သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလးဆႏၵျပပဲြ ပိုအရွိန္ျမင့္လာ


မႏၱေလးၿမိဳ႕ ဆႏၵျပပဲြ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၁၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြကို အာဏာပိုင္ေတြဘက္က အၾကမ္းဖက္ၿဖိဳခြင္းခဲ့ၿပီးတဲ့ေနာက္ ရန္ကုန္နဲ႔ မႏၱေလး အပါအ၀င္ ႏုိင္ငံတ၀န္းမွာ ဆႏၵျပပဲြေတြ အရွိန္အဟုန္နဲ႔ ဆက္လက္ျဖစ္ပြားေနပါတယ္။ မႏၱေလးၿမိဳ႕မွာဆုိရင္လည္း ဒီေန႔မွာ ဆႏၵျပတဲ့သူ ပိုမ်ားလာခဲ့ၿပီး သိန္းနဲ႔ခ်ီရွိတယ္လို႔ ဆႏၵျပေခါင္းေဆာင္တဦးက ေျပာပါတယ္။ ဒီကေန႔ ဆႏၵျပပဲြအေျခအေနနဲ႔ပတ္သက္ၿပီး က်ေနာ္ရန္ႏုိင္က ေျပာျပေပးမွာျဖစ္ပါတယ္။

မႏၱေလးၿမိဳ႕မွာ ၿငိမ္းခ်မ္းစြာဆႏၵျပတဲ့သူေတြကို အာဏာပိုင္ေတြဘက္က မေန႔က အၾကမ္းဖက္ၿဖိဳခြင္းခဲ့ၿပီးတဲ့ေနာက္ ၿမိဳ႕ခံေတြဟာ ဒီေန႔ တၿမိဳ႕လုံံးအႏွံဆႏၵျပခဲ့ၾကၿပီး ဆႏၵျပတဲ့သူဦးေရဟာ သိန္းနဲ႔ခ်ီရွိတယ္လို႔ ဆႏၵျပပဲြကို ဦးေဆာင္သူတဦးျဖစ္တဲ့ ေဒါက္တာေတဇာဆန္းက ဗီြအိုေအကို ေျပာပါတယ္။

ေဒါက္တာေတဇာဆန္း။ ။ ဒီေန႔ဆိုရင္ မေန႔က ျဖစ္ခဲ့တဲ့ အၾကမ္းဖက္မႈအေပၚ အေျချပဳၿပီးေတာ့ လူထုအင္အားပိုလို႔ေတာင္ ေကာင္းလာတာကို က်ေနာ္တို႔ေတြ႔ရပါတယ္။ ဒီေန႔ဆိုရင္ မနက္ပိုင္း ေန႔တဝက္ ဒီေစ်းခ်ိဳေတာ္မွာ ၈၄ လမ္း၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းေပၚမွာ ထိုင္သပိတ္၊ က်ေနာ္တို႔ သပိတ္ တပ္ေပါင္းစု၊ အင္အားစုေပါင္းစံု ထိုင္သပိတ္ လူထုဆႏၵျပပဲြကို ေဆာင္ရြက္ခဲ့ပါတယ္။ လူထုအင္အားသိန္းနဲ႔ ခ်ီၿပီးေတာ့ ရွိပါတယ္။ တၿမိဳ႕လံုးမွာလည္းပဲ လူထုဆႏၵေဖာ္ထုတ္ပဲြေတြက တၿမိဳ႕လံုးအႏွံ႔ျဖစ္ေနတာကို က်ေနာ္တို႔ ေတြ႔ရပါတယ္။ အဲဒီေတာ့ လူထုရဲ႕ ဒီမိုကေရစီအေရး၊ စစ္အာဏာရွင္ ဆန္႔က်င္ေရးေတာင္းဆိုသံ အင္မတန္ အားရစရာေကာင္းတယ္။ လံုးဝေနာက္တြန္႔သြားတာ မရွိပါဘူး ခင္ဗ်။

ကိုရန္ႏိုင္။ ။ ၿမိဳ႕ရဲ႕ အေနအထားကေရာ ဘယ္လိုရွိလဲခင္ဗ်။

ေဒါက္တာေတဇာဆန္း။ ။ မေန႔က က်ေနာ္တို႔ ၾကံဳလိုက္ရတဲ့ အၾကမ္းဖက္လုပ္ရပ္ေပၚမွာ လံုးဝဆန္႔က်င္တယ္၊ လံုးဝရႈတ္ခ်တယ္။ လံုးဝအလိုမရွိဘူး။ ၿပီးေတာ့ မႏၱေလးမွာလုပ္ခဲ့တာ တၿမိဳ႕လံုးေပါ့ လူထု သိန္းနဲ႔ခ်ီၿပီးေတာ့ သေျပညိဳေတာ္လွန္ေရးဆိုတာ က်ေနာ္တို႔ လုပ္ခဲ့ပါတယ္။ ေအာင္သေျပပန္းေတြကို ကိုင္ေဆာင္ၿပီးေတာ့ လူထုအေနနဲ႔ အၾကမ္းဖက္လုပ္ရပ္ေတြကို လံုးဝ ကန္႔ကြက္တယ္၊ ေၾကာက္ေနမွာလည္း မဟုတ္ဘူး။ က်ေနာ္တို႔ရဲ႕ ဆက္လက္တိုက္ပဲြဝင္သြားမယ္ဆိုတာ ေအာင္အတိတ္၊ ေအာင္နိမိတ္ကို ယူၿပီးေတာ့ မႏၱေလးဟာ ဆက္လက္ၿပီးေတာ့ ပန္းပန္လ်က္ပါပဲဆိုတဲ့ နိမိတ္ကို ေဖာ္တဲ့အေနနဲ႔ က်ေနာ္တို႔ သေျပညိဳေတာ္လွန္ေရးဆိုတာကို မႏၱေလးလူထုတရပ္လံုးက ဆင္ႏဲႊခဲ့ပါတယ္ခင္ဗ်။

ကိုရန္ႏိုင္။ ။ လံုျခံဳေရးေတြဘက္က အေနအထားေရာ ဘယ္လိုရွိလဲခင္ဗ်။

ေဒါက္တာေတဇာဆန္း။ ။ လံုျခံဳေရးေတြကေတာ့ က်ေနာ္တို႔ ထိုင္သပိတ္ဆႏၵျပပဲြ ပတ္ဝန္းက်င္မွာ ေတာက္ေလွ်ာက္ရွိတာ ေတြ႔ရတယ္။ ဒီ sniper ကိုင္ေဆာင္ထားတဲ့ လံုျခံဳေရးအင္အားေတြ၊ ရဲကားေတြ၊ စစ္တပ္ကားေတြ ေတြ႔ရတယ္။ က်ေနာ္တို႔အင္အားစုနဲ႔ေတာ့ တိုက္ရိုက္ေတြ႔တာေတာ့မရွိဘူး။ သူတို႔ရဲ႕ အေနအထားက လူထုတအားမ်ားတဲ့ေနရာမွာဆိုရင္ေတာ့ ဝင္လာတာမရွိဘဲနဲ႔၊ လူထုအင္အား နည္းနည္းနည္းတဲ့ ေနရာေတြမွာေတာ့ သူတို႔က အင္အားျပၿပီးေတာ့ ျခိမ္းေျခာက္တာမ်ိဳးေတြရွိေနတယ္ဆိုတာကို က်ေနာ္တို႔ ေတြ႔ရပါတယ္ ခင္ဗ်။

ကိုရန္ႏိုင္။ ။ အဲဒီေတာ့ ထိပ္တိုက္ေတြ႔မႈ တစံုတရာ ဒီေန႔မွာ ဖမ္းဆီးတာတို႔၊ ဘာတို႔ရွိလား။

ေဒါက္တာေတဇာဆန္း။ ။ က်ေနာ္အခုေျပာတဲ့အခ်ိန္အထိေတာ့ မရွိေသးပါဘူး။ က်ေနာ္တို႔ မၾကားရေသးပါဘူးခင္ဗ်။

ကိုရန္ႏိုင္။ ။ မေန႔က ျဖစ္ခဲ့တဲ့ကိစၥမွာ ေနာက္ဆံုးသိရသေလာက္က ဘယ္ေလာက္ထိ ထိခိုက္ဒဏ္ရာ ရရွိမႈရွိလဲ။

ေဒါက္တာေတဇာဆန္း။ ။ လြန္ခဲ့တဲ့ နာရီပိုင္းမွာ က်ေနာ္တို႔ ၾကားရတာေတာ့ တေယာက္ ကြယ္လြန္သြားတယ္ေပါ့ေနာ္... ဒဏ္ရာနဲ႔ေပါ့ေနာ္။ အခုဆိုရင္ ေသခ်ာတာက သံုး ဦး ကြယ္လြန္ဆံုးပါးသြားပါၿပီ။ ဒဏ္ရာ အျပင္းအထန္ရထားတဲ့ ပုဂၢိဳလ္ေတြလည္း က်န္ပါေသးတယ္။ ပစ္တဲ့က်ည္ေတြကလည္း တကယ့္ က်ည္စစ္က်ည္မွန္ေတြနဲ႔ ပစ္တဲ့အတြက္ ေနာက္ sniper နဲ႔ ပစ္တာေတြေရာ အမ်ားၾကီးေတြ႔ရတယ္။ အမ်ားၾကီးထိခိုက္ဒဏ္ရာရတဲ့သူေတြကေတာ့ အနည္းဆံုး ၄၀ ေက်ာ္ရွိသလို၊ ဖမ္းဆီးခံထားရတဲ့ပုဂၢိဳလ္ေတြကလည္း ရာနဲ႔ေက်ာ္ရွိၿပီးေတာ့ အခုအခ်ိန္ထိ အဆက္သြယ္မရဘူး။ ဘယ္ကိုေခၚသြားတယ္ဆိုတာလဲ မသိဘူး။ အဖမ္းဆီးခံရတဲ့ မိသားစုဝင္ေတြကလည္း အခုဆိုရင္ ဘယ္လိုဆက္သြယ္လို႔ ဆက္သြယ္ရမွန္းမသိတဲ့အေနအထား ျဖစ္ေနပါတယ္ ခင္ဗ်။

ကိုရန္ႏိုင္။ ။ ဒီေသဆံုးသြားတဲ့သူေတြနဲ႔ ပတ္သက္ၿပီးေတာ့ေရာ မႏၱေလးၿမိဳ႕က ၿမိဳ႕ခံလူထုေတြအေနနဲ႔ ဘာေတြ စီစဥ္ထားလဲ၊ ဘာေတြလုပ္ေပးသြားဖို႔ အစီအစဥ္ရွိပါသလဲ။

ေဒါက္တာေတဇာဆန္း။ ။ အမ်ားစုက လူငယ္ေတြပါပဲ ခင္ဗ်ာ အားလံုးက။ တေယာက္ဆိုရင္ ဆယ္ေက်ာ္သက္၊ ေနာက္တေယာက္ကက်ေတာ့ အသက္ ၃၀ ေက်ာ္ေပါ့ေနာ္။ အားလံုးက တကယ့္ သာမန္ျပည္သူလူထုေတြပဲ ျဖစ္တယ္။ ဒီေန႔ဆိုရင္ လူထုသိန္းနဲ႔ခ်ီရွိတဲ့ လူထုၾကီးက သူတို႔ကို ေလးစားဂုဏ္ယူေသာအားျဖင့္ ဒီအာဇာနည္ သူရဲေကာင္းေတြအတြက္ေပါ့ေနာ္... ဝမ္းနည္းေၾကာင္း ဂုဏ္ယူေၾကာင္းကို တစ္ မိနစ္ ျငိမ္သက္ ဂုဏ္ျပဳခဲ့ပါတယ္။ က်န္ရစ္တဲ့ မိသားစုဝင္ေတြကို တတ္ႏိုင္သမွ် ေထာက္ပန္႔ကူညီဖို႔ ရုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ ကူညီတဲ့ ေဆာင္ရြက္ခ်က္ေတြ က်ေနာ္တို႔ ေဆာင္ရြက္ေနပါတယ္ ခင္ဗ်။ က်ေနာ္တို႔အေနနဲ႔ အဓိကေျပာလိုတာက ဒီစစ္အာဏာသိမ္းအုပ္စုက ဘယ္ေလာက္ပဲ အၾကမ္းဖက္သည္ျဖစ္ေစ၊ က်ေနာ္တို႔က ဒီ ဓမၼနဲ႔ အဓမၼၾကားမွာ လံုးဝ ၾကား ေနမွာ မဟုတ္ဘူး။ လံုးဝ တြန္႔ဆုတ္သြားမွာ မဟုတ္ဘူး။ ဒီအာဏာသိမ္းတဲ့ အဓမၼလုပ္ရပ္ကို က်ေနာ္တို႔ လူထုတရပ္လံုးက တညီတညြတ္ထဲ ဆက္လက္ၿပီးေတာ့ အၾကမ္းမဖက္ တုံ႔ျပန္သြားၾကမယ္၊ ဆက္လက္ အန္တုသြားၾကမယ္၊ ဆက္လက္ ရင္ဆိုင္သြားၾကမယ္ဆိုတဲ့ ကတိသစၥာ သႏိၷဌာန္ကိုပဲ က်ေနာ့္အေနနဲ႔ ေျပာလိုပါတယ္ ခင္ဗ်။

ဆႏၵျပတဲ့သူေတြကို အာဏာပိုင္ေတြဘက္က မေန႔က အၾကမ္းဖက္ၿဖိဳးခြင္းတာေတြနဲ႔ ပတ္သက္ၿပီးေတာ့ ၈၈ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖြ႔ဲ႔အစည္းေခါင္းေဆာင္ ကိုမင္းကိုႏုိင္ ဒီေန႔မွာ အခုလို ေျပာပါတယ္။

"ေျမျပင္မွာ ပစ္မိန္႔ေပးတာ ဘယ္သူပဲ ျဖစ္ျဖစ္၊ စစ္ေကာင္စီကသာ မူလေနာ္... သူသာ တာဝန္အရွိဆံုးေနာ္။ ဒါေၾကာင့္မို႔လို႔ စစ္ေကာင္စီနဲ႔ ပူးေပါင္းတဲ့သူေတြ အားလံုးဟာ တာဝန္ရွိတယ္။ တာဝန္ယူၾကရလိမ့္မယ္။ ဒါေၾကာင့္မို႔ ရံုးတက္ေနတဲ့ဆိုတဲ့လူေတြဟာ ဒီစစ္ေကာင္စီကုိ ပူးေပါင္းတာပဲ။ ရံုးမတက္ဘူးဆိုတဲ့သူေတြဟာ ဒီစစ္ေကာင္စီကို ဆန္႔က်င္တာပဲ။"

ရန္ကုန္မွာေတာ့ ဆႏၵျပတဲ့သူေတြဟာ လွည္းတန္း၊ ေျမနီကုန္း အပါအ၀င္ တခ်ိဳ႕ေနရာေတြမွာ စုေ၀းၿပီးေတာ့ ဆႏၵျပခဲ့ၾကပါတယ္။ လွည္းတန္းက ဒီေန႔ဆႏၵျပပဲြအတြင္းမွာေတာ့ ျပည္သူေတြဟာ မေန႔က ရဲနဲ႔စစ္တပ္က ပစ္ခတ္လို႔ ေသဆုံးသြားခဲ့တဲ့သူ ၃ ေယာက္ကို ရည္စူးၿပီးေတာ့ ဆႏၵျပပဲြမတုိင္ခင္မွာ ၃ မိနစ္ၿငိမ္သက္ ဂုဏ္ျပဳခဲ့ၾကပါတယ္။ ဒါ့အျပင္ ေသာင္းနဲ႔ခ်ီတဲ့ ဆႏၵျပတဲ့သူေတြဟာ လွည္းတန္းလမ္းဆုံးနဲ႔ ခုံးေက်ာ္တံတားေအာက္ေတြမွာ ေႂကြးေၾကာ္သံေတြေအာ္ဟစ္၊ လက္ ၃ ေခ်ာင္းေထာင္ၿပီးေတာ့ ၿငိမ္းခ်မ္းစြာ ေတာင္းဆုိဆႏၵျပခဲ့ၾကပါတယ္။ ဒါ့အျပင္ မနက္ျဖန္ ၂၂၊ ၀၂၊ ၂၀၂၁ ရက္ေန႔မွာေတာ့ ၂ ငါးလုံးအထိမ္းအမွတ္အျဖစ္နဲ႔ ရန္ကုန္တၿမိဳ႕လုံးအႏွံ႔ ၀န္ထမ္းေတြအလုပ္မဆင္းေရး CDM လႈပ္ရွားမႈအပါအ၀င္ ဆႏၵျပပဲြေတြ အႀကီးအက်ယ္လုပ္ဖို႔အတြက္ သပိတ္ေကာ္မတီေတြက ေတာင္းဆုိထားပါတယ္။

မုံရြာၿမိဳ႕မွာေတာ့ နည္းျပတကၠသိုလ္ေက်ာင္းသားေတြအပါအ၀င္ ဆႏၵျပတဲ့ျပည္သူေတြဟာ ဗုိလ္ခ်ဳပ္လမ္းအတုိင္း ခ်ီတက္ၿပီး ၿမိဳ႕တြင္းမွာ လွည့္လည္ဆႏၵျပခဲ့ၾကပါတယ္။ ဒါေပမဲ့ ရဲတပ္ဖဲြ႔ဘက္က သံဆူးႀကိဳးေတြနဲ႔ လမ္းကို ပိတ္ဆုိ႔တားဆီးခဲ့ၿပီး၊ ဆႏၵျပတဲ့သူေတြနဲ႔ရဲ႕တပ္ဖဲြ႔တုိ႔ ေရွ႕မတုိးေနာက္မဆုတ္ျဖစ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဆႏၵျပတဲ့သူေတြဘက္က လာရာလမ္းအတုိင္း ေနာက္ေၾကာင္းျပန္ခ်ီတက္ သြားခဲ့ပါတယ္။ မုံရြာမွာေတာ့ ဒီေန႔မွာ ရဲတပ္ဖဲြ႔၀င္အေရအတြက္ ၁၀၀ ေက်ာ္ေလာက္ ရွိတာကို ေတြ႔ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ကရင္ျပည္နယ္ ျမ၀တီၿမိဳ႕မွာလည္း စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြျဖစ္ပြားခဲ့ၿပီး လူဦးေရ ေသာင္းနဲ႔ ခ်ီပါ၀င္ခဲ့တယ္လို႔ သိရပါတယ္။ ဆႏၵျပတဲ့သပိတ္စစ္ေၾကာင္းကို ရဲနဲ႔တပ္ေတြက ျမ၀တီၿမိဳ႕ထဲမွာ လမ္းပိတ္ၿပီး တားဖို႔ႀကိဳးစားခဲ့တာေၾကာင့္ ဆႏၵျပတဲ့သူေတြနဲ႔ စကားအေျခတင္ျဖစ္တာလည္း ရွိခဲ့ေပမဲ့ ေနာက္ပိုင္းမွာေတာ့ ျပန္ဖြင့္ေပးလိုက္ပါတယ္။

ျမ၀တီၿမိဳ႕က ဒီေန႔ ဆႏၵျပပဲြကိုေတာ့ ကရင္အမ်ိဳးသားလက္နက္ကိုင္အဖဲြ႔ KNU က လိုက္ၿပီးေတာ့ လုံၿခဳံေရးယူေပးတယ္လို႔ သိရပါတယ္။

မႏၲေလးဆႏၵျပပဲြ ပိုအရွိန္ျမင့္လာ
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မန္တလေးဆန္ဒပြပွဲ ပိုအရှိန်မြင့်လာ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေဘက်က အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးတဲ့နောက် ရန်ကုန်နဲ့ မန္တလေး အပါအဝင် နိုင်ငံတဝန်းမှာ ဆန္ဒပြပွဲတွေ အရှိန်အဟုန်နဲ့ ဆက်လက်ဖြစ်ပွားနေပါတယ်။ မန္တလေးမြို့မှာဆိုရင်လည်း ဒီနေ့မှာ ဆန္ဒပြတဲ့သူ ပိုများလာခဲ့ပြီး သိန်းနဲ့ချီရှိတယ်လို့ ဆန္ဒပြခေါင်းဆောင်တဦးက ပြောပါတယ်။ ဒီကနေ့ ဆန္ဒပြပွဲအခြေအနေနဲ့ပတ်သက်ပြီး ကျနော်ရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

မန္တလေးမြို့မှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့သူတွေကို အာဏာပိုင်တွေဘက်က မနေ့က အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးတဲ့နောက် မြို့ခံတွေဟာ ဒီနေ့ တမြို့လုံံးအနှံဆန္ဒပြခဲ့ကြပြီး ဆန္ဒပြတဲ့သူဦးရေဟာ သိန်းနဲ့ချီရှိတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူတဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းက ဗွီအိုအေကို ပြောပါတယ်။

ဒေါက်တာတေဇာဆန်း။ ။ ဒီနေ့ဆိုရင် မနေ့က ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုအပေါ် အခြေပြုပြီးတော့ လူထုအင်အားပိုလို့တောင် ကောင်းလာတာကို ကျနော်တို့တွေ့ရပါတယ်။ ဒီနေ့ဆိုရင် မနက်ပိုင်း နေ့တဝက် ဒီဈေးချိုတော်မှာ ၈၄ လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်မှာ ထိုင်သပိတ်၊ ကျနော်တို့ သပိတ် တပ်ပေါင်းစု၊ အင်အားစုပေါင်းစုံ ထိုင်သပိတ် လူထုဆန္ဒပြပွဲကို ဆောင်ရွက်ခဲ့ပါတယ်။ လူထုအင်အားသိန်းနဲ့ ချီပြီးတော့ ရှိပါတယ်။ တမြို့လုံးမှာလည်းပဲ လူထုဆန္ဒဖော်ထုတ်ပွဲတွေက တမြို့လုံးအနှံ့ဖြစ်နေတာကို ကျနော်တို့ တွေ့ရပါတယ်။ အဲဒီတော့ လူထုရဲ့ ဒီမိုကရေစီအရေး၊ စစ်အာဏာရှင် ဆန့်ကျင်ရေးတောင်းဆိုသံ အင်မတန် အားရစရာကောင်းတယ်။ လုံးဝနောက်တွန့်သွားတာ မရှိပါဘူး ခင်ဗျ။

ကိုရန်နိုင်။ ။ မြို့ရဲ့ အနေအထားကရော ဘယ်လိုရှိလဲခင်ဗျ။

ဒေါက်တာတေဇာဆန်း။ ။ မနေ့က ကျနော်တို့ ကြုံလိုက်ရတဲ့ အကြမ်းဖက်လုပ်ရပ်ပေါ်မှာ လုံးဝဆန့်ကျင်တယ်၊ လုံးဝရှုတ်ချတယ်။ လုံးဝအလိုမရှိဘူး။ ပြီးတော့ မန္တလေးမှာလုပ်ခဲ့တာ တမြို့လုံးပေါ့ လူထု သိန်းနဲ့ချီပြီးတော့ သပြေညိုတော်လှန်ရေးဆိုတာ ကျနော်တို့ လုပ်ခဲ့ပါတယ်။ အောင်သပြေပန်းတွေကို ကိုင်ဆောင်ပြီးတော့ လူထုအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုံးဝ ကန့်ကွက်တယ်၊ ကြောက်နေမှာလည်း မဟုတ်ဘူး။ ကျနော်တို့ရဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုတာ အောင်အတိတ်၊ အောင်နိမိတ်ကို ယူပြီးတော့ မန္တလေးဟာ ဆက်လက်ပြီးတော့ ပန်းပန်လျက်ပါပဲဆိုတဲ့ နိမိတ်ကို ဖော်တဲ့အနေနဲ့ ကျနော်တို့ သပြေညိုတော်လှန်ရေးဆိုတာကို မန္တလေးလူထုတရပ်လုံးက ဆင်နွဲှခဲ့ပါတယ်ခင်ဗျ။

ကိုရန်နိုင်။ ။ လုံခြုံရေးတွေဘက်က အနေအထားရော ဘယ်လိုရှိလဲခင်ဗျ။

ဒေါက်တာတေဇာဆန်း။ ။ လုံခြုံရေးတွေကတော့ ကျနော်တို့ ထိုင်သပိတ်ဆန္ဒပြပွဲ ပတ်ဝန်းကျင်မှာ တောက်လျှောက်ရှိတာ တွေ့ရတယ်။ ဒီ sniper ကိုင်ဆောင်ထားတဲ့ လုံခြုံရေးအင်အားတွေ၊ ရဲကားတွေ၊ စစ်တပ်ကားတွေ တွေ့ရတယ်။ ကျနော်တို့အင်အားစုနဲ့တော့ တိုက်ရိုက်တွေ့တာတော့မရှိဘူး။ သူတို့ရဲ့ အနေအထားက လူထုတအားများတဲ့နေရာမှာဆိုရင်တော့ ဝင်လာတာမရှိဘဲနဲ့၊ လူထုအင်အား နည်းနည်းနည်းတဲ့ နေရာတွေမှာတော့ သူတို့က အင်အားပြပြီးတော့ ခြိမ်းခြောက်တာမျိုးတွေရှိနေတယ်ဆိုတာကို ကျနော်တို့ တွေ့ရပါတယ် ခင်ဗျ။

ကိုရန်နိုင်။ ။ အဲဒီတော့ ထိပ်တိုက်တွေ့မှု တစုံတရာ ဒီနေ့မှာ ဖမ်းဆီးတာတို့၊ ဘာတို့ရှိလား။

ဒေါက်တာတေဇာဆန်း။ ။ ကျနော်အခုပြောတဲ့အချိန်အထိတော့ မရှိသေးပါဘူး။ ကျနော်တို့ မကြားရသေးပါဘူးခင်ဗျ။

ကိုရန်နိုင်။ ။ မနေ့က ဖြစ်ခဲ့တဲ့ကိစ္စမှာ နောက်ဆုံးသိရသလောက်က ဘယ်လောက်ထိ ထိခိုက်ဒဏ်ရာ ရရှိမှုရှိလဲ။

ဒေါက်တာတေဇာဆန်း။ ။ လွန်ခဲ့တဲ့ နာရီပိုင်းမှာ ကျနော်တို့ ကြားရတာတော့ တယောက် ကွယ်လွန်သွားတယ်ပေါ့နော်... ဒဏ်ရာနဲ့ပေါ့နော်။ အခုဆိုရင် သေချာတာက သုံး ဦး ကွယ်လွန်ဆုံးပါးသွားပါပြီ။ ဒဏ်ရာ အပြင်းအထန်ရထားတဲ့ ပုဂ္ဂိုလ်တွေလည်း ကျန်ပါသေးတယ်။ ပစ်တဲ့ကျည်တွေကလည်း တကယ့် ကျည်စစ်ကျည်မှန်တွေနဲ့ ပစ်တဲ့အတွက် နောက် sniper နဲ့ ပစ်တာတွေရော အများကြီးတွေ့ရတယ်။ အများကြီးထိခိုက်ဒဏ်ရာရတဲ့သူတွေကတော့ အနည်းဆုံး ၄၀ ကျော်ရှိသလို၊ ဖမ်းဆီးခံထားရတဲ့ပုဂ္ဂိုလ်တွေကလည်း ရာနဲ့ကျော်ရှိပြီးတော့ အခုအချိန်ထိ အဆက်သွယ်မရဘူး။ ဘယ်ကိုခေါ်သွားတယ်ဆိုတာလဲ မသိဘူး။ အဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေကလည်း အခုဆိုရင် ဘယ်လိုဆက်သွယ်လို့ ဆက်သွယ်ရမှန်းမသိတဲ့အနေအထား ဖြစ်နေပါတယ် ခင်ဗျ။

ကိုရန်နိုင်။ ။ ဒီသေဆုံးသွားတဲ့သူတွေနဲ့ ပတ်သက်ပြီးတော့ရော မန္တလေးမြို့က မြို့ခံလူထုတွေအနေနဲ့ ဘာတွေ စီစဉ်ထားလဲ၊ ဘာတွေလုပ်ပေးသွားဖို့ အစီအစဉ်ရှိပါသလဲ။

ဒေါက်တာတေဇာဆန်း။ ။ အများစုက လူငယ်တွေပါပဲ ခင်ဗျာ အားလုံးက။ တယောက်ဆိုရင် ဆယ်ကျော်သက်၊ နောက်တယောက်ကကျတော့ အသက် ၃၀ ကျော်ပေါ့နော်။ အားလုံးက တကယ့် သာမန်ပြည်သူလူထုတွေပဲ ဖြစ်တယ်။ ဒီနေ့ဆိုရင် လူထုသိန်းနဲ့ချီရှိတဲ့ လူထုကြီးက သူတို့ကို လေးစားဂုဏ်ယူသောအားဖြင့် ဒီအာဇာနည် သူရဲကောင်းတွေအတွက်ပေါ့နော်... ဝမ်းနည်းကြောင်း ဂုဏ်ယူကြောင်းကို တစ် မိနစ် ငြိမ်သက် ဂုဏ်ပြုခဲ့ပါတယ်။ ကျန်ရစ်တဲ့ မိသားစုဝင်တွေကို တတ်နိုင်သမျှ ထောက်ပန့်ကူညီဖို့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကူညီတဲ့ ဆောင်ရွက်ချက်တွေ ကျနော်တို့ ဆောင်ရွက်နေပါတယ် ခင်ဗျ။ ကျနော်တို့အနေနဲ့ အဓိကပြောလိုတာက ဒီစစ်အာဏာသိမ်းအုပ်စုက ဘယ်လောက်ပဲ အကြမ်းဖက်သည်ဖြစ်စေ၊ ကျနော်တို့က ဒီ ဓမ္မနဲ့ အဓမ္မကြားမှာ လုံးဝ ကြား နေမှာ မဟုတ်ဘူး။ လုံးဝ တွန့်ဆုတ်သွားမှာ မဟုတ်ဘူး။ ဒီအာဏာသိမ်းတဲ့ အဓမ္မလုပ်ရပ်ကို ကျနော်တို့ လူထုတရပ်လုံးက တညီတညွတ်ထဲ ဆက်လက်ပြီးတော့ အကြမ်းမဖက် တုံ့ပြန်သွားကြမယ်၊ ဆက်လက် အန်တုသွားကြမယ်၊ ဆက်လက် ရင်ဆိုင်သွားကြမယ်ဆိုတဲ့ ကတိသစ္စာ သန္နိဌာန်ကိုပဲ ကျနော့်အနေနဲ့ ပြောလိုပါတယ် ခင်ဗျ။

ဆန္ဒပြတဲ့သူတွေကို အာဏာပိုင်တွေဘက်က မနေ့က အကြမ်းဖက်ဖြိုးခွင်းတာတွေနဲ့ ပတ်သက်ပြီးတော့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွ့ဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင် ဒီနေ့မှာ အခုလို ပြောပါတယ်။

"မြေပြင်မှာ ပစ်မိန့်ပေးတာ ဘယ်သူပဲ ဖြစ်ဖြစ်၊ စစ်ကောင်စီကသာ မူလနော်... သူသာ တာဝန်အရှိဆုံးနော်။ ဒါကြောင့်မို့လို့ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့သူတွေ အားလုံးဟာ တာဝန်ရှိတယ်။ တာဝန်ယူကြရလိမ့်မယ်။ ဒါကြောင့်မို့ ရုံးတက်နေတဲ့ဆိုတဲ့လူတွေဟာ ဒီစစ်ကောင်စီကို ပူးပေါင်းတာပဲ။ ရုံးမတက်ဘူးဆိုတဲ့သူတွေဟာ ဒီစစ်ကောင်စီကို ဆန့်ကျင်တာပဲ။"

ရန်ကုန်မှာတော့ ဆန္ဒပြတဲ့သူတွေဟာ လှည်းတန်း၊ မြေနီကုန်း အပါအဝင် တချို့နေရာတွေမှာ စုဝေးပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။ လှည်းတန်းက ဒီနေ့ဆန္ဒပြပွဲအတွင်းမှာတော့ ပြည်သူတွေဟာ မနေ့က ရဲနဲ့စစ်တပ်က ပစ်ခတ်လို့ သေဆုံးသွားခဲ့တဲ့သူ ၃ ယောက်ကို ရည်စူးပြီးတော့ ဆန္ဒပြပွဲမတိုင်ခင်မှာ ၃ မိနစ်ငြိမ်သက် ဂုဏ်ပြုခဲ့ကြပါတယ်။ ဒါ့အပြင် သောင်းနဲ့ချီတဲ့ ဆန္ဒပြတဲ့သူတွေဟာ လှည်းတန်းလမ်းဆုံးနဲ့ ခုံးကျော်တံတားအောက်တွေမှာ ကြွေးကြော်သံတွေအော်ဟစ်၊ လက် ၃ ချောင်းထောင်ပြီးတော့ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အပြင် မနက်ဖြန် ၂၂၊ ၀၂၊ ၂၀၂၁ ရက်နေ့မှာတော့ ၂ ငါးလုံးအထိမ်းအမှတ်အဖြစ်နဲ့ ရန်ကုန်တမြို့လုံးအနှံ့ ဝန်ထမ်းတွေအလုပ်မဆင်းရေး CDM လှုပ်ရှားမှုအပါအဝင် ဆန္ဒပြပွဲတွေ အကြီးအကျယ်လုပ်ဖို့အတွက် သပိတ်ကော်မတီတွေက တောင်းဆိုထားပါတယ်။

မုံရွာမြို့မှာတော့ နည်းပြတက္ကသိုလ်ကျောင်းသားတွေအပါအဝင် ဆန္ဒပြတဲ့ပြည်သူတွေဟာ ဗိုလ်ချုပ်လမ်းအတိုင်း ချီတက်ပြီး မြို့တွင်းမှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ဘက်က သံဆူးကြိုးတွေနဲ့ လမ်းကို ပိတ်ဆို့တားဆီးခဲ့ပြီး၊ ဆန္ဒပြတဲ့သူတွေနဲ့ရဲ့တပ်ဖွဲ့တို့ ရှေ့မတိုးနောက်မဆုတ်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဆန္ဒပြတဲ့သူတွေဘက်က လာရာလမ်းအတိုင်း နောက်ကြောင်းပြန်ချီတက် သွားခဲ့ပါတယ်။ မုံရွာမှာတော့ ဒီနေ့မှာ ရဲတပ်ဖွဲ့ဝင်အရေအတွက် ၁၀၀ ကျော်လောက် ရှိတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့မှာလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီး လူဦးရေ သောင်းနဲ့ ချီပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြတဲ့သပိတ်စစ်ကြောင်းကို ရဲနဲ့တပ်တွေက မြဝတီမြို့ထဲမှာ လမ်းပိတ်ပြီး တားဖို့ကြိုးစားခဲ့တာကြောင့် ဆန္ဒပြတဲ့သူတွေနဲ့ စကားအခြေတင်ဖြစ်တာလည်း ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပြန်ဖွင့်ပေးလိုက်ပါတယ်။

မြဝတီမြို့က ဒီနေ့ ဆန္ဒပြပွဲကိုတော့ ကရင်အမျိုးသားလက်နက်ကိုင်အဖွဲ့ KNU က လိုက်ပြီးတော့ လုံခြုံရေးယူပေးတယ်လို့ သိရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG