သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နည်းပညာကုမ္ပဏီ ၆ ခုအပေါ်ကန် ပိတ်ဆို့မှုချမှတ်


တရုတ် နည်းပညာ ကုမ္ပဏီ ၆ ခုကို အမေရိကန် နည်းပညာနဲ့ ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချခွင့်ကို အမေရိကန်က တနလာၤနေ့မှာ ပိတ်ပင်လိုက်ပါတယ်။ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်ပြီး အီရန် စစ်တပ် အစီအစဉ်တွေမှာ ပံ့ပိုးပေးနေမှုတွေကြောင့် တရုတ် လုပ်ငန်းကြီး လေးခုကို ပိတ်ပင်တာ ဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာနက တနလာၤနေ့မှာ ကြေညာပါတယ်။

တခြား တရုတ် လုပ်ငန်းကြီး ၂ ခုကတော့ တရုတ်ပြည်သူ့ လွတ်မြောက်ရေး စစ်တပ်နဲ့ ဆက်နွယ်တဲ့ အဖွဲ့တွေကို နည်းပညာတွေ ရောင်းချနေကြတာကြောင့် ပိတ်ပင်တာ ဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။ ပါကစ္စတန် လုပ်ငန်းကြီး တခုနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE အခြေစိုက် လုပ်ငန်းကြီး ၅ ခုတို့ကိုလည်း အမေရိကန် ကုန်ပစ္စည်းတွေ တင်ပို့မှုကို ကုန်သွယ်ရေး ဝန်ကြီးဌာနက ပိတ်ပင်တားမြစ်လိုက်ပါတယ်။

အီရန်ရဲ့ ဖျက်အားပြင်းလက်နက်ဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ တခြား တရားမဝင် အစီအစဉ်တွေကို ထောက်ပံ့မှု အတွက် တာဝန်ခံရမယ်ဆိုတာကို ကမ္ဘာတဝန်းက လူပုဂ္ဂိုလ်တွေ၊ စီးပွားရေး လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေကို သတိပေးလိုက်တာ ဖြစ်တယ်လို့လည်း အမေရိကန် ကုန်သွယ်ရေး ဝန်ကြီး Wilbur Ross က ပြောပါတယ်။ တားမြစ်ကန့်သတ်ထားတဲ့ နည်းပညာတွေကို အစိုးရ ကိုယ်စား ဆောင်ရွက်ပေးသူတွေကနေ လွှဲပြောင်းရယူပြီး အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို လျော့ပါးစေရေး တရုတ်ရဲ့ အရပ်ဘက် စစ်ဘက် ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာကိုလည်း ခွင့်ပြုမှာ မဟုတ်ကြောင်း သူက ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG