စဥ္းစားသြားမွာပါ။”

လက္နက္နဲ႔ အာဏာသိမ္းတာကိုလက္မခံသလို လက္နက္နဲ႔ အာဏာသိမ္းထားသူ ေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြကိုလက္မခံတာေၾကာင့္လက္ရွိ မွာျပည္သူ႔သေဘာ တိုင္းသားရပ္တည္ဖို႔ လုပ္မယ္လို႔ ကယန္းအမ်ိဳးသားပါတီဥကၠဌ ခြန္ဘီထူးက ေျပာ ပါတယ္။

“အခုလို အာဏာသိမ္းေကာင္စီကေန သီးျခားျပန္ဖြဲ႔ထားတဲ့ ေကာ္မရွင္န ဲ႔ပတ္သတ္လို႔ က်ေနာ္တို ႔ေလာေလာဆယ္ စကား ေျပာဖို႔ ဆႏၵမရွိဘူး။ႏိုင္ငံေရးအရလည္းမရွိဘူးေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ အာဏာသိမ္းတာနဲ႔ ပတ္သတ္လို႔ က်ေနာ္တို႔ ကန႔္ကြက္ထားသလို ေကာ္မရွင္ဘက္က ကိုင္တြယ္ဖို႔ အလားအလာမရွိဘူး လို႔ က်ေနာ္တို႔ သံုးသပ္တာေပါ့ေနာ္။ ဆိုေတာ့ က်ေနာ္တို႔က သြားတက္ဖို႔ အစီအစဥ္မရွိပါဘူးခင္ဗ်။”

အစည္းအေဝးကို လာမယ့္ ေသာၾကာေန႔ ေနျပည္ေတာ္မွာ တက္ေရာက္ဖို႔ ဖိတ္ၾကား ထားတာျဖစ္ၿပီး အစည္းအေဝးတက္ မတက္ကို ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔ေနာက္ဆုံးထား အေၾကာင္းျပန္ဖို႔ ထည့္သြင္းေဖာ္ျပထားပါတယ္။

အၿမိဳ႕ၿမိဳ႕အနယ္နယ္က သန္းနဲ႔ခ်ီတဲ့ ျမန္မာျပည္သူေတြကေတာ့ မဲမသမာမႈရွိတယ္ဆိုတဲ့ တပ္မေတာ္ ေျပာဆိုခ်က္ကို လက္မခံသလို စစ္တပ္က အာဏာသိမ္းယူမႈကိုလည္း ဆန႔္က်င္ ဆႏၵျပေနၾကပါတယ္။ သူတို႔အေနနဲ႔ ၂၀၂၀ ေ႐ြးေကာက္ပြဲရလဒ္ကိုသာ လက္ခံၿပီး ၂၀၂၀ ေ႐ြးေကာက္ပြဲရလဒ္ အရ ေ႐ြးခ်ယ္တင္ေျမာက္ထားသူေတြကိုသာ အာဏာျပန္ေပးဖို႔နဲ႔ ဖမ္းဆီးခံ NLD ေခါင္းေဆာင္ေတြကို အျမန္ ဆုံးျပန္လႊတ္ေပးဖို႔ ေတာင္းဆိုဆႏၵျပေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

မြန်မာစစ်အာဏာပိုင်တွေ ဖွဲ့ထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့တွေ့ဖို့ နိုင်ငံရေးပါတီတချို့ လက်မခံ
(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အသစ်ဖွဲ့လိုက်တဲ့ ရွေးကောက်ပွဲကော်မရှင်က သောကြာနေ့မှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားပါတယ်။ ဖိတ်ခေါ်ခံရတဲ့ နိုင်ငံရေးပါတီတွေကြားမှာတော့ စစ်တပ်က အာဏာသိမ်းတာကို လက်မခံတဲ့အတွက် တွေ့မယ့် အစီအစဉ်ကို လက်မခံသူတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

နိုင်ငံရေးပါတီအားလုံးကို ဖိတ်ကြားထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်သစ်ရဲ့ ဖိတ်ကြားစာထဲမှာ ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းလိုက်ပြီး နောက်တနေ့မှာပဲ ရွေးကောက်ပွဲ ကော်မရှင်ကို အသစ်ဖွဲ့စည်းခဲ့တာပါ။

စစ်ကောင်စီက အသစ်ဖွဲ့စည်းလိုက်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဥက္ကဋ္ဌက ဦးသိန်းစိုးဖြစ်ပါတယ်။ အရင်ကော်မရှင်ကတော့ ၂၀၂၀ ရွေးကောက်ပွဲကျင်းပပေးခဲ့ပြီး၊ အဲဒီ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အများစုအနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရွေးကောက်ပွဲအတွင်း မဲစာရင်းမှားတွေ ဖြစ်ခဲ့တယ်လို့ အခု စစ်ကောင်စီက စွပ်စွဲထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရထားတဲ့ NLD ပါတီကတော့ သူတို့မဲရလဒ်ဟာ တရားမျှတစွာရလာတာဖြစ်သလို အခုလို ပြည်သူဆန္ဒနဲ့လွဲတဲ့ အာဏာသိမ်းမှု ကိုလုပ်ဆောင်တဲ့ စစ်ကောင်စီ ဖွဲ့စည်းတဲ့ ကော်မရှင်နဲ့ တွေ့ဆုံမှာ မဟုတ်ဘူးလို့သန်လျင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုလတ်က ဗွီအို အေကိုပြောပါတယ်။

“ကျနော်တို့ပါတီဘက်က ဒီစစ်အာဏာသိမ်းကောင်စီဘက်ကဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်လုပ်ဆောင်ထားတာဖြစ်တယ်။ စစ်အာဏာရှင်ဘက်ကို အုပ်ချုပ်ရေးအရ လုံးဝအသိအမှတ်မ ပြုဘူး။ စစ်ကောင်စီကနေ အဆင့်ဆင့်ဖွဲ့စည်းလိုက်တဲ့အစိုးရယန္တရားတွေ လက်ရှိဖွဲ့ထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အသစ် ကိုလည်း ကျနော်တို့ လက်မခံဘူး။ ပါတီအနေနဲ့ ဒီအစည်းအဝေး မတက်တာအကြောင်းကြားထားပြီးပြီ။ လမ်းမပေါ်ထွက်နေ တဲ့ ပြည်သူတွေဆိုလဲ ဒီအစိုးရရဲ့ အာဏာသိမ်းမှုကို တရားမဝင်ဘူး ဆိုတာ ဆန့်ကျင်တယ်ဆိုတာ တနိုင်ငံလုံးသဘောဆန္ဒဖြစ် နေတယ်။ ဒီတော့ တခြားနိုင်ငံရေးပါတီတွေအေနနဲ့လည်း ပြည်သူ့သဘောဆန္ဒတွေနဲ့ရပ်တည်ပြီးတော့ သူတို့နဲ့ ပူးပေါင်းတာ မလုပ်ဖို့ပန်ကြားလိုတယ်။”

၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီက အပြတ်အသတ်အနိုင်ရခဲ့ပေမယ့် ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေရှိတယ်လို့ စွပ်စွဲပြီးနောက် တပ်မတော် က အာဏာသိမ်းမှု ဖြစ်လာခဲ့ပါတယ်။ နိုင်ငံရေးပါတီတချို့က ရွေးကောက် ပွဲ ကော်မရှင်အသစ်ရဲ့ တရားဝင်မှုအပေါ် သံသယဝင်သူတွေ ရှိကြပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြည်သူ့ ဆန္ဒနဲ့ အနီးစပ်ဆုံးရပ်တည်ဖို့ ဘဲ ပါတီဘက်က လမ်းစဉ်ချထား တာကြောင့် တွေ့ ဆုံဖို့ကို ငြင်းပယ်ထားတယ်လို့ ပြောပါတယ်။

“ ပြည်သူလူထုက အာဏာသိမ်းမှုကို အကြီးအကျယ် တတိုင်းတပြည်လုံးက ဆန့်ကျင်နေတာဖြစ်တယ်။ အဲလိုအနေအထားမှာ နိုင်ငံရေးပါတီအနေနဲ့ ပြောမယ်ဆိုရင် ပြည်သူဆန္ဒနဲ့ တထပ်ထဲဖြစ်ဖို့လိုတယ်။ တတိုင်းတပြည်လုံးက ပြည်သူလူထုက အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ အနေအထားဖြစ်တယ်။ တပြိုင်နက်ထဲမှာဘဲ အာဏာသိမ်းအစိုးရက ခန့်တဲ့ ရွေးကောက်ပွဲကော်မရှင်ကနေ ဖိတ်တာကျတော့ ကျနော်တို့မှာ စဉ်းစားစရာတော်တော်ရှိပါတယ်။ ကျနော်တို့ပြုမှုဆောင်ရွက်ချက်က ပြည်သူဆန္ဒနဲ့ ဆန့်ကျင်မှာ ကျနော်တို့ စိုးရိမ်ပါတယ်။ ဒါကြောင့်ကျနော်တို့ မတက်ပါဘူး။”


ကချင်ပြည်သူ့ပါတီ (KSPP) ဒုဥက္ကဌ ဒေါ်ဒွဲဘူကတော့ ပါတီအနေနဲ့ ကော်မရှင်အ သစ်ဘက်က ဘယ်လိုကြောင့်ဖိတ်ကြားသလဲဆိုတာတိတိကျကျ မပြောနိုင်သလို သူတို့ရပ်တည်ချက် ကိုသေချာမသိသေးသလို ဘယ်လိုကြောင့်အခုလို တွေ့ဆုံလဲ ဆိုတာကို သေချာတိကျစွာ သိဖို့လိုအပ်တယ်လို့ ရှုမြင်တာကြောင့် တွေ့ဆုံသွားမယ် လို့ ဆိုပါတယ်။

“ကျမတို့ကတော့ UECမှာ တရားဝင် မှတ်ပုံတင်ထားတော့ ဒီနေ့သွားတက်ဖို့ တယောက်ဆိုတော့ ဒီနေ့ စည်းဝေးဆုံးဖြတ်ချက်နဲ့ တက်ဖို့ လုပ်ထားပါတယ်။ ပါတီဖျက်သိမ်းထားတာမဟုတ်တာမို့ ကျမတို့တက်ဖို့ တာဝန်ရှိတယ်လို့ ပါတီက မှတ်ယူတယ်။ ပြီးရင် သူတို့ ဘာတွေပြောမယ်ဆိုတာ အခုလောလောဆည် ကျမတို့ မသိရသေးဘူး။ စည်းဝေးခေါ်တာဘဲသိတော့ သူတို့တွေပြောတဲ့ အပေါ်မှာဘဲ မူတည်မှာ ဖြစ်ပါတယ်။ အခုကတော့ UEC ကတော့ ပါတီအနေနဲ့ ဆိုင်မှာပေါ့နော်။ ပူးပေါင်းဆောင်ရွက်ဖို့ကတော့ကဏ္ဍတခုအနေနဲ့ စဉ်းစားသွားမှာပါ။”

လက်နက်နဲ့ အာဏာသိမ်းတာကိုလက်မခံသလို လက်နက်နဲ့ အာဏာသိမ်းထားသူ တွေရဲ့ လုပ်ဆောင်ချက်တွေကိုလက်မခံတာကြောင့်လက်ရှိ မှာပြည်သူ့သဘော တိုင်းသားရပ်တည်ဖို့ လုပ်မယ်လို့ ကယန်းအမျိုးသားပါတီဥက္ကဌ ခွန်ဘီထူးက ပြော ပါတယ်။

“အခုလို အာဏာသိမ်းကောင်စီကနေ သီးခြားပြန်ဖွဲ့ထားတဲ့ ကော်မရှင်န ဲ့ပတ်သတ်လို့ ကျနော်တို့လောလောဆယ် စကား ပြောဖို့ ဆန္ဒမရှိဘူး။နိုင်ငံရေးအရလည်းမရှိဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အာဏာသိမ်းတာနဲ့ ပတ်သတ်လို့ ကျနော်တို့ ကန့်ကွက်ထားသလို ကော်မရှင်ဘက်က ကိုင်တွယ်ဖို့ အလားအလာမရှိဘူး လို့ ကျနော်တို့ သုံးသပ်တာပေါ့နော်။ ဆိုတော့ ကျနော်တို့က သွားတက်ဖို့ အစီအစဉ်မရှိပါဘူးခင်ဗျ။”

အစည်းအဝေးကို လာမယ့် သောကြာနေ့ နေပြည်တော်မှာ တက်ရောက်ဖို့ ဖိတ်ကြား ထားတာဖြစ်ပြီး အစည်းအဝေးတက် မတက်ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့နောက်ဆုံးထား အကြောင်းပြန်ဖို့ ထည့်သွင်းဖော်ပြထားပါတယ်။

အမြို့မြို့အနယ်နယ်က သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေကတော့ မဲမသမာမှုရှိတယ်ဆိုတဲ့ တပ်မတော် ပြောဆိုချက်ကို လက်မခံသလို စစ်တပ်က အာဏာသိမ်းယူမှုကိုလည်း ဆန့်ကျင် ဆန္ဒပြနေကြပါတယ်။ သူတို့အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုသာ လက်ခံပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ် အရ ရွေးချယ်တင်မြောက်ထားသူတွေကိုသာ အာဏာပြန်ပေးဖို့နဲ့ ဖမ်းဆီးခံ NLD ခေါင်းဆောင်တွေကို အမြန် ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုဆန္ဒပြနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG