သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စမတ်ဖုန်းနဲ့ ရေနံတူးဖော်ရေးကုမ္ပဏီတွေကို ကန် အမည်မည်းစာရင်းသွင်း


(Zawgyi/Unicode)

တရုတ်နိုင်ငံရဲ့ စမတ်ဖုန်း ကုမ္ပဏီ Xiaomi နဲ့ တရုတ်နိုင်ငံရဲ့ တတိယအကြီးဆုံး အမျိုးသား ရေနံတူးဖော်ရေး အပါအဝင် တရုတ်ကုမ္ပဏီတွေကို တရုတ်စစ်တပ်နဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန် အစိုးရ အမည်မည်းစာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။ သမ္မတ ဒေါ်နယ် ထရမ့် ရာထူးက မဆင်းခင် တပတ် အလိုမှာ တရုတ်နိုင်ငံပေါ် ဆက်ပြီး ဖိအားပေးလိုက်တာလည်း ဖြစ်ပါတယ်။

Xiaomi နဲ့ တရုတ် လေယာဉ် ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီ (Comac) တို့ အပါအဝင် တရုတ် ကုမ္ပဏီ ၉ ခုကို အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက အခုလို အမည်မည်း စာရင်းမှာ ထည့်သွင်းလိုက်တာကြောင့် အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ဒီနှစ်နိုဝင်ဘာလ အကုန် နောက်ဆုံးထားပြီး သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရွှေ့ပြောင်းရမှာ ဖြစ်ပါတယ်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက သီးခြား ထုတ်ပြန်တဲ့ ကြေညချက်တစ်ခုမှာတော့ တရုတ် အမျိုးသား ကမ်းလွန် ရေနံ ရှာဖွေရေး ကော်ပိုရေးရှင်း (CNOOC) ကို လည်း အမည်မည်း စာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။ ဒါကြောင့် အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ နည်းပညာ လွှဲပြောင်း တင်ပို့တာတွေကို ခွင့်ပြုချက် မရဘဲ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။

တရုတ်နိုင်ငံက တောင်တရုတ် ပင်လယ်ထဲ မဆင်မခြင် ရန်လိုမှုတွေ လုပ်ဆောင်နေကြောင်းနဲ့ CNOOC က တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အသုံးချတဲ့ အနိုင်ကျင့်စရာ ကိရိယာ တစ်ခုဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေကို ကြောက်ရွံ့ အောင် လုပ်ဆောင်နေတယ်လို့ လည်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

အမေရိကန်တို့က အခုလို တရုတ်ကုမ္ပဏီတွေကို အမည်မည်းစာရင်းသွင်းတဲ့အပေါ် တရုတ်နိုင်ငံက အပြင်းအထန် ပြန်လည် တုန့်ပြန် ပြောကြားပါတယ်။

သမ္မတ ထရမ့်က အမျိုးသား လုံခြုံရေး အတွေးအခေါ်ကို နေရာတကာမှာ အသုံးချနေသလို နိုင်ငံ့အာဏာကိုလည်း အလွဲသုံးစား လုပ်နေကြောင်းနဲ့ တရုတ် ကုမ္ပဏီတွေအပေါ် အကြောင်းအရင်းမရှိ ထပ်တလဲလဲ ဖိနှိပ်ချုပ်ခြယ်နေတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ZHAO LIJIAN က ဇန်နဝါရီ ၁၅ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

အမေရိကန်တို့က ဈေးကွက် ယှဉ်ပြိင်မှု အခြေခံမူတွေနဲ့ နိုင်ငံတကာ စီးပွားရေးနဲ့ ကုန်သွယ်ရေး စည်းမျဉ်းတွေနဲ့ တွေကို ချိုးဖောက် နေတယ်လို့လည်း တရုတ်နိုင်ငံက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

............................................................

တိုက်ရိုက် လင့်ခ်


(Unicode)









XS
SM
MD
LG