သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှုရပ်ဆိုင်းဖို့ ဂျာမဏီတောင်းဆို


မန္တလေးမြို့ ဆန္ဒပြပွဲ မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၁)
မန္တလေးမြို့ ဆန္ဒပြပွဲ မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်နဲ့ ပတ်သက်ပြီး ဂျာမနီ ပြည်ထောင်စု နိုင်ငံခြားရေးရုံးက ဖေဖေါ်ဝါရီ ၂၁ ရက်နေ့စွဲနဲ့ ကြေငြာချက်တစောင် ထုတ်ပြန်ပါတယ်။ ကြေငြာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်ကို ဂျာမန်အစိုးရက ရှုတ်ချပြီး ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်တာကို ရပ်ဆိုင်းဖို့နဲ့ ဒီမိုကရေစီဖြစ်စဉ် ရှေ့ဆက်နိုင်ရေးအတွက် ထပ်မံတောင်းဆိုလိုက်သည်။ ဒီလိုတောင်းဆိုရာမှာ ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံး အထူးသဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ချက်ချင်းပြန်လွှတ်ဖို့နဲ့အတူ ဒီမိုကရေစီနည်းလမ်းအရ တရားဝင်ဖြစ်သော ဖွဲ့စည်းပုံနဲ့ ကိုက်ညီတဲ့ အဆောက်အအုံတွေ ဆက်လက် လည်ပတ်လုပ်ကိုင်ခွင့် ရရှိစေဖို့လည်း ပါဝင်သည်။

တိုင်းပြည်တွင်း စစ်အာဏာသိမ်းမှုကို ရဲရင့်စွာ ရှုတ်ချခဲ့ပြီး အသက်ဆုံးရှုံးသွားရသူ သုံး ဦးအတွက် ဂျာမန်အစိုးရ ဝမ်းနည်းကြေကွဲပါသည်။ သေဆုံးသွားရသူတွေနဲ့ သူတို့အပေါ်ချစ်ခင်သူ မိသားစုဝင်တွေ၊ ထိခိုက်ဒဏ်ရာရသူတွေ၊ စစ်ကောင်စီကို ငြိမ်းချမ်းစွာ ဆန္ဒပြရာမှာ ပါဝင်နေကြတဲ့ သူတွေအားလုံးနဲ့ အတူ ကျွန်ုပ်တို့ ရှိနေပါသည်။

[Unicode Version]





XS
SM
MD
LG