သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ ကန် ကုန်သွယ်ရေး Trump ဆက်လက်ဆွေးနွေးမည်


အမေရိကန် သမ္မတ Donald Trump
အမေရိကန် သမ္မတ Donald Trump

တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေး ဆွေးနွေးမှုတွေ ပျက်သွားပြီဆိုတာကို အမေရိကန် သမ္မတ Donald Trump က ငြင်းပယ်လိုက်ပြီး ကမ္ဘာ့ စီးပွားရေး အကြီးဆုံး နှစ်နိုင်ငံကြား ကုန်သွယ်ရေး စစ်ပွဲလို့ အများစုက ခေါ်ဆိုနေကြတာကိုလည်း အသေးအဖွဲ အငြင်းပွားမှုအဖြစ် ပြောဆိုလိုက်ပါတယ်။

ဆွေးနွေးမှုတွေ ဆက်ရှိနေပြီး အမြဲတမ်း ရှိနေမယ်လို့ သမ္မတ Trump က ဗွီအိုအေရဲ့ မေးမြန်းမှုကို ဖြေကြားသွားတာ ဖြစ်ပါတယ်။ သဘောတူညီချက် ရလုရခင် အခြေအနေ ရှိခဲ့ပြီး သူတို့ဘက်က ချိုးဖျက်သွားတာလို့ အမေရိကန် သမ္မတ အိမ်ဖြူတော် တောင်ဘက် မြက်ခင်းပြင်မှာ အင်္ဂါနေ့ မနက်ပိုင်းက Marine One ရဟတ်ယာဉ်ပေါ် မတက်ခင် သမ္မတက ဖြေကြားသွားတာပါ။

ဒါကြောင့်လည်း သမ္မတက ဒီသတင်းပတ်ထဲမှာ ထပ်တိုးလုပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ အစိုးရ အရာရှိတွေက ပြောပါတယ်။ သူတို့ကတော့ တရုတ်နဲ့ ကုန်သွယ်ရေး စစ်ပွဲ အဖြစ် တဲ့တိုး ရည်ညွှန်း ပြောဆိုကြပါတယ်။ သမ္မတ Trump ရဲ့ မှတ်ချက်ပေး ပြောဆိုချက် ထွက်လာပြီး နာရီပိုင်းအကြာမှာတော့ အထက်လွှတ်တော် အမတ် အများစု ခေါင်းဆောင် Mitch McConnell က ကုန်သွယ်ရေး စစ်ပွဲမှာ ဘယ်သူမှ မနိုင်ဘူးဆိုပြီး သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

တရုတ်နဲ့ ကန် ကုန်သွယ်ရေး Trump ဆက်လက်ဆွေးနွေးမည်
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG