သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူေသတဲ့အထိ အၾကမ္းဖက္ႏွိမ္နင္းမႈ ကုလအတြင္းေရးမႈးခ်ဳပ္ ရႈတ္ခ်


မႏၱေလးဆႏၵျပပဲြမွာ လံုျခံဳေရးယူေနတဲ့ ရဲတပ္ဖဲြ႔ဝင္တဦး။ (ေဖေဖာ္ဝါရီ ၂၀၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းဆႏၵျပသူေတြအေပၚ ေသေစေလာက္တဲ့ အင္အားသံုးတာ၊ ၿခိမ္းေျခာက္ ေႏွာင့္ယွက္မႈကို လက္မခံႏိုင္ဘူးလို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ António Guterres ကေျပာၾကားလိုက္ပါတယ္။ လူေသတဲ့အထိ အၾကမ္းဖက္တာကို ႐ႈတ္ခ်တယ္လို႔ အတြင္းေရးမွဴးခ်ဳပ္ Guterres က သူ႔ရဲ႕ Twitter စာမ်က္ႏွာေပၚမွာ ေရးသားေဖာ္ျပခဲ့တာျဖစ္ပါတယ္။ လူတိုင္း ၿငိမ္းခ်မ္းစြာ စုေဝးခြင့္႐ွိတယ္။ ေ႐ြးေကာက္ပြဲရလဒ္ေတြကို အားလံုးေလးစားဖို႔နဲ႔ အရပ္သားအစိုးရလက္ အာဏာျပန္ေပးဖုိ႔ ေတာင္းဆိုတယ္လို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္က ေျပာၾကားပါတယ္။ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးဆိုင္ရာ အထူးကိုယ္စားလွယ္ Tom Andrews ကလည္း အာဏာသိမ္းယူထားသူေတြ ရက္စက္ၾကမ္းၾကဳတ္တဲ့ စစ္အစိုးရလက္ခ်က္ေၾကာင့္ မႏၱေလးၿမိဳ႕က ဆယ္ေက်ာ္သက္လူငယ္တေယာက္ အပါအဝင္ ေနာက္ထပ္ အသက္ေတြ ဆံုး႐ႈံးတဲ့သတင္းအတြက္ သူ႔အေနနဲ႔ ထိတ္လန္႔ တုန္လႈပ္ရတယ္လို႔ ေျပာၾကားလိုက္ပါတယ္။

မီးသတ္ပိုက္သံုးတာကေန၊ ရာဘာက်ည္၊ မ်က္ရည္ယိုဗံုးေတြ သံုးၿပီး အခုလည္း ခက္ထန္တဲ့ စစ္သားေတြက ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပေနသူေတြကို တည့္တည့္ပစ္ခတ္ေနတယ္လို႔ လူ႔အခြင့္အေရးဆိုင္ရာ အထူးကိုယ္စားလွယ္ Tom Andrews က သူ႔ရဲ႕ Twitter မွာ အဂၤလိပ္၊ ျမန္မာ ႏွစ္ဘာသာလံုးနဲ႔ ေရးထားပါတယ္။ ဒီလို မိုက္မဲတဲ့လုပ္ရပ္ေတြကို ခ်က္ခ်င္းရပ္ရမယ္လို႔လည္း သူကေျပာပါတယ္။ စစ္အာဏာသိမ္းမႈအေပၚ ဆန္႔က်င္ဆႏၵျပေနၾကတဲ့ထဲက မႏၱေလး၊ ေနျပည္ေတာ္၊ ေျမာင္းျမ၊ ျမစ္ႀကီးနားအပါအဝင္ တခ်ဳိ႕ၿမိဳ႕ေတြမွာ လံုၿခံဳေရးေတြက အင္အားသံုး ပစ္ခတ္ ၿဖိဳခြင္း ဖမ္းဆီးတာေတြ လုပ္ေနပါတယ္။

သေဘာထားကြဲလြဲမႈကို ထုတ္ေဖာ္ခြင့္႐ွိတဲ့အတိုင္း ဆႏၵထုတ္ေဖာ္ေနသူ တဦးတေယာက္မွ ထိခိုက္ နစ္နာ အႏၱရာယ္ မႀကံဳသင့္ဘူးလို႔ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ံုးကလည္း ထုတ္ျပန္ထားပါတယ္။ ေနျပည္ေတာ္မွာ မျမသြဲ႔သြဲ႔ခိုင္ ေသဆံုးခဲ့ၿပီးေနာက္ ၁ ရက္မွာပဲ မႏၱေလးမွာလည္း ေသေစတဲ့အထိ ဆႏၵျပသူေတြအေပၚ ပစ္ခတ္တဲ့အေပၚ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ အလြန္စိတ္ေသာကေရာက္ရတယ္။

စစ္တပ္အေနနဲ႔ ျပည္သူေတြအေပၚ အၾကမ္းဖက္မႈ ရပ္ရမယ္လို႔ အေမရိကန္သံ႐ံုးရဲ႕ Facebook စာမ်က္ႏွာေပၚမွာ ေဖာ္ျပထားပါတယ္။ ဆႏၵျပသူေတြအေပၚ ပစ္ခတ္တာ လံုးဝလက္ခံႏိုင္စရာ မ႐ွိဘူးလို႔ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီးကလည္း သေဘာထားထုတ္ျပန္ၿပီး ၿဗိတိန္ႏုိင္ငံအေနနဲ႔ ျမန္မာစစ္တပ္အေပၚ ေနာက္ထပ္ အေရးယူ ဒဏ္ခတ္မႈေတြလုပ္ဖို႔ စဥ္းစားမယ္လို႔ ႏုိင္ငံျခားေရးဝန္ႀကီး Dominic Raab က စေနေန႔ကပဲ Twitter ေပၚမွာ ေရးသားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လူသေတဲ့အထိ အကြမ်းဖက်နှိမ်နင်းမှု ကုလအတွင်းရေးမှုးချုပ် ရှုတ်ချ

မြန်မာနိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြသူတွေအပေါ် သေစေလောက်တဲ့ အင်အားသုံးတာ၊ ခြိမ်းခြောက် နှောင့်ယှက်မှုကို လက်မခံနိုင်ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ကပြောကြားလိုက်ပါတယ်။ လူသေတဲ့အထိ အကြမ်းဖက်တာကို ရှုတ်ချတယ်လို့ အတွင်းရေးမှူးချုပ် Guterres က သူ့ရဲ့ Twitter စာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ လူတိုင်း ငြိမ်းချမ်းစွာ စုဝေးခွင့်ရှိတယ်။ ရွေးကောက်ပွဲရလဒ်တွေကို အားလုံးလေးစားဖို့နဲ့ အရပ်သားအစိုးရလက် အာဏာပြန်ပေးဖို့ တောင်းဆိုတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews ကလည်း အာဏာသိမ်းယူထားသူတွေ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အစိုးရလက်ချက်ကြောင့် မန္တလေးမြို့က ဆယ်ကျော်သက်လူငယ်တယောက် အပါအဝင် နောက်ထပ် အသက်တွေ ဆုံးရှုံးတဲ့သတင်းအတွက် သူ့အနေနဲ့ ထိတ်လန့် တုန်လှုပ်ရတယ်လို့ ပြောကြားလိုက်ပါတယ်။

မီးသတ်ပိုက်သုံးတာကနေ၊ ရာဘာကျည်၊ မျက်ရည်ယိုဗုံးတွေ သုံးပြီး အခုလည်း ခက်ထန်တဲ့ စစ်သားတွေက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေသူတွေကို တည့်တည့်ပစ်ခတ်နေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က သူ့ရဲ့ Twitter မှာ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာလုံးနဲ့ ရေးထားပါတယ်။ ဒီလို မိုက်မဲတဲ့လုပ်ရပ်တွေကို ချက်ချင်းရပ်ရမယ်လို့လည်း သူကပြောပါတယ်။ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြနေကြတဲ့ထဲက မန္တလေး၊ နေပြည်တော်၊ မြောင်းမြ၊ မြစ်ကြီးနားအပါအဝင် တချို့မြို့တွေမှာ လုံခြုံရေးတွေက အင်အားသုံး ပစ်ခတ် ဖြိုခွင်း ဖမ်းဆီးတာတွေ လုပ်နေပါတယ်။

သဘောထားကွဲလွဲမှုကို ထုတ်ဖော်ခွင့်ရှိတဲ့အတိုင်း ဆန္ဒထုတ်ဖော်နေသူ တဦးတယောက်မှ ထိခိုက် နစ်နာ အန္တရာယ် မကြုံသင့်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ထုတ်ပြန်ထားပါတယ်။ နေပြည်တော်မှာ မမြသွဲ့သွဲ့ခိုင် သေဆုံးခဲ့ပြီးနောက် ၁ ရက်မှာပဲ မန္တလေးမှာလည်း သေစေတဲ့အထိ ဆန္ဒပြသူတွေအပေါ် ပစ်ခတ်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ အလွန်စိတ်သောကရောက်ရတယ်။

စစ်တပ်အနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှု ရပ်ရမယ်လို့ အမေရိကန်သံရုံးရဲ့ Facebook စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။ ဆန္ဒပြသူတွေအပေါ် ပစ်ခတ်တာ လုံးဝလက်ခံနိုင်စရာ မရှိဘူးလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကလည်း သဘောထားထုတ်ပြန်ပြီး ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်အပေါ် နောက်ထပ် အရေးယူ ဒဏ်ခတ်မှုတွေလုပ်ဖို့ စဉ်းစားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Dominic Raab က စနေနေ့ကပဲ Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG