သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မႏၲေလးပစ္ခတ္မႈ ဆႏၵျပသူ ၂ ဦးေသဆံုး


မႏၱေလးဆႏၵျပ ပစ္ခတ္ႏွိမ္နင္းမႈအတြင္း ဒဏ္ရာရသူတဦးကို ျပဳစုေနသူမ်ား။ (ေဖေဖာ္ဝါရီ ၂၀၊ ၂၀၂၁။ ဓာတ္ပုံ - ဗြီအိုေအျမန္မာပုိင္း)

(Zawgyi / Unicode)

မႏၲေလးၿမိဳ႕က ဒီကေန႔ဆႏၵျပပြဲေတြကို ရဲနဲ႔စစ္တပ္က ပစ္ခတ္ၿဖိဳခြဲတာေၾကာင့္ ဆႏၵျပသူ ၂ ဦး ေသဆံုးတယ္လို႔ မႏၲေလးမွာရွိေနတဲ့ ဗီြအိုေအသတင္းေထာက္က သတင္းေပးပို႔ထားပါတယ္။

ဗီြအိုေအက ရထားတဲ့ ဗီြဒီယိုဖိုင္ေတြထဲမွာ ဦးေခါင္းပြင့္ထားတဲ့ ဒဏ္ရာရ လူတဦးနဲ႔ ဝမ္းဗိုက္ကို က်ည္မွန္ထားတဲ့ လူတဦးတို႔ကို ေတြ႔ရပါတယ္။ အဲဒီမွာ ကုသေပးေနတဲ့ ဆရာဝန္တဦးကေတာ့ ဦးေခါင္းပြင့္လူနာ ေသဆံုးတယ္ဆိုတာ ေျပာထားပါတယ္။ ပစ္ခတ္မႈမွာ က်ည္အစစ္လား ရာဘာက်ည္ဆန္လား ဆိုတာကိုေတာ့ သီးျခားအတည္ျပဳလို႔ မရေသးပါဘူး။ ေဒသခံေတြ ႐ိုက္ကူးထားတဲ့ ဗီြဒီယိုထဲမွာေတာ့ က်ည္ခံြတခ်ိဳ႕ကိုလည္း ေတြ႔ရပါတယ္။

ပစ္ခတ္မႈေၾကာင့္ ေျခေထာက္ျပတ္လုနီးပါး ဒဏ္ရာရခဲ့သူတဦး ရွိသလို အမ်ိဳးသမီးတဦး လက္က်ိဳးၿပီးေတာ့ ဦးေခါင္းမွာ ၅ ခ်က္ ခ်ဳပ္ရတာကို သူကိုယ္တိုင္ျမင္ခဲ့ရတယ္လို႔ ဗြီအိုေအသတင္းေထာက္က ေျပာပါတယ္။ ဖမ္းဆီးခံရသူ အေယာက္ ၃၀ ထက္မနည္း ရွိတယ္လို႔လည္း သတင္းပို႔ထားပါတယ္။

ရဲနဲ႔တပ္က ပစ္ခတ္ဖမ္းဆီးတဲ့ ဓာတ္ပံုနဲ႔ ဗီြဒီယိုမွတ္တမ္းေတြ၊ ဒဏ္ရာရသူေတြရဲ႕ ဗီြဒီယိုမွတ္တမ္းေတြကို ဗီြအိုေအသတင္းေထာက္ကိုယ္တိုင္ မ်က္ျမင္ေတြ႔ ႐ိုက္ယူၿပီး ေပးပို႔ထားပါတယ္။

ရတနာပုံသေဘၤာက်င္းမွာ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈ လုပ္ေဆာင္ေနသူေတြကို ရဲေတြက လာၿပီး ထိန္းသိမ္းတာမွာ ႐ုန္းရင္းဆန္ခတ္ အေျခအေနေတြ ျဖစ္ခဲ့တဲ့အေၾကာင္းနဲ႔ ပစ္ခတ္တာေတြရွိခဲ့တဲ့အေၾကာင္း အခင္းျဖစ္ေနရာေတြမွာ ကိုယ္တိုင္ရွိေနခဲ့ဲတဲ့ ဗြီအိုေအသတင္းေထာက္က ႐ုပ္သံမွတ္တမ္းေတြနဲ႔အတူ ေပးပို႔ခဲ့ပါတယ္။

မႏၲေလးမွာ ပစ္ခတ္တာေတြ၊ ရဲနဲ႔ စစ္တပ္က ဖမ္းဆီးတာေတြကို ႐ိုက္ယူထားတဲ့ တျခား ဗြီဒီယိုေတြ၊ ဓာတ္ပုံမွတ္တမ္းေတြလည္း ဆိုရွယ္မီဒီယာေပၚမွာ က်ယ္က်ယ္ပ်ံ႕ပ်ံ႕ထြက္ေနပါတယ္။

ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပသူေတြကို အင္အားသုံး ႏွိမ္နင္းၿဖိဳခြဲတာမလုပ္ဖို႔ ကုလသမဂၢနဲ႔ ႏိုင္ငံတကာက အျပင္းအထန္ သတိေပးထားတဲ့ၾကားကပဲ အခုလို ပစ္ခတ္ႏွိမ္နင္းတာေတြ ဆက္ရွိေနတာပါ။

ၿပီးခဲ့တဲ့ရက္ေတြက ေန႔စဥ္လို ပစ္ခတ္ၿဖိဳခြဲတာေတြရွိခဲ့တဲ့ ျမစ္ႀကီးနားမွာေတာ့ ဒီကေန႔ ပစ္ခတ္ၿဖိဳခြဲတဲ့သတင္းေတြ မရဘဲ ဆႏၵျပသူေတြနဲ႔ ရဲ၊ စစ္တပ္ၾကား ခပ္လွမ္းလွမ္းအေနအထားနဲ႔ ရင္ဆိုင္ေတြ႕တာမ်ိဳးပဲရွိခဲ့ပါတယ္။

မေန႔ကကြယ္လြန္သြားခဲ့တဲ့ အသက္ ၂၀ အရြယ္ မျမသြဲ႔သြဲ႔ခိုင္အတြက္ စစ္အာဏာသိမ္းမႈ ဆန႔္က်င္ကန႔္ကြက္တဲ့ ဒီကေန႔ ေနျပည္ေတာ္ဆႏၵျပပြဲအတြင္း ဝမ္းနည္းျခင္း အထိမ္းအမွတ္အျဖစ္ ဆႏၵျပသူေတြ ၁ မိနစ္ၾကာ ၿငိမ္သက္ခဲ့ၾကပါတယ္။

မျမသြဲ႔သြဲ႔ခိုင္ဟာ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔ ေနျပည္ေတာ္ ဆႏၵျပပြဲတခုအတြင္း ရဲကပစ္တဲ့က်ည္ ဦးေခါင္းမွာ ထိမွန္ၿပီးေတာ့ ဒဏ္ရာအျပင္းအထန္ ရရွိခဲ့ၿပီးတဲ့ေနာက္ သတိျပန္ရမလာေတာ့ဘဲ ၁၀ ရက္အၾကာ ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔မွာ ကြယ္လြန္သြားခဲ့တာပါ။

သူကြယ္လြန္သြားတဲ့အေပၚ ဝမ္းနည္းရသလို ခြန္အားလည္း ျဖစ္ရပါတယ္လို႔ ဒီကေန႔ ေနျပည္ေတာ္ဆႏၵျပပြဲမွာ ပါဝင္တဲ့ ေက်ာင္းသူတဦးက ေျပာပါတယ္။

“ညီမတို႔ ေက်ာင္းသားသမဂၢ အဖြဲ႔ဝင္အေနနဲ႔ပဲ ေျပာေျပာ၊ ေက်ာင္းသူတေယာက္ အေနနဲ႔ပဲ ေျပာေျပာ၊ ျပည္သူတေယာက္အေနနဲ႔ပဲ ေျပာေျပာ ညီမေလးတို႔ရဲ႕ မိသားစုဝင္ မဟုတ္ေပမယ့္လည္း ျပည္သူတေယာက္ အေနနဲ႔ေတာ့ အရမ္းဝမ္းနည္းရတယ္။ ဝမ္းနည္းရတာက တပုိင္း၊ ၿပီးေတာ့ ခြန္အားျဖစ္တာက တပုိင္း၊ သူတေယာက္ က်တဲ့အတြက္ ညီမတို႔က အေယာက္ ၁၀၀ ျပန္ထဖို႔ လိုအပ္တယ္။”

ေနျပည္ေတာ္ဆႏၵျပပြဲမွာ ဆႏၵျပသူ ေထာင္ေပါင္းမ်ားစြာပါဝင္ၿပီး ေရြးေကာက္ခံအစိုးရလက္ထဲ အာဏာျပန္လႊဲေပးဖို႔၊ ဖမ္းထားသူေတြကို ျပန္လႊတ္ေပးဖို႔နဲ႔ ၂၀၀၈ အေျခခံဥပေဒကို ဖ်က္သိမ္းေပးဖို႔ ေတာင္းဆိုၾကပါတယ္။

ရန္ကုန္ၿမိဳ႕တဝန္း ဆႏၵျပပြဲေတြမွာလည္း တိုင္းရင္းသားေတြ၊ ဝန္ထမ္းေတြ၊ လူငယ္ေတြ၊ ေက်ာင္းသူေက်ာင္းသားေတြ စသည္အားျဖင့္ ဆႏၵျပသူမ်ိဳးစုံ ပါဝင္ခဲ့ၾကပါတယ္။

မႏၲေလးပစ္ခတ္မႈ ဆႏၵျပသူ ၂ ဦးေသဆံုး
please wait

No media source currently available

0:00 0:03:18 0:00
တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

မန္တလေးပစ်ခတ်မှု ဆန္ဒပြသူ ၂ ဦးသေဆုံး

မန္တလေးမြို့က ဒီကနေ့ဆန္ဒပြပွဲတွေကို ရဲနဲ့စစ်တပ်က ပစ်ခတ်ဖြိုခွဲတာကြောင့် ဆန္ဒပြသူ ၂ ဦး သေဆုံးတယ်လို့ မန္တလေးမှာရှိနေတဲ့ ဗွီအိုအေသတင်းထောက်က သတင်းပေးပို့ထားပါတယ်။

ဗွီအိုအေက ရထားတဲ့ ဗွီဒီယိုဖိုင်တွေထဲမှာ ဦးခေါင်းပွင့်ထားတဲ့ ဒဏ်ရာရ လူတဦးနဲ့ ဝမ်းဗိုက်ကို ကျည်မှန်ထားတဲ့ လူတဦးတို့ကို တွေ့ရပါတယ်။ အဲဒီမှာ ကုသပေးနေတဲ့ ဆရာဝန်တဦးကတော့ ဦးခေါင်းပွင့်လူနာ သေဆုံးတယ်ဆိုတာ ပြောထားပါတယ်။ ပစ်ခတ်မှုမှာ ကျည်အစစ်လား ရာဘာကျည်ဆန်လား ဆိုတာကိုတော့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။ ဒေသခံတွေ ရိုက်ကူးထားတဲ့ ဗွီဒီယိုထဲမှာတော့ ကျည်ခွံတချို့ကိုလည်း တွေ့ရပါတယ်။

ပစ်ခတ်မှုကြောင့် ခြေထောက်ပြတ်လုနီးပါး ဒဏ်ရာရခဲ့သူတဦး ရှိသလို အမျိုးသမီးတဦး လက်ကျိုးပြီးတော့ ဦးခေါင်းမှာ ၅ ချက် ချုပ်ရတာကို သူကိုယ်တိုင်မြင်ခဲ့ရတယ်လို့ ဗွီအိုအေသတင်းထောက်က ပြောပါတယ်။ ဖမ်းဆီးခံရသူ အယောက် ၃၀ ထက်မနည်း ရှိတယ်လို့လည်း သတင်းပို့ထားပါတယ်။

ရဲနဲ့တပ်က ပစ်ခတ်ဖမ်းဆီးတဲ့ ဓာတ်ပုံနဲ့ ဗွီဒီယိုမှတ်တမ်းတွေ၊ ဒဏ်ရာရသူတွေရဲ့ ဗွီဒီယိုမှတ်တမ်းတွေကို ဗွီအိုအေသတင်းထောက်ကိုယ်တိုင် မျက်မြင်တွေ့ ရိုက်ယူပြီး ပေးပို့ထားပါတယ်။

ရတနာပုံသင်္ဘောကျင်းမှာ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု လုပ်ဆောင်နေသူတွေကို ရဲတွေက လာပြီး ထိန်းသိမ်းတာမှာ ရုန်းရင်းဆန်ခတ် အခြေအနေတွေ ဖြစ်ခဲ့တဲ့အကြောင်းနဲ့ ပစ်ခတ်တာတွေရှိခဲ့တဲ့အကြောင်း အခင်းဖြစ်နေရာတွေမှာ ကိုယ်တိုင်ရှိနေခဲ့ဲတဲ့ ဗွီအိုအေသတင်းထောက်က ရုပ်သံမှတ်တမ်းတွေနဲ့အတူ ပေးပို့ခဲ့ပါတယ်။

မန္တလေးမှာ ပစ်ခတ်တာတွေ၊ ရဲနဲ့ စစ်တပ်က ဖမ်းဆီးတာတွေကို ရိုက်ယူထားတဲ့ တခြား ဗွီဒီယိုတွေ၊ ဓာတ်ပုံမှတ်တမ်းတွေလည်း ဆိုရှယ်မီဒီယာပေါ်မှာ ကျယ်ကျယ်ပျံ့ပျံ့ထွက်နေပါတယ်။

ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို အင်အားသုံး နှိမ်နင်းဖြိုခွဲတာမလုပ်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အပြင်းအထန် သတိပေးထားတဲ့ကြားကပဲ အခုလို ပစ်ခတ်နှိမ်နင်းတာတွေ ဆက်ရှိနေတာပါ။

ပြီးခဲ့တဲ့ရက်တွေက နေ့စဉ်လို ပစ်ခတ်ဖြိုခွဲတာတွေရှိခဲ့တဲ့ မြစ်ကြီးနားမှာတော့ ဒီကနေ့ ပစ်ခတ်ဖြိုခွဲတဲ့သတင်းတွေ မရဘဲ ဆန္ဒပြသူတွေနဲ့ ရဲ၊ စစ်တပ်ကြား ခပ်လှမ်းလှမ်းအနေအထားနဲ့ ရင်ဆိုင်တွေ့တာမျိုးပဲရှိခဲ့ပါတယ်။

မနေ့ကကွယ်လွန်သွားခဲ့တဲ့ အသက် ၂၀ အရွယ် မမြသွဲ့သွဲ့ခိုင်အတွက် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ ဒီကနေ့ နေပြည်တော်ဆန္ဒပြပွဲအတွင်း ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဆန္ဒပြသူတွေ ၁ မိနစ်ကြာ ငြိမ်သက်ခဲ့ကြပါတယ်။

မမြသွဲ့သွဲ့ခိုင်ဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့ နေပြည်တော် ဆန္ဒပြပွဲတခုအတွင်း ရဲကပစ်တဲ့ကျည် ဦးခေါင်းမှာ ထိမှန်ပြီးတော့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီးတဲ့နောက် သတိပြန်ရမလာတော့ဘဲ ၁၀ ရက်အကြာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာပါ။

သူကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းရသလို ခွန်အားလည်း ဖြစ်ရပါတယ်လို့ ဒီကနေ့ နေပြည်တော်ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ကျောင်းသူတဦးက ပြောပါတယ်။

“ညီမတို့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်အနေနဲ့ပဲ ပြောပြော၊ ကျောင်းသူတယောက် အနေနဲ့ပဲ ပြောပြော၊ ပြည်သူတယောက်အနေနဲ့ပဲ ပြောပြော ညီမလေးတို့ရဲ့ မိသားစုဝင် မဟုတ်ပေမယ့်လည်း ပြည်သူတယောက် အနေနဲ့တော့ အရမ်းဝမ်းနည်းရတယ်။ ဝမ်းနည်းရတာက တပိုင်း၊ ပြီးတော့ ခွန်အားဖြစ်တာက တပိုင်း၊ သူတယောက် ကျတဲ့အတွက် ညီမတို့က အယောက် ၁၀၀ ပြန်ထဖို့ လိုအပ်တယ်။”

နေပြည်တော်ဆန္ဒပြပွဲမှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာပါဝင်ပြီး ရွေးကောက်ခံအစိုးရလက်ထဲ အာဏာပြန်လွှဲပေးဖို့၊ ဖမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုကြပါတယ်။

ရန်ကုန်မြို့တဝန်း ဆန္ဒပြပွဲတွေမှာလည်း တိုင်းရင်းသားတွေ၊ ဝန်ထမ်းတွေ၊ လူငယ်တွေ၊ ကျောင်းသူကျောင်းသားတွေ စသည်အားဖြင့် ဆန္ဒပြသူမျိုးစုံ ပါဝင်ခဲ့ကြပါတယ်။

XS
SM
MD
LG