သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုန္သြယ္မႈေျပလည္ေရး ပထမအဆင့္ ကန္-တ႐ုတ္ေဆြးေႏြး


(Zawgyi/Unicode)

အေမရိကန္နဲ႔ တရုတ္တို႔ၾကား ျဖစ္ပြားေနတဲ့ ကုန္သြယ္စစ္ပြဲမွာ ၂ ဖက္ အျပန္အလွန္ အခြန္တိုးေကာက္ေနတဲ့ ကိစၥ ျပန္ေလွ်ာ့ခ်ေရး အပါအဝင္ ကုန္သြယ္ေရးသေဘာတူညီခ်က္ အတြက္ ပထမအဆင့္ အျဖစ္ ၾကာသပေတးေန႔မွာ ေဆြးေႏြးခဲ့တယ္လို႔ တရုတ္ဘက္က ေျပာပါတယ္။

တရုတ္နဲ႔ ကုန္သြယ္ေရးဆိုင္ရာ သေဘာတူညီခ်က္ ရဖုိ႔ နီးစပ္ေနၿပီျဖစ္ေၾကာင္း ဒါေပမယ့္ သေဘာတူညီခ်က္ မရဘူးဆိုရင္ တရုတ္ကုန္ ပစၥည္းေတြ အေပၚ အခြန္အခ သိသိသာသာ တိုးျမွင့္ ေကာက္ခံမွာ ျဖစ္ေၾကာင္း အဂၤါေန႔မွာ သမၼတ Donald Trump က နယူးေရာက္မွာ ေျပာၾကားတဲ့ မိန္႔ခြန္းမွာ ထည့္သြင္းေျပာၾကားခဲ့တာပါ။

ကုန္သြယ္ေရး သေဘာတူညီခ်က္အတြက္ အေရးပါတဲ့ ပထမအဆင့္သေဘာတူညီခ်က္ ရဖို႔ မၾကာခင္ ျဖစ္လာေတာ့မွာ ျဖစ္ၿပီး အေမရိကန္အလုပ္သမားေတြနဲ႔ ကုမၸဏီေတြ အတြက္ အေမရိကန္ႏိုင္ငံအတြက္ ေကာင္းလာေစမယ့္ သေဘာတူညီခ်က္မ်ိဳး ျဖစ္မွ သူလက္ခံမွာ ျဖစ္ေၾကာင္းလည္း သမၼတက ေျပာခဲ့တာပါ။

၂ ဘက္စလံုးက တိုးျမွင့္ထားတဲ့ အခြန္အခေတြ ျပန္ေလွ်ာ့ခ်ဖို႔ မၾကာေသးခင္ကပဲ သေဘာတူ ခဲ့တယ္လုိ႔ ၂ ႏိုင္ငံစလံုးကေျပာခဲ့ေပမယ့္ သမၼတ Trump ကေတာ့ သေဘာတူညီခ်က္ ရၿပီ ဆိုတာ မဟုတ္ေၾကာင္း ေျပာခဲ့တာပါ။

တရုတ္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန ေျပာခြင့္ရ Gao Feng က ကုန္သြယ္ေရး စစ္ပြဲစတင္ခဲ့တဲ့ အခြန္တိုးျမွင့္ ေကာက္ခံမႈေတြ ရပ္ဆိုင္းေရးဟာ သေဘာတူညီခ်က္ထဲက အေရးအႀကီးဆံုး အခ်က္ တခုျဖစ္ေၾကာင္း ၾကာသပေတးေန႔က ေဘဂ်င္းမွာ သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္



...................

ကုန်သွယ်မှုပြေလည်ရေး ပထမအဆင့် ကန်-တရုတ်ဆွေးနွေး

(Unicode)

အမေရိကန်နဲ့ တရုတ်တို့ကြား ဖြစ်ပွားနေတဲ့ ကုန်သွယ်စစ်ပွဲမှာ ၂ ဖက် အပြန်အလှန် အခွန်တိုးကောက်နေတဲ့ ကိစ္စ ပြန်လျှော့ချရေး အပါအဝင် ကုန်သွယ်ရေးသဘောတူညီချက် အတွက် ပထမအဆင့် အဖြစ် ကြာသပတေးနေ့မှာ ဆွေးနွေးခဲ့တယ်လို့ တရုတ်ဘက်က ပြောပါတယ်။

တရုတ်နဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် ရဖို့ နီးစပ်နေပြီဖြစ်ကြောင်း ဒါပေမယ့် သဘောတူညီချက် မရဘူးဆိုရင် တရုတ်ကုန် ပစ္စည်းတွေ အပေါ် အခွန်အခ သိသိသာသာ တိုးမြှင့် ကောက်ခံမှာ ဖြစ်ကြောင်း အင်္ဂါနေ့မှာ သမ္မတ Donald Trump က နယူးရောက်မှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ကုန်သွယ်ရေး သဘောတူညီချက်အတွက် အရေးပါတဲ့ ပထမအဆင့်သဘောတူညီချက် ရဖို့ မကြာခင် ဖြစ်လာတော့မှာ ဖြစ်ပြီး အမေရိကန်အလုပ်သမားတွေနဲ့ ကုမ္ပဏီတွေ အတွက် အမေရိကန်နိုင်ငံအတွက် ကောင်းလာစေမယ့် သဘောတူညီချက်မျိုး ဖြစ်မှ သူလက်ခံမှာ ဖြစ်ကြောင်းလည်း သမ္မတက ပြောခဲ့တာပါ။

၂ ဘက်စလုံးက တိုးမြှင့်ထားတဲ့ အခွန်အခတွေ ပြန်လျှော့ချဖို့ မကြာသေးခင်ကပဲ သဘောတူ ခဲ့တယ်လို့ ၂ နိုင်ငံစလုံးကပြောခဲ့ပေမယ့် သမ္မတ Trump ကတော့ သဘောတူညီချက် ရပြီ ဆိုတာ မဟုတ်ကြောင်း ပြောခဲ့တာပါ။

တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ Gao Feng က ကုန်သွယ်ရေး စစ်ပွဲစတင်ခဲ့တဲ့ အခွန်တိုးမြှင့် ကောက်ခံမှုတွေ ရပ်ဆိုင်းရေးဟာ သဘောတူညီချက်ထဲက အရေးအကြီးဆုံး အချက် တခုဖြစ်ကြောင်း ကြာသပတေးနေ့က ဘေဂျင်းမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

XS
SM
MD
LG