သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပႆနာ ျပည္ပကဝင္ေရာက္ ေစ့စပ္ႏိုင္မယ့္ အလားအလာ


မုံ႐ြာၿမိဳ႕က စစ္အာဏာသိမ္းဆန႔္က်င္ ဆႏၵျပျမင္ကြင္း။ (ဓာတ္ပုံ - Hain - ေဖေဖာ္ဝါရီ ၂၃၊ ၂၀၂၁)
တိုက္႐ိုက္ လင့္ခ္

လက္ရွိျမန္မာႏိုင္ငံမွာ ျဖစ္ပြါးေနတဲ့ ထိပ္တိုက္တိုးမႈ အက်ပ္အတည္း ေျပလည္မႈတစုံတရာ ရရွိေအာင္ ႏိုင္ငံတကာက ၾကားဝင္ေစ့စပ္လာႏိုင္ပါသလား၊ ဘယ္ႏိုင္ငံဘယ္ အဖြဲ႕အစည္းက လုပ္ေဆာင္ႏိုင္ဖြယ္ ရွိပါသလဲ။ အခုတပတ္ ျမန္မာ့အေရးသုံးသပ္ခ်က္မွာ ေဒါက္တာတင့္ေဆြနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ဒီေန႔ ဆရာနဲ႔ ေဆြးေႏြးခ်င္တာကေတာ့ ျမန္မာႏိုင္ငံမွာ အခုျဖစ္ေပၚေနတဲ့ ထိပ္တိုက္ရင္ဆိုင္မႈ ေျပလည္ေရးအတြက္ ျပည္ပႏိုင္ငံတခုခုက ဝင္ေရာက္ညႇိႏႈိင္း ေျဖရွင္းေပးႏိုင္သလားဆိုတဲ့ ကိစၥကို ေဆြးေႏြးခ်င္တာ ျဖစ္ပါတယ္။ ပထမဦးဆုံးကေတာ့ အခုေလာေလာဆယ္ ျဖစ္ေနတဲ့ အေျခအေနကို ၾကည့္မယ္ဆိုရင္ ရက္သတၱပတ္ (၃) ပတ္ ေက်ာ္လာၿပီ ျဖစ္ပါတယ္။ တပ္မေတာ္ဘက္က အေလွ်ာ့ေပးမယ့္ အရိပ္အေရာင္ လုံးဝမေတြ႕ရေသးပါဘူး။ သူတို႔က အစတုန္းကေတာ့ ဒီေလာက္အထိ ျပည္သူလူထုရဲ႕ တုံ႔ျပန္ဆန႔္က်င္မႈ ႀကဳံလာရလိမ့္မယ္လို႔ ေမွ်ာ္လင့္ခ်င္မွ ေမွ်ာ္လင့္ခဲ့ပါလိမ့္မယ္။ ဒါေပမဲ့ အခုအခါမွာ အင္မတန္မွ ႀကီးမားတဲ့ လူထုဆန႔္က်င္မႈနဲ႔ ႀကဳံေတြ႕ေနရေတာ့ တနည္းနည္းေတာ့ သူတို႔ရဲ႕ ေရွ႕ကိုေတာ့ စဥ္းစားမယ္ ထင္ပါတယ္။ ဒီအခ်ိန္မွာ သူတို႔လက္ခံႏိုင္တဲ့ terms နဲ႔ conditions နဲ႔ သူတို႔လက္ခံႏိုင္တဲ့ အုပ္စုတခုခုက၊ ႏိုင္ငံတခုခုကေသာ္လည္းေကာင္း ဝင္ေရာက္ေစ့စပ္ေပးရင္ လက္ခံရင္ ေကာင္းမလားလို႔ စဥ္းစားမိမယ္ ထင္ပါတယ္။ ဒါက က်ေနာ့္ရဲ႕ စဥ္းစားခ်က္ပါ။ ဆရာ ဘယ္လိုျမင္ပါသလဲ။

ေျဖ ။ ။ အေျခအေနကေတာ့ ဦးေက်ာ္ဇံသာ သုံးသပ္သလိုေပါ့။ အာဏာသိမ္းစစ္အုပ္စုက ျပည္သူလူထုရဲ႕ တုံ႔ျပန္မႈ ဒီေလာက္အထိ ျဖစ္လိမ့္မယ္လို႔ သူတို႔ မေမွ်ာ္လင့္ခဲ့ၾကတာေတာ့ အမွန္ျဖစ္တယ္လို႔ က်ေနာ္ သေဘာတူပါတယ္။ ၁၉၆၂ ကေနစတဲ့ အာဏာသိမ္းမႈႀကီး (၃) ခုမွာ အာဏာသိမ္းတဲ့ စစ္တပ္ကေတာ့ ပုံစံတမ်ိဳးထဲပဲ ထူးမျခားနားပါဘဲ။ ဒါေပမဲ့ ဆန႔္က်င္တဲ့ အင္အားစု ျပည္သူလူထုဘက္က ဆန႔္က်င္မႈက ဒီ တတိယအႀကိမ္ဟာ အထူးျခားဆုံးနဲ႔ အသစ္ဆန္းဆုံး ျဖစ္ပါတယ္။ ဒီအတြက္ နည္းလမ္းေဟာင္းသုံးတဲ့ အာဏာသိမ္းစစ္ေကာင္စီက ႀကိဳတင္တြက္ဆတာ မရွိဘူးဆိုတဲ့ အခ်က္ပါ။ ဒုတိယပိုင္း ဒီေန႔ေဆြးေႏြးမယ့္ ေမးခြန္းျဖစ္တဲ့ ေစ့စပ္ေဆြးေႏြးေရးဟာ အျပင္ကေန လာႏိုင္သလားဆိုတဲ့အခ်က္ကို သြားရမယ္ဆိုရင္ အခုအာဏာသိမ္းၿပီးေတာ့ ႏိုင္ငံတကာကေန တုံ႔ျပန္မႈေတြကလဲ အမ်ိဳးမ်ိဳးရွိပါတယ္။ ထိပ္ဆုံးကေတာ့ ကုလသမဂၢ UN ေပါ့။ ေနာက္တခါ US အေမရိက။ ေနာက္တခါ UK နဲ႔ EU ေပါ့။ ေနာက္ဆုံးတခါ ASEAN ေပါ့။ ေနာက္တခါၾကားထဲမွာ ထည့္တြက္လို႔ရွိရင္ ဂ်ပန္၊ အိႏၵိယ၊ တ႐ုတ္၊ ႐ုရွားဆိုၿပီး စာရင္းခ်ပါတယ္။

ေမး ။ ။ ဆရာေျပာတဲ့ ႏိုင္ငံေတြကို က်ေနာ္လည္း စဥ္းစားမိပါတယ္။ ဒါေပမဲ့ အေနာက္ႏိုင္ငံေတြကေတာ့ အေရးယူမႈေတြ၊ ဒဏ္ခတ္မႈေတြ လုပ္ၿပီးေတာ့ ဖိအားေပးမယ္ဆိုတဲ့သေဘာကို ေတြ႕ရပါတယ္။ သို႔ေသာ္လဲ ဒီေနရာမွာ သူတို႔ထက္ ေပ်ာ့ေပ်ာင္းႏိုင္တာက အိမ္နီးခ်င္းႏိုင္ငံေတြ အထူးသျဖင့္ ဆရာေျပာတဲ့ တ႐ုတ္၊ အိႏၵိယ၊ ဂ်ပန္၊ အာဆီယံတို႔။ အဲဒီဘက္ကလာရင္ ပိုၿပီအဆင္ေျပႏိုင္မလား ဆိုတာကိုလည္း စဥ္းစားပါအုံး။

ေျဖ ။ ။ ပထမဦးဆုံးအခ်က္ကေတာ့ အာဆီယံကို ကိုယ္စားျပဳတယ္ပဲေျပာေျပာ၊ အာဆီယံအုပ္စုထဲက အင္အားႀကီးႏိုင္ငံျဖစ္တဲ့ အင္ဒိုနီးရွား။ အခုဆိုရင္ အင္ဒိုနီးရွားက နာရီပိုင္းအတြင္းမွာ ေနျပည္ေတာ္ကို ေရာက္လိမ့္မယ္ဆိုတဲ့ သတင္းရွိပါတယ္။ သို႔ေသာ္ သူက ေရာက္မလာေသးဘူး၊ ျပည္သူလူထုရဲ႕ ဆန႔္က်င္မႈကို အရင္ႀကဳံေနရတဲ့ အေနအထားပါ။ ဒါေၾကာင့္ မေန႔က သံ႐ုံးက အဲဒီလို မဟုတ္ပါဘူးဆိုၿပီးေတာ့ ေျပာေတာ့ က်ေနာ့္ေကာက္ခ်က္ကေတာ့ အင္ဒိုနီးရွားဟာ ဒီေန႔ ဗမာျပည္က အျဖစ္အပ်က္ကို သူနားမလည္ဘူးလို႔ ယူဆတယ္။ သူကလဲ ေလွ်ာ့တြက္တာထားတယ္လို႔ ယူဆတယ္။ ဒါေၾကာင့္ သူဟာ အခုလာတာက ဆိုရွယ္မီဒီယာမွာ ေရးသလို၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ သာမဟုတ္ဘဲနဲ႔ ေဒၚစုနဲ႔ေတြ႕ဖို႔ လာတယ္ဆိုရင္ သူဟာ အာဆီယံထဲမွာ Hero ျဖစ္ႏိုင္တယ္ေပါ့။

ေမး ။ ။ အင္ဒိုနီးရွားကေတာ့ သူတို႔အေနနဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကို ကတိအတိုင္း (၁) ႏွစ္ အၾကာမွာ တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ က်င္းပေပးခိုင္းေအာင္ အာဆီယံႏိုင္ငံေတြ ဝိုင္းၿပီးေတာ့ တိုက္တြန္းၾကပါစို႔ဆိုတဲ့ ေႂကြးေၾကာ္သံနဲ႔ လာတယ္လို႔ Reuters ထဲမွာ ဖတ္ရပါတယ္။ ဆိုေတာ့ ဒါက အင္ဒိုနီးရွားႏိုင္ငံ တႏိုင္ငံတည္းသာမက အာဆီယံတခုလုံးရဲ႕ သေဘာထားလဲ ျဖစ္ႏိုင္တယ္ေပါ့။

ေျဖ ။ ။ က်ေနာ္လည္း အဲဒီလိုတြက္တယ္။ တြက္ေပမယ့္လို႔ မေန႔က အင္ဒိုနီးရွားသံ႐ုံး သြားၿပီးေတာ့ ဆႏၵျပတဲ့အခါ အင္ဒိုနီးရွားႏိုင္ငံ ျမန္မာသံအမတ္ႀကီးက အဲဒီလို မဟုတ္ပါဘူးဆိုၿပီးေတာ့ တနည္းအားျဖင့္ သူတို႔ရဲ႕ ေလသံကို ေလွ်ာ့ခ်တယ္။ ေလွ်ာ့ခ်တယ္ဆိုေတာ့ ျပည္သူလူထုက ေ႐ြးေကာက္ပြဲအသစ္ကို လက္မခံဘူးဆိုတာကို အခုမွ သူသေဘာေပါက္သြားပုံ ရၿပီးေတာ့ အဲဒီေတာ့ ႏိုင္ငံျခားေရးဝန္ႀကီးလည္း လာလို႔ရွိရင္ ေ႐ြးေကာက္ပြဲအသစ္ကိစၥကို ေစာင္းေပးခ်င္တာ ေပးမလားလို႔ က်ေနာ္က ထင္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ အာဆီယံကို ခဏဖယ္ထားၿပီးေတာ့ တျခားအလားအလာရွိတဲ့ ႏိုင္ငံေတြအေၾကာင္း ေျပာပါအုံး။

ေျဖ ။ ။ အလားအလာရွိတဲ့ အထဲမွာ ဂ်ပန္၊ အိႏၵိယ၊ တ႐ုတ္။ အိႏၵိယက က်ေနာ့္အျမင္ကေတာ့ အိႏၵိယႏိုင္ငံ ႏိုင္ငံျခားေရးေပၚလစီ၊ တနည္းအားျဖင့္ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တဲ့ ေပၚလစီအရဆိုရင္ တက္ေနတဲ့ အစိုးရ ဒို႔အစိုးရလုပ္တဲ့ ႏိုင္ငံျခားေရးေပၚလစီ က်င့္သုံးတဲ့အတြက္ မေမွ်ာ္လင့္ႏိုင္ပါဘူး။ ေနာက္တခါ ဂ်ပန္က သိပ္မၾကာေသးခင္၊ ႏွစ္ပိုင္းေလးအတြင္းမွာ ျမန္မာႏိုင္ငံအေရးမွာ ေတာ္ေတာ္ေလး စိတ္ဝင္တစား ျပလာတာေတြ႕ေတာ့ သူ႔ရဲ႕ ပါဝင္ပတ္သက္မႈနဲ႔ စိတ္ဝင္စားမႈေၾကာင့္မ်ား လုပ္မ်ားလုပ္ႏိုင္ေလမလားဆိုၿပီး အမွတ္နည္းနည္းေတာ့ ေပးပါတယ္။

ေမး ။ ။ ဒါေပမဲ့ ဂ်ပန္က တေလာတုန္းက မစၥတာဆာဆကာဝါ လာေတာ့ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ သိပ္ၿပီးေတာ့ အျမင္မၾကည္လင္ဘူးဆိုတဲ့ သတင္းမ်ိဳး သတင္းေတြမွာ ေဖာ္ျပၾကတာ ေတြ႕ရပါတယ္။ သူ႔ရဲ႕ ဝင္ေရာက္ေစ့စပ္မႈ။ အထူးသျဖင့္ ရခိုင္ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ အဲဒီမွာ ေ႐ြးေကာက္ပြဲ လုပ္ေပးပါ၊ ဘာညာေျပာတဲ့အခါမွာ ေဒၚေအာင္ဆန္းစုၾကည္က သိပ္ၿပီးေတာ့ မႏွစ္ၿမိဳတဲ့ လကၡဏာျပတယ္လို႔ ေရးၾကပါတယ္။

ေျဖ ။ ။ နည္းနည္းေတာ့ ျဖစ္တယ္။ က်ေနာ္တို႔ ဒီေန႔ေဆြးေႏြးတဲ့ ေခါင္းစဥ္မွာ ဟုတ္တယ္။ ရခိုင္ျပည္ရဲ႕ ႏိုင္ငံေရးကို ေျပာရရင္ေတာ့ ေတာ္ေတာ္ေလး က်ယ္က်ယ္ျပန႔္ျပန႔္နဲ႔ ရႈပ္ရႈပ္ေထြေထြ ေျပာရမယ္။ ဒီေဒသကို စိတ္ဝင္စားမႈျပတာ ေကာင္းပါတယ္။ ကူညီခ်င္တာ ေကာင္းပါတယ္။ သို႔ေသာ္လဲ က်ေနာ့္အျမင္ကေတာ့ ဂ်ပန္လဲပဲ သိပ္ၿပီးေတာ့ ျမန္မာႏိုင္ငံရဲ႕ အေရးကို နက္နက္ရႈိင္းရႈိင္း နားမလည္တဲ့ အေနအထားရွိတယ္။ သို႔ေသာ္လဲ ဂ်ပန္ႏိုင္ငံဟာ သူ႔စီးပြားေရးနဲ႔ သူ႔ရဲ႕ေနာက္ေၾကာင္းကို ၾကည့္ရင္ေတာ့ အလားအလာ တစုံတရာ အနည္းငယ္ေတာ့ ရွိတာေၾကာင့္ က်ေနာ္ ထည့္တြက္ျခင္း ျဖစ္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ တ႐ုတ္ေပါ့။ အေရးအႀကီးဆုံး။ တ႐ုတ္ရဲ႕ အလားအလာ။

ေျဖ ။ ။ ဒီေန႔ ေဆြးေႏြးတဲ့ ေခါင္းစဥ္မွာ ဘာေၾကာင့္ ၾကားဝင္ရမလဲ။ ဘယ္သူက ၾကားဝင္မလဲဆိုေတာ့ က်ေနာ့္အျမင္ကေတာ့ ဒီၾကားဝင္ၿပီး ေအာင္ျမင္သြားရင္ သူတို႔က ႏိုဘယ္ဆု ရဖို႔မဟုတ္တာေတာ့ ေသခ်ာတယ္။ ေနာက္တခါ ဗမာႏိုင္ငံကို ခ်စ္လို႔ခင္လို႔ ေမတၱာရွိလို႔ မဟုတ္တာလဲ ေသခ်ာတယ္။ အဲဒီေတာ့ က်ေနာ္ျမင္တာကေတာ့ အက်ိဳးစီးပြားကိစၥ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ တ႐ုတ္ရဲ႕ အက်ိဳးစီးပြားဟာ အင္မတန္မွ ႀကီးပြားပါတယ္။ တ႐ုတ္ႏိုင္ငံက ဗမာႏိုင္ငံကို ေရရွည္စီမံကိန္းႀကီးထဲကေန ႏိုင္ငံတခုအျဖစ္ ဆက္ဆံလာခဲ့တာ သူက အတန္သင့္ အေတာ့္ကို ေအာင္ျမင္ေနတဲ့ အေနအထားတခု။ သို႔ေသာ္ အခု အာဏာသိမ္းတဲ့ ကိစၥမွာ တ႐ုတ္ဟာ အဆိုးဆုံး။ မေန႔က Atlantics မွာ ေရးသလို အဆိုးဆုံး အရႈံးသမား တ႐ုတ္ ျဖစ္ေနပါတယ္။ ဒါက မီဒီယာအျမင္ေပါ့။ ေနာက္တခါ တ႐ုတ္ႏိုင္ငံရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး။ ဒုသံအမတ္ႀကီး ေျပာတာက ဒီေန႔ ဗမာျပည္မွာ ျဖစ္ေနတာေတြက တ႐ုတ္ႏိုင္ငံက မျမင္ခ်င္တဲ့ ျမင္ကြင္းေတြ အျဖစ္အပ်က္ေတြ ျဖစ္တယ္လို႔ ေျပာတာဟာ ဒါက သူအမွန္အတိုင္း ေျပာတာ။ ေနာက္တခါ သူ႔ထူးျခားခ်က္တခုက တ႐ုတ္ႏိုင္ငံဟာ တပ္မေတာ္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔နဲ႔ ဆက္ဆံေရးေကာင္းပါတယ္ဆိုတဲ့ အခ်က္ႏွစ္ခ်က္ကို ေျပာပါတယ္။ အဲဒီလို ေျပာျခင္းဟာ ေတာ္ေတာ္အေရးႀကီးတယ္။ က်ေနာ့္အျမင္မွာ တ႐ုတ္ဟာ ဗမာႏိုင္ငံနဲ႔ ပတ္သက္ရင္ အနာဂတ္ျဖစ္ျဖစ္၊ လက္ရွိျဖစ္ျဖစ္ ေဒၚေအာင္ဆန္းစုၾကည္ (သို႔မဟုတ္) NLD ပါတီရဲ႕ အခန္းက႑ကို ႀကိဳတင္ျမင္ၿပီးသာ ျဖစ္လို႔သာလွ်င္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD ကို ထည့္ေျပာျခင္း ျဖစ္ပါတယ္။ အဓိကေတာ့ NLD ကို ထည့္ေျပာျခင္း ျဖစ္တယ္။

တကယ္လို႔သာ အခုစစ္ေကာင္စီ လုပ္ခ်င္သလိုလုပ္ရင္ တ႐ုတ္ရဲ႕ အက်ိဳးစီးပြားေတြဟာ ပိုၿပီး မတိုးပြားပါနဲ႔ ဆုတ္ယုတ္စရာ ရွိတယ္။ အခုဆိုရင္ တ႐ုတ္လည္း ထင္မွတ္မထားဘူး။ တ႐ုတ္ဆန႔္က်င္ေရး စိတ္ဓါတ္ေတြ ေဖာ္ျပမႈေတြ လုပ္ေဆာင္ခ်က္ေတြက ေတာ္ေတာ္ေလး ႀကီးမားလာတယ္။ အဲဒီေတာ့ သူ႔ရဲ႕ အက်ိဳးစီးပြားကာကြယ္ေရးအတြက္ တ႐ုတ္ဟာ ဗမာႏိုင္ငံကို ၾကားဝင္ဖို႔ ႀကိဳးစားေကာင္း ႀကိဳးစားမလား။ ႀကိဳးစားရင္လဲ သူက အျဖစ္ႏိုင္ဆုံး ႏိုင္ငံတခု ျဖစ္တယ္လို႔ က်ေနာ္ ျမင္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ က်ေနာ္ စဥ္းစားတာက တ႐ုတ္ကို ၾကားဝင္ၿပီးေတာ့ ဘာလုပ္ခိုင္းမလဲ။ တ႐ုတ္ လုပ္ခိုင္းရင္ေကာ စစ္ေကာင္စီဘက္က လက္ခံမလား။ တေလာတုန္းက အေထာက္အထားေတြအရ ေျပာၾကတယ္။ တ႐ုတ္ဟာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ထက္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ပိုၿပီးေတာ့ နီးစပ္မႈ ရွိတယ္။ ေဒၚေအာင္ဆန္းစုၾကည္က ဟိုေ႐ြးေကာက္ပြဲႏိုင္ခဲ့ၿပီး ဘာမွေတာင္ မလုပ္ရေသးဘူး၊ ေကာ္ေဇာနီ ခင္းၿပီးေတာ့ ႏိုင္ငံအႀကီးအကဲတေယာက္လို သမၼတက ႀကိဳဆိုခဲ့တယ္။ ေနာက္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က က်ေနာ္တို႔ မၾကာခဏ ေျပာေနသလိုပဲ ႐ုရွား တီဗီနဲ႔ အင္တာဗ်ဴး လုပ္တဲ့ေနရာမွာ တိုင္းရင္းသားပုန္ကန္မႈကို မႏိုင္တာဟာ ေနာက္ကြယ္က အင္အားႀကီးႏိုင္ငံ ရွိေနလို႔ဆိုၿပီးေတာ့ တ႐ုတ္ကို ေျပာသြားတာရွိတယ္။ ဆိုေတာ့ ဒီဟာေတြကို စဥ္းစားၾကည့္ရင္ တ႐ုတ္ရဲ႕ စကားကို ဘယ္လိုေျပာလာမလဲေတာ့ မသိဘူး - စစ္တပ္ဘက္က နားေထာင္ႏိုင္တဲ့ အေျခအေန ရွိလာႏိုင္သလား။

ေျဖ ။ ။ စစ္တပ္ကလဲ ၁၉၆၂ ခုႏွစ္ကတည္းက တ႐ုတ္ရဲ႕ အကူအညီ မပါဘဲနဲ႔ အာဏာသိမ္းတဲ့ စစ္အစိုးရရယ္ဆိုၿပီး မရွိဘူး။ ၈၈ တုန္းကလဲ သူနဲ႔ပဲ အသက္ဆက္ခဲ့ရတာ။ အခုလဲပဲ တပ္မေတာ္မွာ စစ္လက္နက္ကိစၥေတြ။ ဦးသိန္းစိန္လက္ထက္တုန္းကေတာ့ ေခ်းေငြကိစၥ။ အတိုးႀကီးႀကီးနဲ႔ ေခ်းေငြကိစၥနဲ႔ ခ်ဳပ္ကိုင္ခဲ့တယ္။ အခုလဲပဲ တပ္မေတာ္အတြက္ စစ္လက္နက္ပစၥည္းကို တ႐ုတ္ဆီက အမ်ားဆုံး ဝယ္ရတယ္။ ေနာက္တခါ တ႐ုတ္ခင္းက်င္းထားတဲ့ ဇာတ္က ျမန္မာျပည္မွာ အႀကီးအက်ယ္ ရွိတယ္။ ဥပမာ လက္နက္ကိုင္ေနတဲ့ အဖြဲ႕အစည္းတခ်ိဳ႕။ တ႐ုတ္ရဲ႕ ၾသဇာမကင္းဘူးလို႔ လူတိုင္းက သိသလို၊ အဲဒီေတာ့ တ႐ုတ္မွာ leverage ေခၚတဲ့ ဖဲခ်ပ္က ေကာင္းေကာင္းကိုင္ထားတယ္။ နားမေထာင္ရင္လဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က နားေထာင္ရမယ့္ အေနအထားတရပ္ကို တြန္းပို႔ျခင္း ခံရတဲ့အတြက္ တ႐ုတ္ရဲ႕ ပါဝင္ပတ္သက္မႈကို စစ္တပ္က ခါးခါးသီးသီး ျငင္းလို႔ေတာ့ မရဘူးထင္တယ္။

ေမး ။ ။ ဆိုေတာ့ စိတ္ကူးနဲ႔ မွန္းၾကည့္တာေပါ့။ ဘယ္လိုမ်ား ေျပာလာႏိုင္မလဲ။ သူက … ေ႐ြးေကာက္ပြဲရလဒ္ကို အသိအမွတ္ျပဳလိုက္ဖို႔ ေျပာမလား။ သို႔တည္းမဟုတ္ ဘယ္လိုပုံစံမ်ိဳးနဲ႔မ်ား တ႐ုတ္က သူတို႔အတြက္ ထြက္ေပါက္ေပးမလဲဆိုတာလဲ စဥ္းစားစရာပဲ။

ေျဖ ။ ။ က်ေနာ္ ထင္တာကေတာ့ တ႐ုတ္က ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ျဖစ္ျဖစ္ NLD ျဖစ္ျဖစ္ ဘာလုပ္ပါလို႔ေတာ့ ေျပာမယ္လို႔ မထင္ဘူး။ အခုန ပထမအခ်က္ ေဆြးေႏြးသလိုပဲ အင္ဒိုနီးရွားျဖစ္ျဖစ္၊ အာဆီယံျဖစ္ျဖစ္က ေ႐ြးေကာက္ပြဲအသစ္ လုပ္မယ္ဆိုတဲ့ ကတိတည္ပါဆိုတဲ့ အခ်က္ဟာ ပယ္ခ်ျခင္း ခံရမွာ ျဖစ္တဲ့အတြက္ တ႐ုတ္ကလဲ ဒီအေၾကာင္းကို ေျပာလိမ့္မယ္လို႔ မထင္ဘူး။ တနည္းအားျဖင့္ သူ႔ရဲ႕ ပထမဦးဆုံး ထုတ္ျပန္ေၾကညာခ်က္လိုပဲ၊ အခ်င္းခ်င္း ညႇိႏႈိင္းေဆြးေႏြးၿပီးေတာ့ ဖြဲ႕စည္းပုံနဲ႔အညီ လုပ္ပါဆိုတဲ့ အခ်က္ဟာ အေတာ္ေလး ျဖစ္မွန္တဲ့ နည္းလမ္းျဖစ္တယ္။ အဲဒီေတာ့ သူက ေစ့စပ္ေဆြးေႏြးေရးကို သြားမယ္ထင္ရတယ္။ ေနာက္တခါ အေျခခံဥပေဒနဲ႔ မဖ်က္ဖို႔ ေျပာတယ္ဆိုေတာ့ ဒီအခ်က္ဟာ ႏွစ္ဘက္ၾကားက်ႏိုင္တဲ့ အေနအထားတရပ္ကို တ႐ုတ္က ဆုပ္ကိုင္ထားၿပီး ျဖစ္တဲ့အတြက္ တ႐ုတ္က အဲဒီလမ္းေၾကာင္းကိုပဲ သြားလိမ့္မယ္လို႔ က်ေနာ္က ထင္တယ္။


==Unicode==

လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ ထိပ်တိုက်တိုးမှု အကျပ်အတည်း ပြေလည်မှုတစုံတရာ ရရှိအောင် နိုင်ငံတကာက ကြားဝင်စေ့စပ်လာနိုင်ပါသလား၊ ဘယ်နိုင်ငံဘယ် အဖွဲ့အစည်းက လုပ်ဆောင်နိုင်ဖွယ် ရှိပါသလဲ။ အခုတပတ် မြန်မာ့အရေးသုံးသပ်ချက်မှာ ဒေါက်တာတင့်ဆွေနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဒီနေ့ ဆရာနဲ့ ဆွေးနွေးချင်တာကတော့ မြန်မာနိုင်ငံမှာ အခုဖြစ်ပေါ်နေတဲ့ ထိပ်တိုက်ရင်ဆိုင်မှု ပြေလည်ရေးအတွက် ပြည်ပနိုင်ငံတခုခုက ဝင်ရောက်ညှိနှိုင်း ဖြေရှင်းပေးနိုင်သလားဆိုတဲ့ ကိစ္စကို ဆွေးနွေးချင်တာ ဖြစ်ပါတယ်။ ပထမဦးဆုံးကတော့ အခုလောလောဆယ် ဖြစ်နေတဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် ရက်သတ္တပတ် (၃) ပတ် ကျော်လာပြီ ဖြစ်ပါတယ်။ တပ်မတော်ဘက်က အလျှော့ပေးမယ့် အရိပ်အရောင် လုံးဝမတွေ့ရသေးပါဘူး။ သူတို့က အစတုန်းကတော့ ဒီလောက်အထိ ပြည်သူလူထုရဲ့ တုံ့ပြန်ဆန့်ကျင်မှု ကြုံလာရလိမ့်မယ်လို့ မျှော်လင့်ချင်မှ မျှော်လင့်ခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ အခုအခါမှာ အင်မတန်မှ ကြီးမားတဲ့ လူထုဆန့်ကျင်မှုနဲ့ ကြုံတွေ့နေရတော့ တနည်းနည်းတော့ သူတို့ရဲ့ ရှေ့ကိုတော့ စဉ်းစားမယ် ထင်ပါတယ်။ ဒီအချိန်မှာ သူတို့လက်ခံနိုင်တဲ့ terms နဲ့ conditions နဲ့ သူတို့လက်ခံနိုင်တဲ့ အုပ်စုတခုခုက၊ နိုင်ငံတခုခုကသော်လည်းကောင်း ဝင်ရောက်စေ့စပ်ပေးရင် လက်ခံရင် ကောင်းမလားလို့ စဉ်းစားမိမယ် ထင်ပါတယ်။ ဒါက ကျနော့်ရဲ့ စဉ်းစားချက်ပါ။ ဆရာ ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ အခြေအနေကတော့ ဦးကျော်ဇံသာ သုံးသပ်သလိုပေါ့။ အာဏာသိမ်းစစ်အုပ်စုက ပြည်သူလူထုရဲ့ တုံ့ပြန်မှု ဒီလောက်အထိ ဖြစ်လိမ့်မယ်လို့ သူတို့ မမျှော်လင့်ခဲ့ကြတာတော့ အမှန်ဖြစ်တယ်လို့ ကျနော် သဘောတူပါတယ်။ ၁၉၆၂ ကနေစတဲ့ အာဏာသိမ်းမှုကြီး (၃) ခုမှာ အာဏာသိမ်းတဲ့ စစ်တပ်ကတော့ ပုံစံတမျိုးထဲပဲ ထူးမခြားနားပါဘဲ။ ဒါပေမဲ့ ဆန့်ကျင်တဲ့ အင်အားစု ပြည်သူလူထုဘက်က ဆန့်ကျင်မှုက ဒီ တတိယအကြိမ်ဟာ အထူးခြားဆုံးနဲ့ အသစ်ဆန်းဆုံး ဖြစ်ပါတယ်။ ဒီအတွက် နည်းလမ်းဟောင်းသုံးတဲ့ အာဏာသိမ်းစစ်ကောင်စီက ကြိုတင်တွက်ဆတာ မရှိဘူးဆိုတဲ့ အချက်ပါ။ ဒုတိယပိုင်း ဒီနေ့ဆွေးနွေးမယ့် မေးခွန်းဖြစ်တဲ့ စေ့စပ်ဆွေးနွေးရေးဟာ အပြင်ကနေ လာနိုင်သလားဆိုတဲ့အချက်ကို သွားရမယ်ဆိုရင် အခုအာဏာသိမ်းပြီးတော့ နိုင်ငံတကာကနေ တုံ့ပြန်မှုတွေကလဲ အမျိုးမျိုးရှိပါတယ်။ ထိပ်ဆုံးကတော့ ကုလသမဂ္ဂ UN ပေါ့။ နောက်တခါ US အမေရိက။ နောက်တခါ UK နဲ့ EU ပေါ့။ နောက်ဆုံးတခါ ASEAN ပေါ့။ နောက်တခါကြားထဲမှာ ထည့်တွက်လို့ရှိရင် ဂျပန်၊ အိန္ဒိယ၊ တရုတ်၊ ရုရှားဆိုပြီး စာရင်းချပါတယ်။

မေး ။ ။ ဆရာပြောတဲ့ နိုင်ငံတွေကို ကျနော်လည်း စဉ်းစားမိပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေကတော့ အရေးယူမှုတွေ၊ ဒဏ်ခတ်မှုတွေ လုပ်ပြီးတော့ ဖိအားပေးမယ်ဆိုတဲ့သဘောကို တွေ့ရပါတယ်။ သို့သော်လဲ ဒီနေရာမှာ သူတို့ထက် ပျော့ပျောင်းနိုင်တာက အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် ဆရာပြောတဲ့ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ အာဆီယံတို့။ အဲဒီဘက်ကလာရင် ပိုပြီအဆင်ပြေနိုင်မလား ဆိုတာကိုလည်း စဉ်းစားပါအုံး။

ဖြေ ။ ။ ပထမဦးဆုံးအချက်ကတော့ အာဆီယံကို ကိုယ်စားပြုတယ်ပဲပြောပြော၊ အာဆီယံအုပ်စုထဲက အင်အားကြီးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား။ အခုဆိုရင် အင်ဒိုနီးရှားက နာရီပိုင်းအတွင်းမှာ နေပြည်တော်ကို ရောက်လိမ့်မယ်ဆိုတဲ့ သတင်းရှိပါတယ်။ သို့သော် သူက ရောက်မလာသေးဘူး၊ ပြည်သူလူထုရဲ့ ဆန့်ကျင်မှုကို အရင်ကြုံနေရတဲ့ အနေအထားပါ။ ဒါကြောင့် မနေ့က သံရုံးက အဲဒီလို မဟုတ်ပါဘူးဆိုပြီးတော့ ပြောတော့ ကျနော့်ကောက်ချက်ကတော့ အင်ဒိုနီးရှားဟာ ဒီနေ့ ဗမာပြည်က အဖြစ်အပျက်ကို သူနားမလည်ဘူးလို့ ယူဆတယ်။ သူကလဲ လျှော့တွက်တာထားတယ်လို့ ယူဆတယ်။ ဒါကြောင့် သူဟာ အခုလာတာက ဆိုရှယ်မီဒီယာမှာ ရေးသလို၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သာမဟုတ်ဘဲနဲ့ ဒေါ်စုနဲ့တွေ့ဖို့ လာတယ်ဆိုရင် သူဟာ အာဆီယံထဲမှာ Hero ဖြစ်နိုင်တယ်ပေါ့။

မေး ။ ။ အင်ဒိုနီးရှားကတော့ သူတို့အနေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကတိအတိုင်း (၁) နှစ် အကြာမှာ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးခိုင်းအောင် အာဆီယံနိုင်ငံတွေ ဝိုင်းပြီးတော့ တိုက်တွန်းကြပါစို့ဆိုတဲ့ ကြွေးကြော်သံနဲ့ လာတယ်လို့ Reuters ထဲမှာ ဖတ်ရပါတယ်။ ဆိုတော့ ဒါက အင်ဒိုနီးရှားနိုင်ငံ တနိုင်ငံတည်းသာမက အာဆီယံတခုလုံးရဲ့ သဘောထားလဲ ဖြစ်နိုင်တယ်ပေါ့။

ဖြေ ။ ။ ကျနော်လည်း အဲဒီလိုတွက်တယ်။ တွက်ပေမယ့်လို့ မနေ့က အင်ဒိုနီးရှားသံရုံး သွားပြီးတော့ ဆန္ဒပြတဲ့အခါ အင်ဒိုနီးရှားနိုင်ငံ မြန်မာသံအမတ်ကြီးက အဲဒီလို မဟုတ်ပါဘူးဆိုပြီးတော့ တနည်းအားဖြင့် သူတို့ရဲ့ လေသံကို လျှော့ချတယ်။ လျှော့ချတယ်ဆိုတော့ ပြည်သူလူထုက ရွေးကောက်ပွဲအသစ်ကို လက်မခံဘူးဆိုတာကို အခုမှ သူသဘောပေါက်သွားပုံ ရပြီးတော့ အဲဒီတော့ နိုင်ငံခြားရေးဝန်ကြီးလည်း လာလို့ရှိရင် ရွေးကောက်ပွဲအသစ်ကိစ္စကို စောင်းပေးချင်တာ ပေးမလားလို့ ကျနော်က ထင်ပါတယ်။

မေး ။ ။ အဲဒီတော့ အာဆီယံကို ခဏဖယ်ထားပြီးတော့ တခြားအလားအလာရှိတဲ့ နိုင်ငံတွေအကြောင်း ပြောပါအုံး။

ဖြေ ။ ။ အလားအလာရှိတဲ့ အထဲမှာ ဂျပန်၊ အိန္ဒိယ၊ တရုတ်။ အိန္ဒိယက ကျနော့်အမြင်ကတော့ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးပေါ်လစီ၊ တနည်းအားဖြင့် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပေါ်လစီအရဆိုရင် တက်နေတဲ့ အစိုးရ ဒို့အစိုးရလုပ်တဲ့ နိုင်ငံခြားရေးပေါ်လစီ ကျင့်သုံးတဲ့အတွက် မမျှော်လင့်နိုင်ပါဘူး။ နောက်တခါ ဂျပန်က သိပ်မကြာသေးခင်၊ နှစ်ပိုင်းလေးအတွင်းမှာ မြန်မာနိုင်ငံအရေးမှာ တော်တော်လေး စိတ်ဝင်တစား ပြလာတာတွေ့တော့ သူ့ရဲ့ ပါဝင်ပတ်သက်မှုနဲ့ စိတ်ဝင်စားမှုကြောင့်များ လုပ်များလုပ်နိုင်လေမလားဆိုပြီး အမှတ်နည်းနည်းတော့ ပေးပါတယ်။

မေး ။ ။ ဒါပေမဲ့ ဂျပန်က တလောတုန်းက မစ္စတာဆာဆကာဝါ လာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သိပ်ပြီးတော့ အမြင်မကြည်လင်ဘူးဆိုတဲ့ သတင်းမျိုး သတင်းတွေမှာ ဖော်ပြကြတာ တွေ့ရပါတယ်။ သူ့ရဲ့ ဝင်ရောက်စေ့စပ်မှု။ အထူးသဖြင့် ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ အဲဒီမှာ ရွေးကောက်ပွဲ လုပ်ပေးပါ၊ ဘာညာပြောတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က သိပ်ပြီးတော့ မနှစ်မြိုတဲ့ လက္ခဏာပြတယ်လို့ ရေးကြပါတယ်။

ဖြေ ။ ။ နည်းနည်းတော့ ဖြစ်တယ်။ ကျနော်တို့ ဒီနေ့ဆွေးနွေးတဲ့ ခေါင်းစဉ်မှာ ဟုတ်တယ်။ ရခိုင်ပြည်ရဲ့ နိုင်ငံရေးကို ပြောရရင်တော့ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရှုပ်ရှုပ်ထွေထွေ ပြောရမယ်။ ဒီဒေသကို စိတ်ဝင်စားမှုပြတာ ကောင်းပါတယ်။ ကူညီချင်တာ ကောင်းပါတယ်။ သို့သော်လဲ ကျနော့်အမြင်ကတော့ ဂျပန်လဲပဲ သိပ်ပြီးတော့ မြန်မာနိုင်ငံရဲ့ အရေးကို နက်နက်ရှိုင်းရှိုင်း နားမလည်တဲ့ အနေအထားရှိတယ်။ သို့သော်လဲ ဂျပန်နိုင်ငံဟာ သူ့စီးပွားရေးနဲ့ သူ့ရဲ့နောက်ကြောင်းကို ကြည့်ရင်တော့ အလားအလာ တစုံတရာ အနည်းငယ်တော့ ရှိတာကြောင့် ကျနော် ထည့်တွက်ခြင်း ဖြစ်ပါတယ်။

မေး ။ ။ အဲဒီတော့ တရုတ်ပေါ့။ အရေးအကြီးဆုံး။ တရုတ်ရဲ့ အလားအလာ။

ဖြေ ။ ။ ဒီနေ့ ဆွေးနွေးတဲ့ ခေါင်းစဉ်မှာ ဘာကြောင့် ကြားဝင်ရမလဲ။ ဘယ်သူက ကြားဝင်မလဲဆိုတော့ ကျနော့်အမြင်ကတော့ ဒီကြားဝင်ပြီး အောင်မြင်သွားရင် သူတို့က နိုဘယ်ဆု ရဖို့မဟုတ်တာတော့ သေချာတယ်။ နောက်တခါ ဗမာနိုင်ငံကို ချစ်လို့ခင်လို့ မေတ္တာရှိလို့ မဟုတ်တာလဲ သေချာတယ်။ အဲဒီတော့ ကျနော်မြင်တာကတော့ အကျိုးစီးပွားကိစ္စ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်ရဲ့ အကျိုးစီးပွားဟာ အင်မတန်မှ ကြီးပွားပါတယ်။ တရုတ်နိုင်ငံက ဗမာနိုင်ငံကို ရေရှည်စီမံကိန်းကြီးထဲကနေ နိုင်ငံတခုအဖြစ် ဆက်ဆံလာခဲ့တာ သူက အတန်သင့် အတော့်ကို အောင်မြင်နေတဲ့ အနေအထားတခု။ သို့သော် အခု အာဏာသိမ်းတဲ့ ကိစ္စမှာ တရုတ်ဟာ အဆိုးဆုံး။ မနေ့က Atlantics မှာ ရေးသလို အဆိုးဆုံး အရှုံးသမား တရုတ် ဖြစ်နေပါတယ်။ ဒါက မီဒီယာအမြင်ပေါ့။ နောက်တခါ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး။ ဒုသံအမတ်ကြီး ပြောတာက ဒီနေ့ ဗမာပြည်မှာ ဖြစ်နေတာတွေက တရုတ်နိုင်ငံက မမြင်ချင်တဲ့ မြင်ကွင်းတွေ အဖြစ်အပျက်တွေ ဖြစ်တယ်လို့ ပြောတာဟာ ဒါက သူအမှန်အတိုင်း ပြောတာ။ နောက်တခါ သူ့ထူးခြားချက်တခုက တရုတ်နိုင်ငံဟာ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဆက်ဆံရေးကောင်းပါတယ်ဆိုတဲ့ အချက်နှစ်ချက်ကို ပြောပါတယ်။ အဲဒီလို ပြောခြင်းဟာ တော်တော်အရေးကြီးတယ်။ ကျနော့်အမြင်မှာ တရုတ်ဟာ ဗမာနိုင်ငံနဲ့ ပတ်သက်ရင် အနာဂတ်ဖြစ်ဖြစ်၊ လက်ရှိဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) NLD ပါတီရဲ့ အခန်းကဏ္ဍကို ကြိုတင်မြင်ပြီးသာ ဖြစ်လို့သာလျှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ထည့်ပြောခြင်း ဖြစ်ပါတယ်။ အဓိကတော့ NLD ကို ထည့်ပြောခြင်း ဖြစ်တယ်။

တကယ်လို့သာ အခုစစ်ကောင်စီ လုပ်ချင်သလိုလုပ်ရင် တရုတ်ရဲ့ အကျိုးစီးပွားတွေဟာ ပိုပြီး မတိုးပွားပါနဲ့ ဆုတ်ယုတ်စရာ ရှိတယ်။ အခုဆိုရင် တရုတ်လည်း ထင်မှတ်မထားဘူး။ တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်တွေ ဖော်ပြမှုတွေ လုပ်ဆောင်ချက်တွေက တော်တော်လေး ကြီးမားလာတယ်။ အဲဒီတော့ သူ့ရဲ့ အကျိုးစီးပွားကာကွယ်ရေးအတွက် တရုတ်ဟာ ဗမာနိုင်ငံကို ကြားဝင်ဖို့ ကြိုးစားကောင်း ကြိုးစားမလား။ ကြိုးစားရင်လဲ သူက အဖြစ်နိုင်ဆုံး နိုင်ငံတခု ဖြစ်တယ်လို့ ကျနော် မြင်ပါတယ်။

မေး ။ ။ အဲဒီတော့ ကျနော် စဉ်းစားတာက တရုတ်ကို ကြားဝင်ပြီးတော့ ဘာလုပ်ခိုင်းမလဲ။ တရုတ် လုပ်ခိုင်းရင်ကော စစ်ကောင်စီဘက်က လက်ခံမလား။ တလောတုန်းက အထောက်အထားတွေအရ ပြောကြတယ်။ တရုတ်ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုပြီးတော့ နီးစပ်မှု ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဟိုရွေးကောက်ပွဲနိုင်ခဲ့ပြီး ဘာမှတောင် မလုပ်ရသေးဘူး၊ ကော်ဇောနီ ခင်းပြီးတော့ နိုင်ငံအကြီးအကဲတယောက်လို သမ္မတက ကြိုဆိုခဲ့တယ်။ နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကျနော်တို့ မကြာခဏ ပြောနေသလိုပဲ ရုရှား တီဗီနဲ့ အင်တာဗျူး လုပ်တဲ့နေရာမှာ တိုင်းရင်းသားပုန်ကန်မှုကို မနိုင်တာဟာ နောက်ကွယ်က အင်အားကြီးနိုင်ငံ ရှိနေလို့ဆိုပြီးတော့ တရုတ်ကို ပြောသွားတာရှိတယ်။ ဆိုတော့ ဒီဟာတွေကို စဉ်းစားကြည့်ရင် တရုတ်ရဲ့ စကားကို ဘယ်လိုပြောလာမလဲတော့ မသိဘူး - စစ်တပ်ဘက်က နားထောင်နိုင်တဲ့ အခြေအနေ ရှိလာနိုင်သလား။

ဖြေ ။ ။ စစ်တပ်ကလဲ ၁၉၆၂ ခုနှစ်ကတည်းက တရုတ်ရဲ့ အကူအညီ မပါဘဲနဲ့ အာဏာသိမ်းတဲ့ စစ်အစိုးရရယ်ဆိုပြီး မရှိဘူး။ ၈၈ တုန်းကလဲ သူနဲ့ပဲ အသက်ဆက်ခဲ့ရတာ။ အခုလဲပဲ တပ်မတော်မှာ စစ်လက်နက်ကိစ္စတွေ။ ဦးသိန်းစိန်လက်ထက်တုန်းကတော့ ချေးငွေကိစ္စ။ အတိုးကြီးကြီးနဲ့ ချေးငွေကိစ္စနဲ့ ချုပ်ကိုင်ခဲ့တယ်။ အခုလဲပဲ တပ်မတော်အတွက် စစ်လက်နက်ပစ္စည်းကို တရုတ်ဆီက အများဆုံး ဝယ်ရတယ်။ နောက်တခါ တရုတ်ခင်းကျင်းထားတဲ့ ဇာတ်က မြန်မာပြည်မှာ အကြီးအကျယ် ရှိတယ်။ ဥပမာ လက်နက်ကိုင်နေတဲ့ အဖွဲ့အစည်းတချို့။ တရုတ်ရဲ့ သြဇာမကင်းဘူးလို့ လူတိုင်းက သိသလို၊ အဲဒီတော့ တရုတ်မှာ leverage ခေါ်တဲ့ ဖဲချပ်က ကောင်းကောင်းကိုင်ထားတယ်။ နားမထောင်ရင်လဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နားထောင်ရမယ့် အနေအထားတရပ်ကို တွန်းပို့ခြင်း ခံရတဲ့အတွက် တရုတ်ရဲ့ ပါဝင်ပတ်သက်မှုကို စစ်တပ်က ခါးခါးသီးသီး ငြင်းလို့တော့ မရဘူးထင်တယ်။

မေး ။ ။ ဆိုတော့ စိတ်ကူးနဲ့ မှန်းကြည့်တာပေါ့။ ဘယ်လိုများ ပြောလာနိုင်မလဲ။ သူက … ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုလိုက်ဖို့ ပြောမလား။ သို့တည်းမဟုတ် ဘယ်လိုပုံစံမျိုးနဲ့များ တရုတ်က သူတို့အတွက် ထွက်ပေါက်ပေးမလဲဆိုတာလဲ စဉ်းစားစရာပဲ။

ဖြေ ။ ။ ကျနော် ထင်တာကတော့ တရုတ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်ဖြစ် NLD ဖြစ်ဖြစ် ဘာလုပ်ပါလို့တော့ ပြောမယ်လို့ မထင်ဘူး။ အခုန ပထမအချက် ဆွေးနွေးသလိုပဲ အင်ဒိုနီးရှားဖြစ်ဖြစ်၊ အာဆီယံဖြစ်ဖြစ်က ရွေးကောက်ပွဲအသစ် လုပ်မယ်ဆိုတဲ့ ကတိတည်ပါဆိုတဲ့ အချက်ဟာ ပယ်ချခြင်း ခံရမှာ ဖြစ်တဲ့အတွက် တရုတ်ကလဲ ဒီအကြောင်းကို ပြောလိမ့်မယ်လို့ မထင်ဘူး။ တနည်းအားဖြင့် သူ့ရဲ့ ပထမဦးဆုံး ထုတ်ပြန်ကြေညာချက်လိုပဲ၊ အချင်းချင်း ညှိနှိုင်းဆွေးနွေးပြီးတော့ ဖွဲ့စည်းပုံနဲ့အညီ လုပ်ပါဆိုတဲ့ အချက်ဟာ အတော်လေး ဖြစ်မှန်တဲ့ နည်းလမ်းဖြစ်တယ်။ အဲဒီတော့ သူက စေ့စပ်ဆွေးနွေးရေးကို သွားမယ်ထင်ရတယ်။ နောက်တခါ အခြေခံဥပဒေနဲ့ မဖျက်ဖို့ ပြောတယ်ဆိုတော့ ဒီအချက်ဟာ နှစ်ဘက်ကြားကျနိုင်တဲ့ အနေအထားတရပ်ကို တရုတ်က ဆုပ်ကိုင်ထားပြီး ဖြစ်တဲ့အတွက် တရုတ်က အဲဒီလမ်းကြောင်းကိုပဲ သွားလိမ့်မယ်လို့ ကျနော်က ထင်တယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG