[Zawgyi/Unicode]
အာဏာသိမ္းစစ္အစိုးရလို႔ ေခၚေဝၚသုံးစြဲမယ့္ မီဒီယာေတြအေပၚ ထုတ္ေဝခြင့္ပိတ္သိမ္းတဲ့အထိ အေရးယူသြားမယ္လို႔ စစ္ေကာင္စီက သတိေပးထားတဲ့အေပၚ ျပည္တြင္းသတင္းမီဒီယာေတြဘက္က ဘယ္လိုသေဘာထားရွိသလဲဆိုတာကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက တင္ဆက္ေပးပါမယ္။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကစၿပီး အရပ္သားအစိုးရ ေခါင္းေဆာင္ေတြကို ဖမ္းဆီးထိန္းသိမ္းၿပီး စစ္တပ္က အာဏာသိမ္းလိုက္တာကို ဆန႔္က်င္ကန႔္ကြက္တဲ့ လမ္းေပၚထြက္ဆႏၵျပေနၾကတာဟာ ဒီကေန႔ထိ ဆက္ရွိေနဆဲပါ။ ႏိုင္ငံအႏွံံ႔က ေနရာေဒသအသီးသီးမွာ ဆႏၵျပျပည္သူ အလႊာေပါင္းစုံကေတာ့ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ေရး ဖမ္းဆီးခံထားရသူေတြကို အျမန္ဆုံးျပန္လႊတ္ေပးဖို႔ကို ေတာင္းဆိုေနၾကတာပါ။ ဒီဆႏၵျပမႈေတြရဲ႕ အေျခအေနေတြကို သတင္းမီဒီယာေတြအေနနဲ႔ တင္ဆက္ေပးေနတဲ့ေနရာမွာ စစ္တပ္ကို ရည္ၫႊန္းတဲ့ အသုံးအႏႈန္းေတြအေပၚ သတိေပးလိုက္တာပါ။
သတင္းေတြမွာ အာဏာသိမ္း စစ္အစိုးရဆိုတဲ့ အသုံးအႏႈန္းေတြကို သတိေပးထားၿပီး ဆက္ၿပီးသုံးေနမယ္ဆိုရင္ ထုတ္ေဝခြင့္ပိတ္သိမ္းတဲ့အထိ အေရးယူေဆာင္႐ြက္သြားမယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မေန႔တုန္းက ျပဳလုပ္တဲ့အစည္းအေဝးမွာ ထည့္သြင္းေျပာသြားတာပါ။ အဲဒီထဲမွာ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီကေနတဆင့္ မီဒီယာေတြနဲ႔ပတ္သက္ၿပီး က်င့္ဝတ္စည္းကမ္းေတြနဲ႔အညီ ေဆာင္႐ြက္ႏိုင္ဖို႔ကို ထိန္းသိမ္းၾကပ္မတ္ဖို႔ ေျပာထားေပမယ့္ သတင္းမီဒီယာေကာင္စီမွာ တာဝန္ယူထားသူေတြကေတာ့ အာဏာသိမ္းစစ္ေကာင္စီလက္ထက္မွာ အမ်ားစုက ႏုတ္ထြက္သြားၿပီျဖစ္ပါတယ္။
ျပည္တြင္းသတင္းမီဒီယာ တခုျဖစ္တဲ့ မဇၩိမသတင္းဌာနကေတာ့ အာဏာသိမ္းစစ္ေကာင္စီ၊ စစ္ေကာင္စီ၊ အာဏာသိမ္းစစ္အုပ္စု၊ စစ္အုပ္စု၊ စစ္အစိုးရဆိုတဲ့ အသုံးအႏႈန္းေတြကိုသာ သတင္းေတြမွာ ထည့္သုံးသြားမွာျဖစ္တယ္လို႔ အယ္ဒီတာခ်ဳပ္ ဦးစိန္ဝင္းက ေျပာပါတယ္။
"အခု ဆႏၵျပပြဲေတြ သြားၾကည့္လိုက္ရင္ အကုန္လုံးေတြ႕ရမွာက Military Coup ဆိုတဲ့ဟာခ်ည္းပဲ။ ဒါေတြကိုပဲ ေတာက္ေလွ်ာက္ေတြ႕ရမွာ။ အဲဒီေတာ့ ျပင္ပမွာ အဲဒီလို သုံးေနတာကို က်ေနာ္တို႔က မသုံးဘဲနဲ႔ ဖုံးကြယ္ထားလို႔ရတဲ့ ကိစၥမွ မဟုတ္တာ။ အဲဒါဆိုရင္ မီဒီယာမဟုတ္ေတာ့ဘူး။ မီဒီယာက တကယ့္ျပင္ပမွာ ျဖစ္ေနတဲ့ဟာကို ထင္ဟပ္ရမယ္။ လက္ေတြ႕ ဘာေတြျဖစ္ေနလဲဆိုတာကို ေျပာျပရမယ္၊ အမွန္တရားကို ေျပာရမယ္။"
႐ုပ္ျမင္သံၾကား အခမဲ့လႊင့္ေနတဲ့ လိုင္းေတြထဲမွာ သတင္းအသားေပးတဲ့ မီဒီယာတခုျဖစ္တဲ့ မဇၩိမကေတာ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကစၿပီး ထုတ္လႊင့္ခြင့္ ရပ္ဆိုင္းခံလိုက္ရတာပါ။
"ဥပေဒေၾကာင္းအရ ၾကည့္မယ္ဆိုရင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္တို႔ စစ္ေကာင္စီကို အာဏာလႊဲေပးလိုက္တယ္၊ အာဏာကို ထိန္းခိုင္းလိုက္တယ္၊ အေျခခံဥပေဒအရ သူတို႔ကပဲ ထိန္းသိမ္းရာေျမာက္ပါတယ္ဆိုတဲ့ဟာကို ဆုံးျဖတ္ေပးတဲ့ ခုံ႐ုံးတို႔၊ တရား႐ုံးတို႔ မရွိဘူး။ ကိုယ့္ဘာကိုယ္ စြဲခ်က္တင္၊ ကိုယ့္ဘာကိုယ္ ဆုံးျဖတ္ခ်က္ခ်၊ အဲဒီသလိုျဖစ္သြားတာ။ အဲဒီေတာ့ က်ေနာ္တို႔က အဲဒီေနာက္ကို လိုက္နာဖို႔ဆိုတာက ေတာ္ေတာ္မျဖစ္ႏိုင္တဲ့ကိစၥပဲေလ။ မီဒီယာကေတာ့ က်ေနာ္တို႔က လြတ္လြတ္လပ္လပ္ စဥ္းစားရတာပဲ။ က်ေနာ္တို႔က ဝါဒျဖန႔္ မဟုတ္ဘူး။"
႐ုပ္သံအခမဲ့လႊင့္ေနတဲ့ လိုင္းေတြထဲက ထုတ္လႊင့္ခြင့္ရပ္ဆိုင္းခံထားရတဲ့အထဲ DVB သတင္းဌာနလည္း အပါအဝင္ျဖစ္ပါတယ္။ စစ္ေကာင္စီဘက္က မီဒီယာေတြအေပၚ အသုံးအႏႈန္း သတိထားဖို႔ သတိေပးေနေပမယ့္ DVB သတင္းဌာနကေတာ့ တိုက္ရဲ႕ မူအတိုင္းသာ ဆက္ၿပီးေရးသားသြားမွာျဖစ္တယ္လို႔ သတင္းဒါ႐ိုက္တာ ဦးခင္ေမာင္စိုးက ေျပာပါတယ္။
"က်ေနာ္တို႔ကေတာ့ House Style အေနနဲ႔ကေတာ့ အာဏာသိမ္းအစိုးရနဲ႔ အာဏာသိမ္းခံတဲ့ NLD အစိုးရေပါ့၊ ဒါပဲသုံးတာေလ။ ဒါကေတာ့ က်ေနာ္တို႔အေနနဲ႔ေတာ့ သိပ္ေျပာင္းလဲဖို႔ မရွိပါဘူး။"
အာဏာသိမ္းစစ္အစိုးရဆိုတဲ့ အသုံးအႏႈန္းအေပၚ မေန႔က သတိေပးထားေပမဲ့ သတင္းမီဒီယာတခ်ိဳ႕မွာ ဒီကေန႔ ေဖာ္ျပခ်က္အရဆိုရင္ေတာ့ စစ္အာဏာရွင္၊ စစ္အာဏာသိမ္းမႈ၊ အာဏာသိမ္းစစ္အာဏာရွင္၊ အာဏာသိမ္းစစ္ေကာင္စီလို႔သာ သုံးစြဲေနတာကို ေတြ႕ရပါတယ္။ လမ္းေပၚထြက္ဆႏၵျပသူေတြဘက္ကလည္း အာဏာရွင္အလိုမရွိ၊ အာဏာသိမ္းစစ္အစိုးရ အလိုမရွိ၊ စစ္အာဏာသိမ္းမႈ အလိုမရွိဆိုတဲ့ စာသားေတြကို ေရွ႕ရက္ေတြကအတိုင္း ကိုင္ေဆာင္ဆႏၵျပေနၾကဆဲပါ။
စစ္အာဏာသိမ္းတာရဲ႕ ေနာက္ဆက္တြဲ လမ္းေပၚဆႏၵျပသူေတြ၊ ရပ္ကြက္လုံၿခဳံေရး တာဝန္ယူထားတဲ့ျပည္သူေတြအပါအဝင္ အၾကမ္းမဖက္တဲ့ အာဏာဖီဆန္ေရး လႈပ္ရွားမႈ CDM လုပ္ေဆာင္ေနသူေတြကိုပါ ဖမ္းဆီးအေရးယူတာေတြ၊ ၿဖိဳခြင္းမႈေတြေၾကာင့္ ထိခိုက္ဒဏ္ရာရသူေတြသာမက ေသဆုံးခဲ့ရသူေတြလည္း ရွိပါတယ္။ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီမွာ မေန႔တုန္းက ျမန္မာအေရးေဆြးေႏြးခဲ့တဲ့အထဲ ျမန္မာစစ္တပ္ရဲ႕ ဖိႏွိပ္ခ်ဳပ္ျခယ္မႈေတြကို ခ်က္ျခင္းရပ္တန႔္ဖို႔နဲ႔ ဖမ္းဆီးထားသူေတြကို လႊတ္ေပးဖို႔အပါအဝင္၊ အၾကမ္းဖက္တာေတြ ရပ္တန႔္ဖို႔ကိုလည္း ထည့္သြင္းေျပာဆိုခဲ့ၾကပါတယ္။
[Unicode Version]
အာဏာသိမ်းအစိုးရမသုံးဖို့ စစ်ကောင်စီသတိပေးချက် သတင်းမီဒီယာတွေ လက်မခံ
အာဏာသိမ်းစစ်အစိုးရလို့ ခေါ်ဝေါ်သုံးစွဲမယ့် မီဒီယာတွေအပေါ် ထုတ်ဝေခွင့်ပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့ စစ်ကောင်စီက သတိပေးထားတဲ့အပေါ် ပြည်တွင်းသတင်းမီဒီယာတွေဘက်က ဘယ်လိုသဘောထားရှိသလဲဆိုတာကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးပါမယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်ကန့်ကွက်တဲ့ လမ်းပေါ်ထွက်ဆန္ဒပြနေကြတာဟာ ဒီကနေ့ထိ ဆက်ရှိနေဆဲပါ။ နိုင်ငံအနှံံ့က နေရာဒေသအသီးသီးမှာ ဆန္ဒပြပြည်သူ အလွှာပေါင်းစုံကတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေး ဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ကို တောင်းဆိုနေကြတာပါ။ ဒီဆန္ဒပြမှုတွေရဲ့ အခြေအနေတွေကို သတင်းမီဒီယာတွေအနေနဲ့ တင်ဆက်ပေးနေတဲ့နေရာမှာ စစ်တပ်ကို ရည်ညွှန်းတဲ့ အသုံးအနှုန်းတွေအပေါ် သတိပေးလိုက်တာပါ။
သတင်းတွေမှာ အာဏာသိမ်း စစ်အစိုးရဆိုတဲ့ အသုံးအနှုန်းတွေကို သတိပေးထားပြီး ဆက်ပြီးသုံးနေမယ်ဆိုရင် ထုတ်ဝေခွင့်ပိတ်သိမ်းတဲ့အထိ အရေးယူဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မနေ့တုန်းက ပြုလုပ်တဲ့အစည်းအဝေးမှာ ထည့်သွင်းပြောသွားတာပါ။ အဲဒီထဲမှာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကနေတဆင့် မီဒီယာတွေနဲ့ပတ်သက်ပြီး ကျင့်ဝတ်စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ကို ထိန်းသိမ်းကြပ်မတ်ဖို့ ပြောထားပေမယ့် သတင်းမီဒီယာကောင်စီမှာ တာဝန်ယူထားသူတွေကတော့ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ အများစုက နုတ်ထွက်သွားပြီဖြစ်ပါတယ်။
ပြည်တွင်းသတင်းမီဒီယာ တခုဖြစ်တဲ့ မဇ္ဈိမသတင်းဌာနကတော့ အာဏာသိမ်းစစ်ကောင်စီ၊ စစ်ကောင်စီ၊ အာဏာသိမ်းစစ်အုပ်စု၊ စစ်အုပ်စု၊ စစ်အစိုးရဆိုတဲ့ အသုံးအနှုန်းတွေကိုသာ သတင်းတွေမှာ ထည့်သုံးသွားမှာဖြစ်တယ်လို့ အယ်ဒီတာချုပ် ဦးစိန်ဝင်းက ပြောပါတယ်။
"အခု ဆန္ဒပြပွဲတွေ သွားကြည့်လိုက်ရင် အကုန်လုံးတွေ့ရမှာက Military Coup ဆိုတဲ့ဟာချည်းပဲ။ ဒါတွေကိုပဲ တောက်လျှောက်တွေ့ရမှာ။ အဲဒီတော့ ပြင်ပမှာ အဲဒီလို သုံးနေတာကို ကျနော်တို့က မသုံးဘဲနဲ့ ဖုံးကွယ်ထားလို့ရတဲ့ ကိစ္စမှ မဟုတ်တာ။ အဲဒါဆိုရင် မီဒီယာမဟုတ်တော့ဘူး။ မီဒီယာက တကယ့်ပြင်ပမှာ ဖြစ်နေတဲ့ဟာကို ထင်ဟပ်ရမယ်။ လက်တွေ့ ဘာတွေဖြစ်နေလဲဆိုတာကို ပြောပြရမယ်၊ အမှန်တရားကို ပြောရမယ်။"
ရုပ်မြင်သံကြား အခမဲ့လွှင့်နေတဲ့ လိုင်းတွေထဲမှာ သတင်းအသားပေးတဲ့ မီဒီယာတခုဖြစ်တဲ့ မဇ္ဈိမကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ထုတ်လွှင့်ခွင့် ရပ်ဆိုင်းခံလိုက်ရတာပါ။
"ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ စစ်ကောင်စီကို အာဏာလွှဲပေးလိုက်တယ်၊ အာဏာကို ထိန်းခိုင်းလိုက်တယ်၊ အခြေခံဥပဒေအရ သူတို့ကပဲ ထိန်းသိမ်းရာမြောက်ပါတယ်ဆိုတဲ့ဟာကို ဆုံးဖြတ်ပေးတဲ့ ခုံရုံးတို့၊ တရားရုံးတို့ မရှိဘူး။ ကိုယ့်ဘာကိုယ် စွဲချက်တင်၊ ကိုယ့်ဘာကိုယ် ဆုံးဖြတ်ချက်ချ၊ အဲဒီသလိုဖြစ်သွားတာ။ အဲဒီတော့ ကျနော်တို့က အဲဒီနောက်ကို လိုက်နာဖို့ဆိုတာက တော်တော်မဖြစ်နိုင်တဲ့ကိစ္စပဲလေ။ မီဒီယာကတော့ ကျနော်တို့က လွတ်လွတ်လပ်လပ် စဉ်းစားရတာပဲ။ ကျနော်တို့က ဝါဒဖြန့် မဟုတ်ဘူး။"
ရုပ်သံအခမဲ့လွှင့်နေတဲ့ လိုင်းတွေထဲက ထုတ်လွှင့်ခွင့်ရပ်ဆိုင်းခံထားရတဲ့အထဲ DVB သတင်းဌာနလည်း အပါအဝင်ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က မီဒီယာတွေအပေါ် အသုံးအနှုန်း သတိထားဖို့ သတိပေးနေပေမယ့် DVB သတင်းဌာနကတော့ တိုက်ရဲ့ မူအတိုင်းသာ ဆက်ပြီးရေးသားသွားမှာဖြစ်တယ်လို့ သတင်းဒါရိုက်တာ ဦးခင်မောင်စိုးက ပြောပါတယ်။
"ကျနော်တို့ကတော့ House Style အနေနဲ့ကတော့ အာဏာသိမ်းအစိုးရနဲ့ အာဏာသိမ်းခံတဲ့ NLD အစိုးရပေါ့၊ ဒါပဲသုံးတာလေ။ ဒါကတော့ ကျနော်တို့အနေနဲ့တော့ သိပ်ပြောင်းလဲဖို့ မရှိပါဘူး။"
အာဏာသိမ်းစစ်အစိုးရဆိုတဲ့ အသုံးအနှုန်းအပေါ် မနေ့က သတိပေးထားပေမဲ့ သတင်းမီဒီယာတချို့မှာ ဒီကနေ့ ဖော်ပြချက်အရဆိုရင်တော့ စစ်အာဏာရှင်၊ စစ်အာဏာသိမ်းမှု၊ အာဏာသိမ်းစစ်အာဏာရှင်၊ အာဏာသိမ်းစစ်ကောင်စီလို့သာ သုံးစွဲနေတာကို တွေ့ရပါတယ်။ လမ်းပေါ်ထွက်ဆန္ဒပြသူတွေဘက်ကလည်း အာဏာရှင်အလိုမရှိ၊ အာဏာသိမ်းစစ်အစိုးရ အလိုမရှိ၊ စစ်အာဏာသိမ်းမှု အလိုမရှိဆိုတဲ့ စာသားတွေကို ရှေ့ရက်တွေကအတိုင်း ကိုင်ဆောင်ဆန္ဒပြနေကြဆဲပါ။
စစ်အာဏာသိမ်းတာရဲ့ နောက်ဆက်တွဲ လမ်းပေါ်ဆန္ဒပြသူတွေ၊ ရပ်ကွက်လုံခြုံရေး တာဝန်ယူထားတဲ့ပြည်သူတွေအပါအဝင် အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM လုပ်ဆောင်နေသူတွေကိုပါ ဖမ်းဆီးအရေးယူတာတွေ၊ ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေသာမက သေဆုံးခဲ့ရသူတွေလည်း ရှိပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မနေ့တုန်းက မြန်မာအရေးဆွေးနွေးခဲ့တဲ့အထဲ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေကို ချက်ခြင်းရပ်တန့်ဖို့နဲ့ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့အပါအဝင်၊ အကြမ်းဖက်တာတွေ ရပ်တန့်ဖို့ကိုလည်း ထည့်သွင်းပြောဆိုခဲ့ကြပါတယ်။