သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္း ဆႏၵျပပဲြ မႏၲေလးမွာ ၿဖိဳခြင္းခံရ


ဆႏၵျပ မႏၱေလးေဒသခံမ်ားနဲ႔ ရဲတပ္ဖြဲ႔ ထိပ္တိုက္ေတြ႔ေနတဲ့ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၀၊ ၂၀၂၁။ ဓာတ္ပုံ - ဗြီအိုေအျမန္မာပုိင္း)

(Zawgyi / Unicode)

စစ္တပ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြ ႏုိင္ငံတဝန္းမွာ ဆက္လက္ျဖစ္ပြားေနၿပီး မႏၱေလးမွာေတာ့ လုံၿခဳံေရးတပ္ေတြဘက္က ဒီကေန႔ ပစ္ခတ္ႏွိမ္နင္းတာေတြေၾကာင့္ ၂ ဦးထက္မနည္း ေသဆုံးဖြယ္ရွိၿပီး ထိခိုက္ဒဏ္ရာရတာေတြလည္း ရွိခဲ့ပါတယ္။ မႏၱေလး အပါအဝင္ ႏုိင္ငံတဝန္းက တခ်ိဳ႕ၿမိဳ႕ႀကီးေတြက ဒီေန႔ ဆႏၵျပပဲြ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ကုိရန္ႏုိင္ စုစည္းတင္ျပထားပါတယ္။

စစ္တပ္က အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြ ဒီေန႔ ဆက္လက္ျဖစ္ပြားေနတာမွာ မႏၱေလးမွာေတာ့ အာဏာပိုင္ေတြဘက္က ပစ္ခတ္ႏွိမ္နင္းမႈေတြ ရွိခဲ့ပါတယ္။ ၃၉ လမ္း၊ လမ္း ၄၀၊ ၄၁ လမ္းနဲ႔ ကမ္းနားလမ္းနဲ႔ စိန္ပန္းအရပ္ဘက္မွာ အာဏာပိုင္ေတြဘက္က ဝင္ေရာက္ပစ္ခတ္ ႏွိမ္နင္းခဲ့တာျဖစ္ၿပီး ဒဏ္ရာရတာေတြ ထိခုိက္ေသဆုံးတာေတြ ရွိတယ္လို႔လည္း သိရပါတယ္။

အဲဒီဘက္က သေဘၤာက်င္းမွာ CDM လို႔ေခၚတဲ့ အၾကမ္းမဖက္ဘဲ ၿငိမ္းခ်မ္းစြာ အာဏာဖီဆန္ေနၾကတဲ့ ဆႏၵျပဝန္ထမ္းေတြနဲ႔ လုံၿခဳံေရးေတြ ထိပ္တုိက္ေတြ႔ခဲ့ၾကတာပါ။ အေစာပိုင္းမွာေတာ့ ေဆြးေႏြးညႇိႏႈိင္းမႈေတြ လုပ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အေျခအေနေတြက တင္းမာလာၿပီး ပစ္ခတ္ႏွိမ္နင္းမႈေတြ ျဖစ္ခဲ့တာလို႔လည္း ေျပာပါတယ္။ လုံၿခဳံေရးေတြဘက္က ရာဘာက်ည္ဆန္ေတြ၊ မ်က္ရည္ယုိဗုံးေတြအျပင္ က်ည္ဆန္အစစ္ေတြနဲ႔ လူေနရပ္ကြက္ေတြ အတြင္းကို ပစ္ခတ္တာေတြလည္း အင္တာနက္ အြန္လိုင္းက တုိက္႐ုိက္ထုတ္လႊင့္မႈေတြမွာ ေတြ႔ရပါတယ္။

ဗီြအိုေအကရရွိတဲ့ ဓာတ္ပုံ ဗီြဒီယိုေတြအျပင္ အင္တာနက္ အြန္လိုင္းေတြမွာ တင္ထားတဲ့ ဗီြဒီယိုေတြအရေတာ့ ဦးေခါင္းကို က်ည္ဆန္ထိမွန္ထားတာေတြ၊ ဝမ္းဗုိက္ကို က်ည္ဆန္ထိမွန္တာေတြကို ေတြ႔ခဲ့ရပါတယ္။ ဦးေခါင္းပြင့္လူနာ ေသဆံုးတယ္ဆိုတာ အဲဒီမွာရွိေနတဲ့ ဆရာဝန္တဦး အတည္ျပဳ ေျပာဆိုထားတာကို ဗြီအိုေအကရရွိတဲ့ ဗီြဒီယိုတခုမွာ ေတြ႔ရပါတယ္။ အနည္းဆံုး လူ ၂ ဦး ေသဆံုးဖြယ္ ရွိတယ္လို႔ သိရေပမယ့္ သီးျခား ေဆးအတည္ျပဳခ်က္ေတြ မရရွိပါဘူး။

ထိခုိက္ေသဆုံးမႈ ေနာက္ဆုံးအေျခအေနနဲ႔ ပတ္သက္ၿပီး မႏၱေလးၿမိဳ႕မွာရွိတဲ့ ဗီြအိုေအျမန္မာပိုင္းရဲ႕ သတင္းေထာက္ ကိုထက္ေအာင္ခန္႔ကုိ ဆက္သြယ္ေမးျမန္းၾကည့္တဲ့အခါမွာ သူက အခုလိုေျပာပါတယ္။

ႏွိမ္နင္းခံရတဲ့ မႏၱေလး ဆႏၵျပပြဲအတြင္း ဒဏ္ရာရသြားတဲ့ အမ်ဳိးသမီးတဦး။ (ေဖေဖာ္ဝါရီ ၂၀၊ ၂၀၂၁။ ဓာတ္ပုံ - ဗြီအိုေအျမန္မာပုိင္း)
ႏွိမ္နင္းခံရတဲ့ မႏၱေလး ဆႏၵျပပြဲအတြင္း ဒဏ္ရာရသြားတဲ့ အမ်ဳိးသမီးတဦး။ (ေဖေဖာ္ဝါရီ ၂၀၊ ၂၀၂၁။ ဓာတ္ပုံ - ဗြီအိုေအျမန္မာပုိင္း)


“အခု ဒဏ္ရာရတဲ့လူေတြကို ျဗဟၼစုိရ္ လူမႈကူညီေရးအသင္း ႐ုံးမွာ ကုသေပးေနတာရွိတယ္။ လက္ရွိသိရသေလာက္က ေခါင္းတေယာက္ထိတယ္၊ ဗုိက္တေယာက္ထိတယ္။ အဲဒီႏွစ္ေယာက္ကေတာ့ ေသဆုံးသြားတာရွိတယ္။ အခု ဒီလူမႈကူညီေရးအသင္း႐ုံးကို ထိခုိက္ဒဏ္ရာရလုိ႔ လာေနတာ ၁၅ ေယာက္ေလာက္ ရွိၿပီ။ ထပ္လာဖို႔လည္း ရွိတယ္ဆုိေတာ့ အေယာက္ ၂၀ ေက်ာ္ေလာက္ေတာ့ ရွိမယ္။ ေျမျပင္မွာ ျဖစ္တာဆုိရင္ အေဒၚႀကီးတေယာက္ ေခါင္းမွာ ၅ ခ်က္ ခ်ဳပ္လုိက္ရတယ္။ လက္လည္းက်ဳိးသြားတယ္။ အဲဒါေတာ့ ေျမျပင္မွာ ခ်က္ခ်င္းကုၿပီးေတာ့ လုပ္လုိက္ရတာ။ ေနာက္ဆုံး သူတုိ႔ လုံၿခဳံေရးယူထားတာ စြန္႔ခြာခါနီးအခ်ိန္မွာ ပစ္တာခတ္တာဆုိရင္ တေယာက္က အေျခအေန ေတာ္ေတာ္ဆုိးတယ္။ ေျခေထာက္က ေျခခ်င္းဝတ္အေပၚကေန ျပတ္လုနီးပါး ဒဏ္ရာရသြားတဲ့ အေနအထား ရွိတယ္။”

ဒီေန႔ မႏၱေလးက ပစ္ခတ္ႏွိမ္နင္းမႈေတြအတြင္း ဘယ္ေလာက္အထိ ထိခုိက္ဒဏ္ရာရတယ္ဆုိတာ အခုခ်ိန္ထိ အတိအက် မသိရေသးေပမယ့္ ၃၀ ထက္မနည္း ရွိႏုိင္တယ္လို႔ ခန္႔မွန္းေနၾကပါတယ္။ ဒါ့အျပင္ ဆႏၵျပတဲ့သူ ၂၀ ေက်ာ္ထက္မနည္း ဖမ္းဆီးခံခဲ့ရတယ္လို႔လည္း ဗီြအိုေအသတင္းေထာက္က ေျပာပါတယ္။

ရန္ကုန္မွာေတာ့ ဆႏၵျပတဲ့သူေတြဟာ လွည္းတန္း၊ ေျမနီကုန္း အပါအဝင္ ၿမိဳ႕ေနရာအႏွံ႔မွာ စုေဝးဆႏၵျပခဲ့ၾကၿပီး ဆူးေလမွာေတာ့ ဒီေန႔မနက္ပိုင္းက လုံၿခဳံေရးေတြက ဆူးေလဘုရားလမ္းမႀကီးကို ပိတ္ဆုိ႔တားဆီးခဲ့ပါတယ္။ ဒါေၾကာင့္ ဆႏၵျပတဲ့သူေတြဟာ ဗုိလ္ခ်ဳပ္ေအာင္ဆန္းလမ္းနဲ႔ ဆူးေလဘုရားလမ္းေထာင့္မွာ စုေဝးၿပီး ဆႏၵျပခဲ့ၾကပါတယ္။ ဒါ့အျပင္ ဆႏၵျပတဲ့သူေတြဟာ ဂ်ပန္သံ႐ုံး အပါအဝင္ ရန္ကုန္က သံ႐ုံးေတြေရွ႕မွာလည္း သြားေရာက္ ဆႏၵျပေတာင္းဆုိတာေတြ လုပ္ခဲ့ၾကၿပီး ဆႏၵျပ ခ်င္းတုိင္းရင္းသားေတြကေတာ့ ဂ်ပန္သံအမတ္ႀကီးကို အိတ္ဖြင့္ေပးစာတေစာင္ ေပးခဲ့ပါတယ္။ ဒီစာကို ျမန္မာႏုိင္ငံဆုိင္ရာ ဂ်ပန္သံအမတ္ႀကီး Ichiro Mayurama ကိုယ္တုိင္ သံ႐ုံးအျပင္ဘက္ကို ထြက္ယူခဲ့ၿပီး ဂ်ပန္အစိုးရဆီကို ပို႔ေပးသြားမယ္လို႔ ကတိျပဳေျပာၾကားခဲ့ပါတယ္။

“က်ေနာ္တုိ႔ ဂ်ပန္အစုိးရအေနနဲ႔ ျမန္မာႏုိင္ငံနဲ႔ ဆက္ဆံမႈဆုိရင္ ျပည္သူလူထုအသံကို လ်စ္လ်ဴမ႐ႈပါဘူး။ အဲဒါကို လုံးဝ အေျခခံၿပီးေတာ့ ဂ်ပန္-ျမန္မာႏုိင္ငံ ဆက္ဆံမႈကို စဥ္းစားပါမယ္။ အဲဒီအခါက်မွ က်ေနာ္တုိ႔က ျမန္မာအစုိးရ အခု တပ္မေတာ္ကို ေတာင္းဆုိေနတာ ပထမတခ်က္က ျမန္မာႏုိင္ငံ ေခါင္းေဆာင္ျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္တို႔ သမၼတ ဦးဝင္းျမင့္တို႔ အဖမ္းခံရတဲ့ ႏုိင္ငံေရးပုဂၢိဳလ္မ်ားအားလုံး ခ်က္ခ်င္း ျပန္လႊတ္ဖုိ႔။ ဒုတိယအခ်က္က ဘာအခက္အခဲေတြျဖစ္ျဖစ္ အကုန္လုံးက ဒီမုိကေရစီနည္းနဲ႔ ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ ေျဖရွင္းရတဲ့ကိစၥ။ အဲဒါကို တပ္မေတာ္ကုိ ေတာင္းဆုိေနပါတယ္။ အဲဒီေတာင္းဆုိခ်က္မွာ ဘာမွအေျပာင္းအလဲေတာ့ မရွိပါဘူး။ ၿပီးေတာ့ ေနာက္တခုက ဒီမွာစုလာတဲ့ လူငယ္မ်ား ပုဂၢိဳလ္မ်ားကို က်ေနာ္ ေမတၱာရပ္ခံခ်င္တာကေတာ့ ကုိယ့္အသက္ ကုိယ့္လုံၿခဳံေရးကို ဂ႐ုစုိက္ပါဦး။ ကုိယ့္အသက္က ပုိၿပီး အေရးႀကီးပါတယ္။ ဒါ က်ေနာ္တုိ႔ ဂ်ပန္အစုိးရ ဂ်ပန္သံ႐ုံးရဲ႕ ဒီတုိင္းျပည္ ဒီမုိကေရစီျဖစ္ေအာင္ ဆက္ၿပီးေတာ့ ျပည္သူလူထုအသံကို အေျခခံၿပီးေတာ့ ႀကိဳးစားပါမယ္။ အရမ္းေက်းဇူးတင္ပါတယ္။”

ရန္ကုန္က ဒီေန႔ဆႏၵျပပဲြေတြအတြင္း ဆႏၵျပတဲ့သူေတြနဲ႔ လုံၿခဳံေရးေတြၾကား အခုခ်ိန္ထိ ထိပ္တုိက္ေတြ႔တာ မရွိဘူးလို႔ သိရပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ရက္ေတြအတြင္း အာဏာပိုင္ေတြဘက္က အင္အားသုံး ႏွိမ္နင္းခဲ့တဲ့ ျမစ္ႀကီးနားၿမိဳ႕မွာလည္း စစ္တပ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြ ဒီေန႔မွာ ဆက္ၿပီး ျဖစ္ပြားခဲ့ပါတယ္။ ဆႏၵျပတဲ့သူေတြဟာ ဒီေန႔မွာေတာ့ ဆုိင္ကယ္ေတြနဲ႔ လမ္းေပၚထြက္ၿပီးေတာ့ ၿမိဳ႕အႏွံ႔ကို လွည့္လည္ ဆႏၵျပခဲ့ၾကၿပီး တခ်ိဳ႕ေနရာေတြမွာေတာ့ လုံၿခဳံေရးအာဏာပိုင္ေတြက လမ္းေတြပိတ္ၿပီး တားဆီးထားတာေတြ ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

စစ်အာဏာသိမ်း ဆန္ဒပြပွဲ မန္တလေးမှာ ဖြိုခွင်းခံရ

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတဝန်းမှာ ဆက်လက်ဖြစ်ပွားနေပြီး မန္တလေးမှာတော့ လုံခြုံရေးတပ်တွေဘက်က ဒီကနေ့ ပစ်ခတ်နှိမ်နင်းတာတွေကြောင့် ၂ ဦးထက်မနည်း သေဆုံးဖွယ်ရှိပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။ မန္တလေး အပါအဝင် နိုင်ငံတဝန်းက တချို့မြို့ကြီးတွေက ဒီနေ့ ဆန္ဒပြပွဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဒီနေ့ ဆက်လက်ဖြစ်ပွားနေတာမှာ မန္တလေးမှာတော့ အာဏာပိုင်တွေဘက်က ပစ်ခတ်နှိမ်နင်းမှုတွေ ရှိခဲ့ပါတယ်။ ၃၉ လမ်း၊ လမ်း ၄၀၊ ၄၁ လမ်းနဲ့ ကမ်းနားလမ်းနဲ့ စိန်ပန်းအရပ်ဘက်မှာ အာဏာပိုင်တွေဘက်က ဝင်ရောက်ပစ်ခတ် နှိမ်နင်းခဲ့တာဖြစ်ပြီး ဒဏ်ရာရတာတွေ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

အဲဒီဘက်က သင်္ဘောကျင်းမှာ CDM လို့ခေါ်တဲ့ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ အာဏာဖီဆန်နေကြတဲ့ ဆန္ဒပြဝန်ထမ်းတွေနဲ့ လုံခြုံရေးတွေ ထိပ်တိုက်တွေ့ခဲ့ကြတာပါ။ အစောပိုင်းမှာတော့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အခြေအနေတွေက တင်းမာလာပြီး ပစ်ခတ်နှိမ်နင်းမှုတွေ ဖြစ်ခဲ့တာလို့လည်း ပြောပါတယ်။ လုံခြုံရေးတွေဘက်က ရာဘာကျည်ဆန်တွေ၊ မျက်ရည်ယိုဗုံးတွေအပြင် ကျည်ဆန်အစစ်တွေနဲ့ လူနေရပ်ကွက်တွေ အတွင်းကို ပစ်ခတ်တာတွေလည်း အင်တာနက် အွန်လိုင်းက တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာ တွေ့ရပါတယ်။

မႏၱေလး ဆႏၵျပပြဲအတြင္း ပိတ္ဆုိ႔တားဆီးေနတဲ့ လုံၿခဳံေရးတပ္ဖြဲ႔ဝင္မ်ား။ (ေဖေဖာ္ဝါရီ ၂၀၊ ၂၀၂၁။ ဓာတ္ပုံ - ဗြီအိုေအျမန္မာပုိင္း)
မႏၱေလး ဆႏၵျပပြဲအတြင္း ပိတ္ဆုိ႔တားဆီးေနတဲ့ လုံၿခဳံေရးတပ္ဖြဲ႔ဝင္မ်ား။ (ေဖေဖာ္ဝါရီ ၂၀၊ ၂၀၂၁။ ဓာတ္ပုံ - ဗြီအိုေအျမန္မာပုိင္း)

ဗွီအိုအေကရရှိတဲ့ ဓာတ်ပုံ ဗွီဒီယိုတွေအပြင် အင်တာနက် အွန်လိုင်းတွေမှာ တင်ထားတဲ့ ဗွီဒီယိုတွေအရတော့ ဦးခေါင်းကို ကျည်ဆန်ထိမှန်ထားတာတွေ၊ ဝမ်းဗိုက်ကို ကျည်ဆန်ထိမှန်တာတွေကို တွေ့ခဲ့ရပါတယ်။ ဦးခေါင်းပွင့်လူနာ သေဆုံးတယ်ဆိုတာ အဲဒီမှာရှိနေတဲ့ ဆရာဝန်တဦး အတည်ပြု ပြောဆိုထားတာကို ဗွီအိုအေကရရှိတဲ့ ဗွီဒီယိုတခုမှာ တွေ့ရပါတယ်။ အနည်းဆုံး လူ ၂ ဦး သေဆုံးဖွယ် ရှိတယ်လို့ သိရပေမယ့် သီးခြား ဆေးအတည်ပြုချက်တွေ မရရှိပါဘူး။

ထိခိုက်သေဆုံးမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး မန္တလေးမြို့မှာရှိတဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုထက်အောင်ခန့်ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ သူက အခုလိုပြောပါတယ်။

“အခု ဒဏ်ရာရတဲ့လူတွေကို ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း ရုံးမှာ ကုသပေးနေတာရှိတယ်။ လက်ရှိသိရသလောက်က ခေါင်းတယောက်ထိတယ်၊ ဗိုက်တယောက်ထိတယ်။ အဲဒီနှစ်ယောက်ကတော့ သေဆုံးသွားတာရှိတယ်။ အခု ဒီလူမှုကူညီရေးအသင်းရုံးကို ထိခိုက်ဒဏ်ရာရလို့ လာနေတာ ၁၅ ယောက်လောက် ရှိပြီ။ ထပ်လာဖို့လည်း ရှိတယ်ဆိုတော့ အယောက် ၂၀ ကျော်လောက်တော့ ရှိမယ်။ မြေပြင်မှာ ဖြစ်တာဆိုရင် အဒေါ်ကြီးတယောက် ခေါင်းမှာ ၅ ချက် ချုပ်လိုက်ရတယ်။ လက်လည်းကျိုးသွားတယ်။ အဲဒါတော့ မြေပြင်မှာ ချက်ချင်းကုပြီးတော့ လုပ်လိုက်ရတာ။ နောက်ဆုံး သူတို့ လုံခြုံရေးယူထားတာ စွန့်ခွာခါနီးအချိန်မှာ ပစ်တာခတ်တာဆိုရင် တယောက်က အခြေအနေ တော်တော်ဆိုးတယ်။ ခြေထောက်က ခြေချင်းဝတ်အပေါ်ကနေ ပြတ်လုနီးပါး ဒဏ်ရာရသွားတဲ့ အနေအထား ရှိတယ်။”

ဒီနေ့ မန္တလေးက ပစ်ခတ်နှိမ်နင်းမှုတွေအတွင်း ဘယ်လောက်အထိ ထိခိုက်ဒဏ်ရာရတယ်ဆိုတာ အခုချိန်ထိ အတိအကျ မသိရသေးပေမယ့် ၃၀ ထက်မနည်း ရှိနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါ့အပြင် ဆန္ဒပြတဲ့သူ ၂၀ ကျော်ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ဗွီအိုအေသတင်းထောက်က ပြောပါတယ်။

ရန်ကုန်မှာတော့ ဆန္ဒပြတဲ့သူတွေဟာ လှည်းတန်း၊ မြေနီကုန်း အပါအဝင် မြို့နေရာအနှံ့မှာ စုဝေးဆန္ဒပြခဲ့ကြပြီး ဆူးလေမှာတော့ ဒီနေ့မနက်ပိုင်းက လုံခြုံရေးတွေက ဆူးလေဘုရားလမ်းမကြီးကို ပိတ်ဆို့တားဆီးခဲ့ပါတယ်။ ဒါကြောင့် ဆန္ဒပြတဲ့သူတွေဟာ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ဆူးလေဘုရားလမ်းထောင့်မှာ စုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အပြင် ဆန္ဒပြတဲ့သူတွေဟာ ဂျပန်သံရုံး အပါအဝင် ရန်ကုန်က သံရုံးတွေရှေ့မှာလည်း သွားရောက် ဆန္ဒပြတောင်းဆိုတာတွေ လုပ်ခဲ့ကြပြီး ဆန္ဒပြ ချင်းတိုင်းရင်းသားတွေကတော့ ဂျပန်သံအမတ်ကြီးကို အိတ်ဖွင့်ပေးစာတစောင် ပေးခဲ့ပါတယ်။ ဒီစာကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Ichiro Mayurama ကိုယ်တိုင် သံရုံးအပြင်ဘက်ကို ထွက်ယူခဲ့ပြီး ဂျပန်အစိုးရဆီကို ပို့ပေးသွားမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။

“ကျနော်တို့ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံမှုဆိုရင် ပြည်သူလူထုအသံကို လျစ်လျူမရှုပါဘူး။ အဲဒါကို လုံးဝ အခြေခံပြီးတော့ ဂျပန်-မြန်မာနိုင်ငံ ဆက်ဆံမှုကို စဉ်းစားပါမယ်။ အဲဒီအခါကျမှ ကျနော်တို့က မြန်မာအစိုးရ အခု တပ်မတော်ကို တောင်းဆိုနေတာ ပထမတချက်က မြန်မာနိုင်ငံ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတ ဦးဝင်းမြင့်တို့ အဖမ်းခံရတဲ့ နိုင်ငံရေးပုဂ္ဂိုလ်များအားလုံး ချက်ချင်း ပြန်လွှတ်ဖို့။ ဒုတိယအချက်က ဘာအခက်အခဲတွေဖြစ်ဖြစ် အကုန်လုံးက ဒီမိုကရေစီနည်းနဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းရတဲ့ကိစ္စ။ အဲဒါကို တပ်မတော်ကို တောင်းဆိုနေပါတယ်။ အဲဒီတောင်းဆိုချက်မှာ ဘာမှအပြောင်းအလဲတော့ မရှိပါဘူး။ ပြီးတော့ နောက်တခုက ဒီမှာစုလာတဲ့ လူငယ်များ ပုဂ္ဂိုလ်များကို ကျနော် မေတ္တာရပ်ခံချင်တာကတော့ ကိုယ့်အသက် ကိုယ့်လုံခြုံရေးကို ဂရုစိုက်ပါဦး။ ကိုယ့်အသက်က ပိုပြီး အရေးကြီးပါတယ်။ ဒါ ကျနော်တို့ ဂျပန်အစိုးရ ဂျပန်သံရုံးရဲ့ ဒီတိုင်းပြည် ဒီမိုကရေစီဖြစ်အောင် ဆက်ပြီးတော့ ပြည်သူလူထုအသံကို အခြေခံပြီးတော့ ကြိုးစားပါမယ်။ အရမ်းကျေးဇူးတင်ပါတယ်။”

ရန်ကုန်က ဒီနေ့ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြတဲ့သူတွေနဲ့ လုံခြုံရေးတွေကြား အခုချိန်ထိ ထိပ်တိုက်တွေ့တာ မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်တွေအတွင်း အာဏာပိုင်တွေဘက်က အင်အားသုံး နှိမ်နင်းခဲ့တဲ့ မြစ်ကြီးနားမြို့မှာလည်း စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဒီနေ့မှာ ဆက်ပြီး ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြတဲ့သူတွေဟာ ဒီနေ့မှာတော့ ဆိုင်ကယ်တွေနဲ့ လမ်းပေါ်ထွက်ပြီးတော့ မြို့အနှံ့ကို လှည့်လည် ဆန္ဒပြခဲ့ကြပြီး တချို့နေရာတွေမှာတော့ လုံခြုံရေးအာဏာပိုင်တွေက လမ်းတွေပိတ်ပြီး တားဆီးထားတာတွေ ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG