သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿငိမ္းခ်မ္းစြာဆႏၵျပသူေတြကုိ အၾကမ္းဖက္ ႏွိမ္နင္းတဲ့အေပၚ အီးယူ ျပစ္တင္႐ႈတ္ခ်


ဥေရာပသမဂၢ ႏုိင္ငံျခားေရးရာ အႀကီးအကဲ Josep Borrell. (ေဖေဖာ္ဝါရီ ၉၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံတြင္း စစ္တပ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ၿငိမ္းခ်မ္းစြာ ဆႏၵျပပြဲေတြကို လူ႔အသက္ဆုံး႐ႈံးေစတဲ့အထိ အင္အားသုံး ႏွိမ္နင္းေနမႈအေပၚ EU ဥေရာပသမဂၢ ႏုိင္ငံျခားေရးရာ အႀကီးအကဲ Josep Borrell က ျပစ္တင္႐ႈတ္ခ်လိုက္ပါတယ္။ ေသနတ္က်ည္အစစ္နဲ႔ ပစ္ခတ္လို႔ ဆႏၵျပသူ ၂ ဦး ေသဆုံးခဲ့ရတဲ့အေပၚ EU အဖြဲ႔က လိုအပ္သလို ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ၿပီး အေရးယူ ေဆာင္ရြက္သြားမယ္လို႔လည္း Josep Borrell က ေျပာပါတယ္။

ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသူေတြကို စစ္တပ္က အၾကမ္းဖက္ ႏွိမ္နင္းေနတဲ့အေပၚ အျပင္းအထန္ ႐ႈတ္ခ်ေၾကာင္းနဲ႔ ျမန္မာႏုိင္ငံတြင္း အရပ္သားေတြအေပၚ အၾကမ္းဖက္ေနတာေတြကို ခ်က္ခ်င္းရပ္တန္႔ဖို႔ ျမန္မာစစ္တပ္နဲ႔ လုံၿခဳံေရးတပ္ဖြဲ႔ေတြကို တိုက္တြန္းေၾကာင္း သူက တြစ္တာစာမ်က္ႏွာမွာ ေရးပါတယ္။

တနလၤာေန႔မွာ ဘယ္လ္ဂ်ီယံႏုိင္ငံ၊ ဘရပ္ဆဲလ္ၿမိဳ႕မွာ က်င္းပဖို႔ရွိတဲ့ EU အဖြဲ႔ဝင္ႏုိင္ငံ ဝန္ႀကီးမ်ား အစည္းအေဝးမွာ ျမန္မာႏုိင္ငံတြင္း ေနာက္ဆုံးျဖစ္ပ်က္ေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္လို႔ လိုအပ္တဲ့ ဆုံးျဖတ္ခ်က္ေတြခ်ဖို႔ အေရး ေဆြးေႏြးဖို႔ ရွိတယ္လို႔လည္း သူက ေျပာပါတယ္။

မေန႔က မႏၲေလးၿမိဳ႕ ဆႏၵျပပြဲေတြအတြင္း လုံၿခဳံေရးတပ္ဖြဲ႔ေတြက ေသနတ္နဲ႔ ပစ္ခတ္ၿဖိဳခြဲခဲ့တဲ့အတြက္ လူ ၂ ဦး ေသဆုံးခဲ့ရၿပီးတဲ့ေနာက္မွာ EU ႏုိင္ငံျခားေရးရာ အႀကီးအကဲက အခုလို ေျပာၾကားလိုက္တာပါ။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔က ေနျပည္ေတာ္ ဆႏၵျပပြဲအတြင္း ဦးေခါင္းမွာ ေသနတ္က်ည္ ထိမွန္ခဲ့သူ မျမသြဲ႔သြဲ႔ခိုင္ မေန႔တုန္းက ေသဆုံးခဲ့တဲ့ အေပၚမွာလည္း ဥေရာပေကာ္မရွင္က ျမန္မာစစ္တပ္ကို ျပစ္တင္႐ႈတ္ခ်ခဲ့ပါတယ္။

EU ေျပာခြင့္ရတဦးကေတာ့ အခုလို ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို အသက္ေသဆုံးတဲ့အထိ အင္အားသုံး ႏွိမ္နင္းမႈမွာ တာဝန္ရွိသူေတြကို ပြင့္လင္းျမင္သာတဲ့ စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ဖို႔ ေတာင္းဆိုလိုက္ပါတယ္။ တနလၤာေန႔ EU ႏုိင္ငံျခားေရးဝန္ႀကီး အစည္းအေဝးမွာ ျမန္မာစစ္တပ္ကို ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ခ်မွတ္သြားဖို႔ရွိေၾကာင္း EU အႀကီးတန္းတာဝန္ရွိသူ တဦးက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းတဲ့အပေါ် အီးယူ ပြစ်တင်ရှုတ်ချ

မြန်မာနိုင်ငံတွင်း စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို လူ့အသက်ဆုံးရှုံးစေတဲ့အထိ အင်အားသုံး နှိမ်နင်းနေမှုအပေါ် EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ Josep Borrell က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ သေနတ်ကျည်အစစ်နဲ့ ပစ်ခတ်လို့ ဆန္ဒပြသူ ၂ ဦး သေဆုံးခဲ့ရတဲ့အပေါ် EU အဖွဲ့က လိုအပ်သလို ဆုံးဖြတ်ချက်တွေ ချမှတ်ပြီး အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း Josep Borrell က ပြောပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းနေတဲ့အပေါ် အပြင်းအထန် ရှုတ်ချကြောင်းနဲ့ မြန်မာနိုင်ငံတွင်း အရပ်သားတွေအပေါ် အကြမ်းဖက်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့ မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်တွန်းကြောင်း သူက တွစ်တာစာမျက်နှာမှာ ရေးပါတယ်။

တနင်္လာနေ့မှာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ကျင်းပဖို့ရှိတဲ့ EU အဖွဲ့ဝင်နိုင်ငံ ဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံတွင်း နောက်ဆုံးဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေချဖို့ အရေး ဆွေးနွေးဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။

မနေ့က မန္တလေးမြို့ ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲခဲ့တဲ့အတွက် လူ ၂ ဦး သေဆုံးခဲ့ရပြီးတဲ့နောက်မှာ EU နိုင်ငံခြားရေးရာ အကြီးအကဲက အခုလို ပြောကြားလိုက်တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော် ဆန္ဒပြပွဲအတွင်း ဦးခေါင်းမှာ သေနတ်ကျည် ထိမှန်ခဲ့သူ မမြသွဲ့သွဲ့ခိုင် မနေ့တုန်းက သေဆုံးခဲ့တဲ့ အပေါ်မှာလည်း ဥရောပကော်မရှင်က မြန်မာစစ်တပ်ကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

EU ပြောခွင့်ရတဦးကတော့ အခုလို ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အသက်သေဆုံးတဲ့အထိ အင်အားသုံး နှိမ်နင်းမှုမှာ တာဝန်ရှိသူတွေကို ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။ တနင်္လာနေ့ EU နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ မြန်မာစစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သွားဖို့ရှိကြောင်း EU အကြီးတန်းတာဝန်ရှိသူ တဦးက ပြောပါတယ်။

XS
SM
MD
LG