သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာျဖစ္ေနတဲ့ အေျခအေနေတြအေပၚ စိုးရိမ္ေၾကာင္း Total ေရနံကုမၸဏီေျပာ


Total ေရနံကုမၸဏီ

(Zawgyi/Unicode)

ျမန္မာနိုင္ငံတြင္းျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္လို႔ ျပင္သစ္ပိုင္ Total စြမ္းအင္ကုမၸဏီက စိုးရိမ္ပူပန္မိတယ္လို႔ေျပာ ေၾကာင္း လန္ဒန္ၿမိဳ႕ အေျခစိုက္ စီးပြားေရးနဲ႔ လူအခြင့္အေရး အရင္းအျမစ္စင္တာ (The Business & Human Rights Resource Centre) က ေသာၾကာေန႔က ေၾကညာခ်က္ ထုတ္ျပန္ေျပာၾကားပါတယ္။

ျမန္မာနိုင္ငံက အာဏာသိမ္းကိစၥနဲ႔ ပတ္သက္ၿပီး လန္ဒန္ၿမိဳ႕ အေျခစိုက္ စီးပြားေရးနဲ႔ လူအခြင့္အေရး အရင္းအျမစ္စင္တာ (BHRRC) က Total ကုမၸဏီကို ဆက္သြယ္ေမးျမန္းရာမွာ Total က အခုလို တုံ႔ျပန္ ေျဖၾကားခဲ့တာ။

ျမန္မာနိုင္ငံမွာ စစ္အာဏာသိမ္းမႈ ျဖစ္ပြားၿပီးတဲ့ေနာက္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ရွိေနတဲ့ ျမန္မာစစ္တပ္နဲ႔ လက္တြဲျဖဳတ္ဖို႔ ျပည္ပ ကုမၸဏီႀကီးေတြ ဖိအားခံေနရတဲ့အထဲ အက်ိဳးအျမတ္ အမ်ားအျပား ရတဲ့ Total လို ေရနံနဲ႔ သဘာဝ ဓါတ္ေငြ႕ ကုမၸဏီႀကီးေတြ လည္း ပါဝင္လာေနတာပါ။

ျပင္သစ္ Total ကုမၸဏီ၊ ျမန္မာအေျခစိုက္ MPRL E&Pကုမၸဏီ တို႔နဲ႔အတူ ၾသစေၾတးလ် Woodside စြမ္းအင္ကုမၸဏီက ျမန္မာနိုင္ငံ အေနာက္ေတာင္ပိုင္းက A-6 ကမ္းလြန္ ေရနံနဲ႔ သဘာဝဓါတ္ေငြ႕လုပ္ကြက္မွာ လုပ္ကိုင္ေနတာပါ။

အခုလက္ရွိျမန္မာနိုင္ငံတြင္း ျပႆနာေတြနဲ႔ ပတ္သက္လို႔ စိုးရိမ္ပူပန္ေၾကာင္းနဲ႔ ေဆြးေႏြးညႇိႏွိုင္းမႈတဆင့္ အေျဖရွာနိုင္လိမ့္မယ္လို႔ ေမၽွာ္လင့္ေၾကာင္းလည္း Total စြမ္းအင္ကုမၸဏီကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မြန်မာမှာဖြစ်နေတဲ့အခြေအနေတွေအပေါ် စိုးရိမ်ကြောင်း Total ရေနံကုမ္ပဏီပြော
(Unicode)

မြန်မာနိုင်ငံတွင်းဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ပြင်သစ်ပိုင် Total စွမ်းအင်ကုမ္ပဏီက စိုးရိမ်ပူပန်မိတယ်လို့ပြော ကြောင်း လန်ဒန်မြို့ အခြေစိုက် စီးပွားရေးနဲ့ လူအခွင့်အရေး အရင်းအမြစ်စင်တာ (The Business & Human Rights Resource Centre) က သောကြာနေ့က ကြေညာချက် ထုတ်ပြန်ပြောကြားပါတယ်။

မြန်မာနိုင်ငံက အာဏာသိမ်းကိစ္စနဲ့ ပတ်သက်ပြီး လန်ဒန်မြို့ အခြေစိုက် စီးပွားရေးနဲ့ လူအခွင့်အရေး အရင်းအမြစ်စင်တာ (BHRRC) က Total ကုမ္ပဏီကို ဆက်သွယ်မေးမြန်းရာမှာ Total က အခုလို တုံ့ပြန် ဖြေကြားခဲ့တာ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးတဲ့နောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့ မြန်မာစစ်တပ်နဲ့ လက်တွဲဖြုတ်ဖို့ ပြည်ပ ကုမ္ပဏီကြီးတွေ ဖိအားခံနေရတဲ့အထဲ အကျိုးအမြတ် အများအပြား ရတဲ့ Total လို ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ ကုမ္ပဏီကြီးတွေ လည်း ပါဝင်လာနေတာပါ။

ပြင်သစ် Total ကုမ္ပဏီ၊ မြန်မာအခြေစိုက် MPRL E&Pကုမ္ပဏီ တို့နဲ့အတူ သြစတြေးလျ Woodside စွမ်းအင်ကုမ္ပဏီက မြန်မာနိုင်ငံ အနောက်တောင်ပိုင်းက A-6 ကမ်းလွန် ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ကွက်မှာ လုပ်ကိုင်နေတာပါ။

အခုလက်ရှိမြန်မာနိုင်ငံတွင်း ပြဿနာတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်းနဲ့ ဆွေးနွေးညှိနှိုင်းမှုတဆင့် အဖြေရှာနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း Total စွမ်းအင်ကုမ္ပဏီကပြောပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG