သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် နည်းပညာကာကွယ်ဖို့ တရုတ်အစိုးရစီစဉ်


အမေရိကန် နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲအတွင်း တရုတ်နိုင်ငံရဲ့ နည်းပညာတွေကို အကာအကွယ်ပေးဖို့ စနစ်တရပ်ကို တရုတ်အစိုးရကဖန်တီး လုပ်ဆောင်သွားမယ်လို့ တရုတ်အစိုးရပိုင်သတင်းမီဒီယာက ပြောကြားလိုက်ပါတယ်။ အမေရိကန်က တရုတ်ကုမ္ပဏီတွေကို အမေရိကန်နည်းပညာတွေမရအောင် ကန့်သတ်လိုက်ချိန်မှာပဲ တရုတ်ဘက်ကလည်း သူတို့ရဲ့ နည်းပညာတွေကို အကာအကွယ်ပေးနိုင်မယ့်စနစ်တရပ်ကို ဖန်တီးလိုက်တာဖြစ်ပါတယ်။

ဒီစနစ်က Firewall လို့ခေါ်တဲ့ ကွန်ပျူတာတွေထဲကို ခိုးမဝင်နိုင်အောင် အကာအကွယ်ပေးတဲ့ ခိုင်မာတဲ့စနစ်တရပ်ကို တည်ဆောက်သွားမှာဖြစ်ပြီး၊ ဒါက တရုတ်နိုင်ငံရဲ့ အဓိကကျတဲ့နည်းပညာတွေကို တီထွင်ဖန်တီးနိုင်စွမ်း နဲ့ အဲဒီနည်းပညာတွေအရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်ပြီး အားကောင်းလာအောင် လုပ်ဆောင်ပေးသွားဖြစ်တယ်လို့ တရုတ်ပြည်သူ့နေ့စဉ် သတင်းစာက ဒီကနေ့မှာ ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းချုပ်ပြီး၊ တရုတ်ကုမ္ပဏီတွေအပေါ်မှာ ဖိနှိပ်တဲ့ တချို့နိုင်ငံတွေကို တရုတ်နိုင်ငံရဲ့ နည်းပညာတွေကို ဘယ်တော့မှ အသုံးပြုခွင့်ပေးသွားမှာမဟုတ်ဘူးလို့ တရုတ်အာဏာရကွန်မြူနစ်ပါတီရဲ့ အဓိကသတင်းစာဖြစ်တဲ့ တရုတ်ပြည်သူ့နေ့စဉ်သတင်းစာက ဖော်ပြပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုလို့တော့ တိုက်ရိုက်ရည်ညွှန်းပြောဆိုသွားခြင်းတော့ မရှိပါဘူး။

တရုတ်နိုင်ငံက ပြောနေတဲ့ အမျိုးသားနည်းပညာလုံခြုံရေးဆိုင်ရာစီမံခန့်ခွဲမှုစာရင်း နဲ့ ပတ်သက်ပြီးအသေးစိတ်အချက်အလက်ကိုတော့ ထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG