သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္ေကာင္စီ ႏိုင္ငံတကာ လူအခြင့္အေရးစံႏႈန္း ခ်ိဳးေဖာက္ဟု CRPH ေဝဖန္


ေနျပည္ေတာ္မွာျပဳလုပ္တဲ့ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပပြဲအနီး ေစာင့္ၾကပ္ေနတဲ့ စစ္သားမ်ား။ (ေဖေဖာ္ဝါရီ ၁၇၊ ၂၀၂၁)

(Zawgyi / Unicode)

အာဏာသိမ္း စစ္ေကာင္စီဟာ ဖြဲ႔စည္းပံုအေျခခံဥပေဒကိုသာမက ႏိုင္ငံတကာ လူ႔အခြင့္အေရးစံႏႈန္းေတြ၊ ကုလသမဂၢ ပဋိညာဥ္စာတမ္းပါ အဖြဲ႔ဝင္ႏုိင္ငံေတြ လိုက္နာရမယ့္ စည္းကမ္းခ်က္ေတြကို ေျပာင္ေျပာင္တင္းတင္း ခ်ဳိးေဖာက္ေနတယ္လုိ႔ ျပည္ေထာင္စုလႊတ္ေတာ္ ကုိယ္စားျပဳေကာ္မတီ (CRPH) က အျပင္းအထန္ ျပစ္တင္ေဝဖန္လိုက္ပါတယ္။

ဖမ္းဆီးခံထားရသူေတြအေနနဲ႔ ဥပေဒနဲ႔အညီ ခုခံေခ်ပခြင့္မရဘဲ ဥပေဒဆုိင္ရာ အခြင့္အေရးေတြကို ပိတ္ပင္တာဟာ တည္ဆဲဥပေဒေတြနဲ႔ မညီသလို လူသားမ်ဳိးႏြယ္တို႔ လိုက္နာက်င့္သံုးအပ္တဲ့ အေျခခံအခြင့္အေရးေတြကို ေဖာက္ဖ်က္တာ ျဖစ္တဲ့အတြက္ ျပည္ေထာင္စုလႊတ္ေတာ္ ကုိယ္စားျပဳေကာ္မတီက ျပင္းျပင္းထန္ထန္ ကန္႔ကြက္တယ္ဆုိၿပီး ဒီကေန႔ရက္စြဲနဲ႔ ထုတ္ျပန္တဲ့ ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

သမၼတဦးဝင္းျမင့္၊ ႏုိင္ငံေတာ္အတိုုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ အပါအဝင္ ႏုိင္ငံေခါင္းေဆာင္ေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈမွာ ပါဝင္သူေတြ၊ ဝန္ထမ္းေတြနဲ႔ အလႊာအသီးသီးက လူပုဂၢိဳလ္ေတြကို မတရားဖမ္းဆီးၿပီး တရားစြဲဆိုတာေတြကို အာဏာသိမ္းစစ္ေကာင္စီက ဥပေဒမဲ့ ေဆာင္ရြက္ေနတယ္လို႔ CRPH က ေထာက္ျပထားပါတယ္။

ဥပေဒမဲ့ မတရားဖမ္းဆီးခံရသူေတြ၊ တရားစြဲဆိုခံထားရသူေတြဟာ လက္ရွိ တည္ဆဲဥပေဒေတြ၊ ႏုိင္ငံတကာ လူ႔အခြင့္အေရးဆိုင္ရာ မူေတြနဲ႔အညီ ကာကြယ္ခုခံေခ်ပခြင့္ မရတဲ့အျပင္ အက်ဳိးေဆာင္ေရွ႕ေနေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးခြင့္၊ သူတို႔အေပၚ စြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္ၿပီး ညႇိႏိႈင္းေဆြးေႏြးခြင့္ လံုးဝမရဘဲ ဥပေဒပါ အခြင့္အေရးနဲ႔အညီ ေရွ႕ေနေတြကေနတဆင့္ ခုခံေခ်ပခြင့္ကို စစ္ေကာင္စီက ခြင့္မျပဳဘူးလို႔လည္း ျပည္ေထာင္စုလႊတ္ေတာ္ ကုိယ္စားျပဳေကာ္မတီရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္အာဏာသိမ္းခဲ့ခ်ိန္ကတည္းကဆိုရင္ လူေပါင္း ၅၄၆ ေယာက္ ဖမ္းဆီးခံထားရ၊ စြဲခ်က္တင္ခံထားရ ဒါမွမဟုတ္ ျပစ္ဒဏ္ခ်မွတ္ခံထားရတယ္လုိ႔ ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔မွာ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

မြန်မာစစ်ကောင်စီ နိုင်ငံတကာ လူအခွင့်အရေးစံနှုန်း ချိုးဖောက်ဟု CRPH ဝေဖန်

အာဏာသိမ်း စစ်ကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာမက နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေ၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အဖွဲ့ဝင်နိုင်ငံတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က အပြင်းအထန် ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ဖမ်းဆီးခံထားရသူတွေအနေနဲ့ ဥပဒေနဲ့အညီ ခုခံချေပခွင့်မရဘဲ ဥပဒေဆိုင်ရာ အခွင့်အရေးတွေကို ပိတ်ပင်တာဟာ တည်ဆဲဥပဒေတွေနဲ့ မညီသလို လူသားမျိုးနွယ်တို့ လိုက်နာကျင့်သုံးအပ်တဲ့ အခြေခံအခွင့်အရေးတွေကို ဖောက်ဖျက်တာ ဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်ဆိုပြီး ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် နိုင်ငံခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေ၊ ဝန်ထမ်းတွေနဲ့ အလွှာအသီးသီးက လူပုဂ္ဂိုလ်တွေကို မတရားဖမ်းဆီးပြီး တရားစွဲဆိုတာတွေကို အာဏာသိမ်းစစ်ကောင်စီက ဥပဒေမဲ့ ဆောင်ရွက်နေတယ်လို့ CRPH က ထောက်ပြထားပါတယ်။

ဥပဒေမဲ့ မတရားဖမ်းဆီးခံရသူတွေ၊ တရားစွဲဆိုခံထားရသူတွေဟာ လက်ရှိ တည်ဆဲဥပဒေတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ မူတွေနဲ့အညီ ကာကွယ်ခုခံချေပခွင့် မရတဲ့အပြင် အကျိုးဆောင်ရှေ့နေတွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်၊ သူတို့အပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခွင့် လုံးဝမရဘဲ ဥပဒေပါ အခွင့်အရေးနဲ့အညီ ရှေ့နေတွေကနေတဆင့် ခုခံချေပခွင့်ကို စစ်ကောင်စီက ခွင့်မပြုဘူးလို့လည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းခဲ့ချိန်ကတည်းကဆိုရင် လူပေါင်း ၅၄၆ ယောက် ဖမ်းဆီးခံထားရ၊ စွဲချက်တင်ခံထားရ ဒါမှမဟုတ် ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG