သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ဘဏ္လုပ္ငန္းေတြ မတည္ၿငိမ္မႈနဲ႔ ႀကံဳေနရ


ရန္ကုန္ၿမိဳ႕ ဗဟိုဘဏ္ေရွ႕မွာ စစ္အာဏာသိမ္း ဆန္႔က်င္ ဆႏၵျပေနတဲ့ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၁၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းထားတာ ရက္ေပါင္း ၂၀ ေက်ာ္လာပါၿပီ။ စီးပြားေရးအခ်က္အခ်ာျဖစ္တဲ့ ရန္ကုန္လမ္းမေတြေပၚမွာ ေန႔စဥ္လိုလို ေသာင္းနဲ႔ခ်ီတဲ့ လူထုဆႏၵျပမႈေတြအျပင္ ဒီသီတင္းပတ္ထဲမွာဆို စစ္သံခ်ပ္ကာ ကားေတြပါ ေတြ႔ျမင္လာရတာနဲ႔အတူ ျမန္မာ့ဘဏ္လုပ္ငန္း လည္ပတ္မႈဟာလည္း ကစဥ့္ကလ်ား ျဖစ္လာေနပါတယ္။

ေဆးဝန္ထမ္းေတြ ဦးေဆာင္တဲ့ အၾကမ္းမဖက္ဘဲ အာဏာဖီဆန္တဲ့ CDM လႈပ္ရွားမႈမွာ ဘဏ္ေတြအပါအဝင္ ဌာနအသီးသီးက ဝန္ထမ္းအမ်ားအျပား ႐ုံးမတက္ဘဲ ႐ုန္းထြက္တဲ့ လႈပ္ရွားမႈ လုပ္ေဆာင္ေနၾကတာပါ။

ျမန္မာႏုိင္ငံတဝန္း ဘဏ္အမ်ားအျပား ပိတ္ထားဆဲျဖစ္ၿပီး ဖြင့္တဲ့ဘဏ္ေတြကလည္း ဝန္ေဆာင္မႈ အျပည့္အဝ မေပးႏိုင္ၾကပါဘူး။ ATM စက္ေတြမွာဆို အခ်ိန္အေတာ္ၾကာ တန္းစီၾကရၿပီး ေငြကို လိုသေလာက္ ထုတ္မေပးတာေတြ ဒါမွမဟုတ္ လံုးဝထုတ္မရတာမ်ိဳးေတြနဲ႔အတူ စီးပြားေရးလုပ္ငန္းေတြအတြက္ ေငြလည္ပတ္မႈ အခက္အခဲေတြ ႀကံဳေနၾကရတာပါ။

CDM လႈပ္ရွားမႈမွာ ပါဝင္တဲ့ ဘဏ္တာဝန္ရွိသူ တဦးကေတာ့ အခုလို ဆႏၵျပမႈေတြကေန သာမန္ျပည္သူေတြ အခက္အခဲနဲ႔ ႀကံဳၾကရေပမယ့္ အာဏာသိမ္းထားတဲ့ စစ္တပ္အတြက္ေတာ့ ပိုၿပီး အခက္ေတြ႔လာေစတယ္လုိ႔ ဗြီအိုေအကို ေျပာပါတယ္။

တကယ္ေတာ့ ျပည္တြင္း ေငြလည္ပတ္မႈေတြ၊ ႏုိင္ငံတကာဘဏ္ေတြနဲ႔ ဆက္သြယ္ေဆာင္ရြက္မႈေတြလို လက္ရွိ ျမန္မာ့ဘဏ္လုပ္ငန္းစနစ္ဟာ ပုဂၢလိကဘဏ္ေတြေပၚ အားထားေနရတာပါ။ ဒါေၾကာင့္ ပုဂၢလိကဘဏ္ဝန္ထမ္းေတြရဲ႕ CDM လႈပ္ရွားမႈက စစ္အုပ္ခ်ဳပ္ေရးေကာင္စီအတြက္ ေငြေၾကးဆိုင္ရာ စီမံခန္႔ခြဲဖို႔ အခက္အခဲ ျဖစ္ေစႏုိင္တယ္လို႔လည္း ေျပာပါတယ္။

အာဏာသိမ္းစစ္ေကာင္စီက ခန္႔အပ္ထားတဲ့ ဗဟိုဘဏ္ဒုဥကၠ႒ ဦးဝင္းေသာ္ကေတာ့ ဆႏၵျပသူေတြဟာ ကိုယ့္ႏုိင္ငံစီးပြားေရးကို ကိုယ္ဖ်က္ဆီးေနသူေတြ ျဖစ္တယ္လုိ႔ ေျပာၿပီး CDM လႈပ္ရွားမႈကို ေဝဖန္အျပစ္တင္ခဲ့ပါတယ္။ ဦးဝင္းေသာ္ကို ဗဟိုဘဏ္ဒုဥကၠ႒ ဦးဘိုဘိုငယ္ေနရာမွာ အစားထိုး ခန္႔အပ္ခဲ့တာျဖစ္ၿပီး ဦးဘိုဘိုငယ္ကေတာ့ အထိန္းသိမ္းခံထားရတယ္လို႔ သတင္းေတြ ထြက္ေနသလို ဘယ္မွာ ထိန္းသိမ္းထားတယ္ ဆုိတာေတာ့ မသိရေသးပါဘူး။

လာမယ့္သီတင္းပတ္ထဲဆို လကုန္ရက္ လခထုတ္ေပးရေတာ့မွာ ျဖစ္ေပမယ့္ ဘဏ္လုပ္ငန္း အပါအဝင္ ျပည္တြင္းေငြလည္ပတ္မႈ အေျခေနကလည္း မေကာင္းဘဲ ျဖစ္ေနတာပါ။ ႏုိင္ငံျခားေငြလဲမႈ ေစ်းကြက္က ရပ္ဆိုင္းလုနီးပါး ျဖစ္ေနသလို ႏိုင္ငံတကာ ကုန္သြယ္ေရးဆိုင္ရာ ေငြေပးေျခမႈေတြကလည္း ေႏွာင့္ေႏွးေနပါတယ္။

ဒါ့အျပင္ နယ္စပ္ကုန္သြယ္ေရးက ရပ္ဆိုင္းေနၿပီး အခြန္အခနဲ႔ ေထာက္ပံ့ပို႔ေဆာင္ေရး ဆိုင္ရာအျပင္ သြင္းကုန္ထုတ္ကုန္ဆိုင္ရာ အားလံုးအတြက္ပါ ေငြလည္ပတ္မႈ ရပ္ဆုိင္းေနတာေၾကာင့္ ျမန္မာ့ေငြေၾကးက႑ဟာ အေျခအေန အေတာ္ဆိုးေနတယ္လို႔လည္း ဘဏ္လုပ္ငန္းရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

မြန်မာ့ဘဏ်လုပ်ငန်းတွေ မတည်ငြိမ်မှုနဲ့ ကြုံနေရ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ရက်ပေါင်း ၂၀ ကျော်လာပါပြီ။ စီးပွားရေးအချက်အချာဖြစ်တဲ့ ရန်ကုန်လမ်းမတွေပေါ်မှာ နေ့စဉ်လိုလို သောင်းနဲ့ချီတဲ့ လူထုဆန္ဒပြမှုတွေအပြင် ဒီသီတင်းပတ်ထဲမှာဆို စစ်သံချပ်ကာ ကားတွေပါ တွေ့မြင်လာရတာနဲ့အတူ မြန်မာ့ဘဏ်လုပ်ငန်း လည်ပတ်မှုဟာလည်း ကစဉ့်ကလျား ဖြစ်လာနေပါတယ်။

ဆေးဝန်ထမ်းတွေ ဦးဆောင်တဲ့ အကြမ်းမဖက်ဘဲ အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ဘဏ်တွေအပါအဝင် ဌာနအသီးသီးက ဝန်ထမ်းအများအပြား ရုံးမတက်ဘဲ ရုန်းထွက်တဲ့ လှုပ်ရှားမှု လုပ်ဆောင်နေကြတာပါ။

မြန်မာနိုင်ငံတဝန်း ဘဏ်အများအပြား ပိတ်ထားဆဲဖြစ်ပြီး ဖွင့်တဲ့ဘဏ်တွေကလည်း ဝန်ဆောင်မှု အပြည့်အဝ မပေးနိုင်ကြပါဘူး။ ATM စက်တွေမှာဆို အချိန်အတော်ကြာ တန်းစီကြရပြီး ငွေကို လိုသလောက် ထုတ်မပေးတာတွေ ဒါမှမဟုတ် လုံးဝထုတ်မရတာမျိုးတွေနဲ့အတူ စီးပွားရေးလုပ်ငန်းတွေအတွက် ငွေလည်ပတ်မှု အခက်အခဲတွေ ကြုံနေကြရတာပါ။

CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဘဏ်တာဝန်ရှိသူ တဦးကတော့ အခုလို ဆန္ဒပြမှုတွေကနေ သာမန်ပြည်သူတွေ အခက်အခဲနဲ့ ကြုံကြရပေမယ့် အာဏာသိမ်းထားတဲ့ စစ်တပ်အတွက်တော့ ပိုပြီး အခက်တွေ့လာစေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

တကယ်တော့ ပြည်တွင်း ငွေလည်ပတ်မှုတွေ၊ နိုင်ငံတကာဘဏ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေလို လက်ရှိ မြန်မာ့ဘဏ်လုပ်ငန်းစနစ်ဟာ ပုဂ္ဂလိကဘဏ်တွေပေါ် အားထားနေရတာပါ။ ဒါကြောင့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုက စစ်အုပ်ချုပ်ရေးကောင်စီအတွက် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲဖို့ အခက်အခဲ ဖြစ်စေနိုင်တယ်လို့လည်း ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားတဲ့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်ကတော့ ဆန္ဒပြသူတွေဟာ ကိုယ့်နိုင်ငံစီးပွားရေးကို ကိုယ်ဖျက်ဆီးနေသူတွေ ဖြစ်တယ်လို့ ပြောပြီး CDM လှုပ်ရှားမှုကို ဝေဖန်အပြစ်တင်ခဲ့ပါတယ်။ ဦးဝင်းသော်ကို ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်နေရာမှာ အစားထိုး ခန့်အပ်ခဲ့တာဖြစ်ပြီး ဦးဘိုဘိုငယ်ကတော့ အထိန်းသိမ်းခံထားရတယ်လို့ သတင်းတွေ ထွက်နေသလို ဘယ်မှာ ထိန်းသိမ်းထားတယ် ဆိုတာတော့ မသိရသေးပါဘူး။

လာမယ့်သီတင်းပတ်ထဲဆို လကုန်ရက် လခထုတ်ပေးရတော့မှာ ဖြစ်ပေမယ့် ဘဏ်လုပ်ငန်း အပါအဝင် ပြည်တွင်းငွေလည်ပတ်မှု အခြေနေကလည်း မကောင်းဘဲ ဖြစ်နေတာပါ။ နိုင်ငံခြားငွေလဲမှု ဈေးကွက်က ရပ်ဆိုင်းလုနီးပါး ဖြစ်နေသလို နိုင်ငံတကာ ကုန်သွယ်ရေးဆိုင်ရာ ငွေပေးခြေမှုတွေကလည်း နှောင့်နှေးနေပါတယ်။

ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေးက ရပ်ဆိုင်းနေပြီး အခွန်အခနဲ့ ထောက်ပံ့ပို့ဆောင်ရေး ဆိုင်ရာအပြင် သွင်းကုန်ထုတ်ကုန်ဆိုင်ရာ အားလုံးအတွက်ပါ ငွေလည်ပတ်မှု ရပ်ဆိုင်းနေတာကြောင့် မြန်မာ့ငွေကြေးကဏ္ဍဟာ အခြေအနေ အတော်ဆိုးနေတယ်လို့လည်း ဘဏ်လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG