သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏွစ္ငါးလံုးေန႔ ၿမိဳ႕ႀကီးေတြမွာ စက္ရံု၊ အလုပ္ရံုနဲ႔ ေစ်းဆိုင္ေတြ ပိတ္ထား


ရန္ကုန္ၿမိဳ႕က စစ္အာဏာဆန္႔က်င္ဆႏၵျပပဲြမွာ ပါဝင္ဆင္ႏဲႊသူမ်ား။ (ေဖေဖာ္ဝါရီ ၂၂၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာစစ္တပ္ရဲ ႔ အာဏာသိမ္းမႈကို ႏိုင္ငံတ၀ွမ္းလုံး သီတင္းပတ္နဲ႔ခ်ီ ကန္႔ကြက္ေနၾကတာမွာ ၂ ငါးလုံးအေထြေထြ သပိတ္ဆင္ႏႊဲေနၾကတဲ့ ဒီကေန႔မွာေတာ့ ျမန္မာႏုိင္ငံၿမိဳ႕ႀကီးေတြက ေစ်းဆုိင္ေတြလည္း ပိတ္ထားၾကပါတယ္။ ရန္ကုန္၊ မႏၱေလးနဲ႔ ေနျပည္ေတာ္အပါအ၀င္ ႏုိင္ငံတ၀ွမ္းလုံးက စက္႐ုံ၊ အလုပ္႐ုံေတြေရာ၊ ကုန္စံုဆုိင္ႀကီးေတြေရာ လမ္းေဘးက ေစ်းဆုိင္အေသးေလးေတြပါ ပိတ္ထားပါတယ္။ တခ်ိဳ ႔ဆိုင္ေတြကေတာ့ အေထြေထြသပိတ္ႀကီးမွာ ပူးေပါင္းပါ၀င္တဲ့အေနနဲ႔ ဆုိင္ပိတ္ထားတာျဖစ္တယ္လို႔ ဆုိင္ေရွ ႔မွာ စာကပ္ထားၾကပါတယ္။

"က်ေနာ္တို႔ ဒီ ၂ ငါးလံုး အေထြေထြ သပိတ္ စစ္ေၾကာင္းကို ျပည္လံုးကြ်တ္လုပ္မယ္လို႔ အကုန္လံုးက လုပ္ထားတာေလ။ ဒါကို ႏိုင္ငံသားတေယာက္အေနနဲ႔ ပါဝင္သင့္တယ္ေပါ့ေနာ္။ ပါလည္းပါဝင္ရမယ္ဆိုတဲ့စိတ္နဲ႔ပါ။ ဒါေၾကာင့္မို႔လို႔ ဒီေန႔အလုပ္ပိတ္ၿပီးေတာ့ အခု သပိတ္မွာ ပါဝင္ျဖစ္တာပါဗ်။"

လုံၿခဳံေရးတပ္ဘက္က အၾကမ္းဖက္ႏွိမ္နင္းမႈေတြေၾကာင့္ ဆႏၵျပပြဲေတြမွာ လူေသဆုံးတာေတ၊ အျပင္းအထန္ထိခိုက္ဒဏ္ရာရတာေတြ ရွိေနေပမဲ့လည္း CDM အာဏာဖီဆန္ေရးလႈပ္ရွားမႈေတြကေတာ့ အရွိန္ေလ်ာ့မသြားသလို ဆႏၵျပပြဲေတြ ပိုၿပီးေတာ့ အရွိန္ေကာင္းလာပါတယ္။

ဌာနဆုိင္ရာ၀န္ထမ္းေတြ အေနနဲ႔ ရုံးျပန္တက္ဖို႔ သက္ဆုိင္ရာဌာကေန ထုတ္ျပန္ေနတာေတြလည္း ရွိေနပါတယ္။ ဆႏၵျပသူေတြအေပၚ လုံၿခဳံေရးတပ္ဘက္က အင္အားသုံးႏွိမ္နင္းမႈေတြ ပိုေတြ႔လာေနရေပမယ့္ CDM လႈပ္ရွားမႈမွာ ပါ၀င္လာသူ ပိုတိုးလာေနတာျဖစ္ၿပီး အစိုးရ၀န္ထမ္းေတြ၊ ေဆး၀န္ထမ္းေတြ၊ ေက်ာင္းဆရာ၊ ဆရာမေတြနဲ႔ ရဟန္းသံဃာေတာ္ေတြအျပင္ ႏုိင္ငံတဝန္း လူတန္းစားေပါင္းစုံ၊ ဘာသာေပါင္းစုံ ပူးေပါင္း ပါ၀င္လာေနၾကပါတယ္။

ဆႏၵျပသူေတြကို ရဲတပ္ဖြဲ႔က အၾကမ္းဖက္ ႏွိမ္နင္းတာ၊ အတင္းအၾကပ္ဖမ္းဆီးသြားတဲ့ ဗြီဒီယိုေတြလည္း လူမႈစာမ်က္ႏွာေတြမွာ ေတြ႔ေနရပါတယ္။ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔မွာ ေရြးေကာက္ခံအစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အတင္းအၾကပ္ရယူခဲ့တာကို ကန္႔ကြက္ေနၾကတဲ့ ဆႏၵျပသူေတြက ေရြးေကာက္ခံအစိုးရဆီ အာဏာျပန္လႊဲေပးဖို႔၊ ဖမ္းဆီးထားသူအားလုံးျပန္လႊတ္ေပးဖို႔ ေတာင္းဆိုေနၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နှစ်ငါးလုံးနေ့ မြို့ကြီးတွေမှာ စက်ရုံ၊ အလုပ်ရုံနဲ့ ဈေးဆိုင်တွေ ပိတ်ထား

မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို နိုင်ငံတဝှမ်းလုံး သီတင်းပတ်နဲ့ချီ ကန့်ကွက်နေကြတာမှာ ၂ ငါးလုံးအထွေထွေ သပိတ်ဆင်နွှဲနေကြတဲ့ ဒီကနေ့မှာတော့ မြန်မာနိုင်ငံမြို့ကြီးတွေက ဈေးဆိုင်တွေလည်း ပိတ်ထားကြပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် နိုင်ငံတဝှမ်းလုံးက စက်ရုံ၊ အလုပ်ရုံတွေရော၊ ကုန်စုံဆိုင်ကြီးတွေရော လမ်းဘေးက ဈေးဆိုင်အသေးလေးတွေပါ ပိတ်ထားပါတယ်။ တချို့ဆိုင်တွေကတော့ အထွေထွေသပိတ်ကြီးမှာ ပူးပေါင်းပါဝင်တဲ့အနေနဲ့ ဆိုင်ပိတ်ထားတာဖြစ်တယ်လို့ ဆိုင်ရှေ့မှာ စာကပ်ထားကြပါတယ်။

"ကျနော်တို့ ဒီ ၂ ငါးလုံး အထွေထွေ သပိတ် စစ်ကြောင်းကို ပြည်လုံးကျွတ်လုပ်မယ်လို့ အကုန်လုံးက လုပ်ထားတာလေ။ ဒါကို နိုင်ငံသားတယောက်အနေနဲ့ ပါဝင်သင့်တယ်ပေါ့နော်။ ပါလည်းပါဝင်ရမယ်ဆိုတဲ့စိတ်နဲ့ပါ။ ဒါကြောင့်မို့လို့ ဒီနေ့အလုပ်ပိတ်ပြီးတော့ အခု သပိတ်မှာ ပါဝင်ဖြစ်တာပါဗျ။"

လုံခြုံရေးတပ်ဘက်က အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် ဆန္ဒပြပွဲတွေမှာ လူသေဆုံးတာတေ၊ အပြင်းအထန်ထိခိုက်ဒဏ်ရာရတာတွေ ရှိနေပေမဲ့လည်း CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကတော့ အရှိန်လျော့မသွားသလို ဆန္ဒပြပွဲတွေ ပိုပြီးတော့ အရှိန်ကောင်းလာပါတယ်။

ဌာနဆိုင်ရာဝန်ထမ်းတွေ အနေနဲ့ ရုံးပြန်တက်ဖို့ သက်ဆိုင်ရာဌာကနေ ထုတ်ပြန်နေတာတွေလည်း ရှိနေပါတယ်။ ဆန္ဒပြသူတွေအပေါ် လုံခြုံရေးတပ်ဘက်က အင်အားသုံးနှိမ်နင်းမှုတွေ ပိုတွေ့လာနေရပေမယ့် CDM လှုပ်ရှားမှုမှာ ပါဝင်လာသူ ပိုတိုးလာနေတာဖြစ်ပြီး အစိုးရဝန်ထမ်းတွေ၊ ဆေးဝန်ထမ်းတွေ၊ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ရဟန်းသံဃာတော်တွေအပြင် နိုင်ငံတဝန်း လူတန်းစားပေါင်းစုံ၊ ဘာသာပေါင်းစုံ ပူးပေါင်း ပါဝင်လာနေကြပါတယ်။

ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် နှိမ်နင်းတာ၊ အတင်းအကြပ်ဖမ်းဆီးသွားတဲ့ ဗွီဒီယိုတွေလည်း လူမှုစာမျက်နှာတွေမှာ တွေ့နေရပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရွေးကောက်ခံအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အတင်းအကြပ်ရယူခဲ့တာကို ကန့်ကွက်နေကြတဲ့ ဆန္ဒပြသူတွေက ရွေးကောက်ခံအစိုးရဆီ အာဏာပြန်လွှဲပေးဖို့၊ ဖမ်းဆီးထားသူအားလုံးပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG