သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္ေကာင္စီအေပၚ ႏိုင္ငံတကာဖိအားေပးမႈ တိုးလာ


ေနျပည္ေတာ္ရွိ လမ္းတခုမွာ လံုျခံဳေရးယူထားတဲ့ ျမန္မာစစ္တပ္။ (ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံတြင္း ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသူေတြအေပၚ အၾကမ္းဖက္ ႏွိမ္ႏွင္းတဲ့အေပၚ ကမာၻ႕စီးပြားေရးအင္အားႀကီး ခုႏွစ္ ႏိုင္ငံ G-7 က ျပင္းျပင္းထန္ထန္ အျပစ္တင္ ရႈတ္ခ်တယ္လို႔ ဒီေန႔ ေၾကညာခ်က္ထုတ္ျပန္ပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းယူအုပ္ခ်ဳပ္ေနတာကို G-7 အဖဲြ႕ တညီတၫြတ္ထဲ ထပ္ၿပီး ကန္႔ကြက္တယ္လိုက္တာပါ။ ျမန္မာစစ္တပ္နဲ႔ ရဲတပ္ဖဲြ႕အေနနဲ႔ လူ႔အခြင့္အေရးနဲ႔ ႏိုင္ငံတကာဥပေဒေတြကို ေလးစားလိုက္နာၿပီး အစြမ္းကုန္ ထိန္းထိန္းသိမ္းသိမ္း လုပ္ၾကဖို႔ ေၾကညာခ်က္မွာ တိုက္တြန္းပါတယ္။ လက္နက္မဲ့သူေတြအေပၚ က်ည္အစစ္ေတြနဲ႔ ပစ္ခတ္တာ လက္မခံႏိုင္ဘူး၊ ၿငိမ္းခ်မ္းစြာဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ႏွိမ္ႏွင္းသူေတြအေနနဲ႔ သူတို႔ရဲ႕ လုပ္ခံအတြက္တာဝန္ခံရမယ္လို႔ G-7 ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးေတြက ေျပာပါတယ္။ အာဏာသိမ္းတဲ့အတြက္ေၾကာင့္ ဆႏၵျပသူေတြအေပၚ ေႏွာင့္ယွက္ဖိႏွိပ္တဲ့လုပ္ရပ္ေတြကိုလည္း သူတို႔က ရႈတ္ခ်ပါတယ္။

ဆႏၵျပသူေတြ၊ ဆရာဝန္ေတြ၊ အစိုးရဝန္ထမ္းေတြ၊ သတင္းေထာက္ေတြကို ပစ္မွတ္ထားတာေတြ ရပ္ဖို႔နဲ႔ အေရးေပၚအေျခအေန ထုတ္ျပန္ထားတာကို ႐ုပ္သိမ္းဖို႔လည္း ေတာင္းဆိုသလို အကူအညီလိုအပ္သူေတြအတြက္ လူသားခ်င္းစာနာနဲ႔ အကူအညီေပးခြင့္ရဖို႔လည္း G-7 အဖဲြ႕က ေတာင္းဆိုပါတယ္။ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္နဲ႔ တရားလက္လြတ္ဖမ္းဆီးထားသူေတြအားလံုးကို ႁခြင္းခ်က္မရွိ ျပန္လႊတ္ေပးဖို႔လည္း G-7 အဖြဲ႔က ထပ္ၿပီးေထာင္းဆိုထားပါတယ္။ ဒီမိုကေရစီနဲ႔ လြတ္လပ္မႈအတြက္ ေတာင္းဆိုေနၾကသူေတြနဲ႔ အတူရပ္တည္ေနပါတယ္လို႔ G-7 ႏိုင္ငံျခားေရးဝန္ႀကီးေတြက ဒီေန႔ ထုတ္ျပန္တဲ့ ေၾကညာခ်က္ထဲမွာ ေျပာၾကားထားပါတယ္။

G-7 ႏိုင္ငံေတြထဲမွာ အေမရိကန္၊ ကေနဒါ၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ ၿဗိတိန္နဲ႔ ဂ်ပန္ႏိုင္ငံတို႔ ပါဝင္ပါတယ္။

အာဏာသိမ္းယူထားတဲ့ ျမန္မာႏိုင္ငံအေျခအေနနဲ႔ ပတ္သက္လို႔ ကုလသမဂၢအေထြေထြညီလာခံမွာ ေသာၾကာေန႔က်ရင္ အထူးစည္းေဝးပြဲလုပ္မွာ ျဖစ္ပါတယ္။ မူလအစီအစဥ္မရွိဘဲ အလြတ္သေဘာလုပ္မယ့္ စည္းေဝးပြဲက်ရင္ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener ကျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေနေတြကို ရွင္းျပမွာျဖစ္ပါတယ္။ ကုလသမဂၢအဖဲြ႕ဝင္ႏိုင္ငံတခ်ဳိ႕ရဲ႕ ေတာင္းဆိုမႈအရ အထူးအစည္းအေဝးလုပ္မွာျဖစ္တယ္လို႔ အေထြေထြညီလာခံ သဘာပတိေျပာခြင့္ရက အသိေပးထားပါတယ္။ ဒီေန႔ေခတ္ ကမာၻႀကီးမွာ အာဏာသိမ္းလုပ္ရပ္ကို ဘယ္လိုမွ လက္မခံႏိုင္ဘူးလို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ António Guterres ကလည္းေျပာၾကားထားပါတယ္။

၂၀၂၀ ေရြးေကာက္ပြဲမွာ မဲမသမာမႈေတြ ရွိႏိုင္တယ္ဆိုၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္က အာဏာသိမ္းယူ အုပ္ခ်ဳပ္ေနတဲ့ကိစၥကို အာဆီယံႏိုင္ငံေတြထဲမွာလည္း ေဆြးေႏြးႏိုင္ဖို႔ ႀကိဳးစားေနၾကပါတယ္။ ျမန္မာႏိုင္ငံမွာ ေနာက္ထပ္ေရြးေကာက္ပဲြလုပ္မယ့္ကိစၥကို အင္ဒိုနီးရွားႏိုင္ငံက လက္မခံပါဘူးလို႔ အင္ဒိုနီးရွားအစိုးရက ဒီကေန႔ ေျပာၾကားပါတယ္။ ျမန္မာ့အေရး အာဆီယံမွာ အထူးစည္းေဝးပြဲလုပ္ဖို႔ ႀကိဳးစားေနတဲ့ အင္ဒိုနီးရွားႏိုင္ငံအေနနဲ႔ အဖဲြ႕ဝင္ႏိုင္ငံေတြရဲ႕ သေဘာထားကို သိရေအာင္လုပ္ေနတာျဖစ္တယ္လို႔သူကဆိုပါတယ္။ အာဏာသိမ္းအုပ္ခ်ဳပ္ေနတဲ့ စစ္ေကာင္စီက ေျပာထားသလို လြတ္လပ္မွ်တတဲ့ ေရြးေကာက္ပြဲေတြျဖစ္လာေရး အာဆီယံက ေစာင့္ၾကည့္မယ့္အစီအစဥ္ေတြကို အင္ဒိုနီးရွားႏိုင္ငံက တိုက္တြန္းမယ္ဆိုတဲ့ Reuters သတင္းဌာနရဲ႕ သတင္းထြက္ေပၚခဲ့တာေၾကာင့္ ဒီအေပၚ ျမန္မာႏိုင္ငံမွာ ဆႏၵျပသူေတြ ေဒါသထြက္ခဲ့ၾကပါတယ္။ ဒီေန႔ အင္ဒိုနီးရွားသံရံုးေရွ႕ ဆႏၵျပၾကသူေတြကို သံရံုးေျပာခြင့္ရကလည္း ခုလို ထြက္ၿပီး ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

"ဒီမိုကေရစီစနစ္အေပၚ အားေပးတဲ့ အင္ဒိုနီးရွားႏိုင္ငံရဲ႕ ရပ္တည္ခ်က္ဟာ မေျပာင္းလဲပါဘူး။ အေျခအေနအားလံုးကို ဥပေဒေဘာင္ထဲေနပဲ ေျဖရွင္းရမယ္လို႔ အင္ဒိုနီးရွားသံံုးေျပာခြင့္ရက ေျပာၾကားသြားတာျဖစ္ပါတယ္။ ျမန္မာျပည္သူေတြရဲ႕ လံုျခံဳေရးဟာ အင္ဒိုနီးရွားႏိုင္ငံရဲ႕ အဓိက ဦးစားေပးျဖစ္တယ္။ ျပည္သူေတြ အႏၲရာယ္ျဖစ္မယ့္ လုပ္ရပ္တခုကိုမွ လုပ္မွာ မဟုတ္ဘူး။" လို႔ အင္ဒိုနီးရွား သံရံုးေရွ႕မွာ ေျပာေနသူေတြကို ေျပာၾကားသြားတာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔တုန္းက စစ္အာဏာသိမ္း အုပ္ခ်ဳပ္ေနသူေတြထဲက ေခါင္းေဆာင္ ႏွစ္ ေယာက္အေပၚ အေမရိကန္ျပည္ေထာင္စုက ထပ္ၿပီး ဒဏ္ခတ္ အေရးယူလိုက္ပါတယ္။ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္နဲ႔ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မ်ဳိးျမင့္ထြန္း တို႔ကို အေမရိကန္ဘ႑ာေရးဌာနရဲ႕ အေရးယူမႈ ဒဏ္ခတ္စာရင္းမွာ တနလၤာေန႔က ထပ္ၿပီး ထည့္သြင္းခဲ့တာပါ။ အာဏာသိမ္းအုပ္ခ်ဳပ္ေနသူေတြအေပၚ ေနာက္ထပ္ အေရးယူမႈေတြ ရွိလာႏိုင္တယ္လို႔လည္း အေမရိကန္ႏိုင္ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က သတင္းစာ ရွင္းလင္းပြဲမွာ ေျပာသြားပါတယ္။

"ျမန္မာျပည္သူေတြကို အားေပးေထာက္ခံတဲ့ အေမရိကန္ရဲ႕ ရည္မွန္းခ်က္အတိုင္း ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီနည္းလမ္းက် ေရြးေကာက္ခံထားရတဲ့ အစိုးရလက္ အာဏာျပန္ေရာက္ေအာင္လို႔ အာဏာသိမ္းယူ အုပ္ခ်ဳပ္ေနသူေတြအေပၚ ဖိအားေပးတဲ့အေနနဲ႔ ေနာက္ထပ္ ဒဏ္ခတ္မႈေတြ ရွိလာႏိုင္တယ္။" လို႔ အေမရိကန္ႏိုင္ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က ေျပာၾကားသြားတာျဖစ္ပါတယ္။ EU ဥေရာပသမဂၢကေတာ့ အာဏာသိမ္းမႈမွာ ပါဝင္ေနသူေတြအေပၚ ျပစ္မွတ္ထား ေနာက္ထပ္ အေရးယူဒဏ္ခတ္မႈေတြလုပ္ဖို႔ တနလၤာေန႔က ဆံုးျဖတ္ခဲ့ပါတယ္။

"စစ္အာဏာသိမ္းမႈမွာ တာဝန္ရွိသူေတြနဲ႔ သူတို႔ရဲ႕ စီးပြားေရး အက်ဳိးစီးပြားေတြအေပၚ ပစ္မွတ္ထား အေရးယူ ဒဏ္ခတ္ဖို႔ EU ႏိုင္ငံေတြၾကား သေဘာတူခဲ့ၾကပါတယ္။ အစိုးရ ေျပာင္းလဲျပဳျပင္ေရးအတြက္ EU က တိုက္႐ိုက္ေထာက္ပံ့ေနတဲ့ ေငြေၾကးေထာက္ပံ့မႈ အစီအစဥ္ကို ဆိုင္းထားလိုက္ပါတယ္။" လို႔ EU ႏိုင္ငံျခားေရးရာအႀကီးအကဲ Josep Borrell ကတနလၤာေန႔က ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ခုလို အာဏာယူအုပ္ခ်ဳပ္ေနသူေတြအေပၚ ျပည္ပက ဖိအားေတြတိုးေနခ်ိန္မွာ၊ ျပည္တြင္းက ျပည္သူေတြကလည္း အာဏာသိမ္းမႈ ဆန္႔က်င္ ကန္႔ကြက္မႈေတြကို ဆက္ၿပီး လုပ္ေနၾကပါတယ္။

"အာဏာလုတဲ့ စစ္ေကာင္စီ အလိုမရွိ၊ အလိုမရွိ။ အာဏာလုတဲ့ စစ္ေကာင္စီ အလိုမရွိ၊ အလိုမရွိ။"

မေန႔ကေလာက္ ဆႏၵျပသူအေရအတြက္ မမ်ားေပမဲ့ ရန္ကုန္ၿမိဳ႕ ေနရာအႏွံ႔မွာ ဆႏၵျပမႈေတြ ဆက္ၿပီး ရွိခဲ့ပါတယ္။

"လက္နက္ရွိတဲ့သူက ႏိုင္ေၾကးေပါ့ဗ်ာ။ အဲဒီလိုဟာၾကီးကို ဘယ္လိုမွ မၾကိဳက္ပါဘူး။ အဲဒီေတာ့ တသက္လံုးႏိုင္လာခဲ့တဲ့သူေတြဆိုေတာ့ လက္နက္အားကိုးနဲ႔ ႏွိမ္နင္းတာေတြ၊ ဘာေတြက က်ိမ္းေသေပါက္လုပ္မွာပါပဲ။ မေက်နပ္ဘူး။ ဒါေပမဲ့က်ေနာ္တို႔ေတြကလည္း ျငိမ္းခ်မ္းစြာပဲ ဆႏၵျပရမယ္၊ တံု႔ျပန္ရမယ္။ အဲဒါကို မေက်နပ္ေၾကာင္းေတာ့ ျပရမယ္။ ဒီလိုပဲ ထင္ပါတယ္။"

ျမန္မာႏိုင္ငံတဝန္း မႏၲေလး၊ မံုရြာ၊ ထားဝယ္စတဲ့ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ လည္း ဒီေန႔ဆက္ၿပီးဆႏၵျပၾကပါတယ္။ ေနျပည္ေတာ္ ပ်ဥ္းမနားမွာ မေန႔က ဖမ္းဆီးခံရတဲ့ ဆႏၵျပသူ ၂၀၀ ေက်ာ္ကေတာ့ ဒီေန႔ ျပန္လြတ္လာၾကပါတယ္။

မႏၲေလးၿမိဳ႕မွာ စေနေန႔က လံုျခံဳေရးတပ္ဖဲြ႕ေတြ ပစ္ခတ္ႏွိမ္နင္းမႈမွာ ေသဆံုးသြားတဲ့ ဆႏၵျပသူ ကိုသက္ႏိုင္၀င္းရဲ႕ အသုဘအခမ္းအနားကို မႏၲေလးမွာ ဒီေန႔က်င္းပပါတယ္။ ျပည္သူေတြတင္ေျမွာက္တဲ့ အစိုးရတက္လာတဲ့အခါက်မွ တရားမွ်တစြာ အဆံုးအျဖတ္ေပးႏိုင္ဖို႔အတြက္ တရားဥပေဒေၾကာင္းကေန ေဆာင္ရြက္သြားမယ္လို႔ က်န္ရစ္သူ ဇနီးျဖစ္သူက အသုဘအခမ္းအနားမွာ ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာစစ်ကောင်စီအပေါ် နိုင်ငံတကာဖိအားပေးမှု တိုးလာ

မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေအပေါ် အကြမ်းဖက် နှိမ်နှင်းတဲ့အပေါ် ကမ္ဘာ့စီးပွားရေးအင်အားကြီး ခုနှစ် နိုင်ငံ G-7 က ပြင်းပြင်းထန်ထန် အပြစ်တင် ရှုတ်ချတယ်လို့ ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းယူအုပ်ချုပ်နေတာကို G-7 အဖွဲ့ တညီတညွတ်ထဲ ထပ်ပြီး ကန့်ကွက်တယ်လိုက်တာပါ။ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာပြီး အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ ကြေညာချက်မှာ တိုက်တွန်းပါတယ်။ လက်နက်မဲ့သူတွေအပေါ် ကျည်အစစ်တွေနဲ့ ပစ်ခတ်တာ လက်မခံနိုင်ဘူး၊ ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နှင်းသူတွေအနေနဲ့ သူတို့ရဲ့ လုပ်ခံအတွက်တာဝန်ခံရမယ်လို့ G-7 နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက ပြောပါတယ်။ အာဏာသိမ်းတဲ့အတွက်ကြောင့် ဆန္ဒပြသူတွေအပေါ် နှောင့်ယှက်ဖိနှိပ်တဲ့လုပ်ရပ်တွေကိုလည်း သူတို့က ရှုတ်ချပါတယ်။

ဆန္ဒပြသူတွေ၊ ဆရာဝန်တွေ၊ အစိုးရဝန်ထမ်းတွေ၊ သတင်းထောက်တွေကို ပစ်မှတ်ထားတာတွေ ရပ်ဖို့နဲ့ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတာကို ရုပ်သိမ်းဖို့လည်း တောင်းဆိုသလို အကူအညီလိုအပ်သူတွေအတွက် လူသားချင်းစာနာနဲ့ အကူအညီပေးခွင့်ရဖို့လည်း G-7 အဖွဲ့က တောင်းဆိုပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ တရားလက်လွတ်ဖမ်းဆီးထားသူတွေအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့လည်း G-7 အဖွဲ့က ထပ်ပြီးထောင်းဆိုထားပါတယ်။ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် တောင်းဆိုနေကြသူတွေနဲ့ အတူရပ်တည်နေပါတယ်လို့ G-7 နိုင်ငံခြားရေးဝန်ကြီးတွေက ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။

G-7 နိုင်ငံတွေထဲမှာ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဗြိတိန်နဲ့ ဂျပန်နိုင်ငံတို့ ပါဝင်ပါတယ်။

အာဏာသိမ်းယူထားတဲ့ မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ သောကြာနေ့ကျရင် အထူးစည်းဝေးပွဲလုပ်မှာ ဖြစ်ပါတယ်။ မူလအစီအစဉ်မရှိဘဲ အလွတ်သဘောလုပ်မယ့် စည်းဝေးပွဲကျရင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကမြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို ရှင်းပြမှာဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတချို့ရဲ့ တောင်းဆိုမှုအရ အထူးအစည်းအဝေးလုပ်မှာဖြစ်တယ်လို့ အထွေထွေညီလာခံ သဘာပတိပြောခွင့်ရက အသိပေးထားပါတယ်။ ဒီနေ့ခေတ် ကမ္ဘာကြီးမှာ အာဏာသိမ်းလုပ်ရပ်ကို ဘယ်လိုမှ လက်မခံနိုင်ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ကလည်းပြောကြားထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိနိုင်တယ်ဆိုပြီး ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းယူ အုပ်ချုပ်နေတဲ့ကိစ္စကို အာဆီယံနိုင်ငံတွေထဲမှာလည်း ဆွေးနွေးနိုင်ဖို့ ကြိုးစားနေကြပါတယ်။ မြန်မာနိုင်ငံမှာ နောက်ထပ်ရွေးကောက်ပွဲလုပ်မယ့်ကိစ္စကို အင်ဒိုနီးရှားနိုင်ငံက လက်မခံပါဘူးလို့ အင်ဒိုနီးရှားအစိုးရက ဒီကနေ့ ပြောကြားပါတယ်။ မြန်မာ့အရေး အာဆီယံမှာ အထူးစည်းဝေးပွဲလုပ်ဖို့ ကြိုးစားနေတဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားကို သိရအောင်လုပ်နေတာဖြစ်တယ်လို့သူကဆိုပါတယ်။ အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်ကောင်စီက ပြောထားသလို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်လာရေး အာဆီယံက စောင့်ကြည့်မယ့်အစီအစဉ်တွေကို အင်ဒိုနီးရှားနိုင်ငံက တိုက်တွန်းမယ်ဆိုတဲ့ Reuters သတင်းဌာနရဲ့ သတင်းထွက်ပေါ်ခဲ့တာကြောင့် ဒီအပေါ် မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေ ဒေါသထွက်ခဲ့ကြပါတယ်။ ဒီနေ့ အင်ဒိုနီးရှားသံရုံးရှေ့ ဆန္ဒပြကြသူတွေကို သံရုံးပြောခွင့်ရကလည်း ခုလို ထွက်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။

"ဒီမိုကရေစီစနစ်အပေါ် အားပေးတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ရပ်တည်ချက်ဟာ မပြောင်းလဲပါဘူး။ အခြေအနေအားလုံးကို ဥပဒေဘောင်ထဲနေပဲ ဖြေရှင်းရမယ်လို့ အင်ဒိုနီးရှားသံုံးပြောခွင့်ရက ပြောကြားသွားတာဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ လုံခြုံရေးဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အဓိက ဦးစားပေးဖြစ်တယ်။ ပြည်သူတွေ အန္တရာယ်ဖြစ်မယ့် လုပ်ရပ်တခုကိုမှ လုပ်မှာ မဟုတ်ဘူး။" လို့ အင်ဒိုနီးရှား သံရုံးရှေ့မှာ ပြောနေသူတွေကို ပြောကြားသွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့တုန်းက စစ်အာဏာသိမ်း အုပ်ချုပ်နေသူတွေထဲက ခေါင်းဆောင် နှစ် ယောက်အပေါ် အမေရိကန်ပြည်ထောင်စုက ထပ်ပြီး ဒဏ်ခတ် အရေးယူလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမြင့်ထွန်း တို့ကို အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ အရေးယူမှု ဒဏ်ခတ်စာရင်းမှာ တနင်္လာနေ့က ထပ်ပြီး ထည့်သွင်းခဲ့တာပါ။ အာဏာသိမ်းအုပ်ချုပ်နေသူတွေအပေါ် နောက်ထပ် အရေးယူမှုတွေ ရှိလာနိုင်တယ်လို့လည်း အမေရိကန်နိုင် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

"မြန်မာပြည်သူတွေကို အားပေးထောက်ခံတဲ့ အမေရိကန်ရဲ့ ရည်မှန်းချက်အတိုင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ခံထားရတဲ့ အစိုးရလက် အာဏာပြန်ရောက်အောင်လို့ အာဏာသိမ်းယူ အုပ်ချုပ်နေသူတွေအပေါ် ဖိအားပေးတဲ့အနေနဲ့ နောက်ထပ် ဒဏ်ခတ်မှုတွေ ရှိလာနိုင်တယ်။" လို့ အမေရိကန်နိုင် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က ပြောကြားသွားတာဖြစ်ပါတယ်။ EU ဥရောပသမဂ္ဂကတော့ အာဏာသိမ်းမှုမှာ ပါဝင်နေသူတွေအပေါ် ပြစ်မှတ်ထား နောက်ထပ် အရေးယူဒဏ်ခတ်မှုတွေလုပ်ဖို့ တနင်္လာနေ့က ဆုံးဖြတ်ခဲ့ပါတယ်။

"စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေနဲ့ သူတို့ရဲ့ စီးပွားရေး အကျိုးစီးပွားတွေအပေါ် ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်ဖို့ EU နိုင်ငံတွေကြား သဘောတူခဲ့ကြပါတယ်။ အစိုးရ ပြောင်းလဲပြုပြင်ရေးအတွက် EU က တိုက်ရိုက်ထောက်ပံ့နေတဲ့ ငွေကြေးထောက်ပံ့မှု အစီအစဉ်ကို ဆိုင်းထားလိုက်ပါတယ်။" လို့ EU နိုင်ငံခြားရေးရာအကြီးအကဲ Josep Borrell ကတနင်္လာနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

ခုလို အာဏာယူအုပ်ချုပ်နေသူတွေအပေါ် ပြည်ပက ဖိအားတွေတိုးနေချိန်မှာ၊ ပြည်တွင်းက ပြည်သူတွေကလည်း အာဏာသိမ်းမှု ဆန့်ကျင် ကန့်ကွက်မှုတွေကို ဆက်ပြီး လုပ်နေကြပါတယ်။

"အာဏာလုတဲ့ စစ်ကောင်စီ အလိုမရှိ၊ အလိုမရှိ။ အာဏာလုတဲ့ စစ်ကောင်စီ အလိုမရှိ၊ အလိုမရှိ။"

မနေ့ကလောက် ဆန္ဒပြသူအရေအတွက် မများပေမဲ့ ရန်ကုန်မြို့ နေရာအနှံ့မှာ ဆန္ဒပြမှုတွေ ဆက်ပြီး ရှိခဲ့ပါတယ်။

"လက်နက်ရှိတဲ့သူက နိုင်ကြေးပေါ့ဗျာ။ အဲဒီလိုဟာကြီးကို ဘယ်လိုမှ မကြိုက်ပါဘူး။ အဲဒီတော့ တသက်လုံးနိုင်လာခဲ့တဲ့သူတွေဆိုတော့ လက်နက်အားကိုးနဲ့ နှိမ်နင်းတာတွေ၊ ဘာတွေက ကျိမ်းသေပေါက်လုပ်မှာပါပဲ။ မကျေနပ်ဘူး။ ဒါပေမဲ့ကျနော်တို့တွေကလည်း ငြိမ်းချမ်းစွာပဲ ဆန္ဒပြရမယ်၊ တုံ့ပြန်ရမယ်။ အဲဒါကို မကျေနပ်ကြောင်းတော့ ပြရမယ်။ ဒီလိုပဲ ထင်ပါတယ်။"

မြန်မာနိုင်ငံတဝန်း မန္တလေး၊ မုံရွာ၊ ထားဝယ်စတဲ့ မြို့တော်တော်များများမှာ လည်း ဒီနေ့ဆက်ပြီးဆန္ဒပြကြပါတယ်။ နေပြည်တော် ပျဉ်းမနားမှာ မနေ့က ဖမ်းဆီးခံရတဲ့ ဆန္ဒပြသူ ၂၀၀ ကျော်ကတော့ ဒီနေ့ ပြန်လွတ်လာကြပါတယ်။

မန္တလေးမြို့မှာ စနေနေ့က လုံခြုံရေးတပ်ဖွဲ့တွေ ပစ်ခတ်နှိမ်နင်းမှုမှာ သေဆုံးသွားတဲ့ ဆန္ဒပြသူ ကိုသက်နိုင်ဝင်းရဲ့ အသုဘအခမ်းအနားကို မန္တလေးမှာ ဒီနေ့ကျင်းပပါတယ်။ ပြည်သူတွေတင်မြှောက်တဲ့ အစိုးရတက်လာတဲ့အခါကျမှ တရားမျှတစွာ အဆုံးအဖြတ်ပေးနိုင်ဖို့အတွက် တရားဥပဒေကြောင်းကနေ ဆောင်ရွက်သွားမယ်လို့ ကျန်ရစ်သူ ဇနီးဖြစ်သူက အသုဘအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG