သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နိုင်ငံ အမေရိကန်နဲ့ ဆွေးနွေးမည်မဟုတ်


အီရန်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဆွေးနွေးညှိနှိုင်းမှာ မဟုတ်ကြောင်း အီရန်ရဲ့ တော်လှန်ရေးပြည်စောင့်တပ် ထိပ်တန်းအရာကြီးရဲ့ ပြောဆိုချက်ကို အီရန်သတင်းဌာန Tasnim က ကိုးကား ဖော်ပြထားပါတယ်။

အီရန်ခေါင်းဆောင်တွေအနေနဲ့ အမေရိကန်ကို ဖုန်းဆက်ဖို့ အမေရိကန်သမ္မတ Donald Trump က သွယ်ဝှိက်ပြောဆိုခဲ့ပြီးတဲ့နောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာပါ။ အီရန်နဲ့ ဆွေးနွေးဖို့ Trump က ကြာသပတေးနေ့မှာ အကြိမ်ကြိမ် ပြောဆိုခဲ့တာပါ။

အီရန်က ကျနော့်ကို ဖုန်းဆက်တာကို လိုလားတယ်လို့ Trump က သတင်းထောက်တွေကို ပြောခဲ့တာပါ။ အမေရိကန်နဲ့ ညှိနှိုင်းမှာ မဟုတ်ကြောင်းနဲ့ အမေရိကန်အနေနဲ့ အီရန်ကို စစ်ရေးအရ တုံ့ပြန်ရဲမှာ မဟုတ်ကြောင်း စစ်တပ်အကြီးအကဲ Yadollah Javani ပြောခဲ့တာကို Tasnim သတင်းဌာနက သောကြာနေ့မှာ ဖော်ပြခဲ့တာပါ။

အီရန်က အမေရိကန်အပေါ် တိုက်ခိုက်လာရင် အမေရိကန်ကလည်း သင့်တော်တဲ့ နည်းနဲ့ တုံ့ပြန်မယ်ဆိုတာကို အီရန်အနေနဲ့ နားလည်သင့်ကြောင်း အမေရိကန် ယာယီကာကွယ်ရေးဝန်ကြီး Patrick Shanahan က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

အီရန်နိုင်ငံ အမေရိကန်နဲ့ ဆွေးနွေးမည်မဟုတ်
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG