သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရ ဆန့်ကျင်ရေး အီရန်မှာ ဆန္ဒပြ


အီရန်နိုင်ငံရဲ့ ပိုပြီးတော့ဆိုးလာတဲ့ စီးပွားရေးအခြေအနေအပေါ် မကျေနပ်ကြတဲ့ အီရန်နိုင်ငံသား ရာပေါင်းများစွာဟာ တနင်္လာနေ့ က တီဟီရန်မြို့တော်မှာ စုဝေးဆန္ဒပြကြတာကြောင့် နှစ်ပေါင်းများစွာအတွင်း အီရန်အစိုးရဆန့်ကျင်ရေး အကြီးမားဆုံး ဆန္ဒပြပွဲ ဖြစ်သွားပါတယ်။

အရောင်းအဝယ် မကောင်းတာနဲ့ အီရန်ငွေကြေး rial ရဲ့တန်ဖိုးကျဆင်းနေတဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ တီဟီရန်မြို့တော် Grand Bazaar က ဈေးဆိုင်တွေကို ဆိုင်ရှင်တွေက ပိတ်ပစ်လိုက်တာကနေ တနင်္လာနေ့ဆန္ဒပြပွဲကို စတင်ကြတာဖြစ်တယ်လို့ အီရန်နိုင်ငံပိုင် သတင်းဌာနနဲ့ မျက်မြင်တွေကပြောပါတယ်။ အီရန် rial ငွေ ဟာ အမေရိကန်ဒေါ်လာနဲ့ လဲလှယ်နှုန်းမှာ လွန်ခဲ့တဲ့ ခြောက်လအတွင်း ၅၀% အထိ ကျဆင်းသွားတာပါ။

ဆိုင်ပိုင်ရှင်တွေနဲ့ တခြားဆန္ဒပြသူတွေ ရာပေါင်းများစွာဟာ အစိုးရဆန့်ကျင်ရေး ကြွေးကျော်သံတွေကို အော်ဟစ်ပြီး ဈေးအနီး တီဟီရန်မြို့လယ်လမ်းတွေပေါ်မှာ ချီတက်ဆန္ဒပြကြတာကို တီဟီရန်မြို့ခံတွေက ရိုက်ယူပေးပို့ပြီး ဗွီအိုအေ ပါရှန်းဌာနက အတည်ပြုထားတဲ့ ဗွီဒီယိုတွေမှာ တွေ့ရပါတယ်။

တနင်္လာနေ့ဆန္ဒပြပွဲကို ရိုက်ယူထားတဲ့ ဗွီဒီယိုအများအပြားကို လူမှုကွန်ယက် မီဒီယာတွေပေါ်မှာ တင်ထားပြီး တီဟီရန်မြို့လယ် မှာ ဆန္ဒပြသူတချို့ကို လုံခြုံရေးတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေသုံးပြီးတော့ နှိမ်နင်းဖြိုခွဲတာကိုလည်း ဗွီဒီယိုတွေမှာ တွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG