သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ဆႏၵျပလူငယ္ေတြ သံ႐ုံးေတြေရွ႕ သက္ဆိုင္ရာဘာသာစကားေတြနဲ႔ ဆႏၵျပေတာင္းဆို


႐ုရွားသံ႐ုံးေရွ႕မွာ ဆႏၵျပေတာင္းဆို

(Zawgyi/Unicode)

ျမန္မာႏိုင္ငံအတြင္း စစ္အာဏာသိမ္းမႈကို နည္းမ်ိဳးစုံနဲ႔ ဆန္႔က်င္ ဆႏၵျပပြဲေတြကို သီတင္းႏွစ္ပတ္ေက်ာ္ၾကာ ဆက္လက္ လုပ္ေဆာင္ ေနတာမွာ မေန႔ေသာၾကာေန႔ကလည္း ဆႏၵျပပြဲေတြ ထပ္မံ ဆင္ႏႊဲခဲ့ပါတယ္။ ႏိုင္ငံတဝွမ္း ဆႏၵျပေနတဲ့အထဲ ရန္ကုန္ၿမိဳ႕က လူငယ္ေတြ ကေတာ့ သံ႐ုံး အသီးသီးကို သြားေရာက္ၿပီး သက္ဆိုင္ရာ သံ႐ုံးေတြရဲ႕ ဘာသာစကားေတြ အသုံးျပဳၿပီး ဆႏၵျပခဲ့ၾကပါတယ္။

႐ုရွားသံ႐ုံးေရွ႕မွာ ဒီမိုကေရစီ ရရွိေရး လူငယ္ေတြ စုေပါင္း ေႂကြးေၾကာ္ခဲ့ၾကတာပါ။

ကိုရီးယား သံ႐ုံးေရွ႕က ဆႏၵျပပြဲကိုလည္း ကိုရီးယားဘာသာစကားနဲ႔ ေႂကြးေၾကာ္ခဲ့ၾကတာပါ။

ၿဗိတိန္သံ႐ုံးေရွ႕မွာ ဆႏၵျပသူေတြကိုေတာ့ သံအမတ္ႀကီးကိုယ္တိုင္ ထြက္ေတြ႔ ႏႈတ္ဆက္ၿပီး ဆႏၵျပလူငယ္ေတြေပးတဲ့ စာကို လက္ခံခဲ့ပါတယ္။

လမ္းေပၚထြက္ ဆႏၵျပသူေတြထဲ အစိုးရ ဝန္ထမ္းေတြ အလုပ္မသြားဘဲ CDM မွာ ပါဖို႔ အေရး ရည္႐ြယ္ဆႏၵျပသူ တစ္ခ်ိဳ႕က လမ္းေပၚ မွာ ျပန္႔က်ဲေနတဲ့ ၾကက္သြန္နီေတြ ေကာက္ယူၿပီး အခ်ိန္ဆြဲ လမ္းပိတ္တဲ့ ပုံစံနဲ႔ ဆႏၵျပတာလည္း ပါဝင္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

ရန်ကုန်ဆန္ဒပြလူငယ်တွေ သံရုံးတွေရှေ့ သက်ဆိုင်ရာဘာသာစကားတွေနဲ့ ဆန္ဒပြတောင်းဆို

(Unicode)

မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုကို နည်းမျိုးစုံနဲ့ ဆန့်ကျင် ဆန္ဒပြပွဲတွေကို သီတင်းနှစ်ပတ်ကျော်ကြာ ဆက်လက် လုပ်ဆောင် နေတာမှာ မနေ့သောကြာနေ့ကလည်း ဆန္ဒပြပွဲတွေ ထပ်မံ ဆင်နွှဲခဲ့ပါတယ်။ နိုင်ငံတဝှမ်း ဆန္ဒပြနေတဲ့အထဲ ရန်ကုန်မြို့က လူငယ်တွေ ကတော့ သံရုံး အသီးသီးကို သွားရောက်ပြီး သက်ဆိုင်ရာ သံရုံးတွေရဲ့ ဘာသာစကားတွေ အသုံးပြုပြီး ဆန္ဒပြခဲ့ကြပါတယ်။

ရုရှားသံရုံးရှေ့မှာ ဒီမိုကရေစီ ရရှိရေး လူငယ်တွေ စုပေါင်း ကြွေးကြော်ခဲ့ကြတာပါ။

ကိုရီးယား သံရုံးရှေ့က ဆန္ဒပြပွဲကိုလည်း ကိုရီးယားဘာသာစကားနဲ့ ကြွေးကြော်ခဲ့ကြတာပါ။

ဗြိတိန်သံရုံးရှေ့မှာ ဆန္ဒပြသူတွေကိုတော့ သံအမတ်ကြီးကိုယ်တိုင် ထွက်တွေ့ နှုတ်ဆက်ပြီး ဆန္ဒပြလူငယ်တွေပေးတဲ့ စာကို လက်ခံခဲ့ပါတယ်။

လမ်းပေါ်ထွက် ဆန္ဒပြသူတွေထဲ အစိုးရ ဝန်ထမ်းတွေ အလုပ်မသွားဘဲ CDM မှာ ပါဖို့ အရေး ရည်ရွယ်ဆန္ဒပြသူ တစ်ချို့က လမ်းပေါ် မှာ ပြန့်ကျဲနေတဲ့ ကြက်သွန်နီတွေ ကောက်ယူပြီး အချိန်ဆွဲ လမ်းပိတ်တဲ့ ပုံစံနဲ့ ဆန္ဒပြတာလည်း ပါဝင်ခဲ့ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG