သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ အင္ဒိုနီးရွားသံရံုးေရွ႕ ဆႏၵျပစုေဝး


ရန္ကုန္ၿမိဳ႕ အင္ဒိုနီးရွားသံရံုးေရွ႕ စစ္အာဏာသိမ္းဆန္႔က်င္ ဆႏၵျပျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၃၊ ၂၀၂၁)

[Zawgyi/Unicode]

အာဏာသိမ္းစစ္ေကာင္စီကို ဖိအားေပးဖို႔ ရန္ကုန္ၿမိဳ႕က သံ႐ုံးေတြမွာ စုေဝးဆႏၵျပၾကရာမွာ ဒီကေန႔မွာေတာ့ အာဆီယံႏိုင္ငံျဖစ္တဲ့ အင္ဒိုနီးရွားႏိုင္ငံ သံရံုးေရွ႕မွာ ဆႏၵျပသူအေတာ္မ်ားမ်ား ရွိခဲ့ပါတယ္။ ဗြီအိုေအ သတင္းေထာက္ မအဂၢႏြန္က သတင္းေပးပို႔ထားပါတယ္။

ရန္ကုန္ၿမိဳ႕ အင္ဒိုနီးရွားသံရံုးေရွ႕ စစ္အာဏာသိမ္းဆန္႔က်င္ ဆႏၵျပျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၃၊ ၂၀၂၁)
ရန္ကုန္ၿမိဳ႕ အင္ဒိုနီးရွားသံရံုးေရွ႕ စစ္အာဏာသိမ္းဆန္႔က်င္ ဆႏၵျပျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၃၊ ၂၀၂၁)

ျမန္မာႏိုင္ငံက အာဏာသိမ္းစစ္တပ္ကို ႏိုင္ငံတကာက ဖိအားေပးဖို႔ ဆႏၵျပလူထုေတြ အာ႐ုံစိုက္လႈပ္ရွားလာေနၾကတာပါ။ ျမန္မာစစ္ေကာင္စီအေနနဲ႔ ေပးထားတဲ့ဂတိအတိုင္း ေနာက္ထပ္ေရြးေကာက္ပဲြ ျပဳလုပ္ႏိုင္ဖို႔ ေစာင့္ၾကည့္ဖိအားေပးမယ္လို႔ အင္ဒိုနီးရွားႏိုင္ငံျခားေရး၀န္ႀကီးက ေျပာဆိုတယ္ဆိုတဲ့ သတင္းထြက္လာတဲ့ေနာက္၊ စစ္အာဏာသိမ္းမႈဆန္႔က်င္တဲ့ဆႏၵျပသူေတြအေတာ္ေလး ေဒါသထြက္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ ဆႏၵျပသူေတြဘက္က ဒီကေန႔မွာ အင္ဒိုနီးရွားသံရံုးေရွ႕ကို ပိုအာရံုစိုက္လာပါတယ္။

အင္ဒိုနီးရွားသံ႐ုံးမွာ ဆႏၵျပေနတဲ့ သူတစ္ဦးကေတာ့ ဆံုး႐ႈံးသြားတဲ့ လူ႔အခြင့္အေရးကို ျပန္လည္ရရွိေစဖို႔နဲ႔ မတရားမႈကို ဆန္႔က်င္ခ်င္လို႔ ဆႏၵလာျပရတာလုိ႔ ေျပာပါတယ္။

“က်ေနာ္တို႔ ဒီလို အင္ဒိုသံ႐ုံးေရွ႕မွာ လူငယ္ေတြ လာၿပီး စု႐ုံးၿပီးဆႏၵျပၾကတယ္ဆိုတဲ့ ရည္ရြယ္ခ်က္က အဓိကတူညီတဲ့ ဘံုရည္ရြယ္ခ်က္ကေတာ့ က်ေနာ္တို႔ ဆံုး႐ႈံးေနတဲ့ လူ႔အခြင့္အေရးေတြကို ျပန္လည္ရေစဖို႔ရယ္၊ ေနာက္ၿပီးေတာ့ ဒီယုတ္မာလြန္တဲ့ သူတို႔လုပ္ရပ္ေတြကို ဆန္႔က်င္ခ်င္တဲ့ အတြက္ေၾကာင့္ က်ေနာ္မီွရာေကာက္ရုိးတမွ်စ္ဆြဲတဲ့ သေဘာနဲ႔ ဆႏၵလာျပေနျခင္းျဖစ္ပါတယ္။ အားလံုးလည္း တူညီတဲ့ ရည္ရြယ္ခ်က္ရွိၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ အေရးေတာ္ပံုေအာင္ရမည္။”

အရင္ရက္ေတြလိုပဲ ႏိုင္ငံတကာ သံ႐ုံးေတြ သြားလမ္းတဲ့ကို အဘက္ဘက္က သံဆူးႀကိဳးေတြ သံဇကာေတြနဲ႔ ပိတ္ခ်ထားၿပီး ရဲတပ္ဖြဲ႕က လံုၿခံဳေရးေနရာထားပါတယ္။ ဆႏၵျပလူထုေတြကလည္း အဲ့ဒီအနီးအနားမွာပဲ ဆက္ၿပီး ဆႏၵျပေနၾကတာပါ။ သံ႐ုံးေတြေရွ႕မွာ စုေဝးဆႏၵျပၾကတာက အႏၱရာယ္ကင္းႏိုင္သလို ႏိုင္ငံတကာရဲ႕ အာ႐ုံစိုက္မႈ ပိုရလာႏိုင္တာေၾကာင့္ လက္ရွိ သံ႐ုံးေတြေရွ႕မွာ စုေဝးဆႏၵျပၾကတာလို႔လည္း အင္ဒိုနီးရွားသံ႐ုံးမွာ ဆႏၵျပသူေတြက ေျပာၾကပါတယ္။

အင္ဒိုနီးရွားအစိုးရအေနနဲ႔ ဆႏၵျပ ျမန္မာလူထုရဲ႕ အသံကို နားေထာင္ၿပီး ျမန္မာျပည္သူဘက္က ရပ္တည္ေပးဖို႔ ေတာင္းဆိုရတယ္လို႔ ဆႏၵျပေနတဲ့ မေရႊရည္က ေျပာပါတယ္။

“ျမန္မာႏိုင္ငံရဲ႕ အေျပာင္းအလဲမွာ ဝိုင္းဝန္ၿပီးေတာ့ ကူညီေပးၾကဖို႔အတြက္ ဒီေန႔အင္ဒိုနီးရွားသံ႐ုံးမွာ လာၿပီးေတာ့ ဆႏၵျပတာပါ။ အင္ဒိုနီးရွားသံ႐ုံးက လူႀကီးအေနနဲ႔ ျမန္မာႏိုင္ငံကအေျပာင္းအလဲ ဒီလိုမ်ဳိး ဒီမိုကေရစီေျပာင္းလဲမႈမွာ ဝင္ေရာက္ၿပီးေတာ့ ျမန္မာႏိုင္ငံက ျပည္သူလူထုရဲ႕ လိုအပ္ခ်က္ေတြအလိုက္ ဝိုင္းဝန္ၿပီးေတာ့ ဆႏၵျပဳေပးဖို႔အတြက္ အာဆီယံႏိုင္ငံတစ္ႏိုင္ငံအေနနဲ႔ ကူညီေပးဖို႔အတြက္ကို ေတာင္းဆိုဖို႔အတြက္ ဆႏၵလာျပတာျဖစ္ပါတယ္။”

သံ႐ုံးေတြေရွ႕မွာ ဆႏၵျပသူေတြက အာဏာသိမ္းစစ္တပ္ကို ပိတ္ဆို႔ဒဏ္ရာေပးဖို႔ ဖမ္းဆီးထားတဲ့ ႏိုင္ငံ့ေခါင္းေတြ လြတ္ေျမာက္ေရး ႏိုင္ငံတကာအေနနဲ႔ ဝိုင္းဝန္ႀကိဳးပမ္းဖို႔ ေတာင္းဆိုေနၾကတာပါ။

အင္ဒိုနီးရွားသံ႐ုံးေရွ႕မွာ ဆႏၵျပေနသူ ကိုေအာင္ေအာင္ဦးကလည္း အခုလိုေျပာပါတယ္။

“က်ေနာ္တို႔ အင္ဒိုနီးရွားသံ႐ုံးေရွ႕မွာ က်ေနာ္တို႔ျပည္သူတစ္ရပ္လံုးကို က်ေနာ္ မသံုးစြဲပါဘူး။ အခုဒီမွာ ေရာက္ရွိေနတဲ့ access ရွိၾကတဲ့ ျပည္သူေတြက အင္ဒိုနီးရွားသံ႐ုံးကေနတဆင့္ အင္ဒိုနီးရွားျပည္သူေတြေရာ တစ္ကမၻာလံုးကို ၾကားေစခ်င္တာက က်ေနာ္တို႔ရဲ႕ ပံုမွန္ ျပင္မအသံေတြပါ က်ေနာ္တို႔ Government ကို က်ေနာ္တို႔ Election ျပဳလုပ္ၿပီးေတာ့ ေရြးခ်ယ္ခဲ့ၿပီးပါၿပီ။ ဒါကို ဒီစစ္အာဏာသိမ္းေကာင္စီက က်ေနာ္တို႔ကို ေရွ႕မွာ မတရားအာဏာသိမ္းယူသြားတာျဖစ္တဲ့အတြက္ ျပည္သူေတြက ဒီအသံေတြကို လာၿပီးေတာ့ လာေရာက္ထုတ္ေဖာ္တာျဖစ္ပါတယ္။ ဒါသည္ အင္ဒိုနီးရွားႏိုင္ငံသူ၊ ႏိုင္ငံသားေတြနဲ႔ အင္ဒိုနီးရွားအစိုးရကို က်ေနာ္တို႔လာၿပီးေတာ့ က်ေနာ္တို႔အသံၾကားေစခ်င္တာပါ။ က်ေနာ္တို႔က လာၿပီးေတာ့ ေႏွာင့္ယွက္ေနတာမဟုတ္ပါဘူး ခင္ဗ်။”

ျမန္မာႏိ္ုင္ငံက အင္ဒိုနီးရွားသံရံုးေရွ႕အခုလို ဆႏၵျပမႈေတြျဖစ္လာခ်ိန္မွာ အင္ဒိုနီးရွားႏိုင္ငံျခားေရးဌာနေျပာခြင့္ရသူကေတာ့ ျမန္မာလူထုဆႏၵကို အေလးထားေၾကာင္းနဲ႔ ေနာက္ထပ္ေရြးေကာက္ပဲြလုပ္ေပးဖို႔ ေတာင္းဆိုတဲ့ သေဘာ မဟုတ္ပါဘူးလို႔ သတင္းေထာက္ေတြကို ရွင္းလင္းခဲ့ပါတယ္။

ႏိုင္ငံတကာ အာ႐ုံစိုက္မႈရွိေအာင္ စစ္အာဏာသိမ္းကန္႔ကြက္ဆႏၵျပသူေတြဘက္က အေမရိကန္၊ တ႐ုတ္၊ ဂ်ပန္၊ ရွ႐ုား၊ အင္ဒိုနီးရွားစတဲ့ ႏိုင္ငံတကာသံ႐ုံးေတြမွာ ရက္ဆက္ဆိုသလို စုေဝးၿပီး လႈပ္ရွားလာၾကတာပါ။

အေမရိကန္ျပည္ေထာင္စုကေတာ့အေနနဲ႔ စစ္ေခါင္းေဆာင္ ၁၀ ဦး အပါအဝင္ ျမန္မာ့စီးပြားေရးလုပ္ငန္းႀကီး တစ္ခုရဲ႕ လက္ေအာက္ခံ ကုမၸဏီ သံုး ခုကို ဒဏ္ခတ္အေရးယူလုိက္ေၾကာင္း အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနကေန ေဖေဖာ္ဝါရီ ၁၁ ရက္ေန႔က ေၾကညာထားပါတယ္။

ကုလသမဂၢနဲ႔ အေမရိကန္ ျပည္ေထာင္စု အပါအ၀င္ ႏုိင္ငံတကာ အသုိင္းအ၀န္းကေတာ့ဆႏၵျပသူေတြအေပၚ အင္အားသုံးႏွိမ္နင္းတာေတြ မလုပ္ဖုိ႔ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိခြင့္ေတြကုိ ေလးစားလုိက္နာဖုိ႔လည္း သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန် အင်ဒိုနီးရှားသံရုံးရှေ့ ဆန္ဒပြစုဝေး

အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေးဖို့ ရန်ကုန်မြို့က သံရုံးတွေမှာ စုဝေးဆန္ဒပြကြရာမှာ ဒီကနေ့မှာတော့ အာဆီယံနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ သံရုံးရှေ့မှာ ဆန္ဒပြသူအတော်များများ ရှိခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာက ဖိအားပေးဖို့ ဆန္ဒပြလူထုတွေ အာရုံစိုက်လှုပ်ရှားလာနေကြတာပါ။ မြန်မာစစ်ကောင်စီအနေနဲ့ ပေးထားတဲ့ဂတိအတိုင်း နောက်ထပ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖို့ စောင့်ကြည့်ဖိအားပေးမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုတယ်ဆိုတဲ့ သတင်းထွက်လာတဲ့နောက်၊ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ဆန္ဒပြသူတွေအတော်လေး ဒေါသထွက်ခဲ့ကြပါတယ်။ ဒါကြောင့် ဆန္ဒပြသူတွေဘက်က ဒီကနေ့မှာ အင်ဒိုနီးရှားသံရုံးရှေ့ကို ပိုအာရုံစိုက်လာပါတယ်။

အင်ဒိုနီးရှားသံရုံးမှာ ဆန္ဒပြနေတဲ့ သူတစ်ဦးကတော့ ဆုံးရှုံးသွားတဲ့ လူ့အခွင့်အရေးကို ပြန်လည်ရရှိစေဖို့နဲ့ မတရားမှုကို ဆန့်ကျင်ချင်လို့ ဆန္ဒလာပြရတာလို့ ပြောပါတယ်။

“ကျနော်တို့ ဒီလို အင်ဒိုသံရုံးရှေ့မှာ လူငယ်တွေ လာပြီး စုရုံးပြီးဆန္ဒပြကြတယ်ဆိုတဲ့ ရည်ရွယ်ချက်က အဓိကတူညီတဲ့ ဘုံရည်ရွယ်ချက်ကတော့ ကျနော်တို့ ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေးတွေကို ပြန်လည်ရစေဖို့ရယ်၊ နောက်ပြီးတော့ ဒီယုတ်မာလွန်တဲ့ သူတို့လုပ်ရပ်တွေကို ဆန့်ကျင်ချင်တဲ့ အတွက်ကြောင့် ကျနော်မှီရာကောက်ရိုးတမျှစ်ဆွဲတဲ့ သဘောနဲ့ ဆန္ဒလာပြနေခြင်းဖြစ်ပါတယ်။ အားလုံးလည်း တူညီတဲ့ ရည်ရွယ်ချက်ရှိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အရေးတော်ပုံအောင်ရမည်။”

အရင်ရက်တွေလိုပဲ နိုင်ငံတကာ သံရုံးတွေ သွားလမ်းတဲ့ကို အဘက်ဘက်က သံဆူးကြိုးတွေ သံဇကာတွေနဲ့ ပိတ်ချထားပြီး ရဲတပ်ဖွဲ့က လုံခြုံရေးနေရာထားပါတယ်။ ဆန္ဒပြလူထုတွေကလည်း အဲ့ဒီအနီးအနားမှာပဲ ဆက်ပြီး ဆန္ဒပြနေကြတာပါ။ သံရုံးတွေရှေ့မှာ စုဝေးဆန္ဒပြကြတာက အန္တရာယ်ကင်းနိုင်သလို နိုင်ငံတကာရဲ့ အာရုံစိုက်မှု ပိုရလာနိုင်တာကြောင့် လက်ရှိ သံရုံးတွေရှေ့မှာ စုဝေးဆန္ဒပြကြတာလို့လည်း အင်ဒိုနီးရှားသံရုံးမှာ ဆန္ဒပြသူတွေက ပြောကြပါတယ်။

အင်ဒိုနီးရှားအစိုးရအနေနဲ့ ဆန္ဒပြ မြန်မာလူထုရဲ့ အသံကို နားထောင်ပြီး မြန်မာပြည်သူဘက်က ရပ်တည်ပေးဖို့ တောင်းဆိုရတယ်လို့ ဆန္ဒပြနေတဲ့ မရွှေရည်က ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ အပြောင်းအလဲမှာ ဝိုင်းဝန်ပြီးတော့ ကူညီပေးကြဖို့အတွက် ဒီနေ့အင်ဒိုနီးရှားသံရုံးမှာ လာပြီးတော့ ဆန္ဒပြတာပါ။ အင်ဒိုနီးရှားသံရုံးက လူကြီးအနေနဲ့ မြန်မာနိုင်ငံကအပြောင်းအလဲ ဒီလိုမျိုး ဒီမိုကရေစီပြောင်းလဲမှုမှာ ဝင်ရောက်ပြီးတော့ မြန်မာနိုင်ငံက ပြည်သူလူထုရဲ့ လိုအပ်ချက်တွေအလိုက် ဝိုင်းဝန်ပြီးတော့ ဆန္ဒပြုပေးဖို့အတွက် အာဆီယံနိုင်ငံတစ်နိုင်ငံအနေနဲ့ ကူညီပေးဖို့အတွက်ကို တောင်းဆိုဖို့အတွက် ဆန္ဒလာပြတာဖြစ်ပါတယ်။”

သံရုံးတွေရှေ့မှာ ဆန္ဒပြသူတွေက အာဏာသိမ်းစစ်တပ်ကို ပိတ်ဆို့ဒဏ်ရာပေးဖို့ ဖမ်းဆီးထားတဲ့ နိုင်ငံ့ခေါင်းတွေ လွတ်မြောက်ရေး နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်ကြိုးပမ်းဖို့ တောင်းဆိုနေကြတာပါ။

အင်ဒိုနီးရှားသံရုံးရှေ့မှာ ဆန္ဒပြနေသူ ကိုအောင်အောင်ဦးကလည်း အခုလိုပြောပါတယ်။

“ကျနော်တို့ အင်ဒိုနီးရှားသံရုံးရှေ့မှာ ကျနော်တို့ပြည်သူတစ်ရပ်လုံးကို ကျနော် မသုံးစွဲပါဘူး။ အခုဒီမှာ ရောက်ရှိနေတဲ့ access ရှိကြတဲ့ ပြည်သူတွေက အင်ဒိုနီးရှားသံရုံးကနေတဆင့် အင်ဒိုနီးရှားပြည်သူတွေရော တစ်ကမ္ဘာလုံးကို ကြားစေချင်တာက ကျနော်တို့ရဲ့ ပုံမှန် ပြင်မအသံတွေပါ ကျနော်တို့ Government ကို ကျနော်တို့ Election ပြုလုပ်ပြီးတော့ ရွေးချယ်ခဲ့ပြီးပါပြီ။ ဒါကို ဒီစစ်အာဏာသိမ်းကောင်စီက ကျနော်တို့ကို ရှေ့မှာ မတရားအာဏာသိမ်းယူသွားတာဖြစ်တဲ့အတွက် ပြည်သူတွေက ဒီအသံတွေကို လာပြီးတော့ လာရောက်ထုတ်ဖော်တာဖြစ်ပါတယ်။ ဒါသည် အင်ဒိုနီးရှားနိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ အင်ဒိုနီးရှားအစိုးရကို ကျနော်တို့လာပြီးတော့ ကျနော်တို့အသံကြားစေချင်တာပါ။ ကျနော်တို့က လာပြီးတော့ နှောင့်ယှက်နေတာမဟုတ်ပါဘူး ခင်ဗျ။”

မြန်မာနိုင်ငံက အင်ဒိုနီးရှားသံရုံးရှေ့အခုလို ဆန္ဒပြမှုတွေဖြစ်လာချိန်မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနပြောခွင့်ရသူကတော့ မြန်မာလူထုဆန္ဒကို အလေးထားကြောင်းနဲ့ နောက်ထပ်ရွေးကောက်ပွဲလုပ်ပေးဖို့ တောင်းဆိုတဲ့ သဘော မဟုတ်ပါဘူးလို့ သတင်းထောက်တွေကို ရှင်းလင်းခဲ့ပါတယ်။

နိုင်ငံတကာ အာရုံစိုက်မှုရှိအောင် စစ်အာဏာသိမ်းကန့်ကွက်ဆန္ဒပြသူတွေဘက်က အမေရိကန်၊ တရုတ်၊ ဂျပန်၊ ရှရုား၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံတကာသံရုံးတွေမှာ ရက်ဆက်ဆိုသလို စုဝေးပြီး လှုပ်ရှားလာကြတာပါ။

အမေရိကန်ပြည်ထောင်စုကတော့အနေနဲ့ စစ်ခေါင်းဆောင် ၁၀ ဦး အပါအဝင် မြန်မာ့စီးပွားရေးလုပ်ငန်းကြီး တစ်ခုရဲ့ လက်အောက်ခံ ကုမ္ပဏီ သုံး ခုကို ဒဏ်ခတ်အရေးယူလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကနေ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကြေညာထားပါတယ်။

ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကတော့ဆန္ဒပြသူတွေအပေါ် အင်အားသုံးနှိမ်နင်းတာတွေ မလုပ်ဖို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို လေးစားလိုက်နာဖို့လည်း သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG