သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးသစ် Pompeo အီရန်ကို ရာဇသံပေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Pompeo

အီရန်နဲ့ နျူကလီးယား သဘောတူညီမှု တစုံရနိုင်ဖို့အတွက် ရနိုင်ဖို့ ခက်ခဲတဲ့ တောင်းဆိုချက်တွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Pompeo က တောင်းဆိုလိုက်ပြီးတော့ အီရန်အစိုးရဘက်က သူတို့အပြုအမူမပြောင်းဘူးဆိုရင် စီးပွားရေးကိုထိခိုက်မယ့် ဒဏ်ခတ်မှုတွေချမှတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

အီရန်နဲ့ နျူကလီးယား သဘောတူညီမှုကနေ အမေရိကန်အစိုးရ နုတ်ထွက်ခဲ့ပြီးတဲ့နောက် အီရန်ဆိုင်ရာ မဟာဗျူဟာနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Pompeo က heritage foundation မှာ မိန့်ခွန်းပြောကြားစဉ် အချက် ၁၂ ချက်ပါတဲ့ တောင်းဆိုချက်တွေကို ပြောကြားခဲ့ပါတယ်။

အီရန်ဘက်က လုပ်ဆောင်ချက်တွေမပြောင်းရင်တော့ ဘယ်တုန်းကမှနဲ့ မတူတဲ့ ဘဏ္ဍာရေးအရ ဖိအားပေးမှုတွေ ခံရမယ်လို့ ၀န်ကြီး Pompeo က သတိပေးပါတယ်။ အခုလို ခြိမ်းခြောက်မှုကို Hassan Rouhani ကတော့ ပယ်ချခဲ့ပါတယ်။

ဝန်ကြီးသစ် Pompeo အီရန်ကို ရာဇသံပေး
please wait

No media source currently available

0:00 0:00:42 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG