သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် ကုန်သွယ်ရေးစစ်ကြောင့် ကမ္ဘာ့စီးပွားရေး အထိနာမည်


အမေရိကန်နဲ့ တရုတ်ကြားက ကုန်သွယ်ရေးစစ်ပွဲဟာ ရှေ့လာမယ့်နှစ် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက် ပါတယ်။

တရုတ် နှစ်နိုင်ငံကြား ကုန်သွယ်ခွန်အားလုံး တိုးမယ့်အကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ခြိမ်းခြောက်မှုဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှု ပမာဏ ကျုံ့ သွားစေကြောင်း IMF အကြီးအကဲ Christine Lagarde ကပြောပါတယ်။

ဒီဆုံးရှုံးမှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၄၅၅ ဘီလျံရှိပြီး ဒါဟာ တောင်အာဖရိကတိုက်ရဲ့ စီးပွားရေး တခုလုံး ပမာဏထက် ပိုများကြောင်း G-20 ခေါ် စီးပွားရေးအင်အားကြီး နိုင်ငံ ၂၀ ရဲ့ အစည်းအဝေးမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မကြာသေးမီက ဖန်တီးခဲ့တဲ့ ကုန်သွယ်ရေး အတားအဆီးတွေ၊ နောင်ဖြစ်ထွန်းလာမယ့် ကုန်သွယ်ရေး အတားအဆီးတွေကို ဖယ်ရှား ဖျက်သိမ်းခြင်းအားဖြင့် ကိုယ့်ကိုကိုယ် ပြန်နစ်နာအောင်လုပ်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ပပျောက်စေရမယ်လို့လည်း သူက ဆိုပါတယ်။

G-20 နိုင်ငံတွေရဲ့ ဘဏ္ဍာရေးဝန်ကြီးတွေ၊ ဗဟိုဘဏ်အရာရှိတွေ၊ ဂျပန်နိုင်ငံမှာ ခုရက်သတ္တပတ် ကုန်ဆုံးချိန်မှာ တွေ့ဆုံကြဖို့ ပြင်ဆင်နေချိန်မှာပဲ အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။ ဒီလို တွေ့ဆုံမှု ဟာ အမေရိကန်၊ တရုတ် ကုန်သွယ်ရေး ဆွေးနွေးမှု ပျက်ပြားသွားပြီး သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံဖို့ လုပ်နေကြချိန်မှာ G-20 တွေတွေ့ဆုံကြဖို့ စီစဉ်ကြတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG