သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးထားသူတွေ ပြန်လွှတ်ဖို့ ကုလအတွင်းရေးမှူးချုပ် ထပ်မံတောင်းဆို


မှတ်တမ်းဓါတ်ပုံ- ဖေဖော်ဝါရီ ၉ ရက်နေ့က မန္တလေးမြို့တွင် ရဲများက ဆန္ဒပြသူများကို ဖမ်းဆီးထားစဉ် (Photo by STR / AFP)
မှတ်တမ်းဓါတ်ပုံ- ဖေဖော်ဝါရီ ၉ ရက်နေ့က မန္တလေးမြို့တွင် ရဲများက ဆန္ဒပြသူများကို ဖမ်းဆီးထားစဉ် (Photo by STR / AFP)

(Zawgyi/Unicode)

မြန်မာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းခံထားရသူ အားလုံး ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုထားပါတယ်။

"စစ်တပ် အနေနဲ့ ဖိနှိပ်ချုပ်ချယ်နေတာတွေ၊ အကြမ်းဖက်မှုတွေ ရပ်ပြီး လူ့အခွင့်အရေးနဲ့ ပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့လည်း" ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောဆိုကြောင်း ပြောခွင့်ရ Stéphane Dujarric က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မတည်မငြိမ် ဖြစ်နေတဲ့ မြန်မာ နိုင်ငံတွင်း ကိုယ်ဝန်ဆောင်မှုနဲ့ ကလေးမီးဖွားမှု အပါအဝင် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ အတွက် အရေးကြီးတဲ့ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု မလုံလောက်မယ့် အရေးကိုလည်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ UNFPA က သတိပေးလိုက်ပါတယ်။

မီးဖွားမှုနဲ့ မွေးကင်းစ ကလေးစောင့်ရှောက်မှုတွေမှာ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု မရရင် အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ အထိ စိုးရိမ်ဖွယ် အန္တရာယ် ရှိနိုင်ပြီး အထူးသဖြင့်တော့ ချို့တဲ့တဲ့ လူမှု အသိုင်းအဝိုင်းတွေမှာ ဖြစ်တယ်လို့ UNFPA က သတိပေးထားပါတယ်။ မြန်မာ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနေနဲ့ ကျန်းမာရေး ဝန်ထမ်းအများအပြား အလုပ်မဆင်းဘဲ ဆန္ဒပြနေကြတာပါ။

စစ်အုပ်ချုပ်ရေးကောင်စီကတော့ တပ်မတော် ဆေးရုံတွေနဲ့ တပ်မတော် ဆရာဝန်တွေကို အားကိုးနိုင်တယ်လို့ ပြောထားသလို အရပ်ဘက် ကျန်းမာရေး ဝန်ထမ်းတွေ အလုပ်ပြန်ဆင်းရေးလည်း တိုက်တွန်းနေပါတယ်။

တိုက်ရိုက် လင့်ခ်


..........


(Unicode)






XS
SM
MD
LG