(Zawgyi/Unicode)
ျမန္မာ့ စီးပြားေရးက႑မွာ စစ္အုပ္စုရဲ႕ အက်ိဳးစီးပြားနဲ႔ ဆက္စပ္ေနတဲ႔ စီးပြားေရးက ထုနဲ႔ ထည္နဲ႔ ရွိေနၿပီး အေမရိကန္ရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈခ်မွတ္ေပမယ့္လည္း စစ္အုပ္စု အေနနဲ႔ေတာ့ သူတို႔နဲ႔ သက္ဆိုင္တဲ႔ လုပ္ငန္းႀကီးေတြကေန ဘ႑ာေငြေၾကး ဆက္လက္ ရရွိေနဦးမယ္လို႔ ကြ်မ္းက်င္သူေတြက သံုးသပ္ၾကပါတယ္။ ျမန္မာ စစ္တပ္က ၾကြယ္၀မႈေတြကို ဘယ္လို ထိန္းသိမ္းထားသလဲ ဆိုတဲ႔ AFP ရဲ႕ သတင္းေဆာင္းပါးကို အေျခခံၿပီး ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထိုက္ တင္ျပေပးမွာပါ။
ျမန္မာႏုိင္ငံမွာ အရပ္သား ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကို ေဖေဖာ္၀ါရီလ ၁ ရက္ေန႔မွာ စစ္တပ္က ဖမ္းဆီးၿပီး အာဏာ ရယူၿပီး ေနာက္ပိုင္း ဆႏၵျပ ဆန္႔က်င္သူေတြကို ၿဖိဳခြင္းမႈေတြေၾကာင့္ ႏုိင္ငံတကာဘက္က ျပစ္ဒဏ္ခတ္ဖို႔ ေတာင္းဆိုမႈေတြ ပိုမ်ားလာခဲ႔ပါတယ္။ ၿပီးခဲ႔တဲ႔ ၾကာသပေတးေန႔မွာေတာ့ အေမရိကန္ ျပည္ေထာင္စုက ျမန္မာ စစ္ေခါင္းေဆာင္ေတြ အေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈ ခ်မွတ္ခဲ႔ပါတယ္။
အေမရိကန္ ျပည္ေထာင္စု အတြင္းမွာ ရွိတဲ႔ ျမန္မာ႔ ဘ႑ာေငြ ေဒၚလာ သန္း (၁,၀၀၀) ကို ျမန္မာ စစ္ေခါင္းေဆာင္ေတြ ထုတ္ယူခြင့္ မရေအာင္ ထိန္းခ်ဳပ္မယ့္ အေၾကာင္း အေမရိကန္ သမၼတ Joe Biden က ေၾကညာခဲ႔သလိုဘဲ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းမႈမွာ တာ၀န္ရွိတဲ႔ လက္ရွိနဲ႔ အၿငိမ္းစား စစ္အရာရွိႀကီး ၁၀ ဦးရဲ႕ အေမရိကန္မွာ ရွိတဲ႔ ပိုင္ဆိုင္မႈေတြနဲ႔ လႊဲေျပာင္းမႈေတြကို ပိတ္ပင္ေၾကာင္း အေမရိကန္ ဘ႑ာေရး ၀န္ႀကီးဌာနကလည္း ေၾကညာခဲ႔ပါတယ္။
အရပ္သား ေခါင္းေဆာင္ေတြ ဖမ္းၿပီး အာဏာ ရယူမႈကို စစ္အာဏာသိမ္းမႈ အျဖစ္ အေမရိကန္က သတ္မွတ္ေၾကာင္း ႏိုင္ငံျခားေရး ဌာန ေျပာခြင့္ရက ေျပာဆိုထားတာပါ။ အာဏာယူထားတဲ႔ စစ္ေကာင္စီကေတာ့ သူတို႔ကို အာဏာသိမ္းတယ္လို႔ မသံုးဖို႔ ထုတ္ျပန္ထားတာပါ။
ဒါေပမယ့္လည္း စစ္တပ္ေခါင္းေဆာင္ေတြရဲ႕ ေနာက္ကြယ္က မ်ားျပားလွစြာေသာ ေကာ္ပိုေရးရွင္းႀကီးေတြကေန ၾကြယ္၀ ခ်မ္းသာမႈေတြ ဆက္လက္ ရရွိခံစားခြင့္ ရေနတယ္လို႔ ကြ်မ္းက်င္သူေတြက ယံုၾကည္ၾကပါတယ္။ ျမန္မာ စစ္တပ္က သိုသိုသိပ္သိပ္ ထိန္းခ်ဳပ္ထားတဲ႔ ျမန္မာ့စီးပြားေရး ဦးပိုင္လီမိတက္ (MEHL) နဲ႔ ျမန္မာ့ စီးပြားေရး ေကာ္ပိုေရးရွင္း (MEC) က အျပည့္အ၀ ႀကီးၾကပ္ေဆာင္ရြက္ေနတဲ႔ ဒါမွမဟုတ္လည္း တစိတ္တပိုင္း ႀကီးၾကပ္ ေဆာင္ရြက္ေနတဲ႔ ကုမၸဏီ အနည္းဆံုး ၁၃၃ ခု ျမန္မာျပည္တြင္းမွာ ရွိေနတယ္လို႔ Justic for Myanmar ရဲ႕ အစီရင္ခံစာ တခုက ေဖာ္ျပပါတယ္။
ပြင့္လင္းျမင္သာမႈ မရွိတဲ႔ ဒီအဖြဲ႔ေတြရဲ႕ အခက္အလက္ စီးပြားေရး လုပ္ငန္းေတြကလည္း ဘီယာ၊ ေဆးလိပ္၊ သယ္ယူပို႔ေဆာင္ေရး၊ အ၀တ္အထည္လုပ္ငန္း၊ ခရီးသြား လုပ္ငန္းနဲ႔ ဘဏ္လုပ္ငန္းေတြ အထိ က႑ေတြ အမ်ားႀကီးမွာ ပါ၀င္ေနတာပါ။
အက်ိဳးအျမတ္မ်ားၿပီး စည္းမ်ဥ္း စည္းကမ္း ေလ်ာ့ရဲေနတဲ႔ ေက်ာက္စိမ္းနဲ႔ ပတၱျမား ကုန္သြယ္ေရးကေတာ့ စစ္တပ္ပိုင္ စီးပြားေရး လုပ္ငန္းေတြက ခ်ဳပ္ကိုင္ထားတာပါ။ ျမန္မာႏုိင္ငံဟာ ကမၻာမွာ ေက်ာက္စိမ္း ထုတ္လုပ္မႈ အမ်ားဆံုး ႏုိင္ငံ ျဖစ္ၿပီး ခန္႔မွန္းေျခ တႏွစ္ကို အေမရိကန္ ေဒၚလာ သန္း ေထာင္ခ်ီ ရေနေပမယ္လို႔လည္း ႏုိင္ငံေတာ္ အခြန္ေငြမွာေတာ့ မျဖစ္စေလာက္ဘဲ ရပါတယ္။ အရည္အေသြး အေကာင္းဆံုး ေက်ာက္မ်က္ေတြကေတာ့ နယ္စပ္ေက်ာ္ၿပီး တရုတ္ဘက္ကို တရားမ၀င္ ထြက္တယ္လုိ႔ ယံုၾကည္ထားၾကပါတယ္။
သဘာ၀ ေဘးဒဏ္သင့္လြယ္တဲ႔ ေက်ာက္စိမ္းထုတ္လုပ္မႈ လုပ္ငန္းဟာ ၂၀၁၁ ခုႏွစ္ ကတည္းကေန အခုအခ်ိန္ထိ စစ္တပ္ အခြင့္ထူးခံေတြ၊ မူးယစ္ရာဇာေတြနဲ႔ သူတို႔နဲ႔ ပလဲနံပသင့္သူေတြရဲ႕ အခ်ိတ္အဆက္ေတြက ထိန္းခ်ဳပ္ထားဆဲ ျဖစ္တယ္လို႔ အစိုးရ မဟုတ္တဲ႔ အဖြဲ႔အစည္း Global Witness က ေျပာဆိုထားပါတယ္။ စီးပြားေရး ဦးပိုင္ လီမိတက္ရဲ႕ လုပ္ငန္းခြဲ တခုက ေက်ာက္စိမ္း တူးေဖာ္ခြင့္ လိုင္စင္ အမ်ားဆံုး ထိန္းခ်ဳပ္ထားတယ္လို႔လည္း ေဖာ္ျပပါတယ္။
ၿပီးခဲ႔တဲ႔ ၾကာသပေတးေန႔တုန္းက အေမရိကန္ ဒဏ္ခတ္ပိတ္ဆို႔မႈထဲမွာ ပါတဲ႔ ေက်ာက္မ်က္ လုပ္ငန္းႀကီး သံုးခုထဲမွာ Myanmar Imperial Jade Co. Ltd., လည္း ပါ၀င္ပါတယ္။ ျမန္မာ့ စီးပြားေရး ဦးပိုင္ လီမိတက္နဲ႔ မိတ္ဖက္ ကုမၸဏီေတြထဲမွာ တရုတ္၊ ဂ်ပန္၊ ေတာင္ကိုရီးယားနဲ႔ စကာၤပူက ကုမၸဏီေတြလည္း ပါ၀င္ပါတယ္။ ဒီ လုပ္ငန္းႀကီးကေန အစိုးရကို တင္ျပထားခ်က္ အရေတာ့ လုပ္ငန္းႀကီးရဲ႕ အစုရွယ္ယာ ပိုင္ရွင္ေတြက လက္ရွိနဲ႔ အၿငိမ္းစား စစ္အရာရွိႀကီးေတြ ျဖစ္ပါတယ္။
၂၀၂၀ ျပည့္ႏွစ္ စက္တင္ဘာလက ထြက္တဲ႔ ႏုိင္ငံတကာ အခြင့္အေရး လႈပ္ရွားမႈ အဖြဲ႔ႀကီး Amnesty International ရဲ႕ အစီရင္ခံစာ အရ ၁၉၉၀ နဲ႔ ၂၀၁၁ ခုႏွစ္ အတြင္း ေဒၚလာ သန္း ၁၈,၀၀၀ ေက်ာ္ ရွယ္ယာရွင္ေတြကို ေပးခဲ႔တယ္လို႔ ေဖာ္ျပပါတယ္။
စစ္အုပ္စု အႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္လည္း အဓိက ရွယ္ယာ၀င္ တဦးလို႔ ဆိုၾကၿပီး ၂၀၁၁ ခုႏွစ္ တႏွစ္တည္းမွာတင္ အက်ိဳးအျမတ္ အေမရိကန္ ေဒၚလာ ၂၅၀,၀၀၀ ေလာက္ ရခဲ႔လိမ့္မယ္လို႔လည္း အစီရင္ခံစာက ေဖာ္ျပပါတယ္။
ႏုိင္ငံကို ရာစုႏွစ္၀က္ေလာက္ အုပ္ခ်ဳပ္လာတဲ႔ စစ္တပ္ ထိပ္ပိုင္း ေခါင္းေဆာင္ေတြ အေနနဲ႔ သူတို႔ကိုယ္သူတို႔ ၾကြယ္၀ ခ်မ္းသာေအာင္ လုပ္ဖို႔ အခ်ိန္ရခဲ႔တယ္လို႔ ႏုိင္ငံတကာ ဆက္ဆံေရးဆိုင္ရာ ျပင္သစ္ အင္စတီက်ဴရဲ႕ အာရွဆိုင္ရာ ညႊန္ၾကားေရးမွဴး Francoise Nicolas က ေျပာပါတယ္။ ၂၀၁၁ ခုႏွစ္ကေန ၂၀၂၁ ခုႏွစ္ၾကား တစိတ္တပိုင္း အရပ္သား အုပ္ခ်ဳပ္မႈ ကာလတိုေလး အတြင္းမွာလည္း ဒီကိစၥေတြမွာ အေျပာင္းအလဲ ႀကီးႀကီးမားမား မျဖစ္ခဲ႔ပါဘူး။ ၿပီးခဲ႔တဲ႔ ႏို၀င္ဘာလ အတြင္း ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ပါတီက အျပတ္အသတ္ အႏုိင္ရခဲ႔ၿပီးေနာက္မွာ စစ္တပ္ အေနနဲ႔ အနာဂတ္ အေရး စိုးရိမ္စိတ္ ရွိေကာင္းရွိႏုိင္တယ္လို႔ Nicolas က AFP ကို ေျပာပါတယ္။ သူတို႔ရဲ႕ ခ်မ္းသာၾကြယ္၀မႈေတြကို ထိခိုက္လာႏုိင္ေျခ ရွိၿပီး ဒီအခ်က္က အစိုးရကို ျဖဳတ္ခ်ဖို႔ သူတို႔ ဆံုးျဖတ္တဲ႔ ေနရာမွာ အမ်ားႀကီး ျဖစ္ႏုိင္ေျခ ရွိပါတယ္လို႔လည္း သူက ထပ္ေလာင္း ေျပာပါတယ္။
စစ္အာဏာသိမ္းမႈေၾကာင့္ စစ္တပ္ အေနနဲ႔ ႏုိင္ငံပိုင္ ကုမၸဏီေတြကို ျပန္လည္ ထိန္းခ်ဳပ္ခြင့္ ရေစပါတယ္။ ျပင္သစ္ရဲ႕ Total ၊ အေမရိကန္ရဲ႕ Chevron တို႔နဲ႔ ဖက္စပ္လုပ္ေနတဲ႔ ျမန္မာ့ ေရနံနဲ႔ သဘာ၀ ဓာတ္ေငြ႔လုပ္ငန္း ကို အခု စစ္တပ္က ႀကီးၾကပ္ေနပါၿပီ။ ျမန္မာ့ ေရနံနဲ႔ သဘာ၀ ဓာတ္ေငြ႔ လုပ္ငန္းဟာ သဘာ၀ဓာတ္ေငြ႔ ကေန တႏွစ္ကို ေဒၚလာ သန္း ၁,၀၀၀ ေလာက္ အက်ိဳးအျမတ္ ရေနတယ္လို႔ ေဖာ္ျပၾကၿပီး ဒါက သိပ္ၿပီး အေရးႀကီးတဲ႔ ပိုင္ဆိုင္မႈ တခု ျဖစ္ပါတယ္။
အခုအခ်ိန္ထိေတာ့ ႏုိင္ငံတကာ လုပ္ငနး္ႀကီးေတြထဲက ဆိုရင္ ဂ်ပန္ အေဖ်ာ္ယမကာ လုပ္ငန္း Kirin နဲ႔ စကာၤပူ အေျခစိုက္ ေရနံ ကုမၸဏီ Puma တို႔က ျမန္မာႏုိင္ငံတြင္း သူတို႔ လုပ္ငန္းေတြကို ျပန္လည္ သံုးသပ္ေနေၾကာင္း ေၾကညာထားပါေသးတယ္။ ျမန္မာ့ စီးပြားေရး ဦးပိုင္ လီမိတက္ အစား တျခား မိတ္ဖက္ အသစ္ ရွာမယ္လို႔ Kirin က ေျပာဆိုထားပါတယ္။
ရတနာ ကမ္းလြန္ သဘာ၀ဓာတ္ေငြ႔ လုပ္ကြက္မွာ အမ်ားစု စီမံခန္႔ခြဲေနတဲ႔ Total လုပ္ငန္းႀကီးက ၂၀၁၉ ခုႏွစ္အတြင္း ျမန္မာ အစိုးရကို ေဒၚလာ ၂၅၇ သန္း ေပးသြင္းခဲ႔ၿပီး အခုအခါမွာေတာ့ စစ္အာဏာသိမ္းမႈရဲ႕ သက္ေရာက္မႈေတြကို ျပန္လည္သံုးသပ္မယ္လို႔ ေျပာဆိုထားပါတယ္။ ေနာက္ထပ္ ကမ္းလြန္ လုပ္ကြက္ တခုမွာ Total နဲ႔ အတူ အစုရွယ္ယာပါတဲ႔ ၾသစေတးလ် Woodside လုပ္ငန္းႀကီးကလည္း အေျခအေနကို ေစာင့္ၾကည့္ေနေၾကာင္း ေျပာဆိုထားပါတယ္။
စစ္အာဏာ မသိမ္းခင္ကတည္းက ၂၀၁၇ ခုႏွစ္ ရိုဟင္ဂ်ာ မူဆလင္ လူနည္းစု အေပၚမွာ စစ္တပ္ရဲ႕ အၾကမ္းဖက္မႈေတြေၾကာင့္ အေမရိကန္က ဒဏ္ခတ္ ပိတ္ဆို႔မႈ ခ်မွတ္ထားၿပီး ျဖစ္ပါတယ္။ ျမန္မာဘက္ကေတာ့ ရိုဟင္ဂ်ာဆိုတာကို အသိအမွတ္ မျပဳပါဘူး။
ဒီ ပစ္မွတ္ထား တုံ႔ျပန္ ဒဏ္ခတ္ပိတ္ဆို႔ခံရတဲ႔ စစ္တပ္ တပ္ဖြဲ႔ေတြနဲ႔ လူပုဂၢိဳလ္ေတြထဲမွာ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ပါ၀င္ၿပီး ျဖစ္ပါတယ္။ စစ္ဗုိလ္ခ်ဳပ္ႀကီးေတြ ဘ႑ာေရး ရေပါက္ ရလမ္းေတြကို ပိုၿပီး ျပစ္ဒဏ္ခတ္ တင္းၾကပ္ဖို႔ တြန္းအားေပးေနသူကေတာ့ International Federation for Human Rights က Debbie Stothard ျဖစ္ပါတယ္။
ႏုိင္ငံတကာ ကုမၸဏီေတြ အေနနဲ႔ အာဏာယူထားတဲ႔ ေခါင္းေဆာင္ေတြနဲ႔ ပတ္သက္ ဆက္ႏြယ္မႈ အားလံုး ရပ္ဖို႔ Stothard က တိုက္တြန္းလုိက္ၿပီး အဓိက ကေတာ့ ျမန္မာႏုိင္ငံတြင္းမွာ ႏုိင္ငံျခား ရင္းႏွီးျမွဳပ္ႏွံမႈ အမ်ားဆံုး ျဖစ္တဲ႔ စကာၤပူ ျဖစ္တယ္လို႔လည္း သူမက ေျပာပါတယ္။
၂၀၀၀ ျပည့္ႏွစ္ အလယ္ပိုင္းေလာက္က စလို႔ ျမန္မာ ထိပ္တန္း စစ္အရာရွိႀကီး တခ်ိဳ႕ဟာ စကာၤပူမွာ ပုဂၢလိက ရင္းႏွီးျမွဳပ္ႏွံမႈေတြနဲ႔ ဘဏ္ စာရင္းေတြ ရွိေနပါၿပီ။ ဒီႏွစ္ပိုင္းေတြမွာေတာ့ ပိုလို႔ေတာင္ အရွိန္ေကာင္းလာပါတယ္လို႔ သူမက ေျပာတာပါ။ ဆိုေတာ့ စကာၤပူ အေနနဲ႔ စစ္ေခါင္းေဆာင္ေတြကို တန္ျပန္ဖို႔ အားသာခ်က္ ရွိတယ္လို႔လည္း သူမက ထပ္ေလာင္း ေျပာပါတယ္။
Justice For Myanmar က ေဒၚရတနာေမာင္ကေတာ့ ျမန္ျမန္ဆန္ဆန္ တုံ႔ျပန္ ကိုင္တြယ္ေဆာင္ရြက္ဖို႔ တိုက္တြန္းပါတယ္။ အခုအခ်ိန္မွာ ျပတ္ျပတ္သားသား မေဆာင္ရြက္ဘူးဆိုရင္ စစ္တပ္က လူထု အေပၚမွာ ပိုၿပီး အၾကမ္းဖက္လာမယ္၊ ဒီမိုကေရစီ ရဖို႔ အခြင့္အလမ္းလည္း ရွိေတာ့မွာ မဟုတ္ဘူးလို႔ ေဒၚရတနာေမာင္က ေျပာပါတယ္။
အထူးသျဖင့္ေတာ့ ဒဏ္ခတ္ပိတ္ဆို႔မႈမွာ စစ္အုပ္စုက သိပ္ၿပီး အကြ်မ္းတ၀င္ ျဖစ္ေနတာနဲ႔ အတူဘဲ အေရွ႕ေတာင္ အာရွရဲ႕ အဆင္းရဲဆံုး ႏုိင္ငံတခု ျဖစ္တဲ႔ ျမန္မာႏုိင္ငံမွာ စီးပြားေရး အၾကပ္ဆိုက္သြားမယ့္ အေရးကိုလည္း သတိထားဖို႔ တိုက္တြန္းေနၾကသူေတြလည္း ရွိပါတယ္။
ဥေရာပ သမဂၢရဲ႕ ႏိုင္ငံျခားေရးရာ မူ၀ါဒ အႀကီးအကဲ Josep Borrell က ၿပီးခဲ႔တဲ႔ သီတင္းပတ္ အတြင္းမွာဘဲ စစ္အာဏာသိမ္းမႈမွာ ဒဏ္ခတ္ပိတ္ဆို႔ေရး နည္းလမ္းေတြကို ဥေရာပ ေကာ္မရွင္ ေဆြးေႏြးပြဲမွာ ေျပာခဲ႔႔ပါတယ္။
ဥေရာပ သမဂၢဘက္က ျမန္မာ အေပၚ အေရးယူႏုိင္တဲ႔ နည္းလမ္းသံုးသြယ္ထဲမွာတာ့ စစ္တပ္နဲ႔ ပတ္သက္ ဆက္ႏြယ္ေနတဲ႔ စီးပြားေရး လုပ္ငန္းေတြနဲ႔ လူေတြကို ဒဏ္ခတ္ပိတ္ဆို႔မႈ ခ်မွတ္ေရး၊ ဖြံ႔ၿဖိဳးေရး အကူအညီေတြကို ျပန္လည္ သံုးသပ္ေရး၊ လက္နက္ကလြဲလို႔ တျခား ကုန္ပစၥည္းေတြ အတြက္ အထူးကုန္သြယ္ခြင့္ အခြင့္အေရးတို႔ကို ျပန္လည္ သံုးသပ္ေရးတို႔ ျဖစ္ေၾကာင္းလည္း ေထာက္ျပပါတယ္။ ကုန္သြယ္ေရး အထူးအခြင့္အေရးကို ရုပ္သိမ္းလိုက္ရင္ေတာ့ စစ္တပ္ရဲ႕ စီးပြားေရး လုပ္ငန္းေတြကို မထိခုိက္ဘဲ အရပ္သားေတြရဲ႕ အထည္ခ်ဳပ္လုပ္ငန္းေတြ အေပၚမွာ ထိခိုက္ႏုိင္တယ္လို႔ သတိေပးပါတယ္။ဒီ အထည္ခ်ဳပ္ လုပ္ငန္းေတြမွာ လုပ္သား ၅ သိန္းေလာက္ ရွိၿပီး အမ်ိဳးသမီး အမ်ားစု ျဖစ္ေၾကာင္းလည္း ေျပာဆိုခဲ႔ပါတယ္။
ျပင္းထန္တဲ႔ တားျမစ္ပိတ္ပင္ခ်က္ ေတြနဲ႔ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ျမန္မာျပည္ကို အုပ္ခ်ဳပ္ခဲ႔တဲ႔ စစ္တပ္ အေနနဲ႔ အလာတူ ျပန္လုပ္ဖို႔ ျပင္ဆင္ထားလိမ့္မယ္လို႔ ျမန္မာ အေျခစိုက္ ႏုိင္ငံေရး သံုးသပ္သူ Richard Horsey က ေျပာပါတယ္။ ထိခိုက္သက္ေရာက္မႈကို ရွင္းရွင္းလင္းလင္း မသံုးသပ္ဘဲနဲ႔ ျပင္းျပင္းထန္ထန္ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ခ်မွတ္ဖို႔ တိုက္တြန္းခ်က္ေတြကို မူ၀ါဒ ခ်မွတ္သူေတြဘက္က ခုခံရမယ္၊ ျမန္မာ အုပ္ခ်ဳပ္သူေတြရဲ႕ ျပစ္ဒဏ္ အတြက္ ျမန္မာျပည္သူေတြ နစ္နာေအာင္ ဒဏ္မေပးပါနဲ႔လုိ႔ သံုးသပ္သူ Richard Horsey က ထပ္ေလာင္း ေျပာပါတယ္။
(Unicode)
ကျောက်စိမ်းနဲ့ ပတ္တမြား - မြန်မာ စစ်တပ်က သူ့စည်းစိမ်ကို ဘယ်လို စုဆောင်းထားသလဲ
မြန်မာ့ စီးပွားရေးကဏ္ဍမှာ စစ်အုပ်စုရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်နေတဲ့ စီးပွားရေးက ထုနဲ့ ထည်နဲ့ ရှိနေပြီး အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ပေမယ့်လည်း စစ်အုပ်စု အနေနဲ့တော့ သူတို့နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းကြီးတွေကနေ ဘဏ္ဍာငွေကြေး ဆက်လက် ရရှိနေဦးမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ မြန်မာ စစ်တပ်က ကြွယ်ဝမှုတွေကို ဘယ်လို ထိန်းသိမ်းထားသလဲ ဆိုတဲ့ AFP ရဲ့ သတင်းဆောင်းပါးကို အခြေခံပြီး ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြပေးမှာပါ။
မြန်မာနိုင်ငံမှာ အရပ်သား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က ဖမ်းဆီးပြီး အာဏာ ရယူပြီး နောက်ပိုင်း ဆန္ဒပြ ဆန့်ကျင်သူတွေကို ဖြိုခွင်းမှုတွေကြောင့် နိုင်ငံတကာဘက်က ပြစ်ဒဏ်ခတ်ဖို့ တောင်းဆိုမှုတွေ ပိုများလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတော့ အမေရိကန် ပြည်ထောင်စုက မြန်မာ စစ်ခေါင်းဆောင်တွေ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု အတွင်းမှာ ရှိတဲ့ မြန်မာ့ ဘဏ္ဍာငွေ ဒေါ်လာ သန်း (၁,၀၀၀) ကို မြန်မာ စစ်ခေါင်းဆောင်တွေ ထုတ်ယူခွင့် မရအောင် ထိန်းချုပ်မယ့် အကြောင်း အမေရိကန် သမ္မတ Joe Biden က ကြေညာခဲ့သလိုဘဲ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိတဲ့ လက်ရှိနဲ့ အငြိမ်းစား စစ်အရာရှိကြီး ၁၀ ဦးရဲ့ အမေရိကန်မှာ ရှိတဲ့ ပိုင်ဆိုင်မှုတွေနဲ့ လွှဲပြောင်းမှုတွေကို ပိတ်ပင်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနကလည်း ကြေညာခဲ့ပါတယ်။
အရပ်သား ခေါင်းဆောင်တွေ ဖမ်းပြီး အာဏာ ရယူမှုကို စစ်အာဏာသိမ်းမှု အဖြစ် အမေရိကန်က သတ်မှတ်ကြောင်း နိုင်ငံခြားရေး ဌာန ပြောခွင့်ရက ပြောဆိုထားတာပါ။ အာဏာယူထားတဲ့ စစ်ကောင်စီကတော့ သူတို့ကို အာဏာသိမ်းတယ်လို့ မသုံးဖို့ ထုတ်ပြန်ထားတာပါ။
ဒါပေမယ့်လည်း စစ်တပ်ခေါင်းဆောင်တွေရဲ့ နောက်ကွယ်က များပြားလှစွာသော ကော်ပိုရေးရှင်းကြီးတွေကနေ ကြွယ်၀ ချမ်းသာမှုတွေ ဆက်လက် ရရှိခံစားခွင့် ရနေတယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်ကြပါတယ်။ မြန်မာ စစ်တပ်က သိုသိုသိပ်သိပ် ထိန်းချုပ်ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နဲ့ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) က အပြည့်အ၀ ကြီးကြပ်ဆောင်ရွက်နေတဲ့ ဒါမှမဟုတ်လည်း တစိတ်တပိုင်း ကြီးကြပ် ဆောင်ရွက်နေတဲ့ ကုမ္ပဏီ အနည်းဆုံး ၁၃၃ ခု မြန်မာပြည်တွင်းမှာ ရှိနေတယ်လို့ Justic for Myanmar ရဲ့ အစီရင်ခံစာ တခုက ဖော်ပြပါတယ်။ ပွင့်လင်းမြင်သာမှု မရှိတဲ့ ဒီအဖွဲ့တွေရဲ့ အခက်အလက် စီးပွားရေး လုပ်ငန်းတွေကလည်း ဘီယာ၊ ဆေးလိပ်၊ သယ်ယူပို့ဆောင်ရေး၊ အဝတ်အထည်လုပ်ငန်း၊ ခရီးသွား လုပ်ငန်းနဲ့ ဘဏ်လုပ်ငန်းတွေ အထိ ကဏ္ဍတွေ အများကြီးမှာ ပါဝင်နေတာပါ။
အကျိုးအမြတ်များပြီး စည်းမျဉ်း စည်းကမ်း လျော့ရဲနေတဲ့ ကျောက်စိမ်းနဲ့ ပတ္တမြား ကုန်သွယ်ရေးကတော့ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေက ချုပ်ကိုင်ထားတာပါ။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ကျောက်စိမ်း ထုတ်လုပ်မှု အများဆုံး နိုင်ငံ ဖြစ်ပြီး ခန့်မှန်းခြေ တနှစ်ကို အမေရိကန် ဒေါ်လာ သန်း ထောင်ချီ ရနေပေမယ်လို့လည်း နိုင်ငံတော် အခွန်ငွေမှာတော့ မဖြစ်စလောက်ဘဲ ရပါတယ်။ အရည်အသွေး အကောင်းဆုံး ကျောက်မျက်တွေကတော့ နယ်စပ်ကျော်ပြီး တရုတ်ဘက်ကို တရားမဝင် ထွက်တယ်လို့ ယုံကြည်ထားကြပါတယ်။
သဘာ၀ ဘေးဒဏ်သင့်လွယ်တဲ့ ကျောက်စိမ်းထုတ်လုပ်မှု လုပ်ငန်းဟာ ၂၀၁၁ ခုနှစ် ကတည်းကနေ အခုအချိန်ထိ စစ်တပ် အခွင့်ထူးခံတွေ၊ မူးယစ်ရာဇာတွေနဲ့ သူတို့နဲ့ ပလဲနံပသင့်သူတွေရဲ့ အချိတ်အဆက်တွေက ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း Global Witness က ပြောဆိုထားပါတယ်။ စီးပွားရေး ဦးပိုင် လီမိတက်ရဲ့ လုပ်ငန်းခွဲ တခုက ကျောက်စိမ်း တူးဖော်ခွင့် လိုင်စင် အများဆုံး ထိန်းချုပ်ထားတယ်လို့လည်း ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုထဲမှာ ပါတဲ့ ကျောက်မျက် လုပ်ငန်းကြီး သုံးခုထဲမှာ Myanmar Imperial Jade Co. Ltd., လည်း ပါဝင်ပါတယ်။ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နဲ့ မိတ်ဖက် ကုမ္ပဏီတွေထဲမှာ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ စကာၤပူက ကုမ္ပဏီတွေလည်း ပါဝင်ပါတယ်။ ဒီ လုပ်ငန်းကြီးကနေ အစိုးရကို တင်ပြထားချက် အရတော့ လုပ်ငန်းကြီးရဲ့ အစုရှယ်ယာ ပိုင်ရှင်တွေက လက်ရှိနဲ့ အငြိမ်းစား စစ်အရာရှိကြီးတွေ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလက ထွက်တဲ့ နိုင်ငံတကာ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ကြီး Amnesty International ရဲ့ အစီရင်ခံစာ အရ ၁၉၉၀ နဲ့ ၂၀၁၁ ခုနှစ် အတွင်း ဒေါ်လာ သန်း ၁၈,၀၀၀ ကျော် ရှယ်ယာရှင်တွေကို ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။
စစ်အုပ်စု အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း အဓိက ရှယ်ယာဝင် တဦးလို့ ဆိုကြပြီး ၂၀၁၁ ခုနှစ် တနှစ်တည်းမှာတင် အကျိုးအမြတ် အမေရိကန် ဒေါ်လာ ၂၅၀,၀၀၀ လောက် ရခဲ့လိမ့်မယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။
နိုင်ငံကို ရာစုနှစ်ဝက်လောက် အုပ်ချုပ်လာတဲ့ စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်တွေ အနေနဲ့ သူတို့ကိုယ်သူတို့ ကြွယ်၀ ချမ်းသာအောင် လုပ်ဖို့ အချိန်ရခဲ့တယ်လို့ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ပြင်သစ် အင်စတီကျူရဲ့ အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Francoise Nicolas က ပြောပါတယ်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်ကြား တစိတ်တပိုင်း အရပ်သား အုပ်ချုပ်မှု ကာလတိုလေး အတွင်းမှာလည်း ဒီကိစ္စတွေမှာ အပြောင်းအလဲ ကြီးကြီးမားမား မဖြစ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက်မှာ စစ်တပ် အနေနဲ့ အနာဂတ် အရေး စိုးရိမ်စိတ် ရှိကောင်းရှိနိုင်တယ်လို့ Nicolas က AFP ကို ပြောပါတယ်။ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုတွေကို ထိခိုက်လာနိုင်ခြေ ရှိပြီး ဒီအချက်က အစိုးရကို ဖြုတ်ချဖို့ သူတို့ ဆုံးဖြတ်တဲ့ နေရာမှာ အများကြီး ဖြစ်နိုင်ခြေ ရှိပါတယ်လို့လည်း သူက ထပ်လောင်း ပြောပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် စစ်တပ် အနေနဲ့ နိုင်ငံပိုင် ကုမ္ပဏီတွေကို ပြန်လည် ထိန်းချုပ်ခွင့် ရစေပါတယ်။ ပြင်သစ်ရဲ့ Total ၊ အမေရိကန်ရဲ့ Chevron တို့နဲ့ ဖက်စပ်လုပ်နေတဲ့ မြန်မာ့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့လုပ်ငန်း ကို အခု စစ်တပ်က ကြီးကြပ်နေပါပြီ။ မြန်မာ့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ လုပ်ငန်းဟာ သဘာဝဓာတ်ငွေ့ ကနေ တနှစ်ကို ဒေါ်လာ သန်း ၁,၀၀၀ လောက် အကျိုးအမြတ် ရနေတယ်လို့ ဖော်ပြကြပြီး ဒါက သိပ်ပြီး အရေးကြီးတဲ့ ပိုင်ဆိုင်မှု တခု ဖြစ်ပါတယ်။
အခုအချိန်ထိတော့ နိုင်ငံတကာ လုပ်ငန်းကြီးတွေထဲက ဆိုရင် ဂျပန် အဖျော်ယမကာ လုပ်ငန်း Kirin နဲ့ စကာၤပူ အခြေစိုက် ရေနံ ကုမ္ပဏီ Puma တို့က မြန်မာနိုင်ငံတွင်း သူတို့ လုပ်ငန်းတွေကို ပြန်လည် သုံးသပ်နေကြောင်း ကြေညာထားပါသေးတယ်။ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် အစား တခြား မိတ်ဖက် အသစ် ရှာမယ်လို့ Kirin က ပြောဆိုထားပါတယ်။
ရတနာ ကမ်းလွန် သဘာဝဓာတ်ငွေ့ လုပ်ကွက်မှာ အများစု စီမံခန့်ခွဲနေတဲ့ Total လုပ်ငန်းကြီးက ၂၀၁၉ ခုနှစ်အတွင်း မြန်မာ အစိုးရကို ဒေါ်လာ ၂၅၇ သန်း ပေးသွင်းခဲ့ပြီး အခုအခါမှာတော့ စစ်အာဏာသိမ်းမှုရဲ့ သက်ရောက်မှုတွေကို ပြန်လည်သုံးသပ်မယ်လို့ ပြောဆိုထားပါတယ်။ နောက်ထပ် ကမ်းလွန် လုပ်ကွက် တခုမှာ Total နဲ့ အတူ အစုရှယ်ယာပါတဲ့ သြစတေးလျ Woodside လုပ်ငန်းကြီးကလည်း အခြေအနေကို စောင့်ကြည့်နေကြောင်း ပြောဆိုထားပါတယ်။
စစ်အာဏာ မသိမ်းခင်ကတည်းက ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ မူဆလင် လူနည်းစု အပေါ်မှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့မှု ချမှတ်ထားပြီး ဖြစ်ပါတယ်။ မြန်မာဘက်ကတော့ ရိုဟင်ဂျာဆိုတာကို အသိအမှတ် မပြုပါဘူး။
ဒီ ပစ်မှတ်ထား တုံ့ပြန် ဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ စစ်တပ် တပ်ဖွဲ့တွေနဲ့ လူပုဂ္ဂိုလ်တွေထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်ပြီး ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေ ဘဏ္ဍာရေး ရပေါက် ရလမ်းတွေကို ပိုပြီး ပြစ်ဒဏ်ခတ် တင်းကြပ်ဖို့ တွန်းအားပေးနေသူကတော့ International Federation for Human Rights က Debbie Stothard ဖြစ်ပါတယ်။
နိုင်ငံတကာ ကုမ္ပဏီတွေ အနေနဲ့ အာဏာယူထားတဲ့ ခေါင်းဆောင်တွေနဲ့ ပတ်သက် ဆက်နွယ်မှု အားလုံး ရပ်ဖို့ Stothard က တိုက်တွန်းလိုက်ပြီး အဓိက ကတော့ မြန်မာနိုင်ငံတွင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်တဲ့ စကာၤပူ ဖြစ်တယ်လို့လည်း သူမက ပြောပါတယ်။
၂၀၀၀ ပြည့်နှစ် အလယ်ပိုင်းလောက်က စလို့ မြန်မာ ထိပ်တန်း စစ်အရာရှိကြီး တချို့ဟာ စကာၤပူမှာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဘဏ် စာရင်းတွေ ရှိနေပါပြီ။ ဒီနှစ်ပိုင်းတွေမှာတော့ ပိုလို့တောင် အရှိန်ကောင်းလာပါတယ်လို့ သူမက ပြောတာပါ။ ဆိုတော့ စကာၤပူ အနေနဲ့ စစ်ခေါင်းဆောင်တွေကို တန်ပြန်ဖို့ အားသာချက် ရှိတယ်လို့လည်း သူမက ထပ်လောင်း ပြောပါတယ်။
Justice For Myanmar က ဒေါ်ရတနာမောင်ကတော့ မြန်မြန်ဆန်ဆန် တုံ့ပြန် ကိုင်တွယ်ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။ အခုအချိန်မှာ ပြတ်ပြတ်သားသား မဆောင်ရွက်ဘူးဆိုရင် စစ်တပ်က လူထု အပေါ်မှာ ပိုပြီး အကြမ်းဖက်လာမယ်၊ ဒီမိုကရေစီ ရဖို့ အခွင့်အလမ်းလည်း ရှိတော့မှာ မဟုတ်ဘူးလို့ ဒေါ်ရတနာမောင်က ပြောပါတယ်။
အထူးသဖြင့်တော့ ဒဏ်ခတ်ပိတ်ဆို့မှုမှာ စစ်အုပ်စုက သိပ်ပြီး အကျွမ်းတဝင် ဖြစ်နေတာနဲ့ အတူဘဲ အရှေ့တောင် အာရှရဲ့ အဆင်းရဲဆုံး နိုင်ငံတခု ဖြစ်တဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး အကြပ်ဆိုက်သွားမယ့် အရေးကိုလည်း သတိထားဖို့ တိုက်တွန်းနေကြသူတွေလည်း ရှိပါတယ်။
ဥရောပ သမဂ္ဂရဲ့ နိုင်ငံခြားရေးရာ မူဝါဒ အကြီးအကဲ Josep Borrell က ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာဘဲ စစ်အာဏာသိမ်းမှုမှာ ဒဏ်ခတ်ပိတ်ဆို့ရေး နည်းလမ်းတွေကို ဥရောပ ကော်မရှင် ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။
ဥရောပ သမဂ္ဂဘက်က မြန်မာ အပေါ် အရေးယူနိုင်တဲ့ နည်းလမ်းသုံးသွယ်ထဲမှာတာ့ စစ်တပ်နဲ့ ပတ်သက် ဆက်နွယ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ လူတွေကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရေး၊ ဖွံ့ဖြိုးရေး အကူအညီတွေကို ပြန်လည် သုံးသပ်ရေး၊ လက်နက်ကလွဲလို့ တခြား ကုန်ပစ္စည်းတွေ အတွက် အထူးကုန်သွယ်ခွင့် အခွင့်အရေးတို့ကို ပြန်လည် သုံးသပ်ရေးတို့ ဖြစ်ကြောင်းလည်း ထောက်ပြပါတယ်။
ကုန်သွယ်ရေး အထူးအခွင့်အရေးကို ရုပ်သိမ်းလိုက်ရင်တော့ စစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို မထိခိုက်ဘဲ အရပ်သားတွေရဲ့ အထည်ချုပ်လုပ်ငန်းတွေ အပေါ်မှာ ထိခိုက်နိုင်တယ်လို့ သတိပေးပါတယ်။ ဒီ အထည်ချုပ် လုပ်ငန်းတွေမှာ လုပ်သား ၅ သိန်းလောက် ရှိပြီး အမျိုးသမီး အများစု ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
ပြင်းထန်တဲ့ တားမြစ်ပိတ်ပင်ချက် တွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ မြန်မာပြည်ကို အုပ်ချုပ်ခဲ့တဲ့ စစ်တပ် အနေနဲ့ အလာတူ ပြန်လုပ်ဖို့ ပြင်ဆင်ထားလိမ့်မယ်လို့ မြန်မာ အခြေစိုက် နိုင်ငံရေး သုံးသပ်သူ Richard Horsey က ပြောပါတယ်။
ထိခိုက်သက်ရောက်မှုကို ရှင်းရှင်းလင်းလင်း မသုံးသပ်ဘဲနဲ့ ပြင်းပြင်းထန်ထန် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ တိုက်တွန်းချက်တွေကို မူဝါဒ ချမှတ်သူတွေဘက်က ခုခံရမယ်၊ မြန်မာ အုပ်ချုပ်သူတွေရဲ့ ပြစ်ဒဏ် အတွက် မြန်မာပြည်သူတွေ နစ်နာအောင် ဒဏ်မပေးပါနဲ့လို့ သုံးသပ်သူ Richard Horsey က ထပ်လောင်း ပြောပါတယ်။