သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူသဘောတူညီချက်က ကန်နုတ်ထွက်မှု အီရန်အခက်တွေ့


အီရန်နိုင်ငံခြားရေးဝန်ကြီး Javad Zarifနှင့် ဥရောပသမဂ္ဂ စွမ်းအင် ကော်မရှင်နာမင်းကြီး Miguel Arias Canete တွေ့ဆုံ
အီရန်နိုင်ငံခြားရေးဝန်ကြီး Javad Zarifနှင့် ဥရောပသမဂ္ဂ စွမ်းအင် ကော်မရှင်နာမင်းကြီး Miguel Arias Canete တွေ့ဆုံ

ဥရောပကုမ္ပဏီအများအပြားက သူတို့ရဲ့ အီရန်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ရပ်ဆိုင်းလိုက်မယ်ဆိုရင် နျူကလီးယားအရေး ၂၀၁၅ ခုနှစ်၊ နိုင်ငံတကာသဘောတူညီချက် ဆက်တည်တံ့နေဖို့ ဥရောပရဲ့ နိုင်ငံရေးအရ ထောက်ခံမှုဟာ လုံလောက်မှာမဟုတ် ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Javad Zarif က တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။ ဒီသဘောတူညီချက်ကနေ အမေရိကန် ပြည်ထောင်စုက နုတ်ထွက်ထားတာပါ။

“EU ကုမ္ပဏီတွေက အီရန်မှာ သူတို့ရဲ့လုပ်ငန်းတွေကို အဆုံးသတ်ဖို့ ဆုံးဖြတ်ချက်တွေ ချမှတ်လာတာဟာ အခြေအနေတွေကို အများကြီး ပိုပြီး ရှုပ်ထွေးသွားစေပါတယ်” လို့ ဥရောပသမဂ္ဂ စွမ်းအင် ကော်မရှင်နာမင်းကြီး Miguel Arias Canete ရဲ့ ဆွေးနွေး အပြီးမှာ ဝန်ကြီး Zarif ကပြောပါတယ်။

“နျူကလီးယားသဘောတူညီချက်ကနေ အမေရိကန်နုတ်ထွက်သွားပြီးတဲ့နောက် ဥရောပသမဂ္ဂအပေါ် အီရန်လူထုရဲ့ မျှော်လင့် ချက်တွေ ပိုတိုးလာပါတယ်၊ နျူကလီးယား သဘောတူညီချက်အပေါ် EU ရဲ့ နိုင်ငံရေးအရ ထောက်ခံမှုဟာ မလုံလောက်ပါဘူး” လို့ ဝန်ကြီး Zarif ပြောတာကို ကိုးကားပြီး အီရန်နိုင်ငံပိုင် IRIB သတင်းဌာနက ပြောပါတယ်။

အီရန်မှာ စီးပွားရေးလုပ်နေတဲ့ ဥရောပကုမ္ပဏီတွေကို အမေရိကန်က ဒဏ်ခတ်အရေးယူမှုတွေ ပြန်ပြီးချမှတ်မယ်လို့ ခြိမ်းခြောက် ထားတာနဲ့အတူ ပြည်ပကုမ္ပဏီအများအပြား အီရန်နိုင်ငံထဲကနေ ထွက်သွားကြပါတယ်။

အမေရိကန် ဒဏ်ခတ်အရေးယူမှုကနေ ကင်းလွတ်ခွင့်မရဘူးဆိုရင် အီရန်မှာ ဒေါ်လာ ၄.၈ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုကို ရပ်တော့ မယ်လို့ ပြင်သစ် ရေနံကုမ္ပဏီ Total ကပြောပါတယ်။

နျူသဘောတူညီချက်က ကန်နုတ်ထွက်မှု အီရန်အခက်တွေ့
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG