သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေနျပည္ေတာ္ဆႏၵျပမႈ လူ ၁၅၀ ထက္မနည္း ဖမ္းဆီးခံရ


ေနျပည္ေတာ္ရွိ ႏွင္းဆီအဝိုင္းအနီး စစ္အာဏာဆန္႔က်င္ ဆႏၵျပပဲြ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၂၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္အာဏာသိမ္း ၂၂ ရက္ေျမာက္ ေန႔ျဖစ္တဲ့ ၂၂၊ ၂၊ ၂၀၂၁ ခုႏွစ္၊ ႏွစ္ ငါးလုံးစံုတဲ့ ဒီေန႔မွာ ႏိုင္ငံတဝန္းအေထြေထြ သပိတ္ဆင္ႏႊဲခဲ့တာမွာ အစိုးရ႐ုံးစိုက္ရာ ေနျပည္ေတာ္နဲ႔ ပ်ဥ္းမနားဘက္မွာေတာ့ ဆႏၵျပသူေတြကို ဖမ္းဆီးတာေတြ၊ သတင္းယူေနတဲ့ သတင္းေထာက္ေတြကို ဖမ္းဆီးဖို႔ လုပ္ေဆာင္တာေတြရွိခဲ့ပါတယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

ႏွစ္ငါးလုံး အေထြေထြသပိတ္ဆင္ႏႊဲဖို႔ တတ္ႂကြသူေတြ ႏႈိးေဆာ္ခဲ့တဲ့ေနာက္ ဒီကေန႔မွာ ျမန္မာႏိုင္ငံၿမိဳ႕တဝန္းမွာ စစ္အာဏာသိမ္းဆႏၵျပမႈေတြ အရွိန္ျမင့္လာပါတယ္။ ေနျပည္ေတာ္မွာေတာ့ ဒီကေန႔ညေနပိုင္း အဖမ္းအဆီးေတြ ရွိခဲ့ပါတယ္။

ေနျပည္ေတာ္မွာ ကိုယ္တိုင္သတင္းသြားယူေနစဥ္မွာ သတင္းေထာက္ေတြကို ဖမ္းဆီးၿပီး ကင္မရာေတြသိမ္းဖို႔ လုပ္ေဆာင္လာတာေတြေၾကာင့္ ေျပးခဲ့ရတယ္လို႔ ကိုယ္တိုင္ႀကဳံခဲ့ရတဲ့ သတင္းေထာက္ တဦးက ဗြီအိုေအကို ေျပာပါတယ္။

"ပတ္ေနတာ ႏွင္းဆီအဝိုင္းမွာေပါ့... ေအးေအးခ်မ္းခ်မ္းပဲ ဘာမွမလုပ္ဘူး။ အၾကမ္းဖက္တာလည္း မလုပ္ဘဲ... ပတ္ၿပီး ၁၁ ေလာက္မွာ ႏွင္းဆီးအဝိုင္းကို ပတ္ၿပီး ျပန္တာေပါ့ေနာ္။ လူလည္း ကုန္ၿပီေပါ့ေနာ္... ေနာက္ဆံုးလူေတြအထြက္ေပါ့။ ျပန္ထြက္ခါနီးမွာ စစ္ကားေတြ၊ ရဲကားေတြက မီးေတြ အတင္းထိုးၿပီးေတာ့ ေရွ႕ကိုအတင္းတိုး ေမာင္းလာၿပီးေတာ့ ဖမ္းဖို႔လုပ္တာေပါ့ေနာ္... အကုန္လံုး ရုတ္ရုတ္သဲသဲ ထြက္ေျပးၾကတယ္။ ထြက္ေျပးတဲ့အခ်ိန္မွာ သတင္းေထာက္တခ်ိဳ႕က ေဘးကေန မွတ္တမ္းယူေနတဲ့အခ်ိန္မွာ ရဲတေယာက္ကေတာ့ အႏၱရာယ္ျဖစ္တာမ်ိဳးေရွာင္လိုက္ပါလို႔ ေျပာတဲ့အခ်ိန္မွာ ေနာက္ကစစ္တပ္အရာရွိတေယာက္က ေရာက္လာၿပီးေတာ့ သူတို႔ကိုလည္းဖမ္း၊ ကင္မရာေတြ သိမ္းဆိုၿပီးလုပ္ေတာ့ အဲဒီမွာ သတင္းေထာက္ေတြ ထြက္ေျပးရတာေပါ့ေနာ္။"

ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသူတခ်ိဳ႕အျပင္ ဆႏၵျပသူေတြကို အစားအေသာက္ ကူညီေပးေနသူေတြကိုပါ အတင္းဖမ္းဆီး ေခၚေဆာင္တာေတြ ရွိခဲ့ၿပီး ပ်ဥ္းမနားနာရီစင္ အနီးမွာလည္း ဆႏၵျပသပိတ္စစ္ေၾကာင္းမွ ပါဝင္သူတခ်ိဳ႕ကို ဖမ္းဆီးေခၚေဆာင္တာေတြ လုပ္ခဲ့တယ္လို႔ ပ်ဥ္းမနားေဒသခံ ဦးဝင္းက ဗြီအိုေအကို ေျပာပါတယ္။

"ပ်ဥ္းမနားစစ္ေၾကာင္း ၁၀၀,၀၀၀ ေလာက္ပါတဲ့ စစ္ေၾကာင္းကို အဝိုင္းကေန ပ်ဥ္းမနားၿမိဳ႕ထဲကို အဝိုင္းပတ္ၿပီး ျပန္တာေပါ့ေနာ္။ အဲဒီလူတန္းလည္း ကုန္သြားေရာ သူတို႔က ႏွင္းဆီအဝိုင္းကို အေျပးအလႊားတက္ၿပီး ေနရာယူၾကတယ္။ ယူတဲ့အခ်ိန္မွာ က်န္တဲ့လူေတြက ေျပးၾကတာေပါ့။ မေျပးတဲ့လူေတြလည္း ရွိတယ္။ အေအးေဝေနတဲ့လူေတြလည္း ရွိတယ္။ ေနာက္ ထမင္းထုတ္ေဝေနတဲ့သူေတြ ရွိတယ္။ က်ေနာ့္အသိေတြပဲ ေတာ္ေတာ္မ်ားမ်ား။ မိသားစုလိုက္ ကားေပၚေကာက္တင္သြားတယ္။ ဖမ္းသြားတာေပါ့ေနာ္။ အဲဒီမွာလည္း ေတာ္ေတာ္မ်ားတယ္။ ေနာက္ၿပီးေတာ့ သူတို႔က သပိတ္စစ္ေၾကာင္းေနာက္ကေန လိုက္ၿပီးေတာ့ သင္းကဲြၿပီး က်န္ေနခဲ့တဲ့ ဆိုင္ကယ္နဲ႔လူဆိုလည္း ဆိုင္ကယ္ပါတခါထဲ သူတို႔က ေကာက္တင္တာ ... အဲဒီလိုမ်ိဳး။ ေနာက္တခုက တေနရာက ပ်ဥ္းမနား ဗိုလ္ခ်ဳပ္ေၾကးရုပ္ အဲဒီေရွ႕မွာလည္း ဖမ္းသြားတယ္။ ေျပာရမယ္ဆိုရင္ ဥပေဒနဲ႔ မညီဘဲ ဖမ္းတာေပါ့ဗ်ာ။ ျပေနတဲ့ အခ်ိန္မဟုတ္ဘူး... အဲဒီလူေတြက။ ဆႏၵျပေနတဲ့ေနရာမဟုတ္ဘူး။ အဲဒီေတာ့ ခန္႔မွန္းေျခ ၁၅၀ ထက္ မနည္းဘူး... ေခၚသြားတာေတာ့။"

ေနျပည္ေတာ္မွာ ဒီကေန႔ ဖမ္းဆီးခံရသူ ၁၅၀ ထက္မနည္းရွိတယ္လို႔ တတ္ႂကြလႈပ္ရွားသူေတြက ေျပာပါတယ္။ ဖမ္းဆီးခံစာရင္းကို ျပဳစုေနဆဲ ျဖစ္ၿပီး ဒီထက္ပိုႏိုင္ဖြယ္လည္း ရွိတယ္လို႔ ေျပာပါတယ္။ ဒီလူေတြကို ဧက ၃,၀၀၀ မွာ ရွိတဲ့ ေနျပည္ေတာ္အက်ဥ္းေထာင္နဲ႔ ေတာင္ညိဳဘက္မွာရွိတဲ့ ေနျပည္ေတာ္ အားကစား ေက်း႐ြာဘက္ကို ေခၚသြားတယ္လို႔ သူကေျပာေပမဲ့ ဒါကို ဗြီအိုေအက သီးျခားအတည္မျပဳႏိုင္ပါဘူး။

စစ္အာဏာသိမ္း ၂၂ ရက္ေျမာက္ေန႔ျဖစ္တဲ့ ၂၂၊ ၂၊ ၂၀၂၁ ခုႏွစ္၊ ႏွစ္ ငါးလုံးစံုတဲ့ ဒီေန႔မွာ ႏိုင္ငံတဝန္းအေထြေထြ သပိတ္ဆင္ႏႊဲဖို႔ ျပည္သူေတြက ႀကိဳးပမ္းေဆာင္႐ြက္ခဲ့တာျဖစ္ၿပီး ရန္ကုန္၊ ေနျပည္ေတာ္၊ မႏၲေလးအပါအဝင္ ၿမိဳ႕အေတာ္မ်ားမ်ားမွာ လုံၿခဳံေရးအင္အား အရင္ေန႔ေတြထက္ ပိုခ်ထားတာေတြ႕ရပါတယ္။ ဒါေပမဲ့ CDM အပါအဝင္ က်န္းမာေရး၊ ပညာေရး စတဲ့ဌာနေပါင္းစုံနဲ႔ လူထုေတြရဲ႕ စစ္အာဏာသိမ္းမႈ ဆန႔္က်င္ေရး သပိတ္ စစ္ေၾကာင္းေတြဟာ အားေကာင္းစြာနဲ႔ ဆက္လက္ျဖစ္ေပၚေနဆဲျဖစ္ကာ အရင္ေန႔ေတြကထက္ပိုမ်ားလာတယ္လို႔ ဦးဝင္းကေျပာပါတယ္။

"မွတ္တမ္းအရဆိုလို႔ရွိရင္ ၂၅၀,၀၀၀ ဝန္းက်င္ေလာက္ က်ေနာ္တို႔ စုမိတယ္။ ေစ်းဆိုင္ေတြ၊ ေစ်းေတြ က်ေနာ္တို႔ သိရသေလာက္ဆိုလို႔ရွိရင္ အကုန္လံုးပိတ္တယ္ ဒီေန႔။ ပ်ဥ္းမနား ဗိုလ္ခ်ဳပ္လမ္းဆိုရင္ အကုန္တံခါးပိတ္ထားတယ္။ အကုန္လိုက္တာ။ ဌာနဆိုင္ရာေတာ္ေတာ္မ်ားပါတယ္ ဒီေန႔ထြက္တာ။ ေျပာရမယ္ဆိုရင္ အရင္ထက္ သံုးဆေလာက္ပိုတယ္။"

ႏွစ္ ငါးလုံးအေထြေထြသပိတ္ ဆင္ႏႊဲေနတဲ့ဒီေန႔မွာ ရန္ကုန္ၿမိဳ႕အပါအဝင္ တိုင္းနဲ႔ ျပည္နယ္ေတြက သပိတ္ကို ပါဝင္ဆင္ႏြႊခဲ့တာမွာ အေထြေထြသပိတ္စု႐ုံးမွာမို႔ ႏိုင္ငံတဝန္း ေဈးေတြ၊ ဆိုင္ေတြ ပိတ္ထားၾကပါတယ္။ ဒီလို ပိတ္ၿပီး သပိတ္ေၾကာင္းေတြမွာ ပါဝင္အားျဖည့္လာတယ္လို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းက လူထုလႈပ္ရွားမႈေတြကို ျပင္းျပင္းထန္ထန္ ႏွိမ္နင္းခံခဲ့ရတဲ့ ေနရာတခုျဖစ္တဲ့ ျမစ္ႀကီးနားၿမိဳ႕ေပၚမွာေတာ့ ေနရာေတာ္ေတာ္မ်ားမ်ား သပိတ္စစ္ေၾကာင္းေတြထြက္ရွိခဲ့ၿပီး ဒီကေန႔ဟာ လူထုပါဝင္မႈ အမ်ားဆုံးပဲလို႔ သပိတ္စစ္ေၾကာင္းမွာ ပါဝင္သူ တဦးကဗြီအိုေအကိုေျပာပါတယ္။

"ဒီေန႔ထူးျခားတာကေတာ့ ျမစ္ႀကီးနားမွာ... ေစ်းဆိုင္ေတြ၊ ျမစ္ႀကီးနား ေစ်း ၁၊ ေစ်း ၂ ေပါ့ေနာ္... လုံးဝပိတ္ၿပီးေတာ့ ေစ်းသူ၊ ေစ်းသားေတြဆိုၿပီးေတာ့ ပါဝင္တယ္။ ဒီေန႔စည္းစည္းလံုးလံုးနဲ႔ ျပႏိုင္ခဲ့တယ္ေပါ့ေနာ္။ ဒီေန႔ ျမစ္ၾကီးနားမွာ လူအမ်ားဆံုး... အဲဒီလို ေျပာလို႔ရတယ္ရွင့္။"

စစ္တပ္က မၾကာခင္ရက္ေတြအတြင္း ၿငိမ္းခ်မ္းစြာဆႏၵျပတဲ့ လူအုပ္ကို ေသေစတဲ့အထိ အင္အားသုံး ႏွိမ္နင္းတာအတြက္ ႏိုင္ငံတကာအသိုင္းအဝိုင္းအပါအဝင္ ကုလသမဂၢကပါျပစ္တင္ရႈတ္ခ်တာေတြ ရွိခဲ့ပါတယ္။ ႏိုင္ငံတကာ လူ႔အခြင့္အေရး လႈပ္ရွားမႈ အဖြဲ႕တခုျဖစ္တဲ့ HRW ရဲ႕ အာရွေရးရာ လက္ေထာက္ၫႊန္ၾကားေရးမႉး Phil Robertson ကေတာ့ မၾကာေသးခင္ရက္ပိုင္းက ျပည္သူေတြကို အၾကမ္းဖက္ႏွိမ္နင္းခံရၿပီး ေသဆုံးမႈအတြက္ ရဲတပ္ဖြဲ႕မွာ တာဝန္ရွိေၾကာင္း ရဲတပ္ဖြဲ႕ရဲ႕ လုပ္ရပ္ဟာ လက္ခံႏိုင္စရာ မရွိေၾကာင္းနဲ႔ စုံစမ္းစစ္ေဆးဖို႔လည္း ေတာင္းဆိုထားပါတယ္။

ေနျပည္ေတာ္ဆႏၵျပမႈ လူ ၁၅၀ ထက္မနည္း ဖမ္းဆီးခံရ
please wait

No media source currently available

0:00 0:04:34 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နေပြည်တော်ဆန္ဒပြမှု လူ ၁၅၀ ထက်မနည်း ဖမ်းဆီးခံရ

စစ်အာဏာသိမ်း ၂၂ ရက်မြောက် နေ့ဖြစ်တဲ့ ၂၂၊ ၂၊ ၂၀၂၁ ခုနှစ်၊ နှစ် ငါးလုံးစုံတဲ့ ဒီနေ့မှာ နိုင်ငံတဝန်းအထွေထွေ သပိတ်ဆင်နွှဲခဲ့တာမှာ အစိုးရရုံးစိုက်ရာ နေပြည်တော်နဲ့ ပျဉ်းမနားဘက်မှာတော့ ဆန္ဒပြသူတွေကို ဖမ်းဆီးတာတွေ၊ သတင်းယူနေတဲ့ သတင်းထောက်တွေကို ဖမ်းဆီးဖို့ လုပ်ဆောင်တာတွေရှိခဲ့ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ေနျပည္ေတာ္ရွိ ႏွင္းဆီအဝိုင္းအနီး စစ္အာဏာဆန္႔က်င္ ဆႏၵျပပဲြ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၂၊ ၂၀၂၁)
ေနျပည္ေတာ္ရွိ ႏွင္းဆီအဝိုင္းအနီး စစ္အာဏာဆန္႔က်င္ ဆႏၵျပပဲြ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၂၊ ၂၀၂၁)

နှစ်ငါးလုံး အထွေထွေသပိတ်ဆင်နွှဲဖို့ တတ်ကြွသူတွေ နှိုးဆော်ခဲ့တဲ့နောက် ဒီကနေ့မှာ မြန်မာနိုင်ငံမြို့တဝန်းမှာ စစ်အာဏာသိမ်းဆန္ဒပြမှုတွေ အရှိန်မြင့်လာပါတယ်။ နေပြည်တော်မှာတော့ ဒီကနေ့ညနေပိုင်း အဖမ်းအဆီးတွေ ရှိခဲ့ပါတယ်။

နေပြည်တော်မှာ ကိုယ်တိုင်သတင်းသွားယူနေစဉ်မှာ သတင်းထောက်တွေကို ဖမ်းဆီးပြီး ကင်မရာတွေသိမ်းဖို့ လုပ်ဆောင်လာတာတွေကြောင့် ပြေးခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ သတင်းထောက် တဦးက ဗွီအိုအေကို ပြောပါတယ်။

"ပတ်နေတာ နှင်းဆီအဝိုင်းမှာပေါ့... အေးအေးချမ်းချမ်းပဲ ဘာမှမလုပ်ဘူး။ အကြမ်းဖက်တာလည်း မလုပ်ဘဲ... ပတ်ပြီး ၁၁ လောက်မှာ နှင်းဆီးအဝိုင်းကို ပတ်ပြီး ပြန်တာပေါ့နော်။ လူလည်း ကုန်ပြီပေါ့နော်... နောက်ဆုံးလူတွေအထွက်ပေါ့။ ပြန်ထွက်ခါနီးမှာ စစ်ကားတွေ၊ ရဲကားတွေက မီးတွေ အတင်းထိုးပြီးတော့ ရှေ့ကိုအတင်းတိုး မောင်းလာပြီးတော့ ဖမ်းဖို့လုပ်တာပေါ့နော်... အကုန်လုံး ရုတ်ရုတ်သဲသဲ ထွက်ပြေးကြတယ်။ ထွက်ပြေးတဲ့အချိန်မှာ သတင်းထောက်တချို့က ဘေးကနေ မှတ်တမ်းယူနေတဲ့အချိန်မှာ ရဲတယောက်ကတော့ အန္တရာယ်ဖြစ်တာမျိုးရှောင်လိုက်ပါလို့ ပြောတဲ့အချိန်မှာ နောက်ကစစ်တပ်အရာရှိတယောက်က ရောက်လာပြီးတော့ သူတို့ကိုလည်းဖမ်း၊ ကင်မရာတွေ သိမ်းဆိုပြီးလုပ်တော့ အဲဒီမှာ သတင်းထောက်တွေ ထွက်ပြေးရတာပေါ့နော်။"

ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတချို့အပြင် ဆန္ဒပြသူတွေကို အစားအသောက် ကူညီပေးနေသူတွေကိုပါ အတင်းဖမ်းဆီး ခေါ်ဆောင်တာတွေ ရှိခဲ့ပြီး ပျဉ်းမနားနာရီစင် အနီးမှာလည်း ဆန္ဒပြသပိတ်စစ်ကြောင်းမှ ပါဝင်သူတချို့ကို ဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်ခဲ့တယ်လို့ ပျဉ်းမနားဒေသခံ ဦးဝင်းက ဗွီအိုအေကို ပြောပါတယ်။

"ပျဉ်းမနားစစ်ကြောင်း ၁၀၀,၀၀၀ လောက်ပါတဲ့ စစ်ကြောင်းကို အဝိုင်းကနေ ပျဉ်းမနားမြို့ထဲကို အဝိုင်းပတ်ပြီး ပြန်တာပေါ့နော်။ အဲဒီလူတန်းလည်း ကုန်သွားရော သူတို့က နှင်းဆီအဝိုင်းကို အပြေးအလွှားတက်ပြီး နေရာယူကြတယ်။ ယူတဲ့အချိန်မှာ ကျန်တဲ့လူတွေက ပြေးကြတာပေါ့။ မပြေးတဲ့လူတွေလည်း ရှိတယ်။ အအေးဝေနေတဲ့လူတွေလည်း ရှိတယ်။ နောက် ထမင်းထုတ်ဝေနေတဲ့သူတွေ ရှိတယ်။ ကျနော့်အသိတွေပဲ တော်တော်များများ။ မိသားစုလိုက် ကားပေါ်ကောက်တင်သွားတယ်။ ဖမ်းသွားတာပေါ့နော်။ အဲဒီမှာလည်း တော်တော်များတယ်။ နောက်ပြီးတော့ သူတို့က သပိတ်စစ်ကြောင်းနောက်ကနေ လိုက်ပြီးတော့ သင်းကွဲပြီး ကျန်နေခဲ့တဲ့ ဆိုင်ကယ်နဲ့လူဆိုလည်း ဆိုင်ကယ်ပါတခါထဲ သူတို့က ကောက်တင်တာ ... အဲဒီလိုမျိုး။ နောက်တခုက တနေရာက ပျဉ်းမနား ဗိုလ်ချုပ်ကြေးရုပ် အဲဒီရှေ့မှာလည်း ဖမ်းသွားတယ်။ ပြောရမယ်ဆိုရင် ဥပဒေနဲ့ မညီဘဲ ဖမ်းတာပေါ့ဗျာ။ ပြနေတဲ့ အချိန်မဟုတ်ဘူး... အဲဒီလူတွေက။ ဆန္ဒပြနေတဲ့နေရာမဟုတ်ဘူး။ အဲဒီတော့ ခန့်မှန်းခြေ ၁၅၀ ထက် မနည်းဘူး... ခေါ်သွားတာတော့။"

နေပြည်တော်မှာ ဒီကနေ့ ဖမ်းဆီးခံရသူ ၁၅၀ ထက်မနည်းရှိတယ်လို့ တတ်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဖမ်းဆီးခံစာရင်းကို ပြုစုနေဆဲ ဖြစ်ပြီး ဒီထက်ပိုနိုင်ဖွယ်လည်း ရှိတယ်လို့ ပြောပါတယ်။ ဒီလူတွေကို ဧက ၃,၀၀၀ မှာ ရှိတဲ့ နေပြည်တော်အကျဉ်းထောင်နဲ့ တောင်ညိုဘက်မှာရှိတဲ့ နေပြည်တော် အားကစား ကျေးရွာဘက်ကို ခေါ်သွားတယ်လို့ သူကပြောပေမဲ့ ဒါကို ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။

စစ်အာဏာသိမ်း ၂၂ ရက်မြောက်နေ့ဖြစ်တဲ့ ၂၂၊ ၂၊ ၂၀၂၁ ခုနှစ်၊ နှစ် ငါးလုံးစုံတဲ့ ဒီနေ့မှာ နိုင်ငံတဝန်းအထွေထွေ သပိတ်ဆင်နွှဲဖို့ ပြည်သူတွေက ကြိုးပမ်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေးအပါအဝင် မြို့အတော်များများမှာ လုံခြုံရေးအင်အား အရင်နေ့တွေထက် ပိုချထားတာတွေ့ရပါတယ်။ ဒါပေမဲ့ CDM အပါအဝင် ကျန်းမာရေး၊ ပညာရေး စတဲ့ဌာနပေါင်းစုံနဲ့ လူထုတွေရဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး သပိတ် စစ်ကြောင်းတွေဟာ အားကောင်းစွာနဲ့ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကာ အရင်နေ့တွေကထက်ပိုများလာတယ်လို့ ဦးဝင်းကပြောပါတယ်။

"မှတ်တမ်းအရဆိုလို့ရှိရင် ၂၅၀,၀၀၀ ဝန်းကျင်လောက် ကျနော်တို့ စုမိတယ်။ ဈေးဆိုင်တွေ၊ ဈေးတွေ ကျနော်တို့ သိရသလောက်ဆိုလို့ရှိရင် အကုန်လုံးပိတ်တယ် ဒီနေ့။ ပျဉ်းမနား ဗိုလ်ချုပ်လမ်းဆိုရင် အကုန်တံခါးပိတ်ထားတယ်။ အကုန်လိုက်တာ။ ဌာနဆိုင်ရာတော်တော်များပါတယ် ဒီနေ့ထွက်တာ။ ပြောရမယ်ဆိုရင် အရင်ထက် သုံးဆလောက်ပိုတယ်။"

နှစ် ငါးလုံးအထွေထွေသပိတ် ဆင်နွှဲနေတဲ့ဒီနေ့မှာ ရန်ကုန်မြို့အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေက သပိတ်ကို ပါဝင်ဆင်နွှခဲ့တာမှာ အထွေထွေသပိတ်စုရုံးမှာမို့ နိုင်ငံတဝန်း ဈေးတွေ၊ ဆိုင်တွေ ပိတ်ထားကြပါတယ်။ ဒီလို ပိတ်ပြီး သပိတ်ကြောင်းတွေမှာ ပါဝင်အားဖြည့်လာတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက လူထုလှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းခံခဲ့ရတဲ့ နေရာတခုဖြစ်တဲ့ မြစ်ကြီးနားမြို့ပေါ်မှာတော့ နေရာတော်တော်များများ သပိတ်စစ်ကြောင်းတွေထွက်ရှိခဲ့ပြီး ဒီကနေ့ဟာ လူထုပါဝင်မှု အများဆုံးပဲလို့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူ တဦးကဗွီအိုအေကိုပြောပါတယ်။

"ဒီနေ့ထူးခြားတာကတော့ မြစ်ကြီးနားမှာ... ဈေးဆိုင်တွေ၊ မြစ်ကြီးနား ဈေး ၁၊ ဈေး ၂ ပေါ့နော်... လုံးဝပိတ်ပြီးတော့ ဈေးသူ၊ ဈေးသားတွေဆိုပြီးတော့ ပါဝင်တယ်။ ဒီနေ့စည်းစည်းလုံးလုံးနဲ့ ပြနိုင်ခဲ့တယ်ပေါ့နော်။ ဒီနေ့ မြစ်ကြီးနားမှာ လူအများဆုံး... အဲဒီလို ပြောလို့ရတယ်ရှင့်။"

စစ်တပ်က မကြာခင်ရက်တွေအတွင်း ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူအုပ်ကို သေစေတဲ့အထိ အင်အားသုံး နှိမ်နင်းတာအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအပါအဝင် ကုလသမဂ္ဂကပါပြစ်တင်ရှုတ်ချတာတွေ ရှိခဲ့ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ HRW ရဲ့ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကတော့ မကြာသေးခင်ရက်ပိုင်းက ပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းခံရပြီး သေဆုံးမှုအတွက် ရဲတပ်ဖွဲ့မှာ တာဝန်ရှိကြောင်း ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ဟာ လက်ခံနိုင်စရာ မရှိကြောင်းနဲ့ စုံစမ်းစစ်ဆေးဖို့လည်း တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG