သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေက်ာက္စိမ္း ေက်ာက္မ်က္ အေခ်ာထည္လိုင္းနဲ႔ အလုပ္အကိုင္ေတြ ဖန္တီးေပးႏုိင္မလား


မွတ္တမ္းဓာတ္ပံု - Sotheby's auction house ၀န္ထမ္းတဦး လန္ဒန္မွာ ျပသခဲ႔တဲ႔ ၂၅.၅၉ ကာရက္ ျမန္မာ့ ပတၱျမား။

(Zawgyi / Unicode) ေသာတရွင္မ်ားရွင္ အပတ္စဥ္ စီးပြားေရး အစီအစဥ္ကို တင္ျပပါမယ္။
အရည္အေသြး အေကာင္းဆံုး ေက်ာက္စိမ္း၊ ေက်ာက္မ်က္ေတြ အတြက္ အရိုင္းေစ်းကြက္သာ ျဖစ္ထြန္းတဲ႔ ျမန္မာ့ ေက်ာက္မ်က္ ေက်ာက္စိမ္း ေစ်းကြက္ကို တစိတ္တပိုင္း အေခ်ာထည္၊ ဒါမွမဟုတ္လည္း အေခ်ာထည္ လုိင္းဘက္ကို ေျပာင္းလဲႏိုင္မယ့္ အလားအလာ အေၾကာင္း ဒီသီတင္းပတ္မွာ ေဆြးေႏြးထားပါတယ္။

ေက်ာက္စိမ္း ေက်ာက္မ်က္ကေန ၀င္ေငြလည္း ပိုၿပီး ရလာႏုိင္ၿပီး လူထု အတြက္လည္း အလုပ္အကိုင္ေတြ ဖန္တီးႏုိင္ေရးမွာက ေက်ာက္စိမ္း ေက်ာက္မ်က္ ပညာနဲ႔ ပတ္သက္ၿပီး က်ယ္က်ယ္ျပန္႔ျပန္႔ သင္ၾကားေပးမယ့္ ပညာေရး စနစ္ လိုအပ္သလို မူ၀ါဒ ခ်မွတ္သူေတြ အေနနဲ႔ကလည္း ဒီေစ်းကြက္ရဲ႕ အေၾကာင္း သိဖို႔လိုအပ္တယ္လို႔ မႏၱေလး ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္းရဲ႕ တြဲဘက္အတြင္းေရးမွဴး(၁) ေက်ာက္မ်က္ဒီဇိုင္းပညာရွင္ ေဒၚစုမြန္တိုးက သံုးသပ္ပါတယ္။ က်မ သိဂၤ ီထုိက္ပါ။

သိဂၤ ီထိုက္ ။ ။ ေဒၚစုမြန္တိုးက အဂၤလန္မွာ သြားၿပီးေတာ့ ကမၻာ့ အသိအမွတ္ျပဳ GIA အသိအမွတ္ျပဳ လက္မွတ္ ရယူထားတယ္။ ေနာက္တခါ မႏၱေလးၿမိဳ႕မွာလည္း လက္၀တ္ရတနာ ဒီဇိုင္းနဲ႔ ပတ္သက္ၿပီးေတာ့ ျပန္ၿပီးေတာ့ သင္ေပးေနပါတယ္။ ဒီ မႏၱေလးၿမိဳ႕ဟာ ဆိုရင္ ေက်ာက္စိမ္းမွာ အေတာ္ေလး အခရာ က်တဲ႔ ေဒသ ျဖစ္ပါတယ္။ ဒါေပမယ့္ အားလံုးက အရိုင္းေစ်းကြက္မ်ိဳး ျဖစ္ေနပါတယ္။ အေခ်ာထည္ ထုတ္ႏုိင္ဖို႔ေပါ့ေနာ္။ ေဒၚစုမြန္တိုး ဘယ္လို ျမင္ပါလဲရွင့္။

ေဒၚစုမြန္တိုး ။ ။ မႏၱေလးဟာ ဆိုလို႔ ရွိရင္ ေက်ာက္စိမ္းမွာ အႀကီးဆံုး ေစ်းကြက္ တခု ရွိပါတယ္။ မႏၱေလးက ေက်ာက္စိမ္း တခုတည္းတင္ မဟုတ္ပါဘူးရွင္။ တျခား ေက်ာက္မ်က္ရတနာေတြရဲ႕ ဆံုစည္းရာ လို႔လည္း ေျပာလို႔ ရပါတယ္ရွင့္။ အဲဒီမွာ တရုတ္လူမ်ိဳး အမ်ားဆံုး လာ၀ယ္တဲ႔ အတြက္ အဓိက ကေတာ့ တရုတ္ ေစ်းကြက္ကို အဓိက ထားၾကပါတယ္။ ေနာက္ပိုင္းေရာက္ေတာ့ ဘာျဖစ္လာလဲ ဆိုေတာ့ တျခားႏုိင္ငံေတြကို က်မတို႔က တင္သြင္းခြင့္တို႔ ဘာတို႔ ဆိုတာထက္ ဒီမွာလာၿပီး ၀ယ္တဲ႔ တရုတ္ လူမ်ိဳးေတြကို ေရာင္းဖို႔လို႔ဘဲ လူေတြက အားသန္ၾကတယ္ ေပါ့ေနာ္။ ဆိုေတာ့ ကုန္သည္ေတြ အေနနဲ႔ကလည္း ေစ်းကို တခ်ိဳ႕ ကုန္သည္ေတြက ရသင့္သေလာက္ မရဘဲနဲ႔ ေစ်းကြက္ အေျခအေန အရ ေရာင္းခ်လိုက္ရတာေတြလည္း ရွိပါတယ္ရွင့္။

သိဂၤ ီထိုက္ ။ ။ ဒီေစ်းကြက္ႀကီးက ကုန္ေခ်ာ ထုတ္ႏုိင္တဲ႔ ေစ်းကြက္ ျဖစ္ရင္ ျမန္မာႏုိင္ငံတြင္းမွာ လူေတြလည္း ပိုၿပီး အလုပ္အကိုင္ရမယ္၊ ၀င္ေငြလည္း ပိုရမယ္၊ အစိုးရလည္း အခြန္ ပိုရမယ္ဆိုတဲ႔ ရည္ရြယ္ခ်က္မ်ိဳး ရွိၾကတာေပါ့ေနာ္။ ဆိုေတာ့ ဒီလမ္းေၾကာင္းကို သြားဖို႔ေရာ နီးစပ္ၿပီလားရွင့္။ ဒီ လမ္းေၾကာင္းကို ဦးတည္ေနၿပီလား အခု ေလာေလာဆယ္မွာ။

ေဒၚစုမြန္တိုး ။ ။ ဟုတ္ကဲ႔ အခု ေလာေလာဆယ္ကေတာ့ ေပါ့ေနာ္။ က်မတို႔ ၂၀၁၉ ခုႏွစ္ ႏွစ္လယ္ေလာက္မွာ သင္တန္း ဖြင့္တဲ႔ အခ်ိန္ထိေတာ့ ဒီ ၂၀၂၀ ေလာက္ထိေတာ့ စိတ္၀င္စားတဲ႔ လူငယ္ေတြလည္း မ်ားျပားပါတယ္။ ေနာက္ တခုက ဘာရွိလဲ ဆိုေတာ့ လက္၀တ္ရတနာ ဆိုင္ေတြ ေက်ာက္မ်က္ရတနာ ဆိုင္ႀကီးေတြကပါ စိတ္၀င္စားၾကၿပီးေတာ့ ဆက္သြယ္လာတဲ႔လူေတြလည္း ရွိပါတယ္။ ဒါေၾကာင့္မို႔လို႔ က်မကေတာ့ တေယာက္တည္း လုပ္တာထက္ စာရင္ ဒီလိုေလး လူမ်ားလာေတာ့ တျဖည္းျဖည္းနဲ႔ေတာ့ ေျပာင္းလဲလာမယ္လို႔ ေမွ်ာ္လင့္ပါတယ္ရွင့္။

သိဂၤ ီထိုက္ ။ ။ ျမန္မာႏုိင္ငံမွာက လူေတြက လက္၀တ္လက္စားဆိုတာက အမ်ားစု ေရႊ၀ယ္ၾကပါတယ္။ ရွိရင္ေတာ့ သူတို႔က ၀ယ္ၿပီးေတာ့ စုထားတဲ႔ သေဘာေပါ့ေနာ္ ေနာက္ၿပီးေတာ့ ျပန္ေရာင္းမယ္ လိုတဲ႔ အခါမွာ ျပန္ေရာင္းမယ္ ဆိုတဲ႔ သေဘာ ျဖစ္ပါတယ္။ ဆိုေတာ့ အခု ေဒၚစုမြန္တိုးတို႔ သြားတဲ႔ အထည္လုိင္းကေတာ့ ပိုၿပီးေတာ့ ဇိမ္ခံ ပစၥည္း သေဘာမ်ိဳးဆန္လာတယ္။ အဲဒီေတာ့ ျမန္မာႏုိင္ငံ ေစ်းကြက္ကိုေရာ အားထားလို႔ ရပါ့မလား။ ဒီေစ်းကြက္မ်ိဳးက ႏုိင္ငံတကာကို ပိုၿပီးေတာ့ အားထားရမလား။ ေစ်းကြက္ အေနအထားေရာ ဘယ္လို ေတြ႔ရပါသလဲ။

ေဒၚစုမြန္တိုး ။ ။ အရင္တုန္းကေတာ့ ျမန္မာျပည္မွာက ဥပမာ ေျပာရမယ္ဆိုရင္ သူဇာ လက္စြပ္ ေခတ္စားတယ္ ဆိုရင္ အားလံုးက သူဇာလက္စြပ္ ဆင္တူဘဲ ၀တ္ခ်င္တယ္ေပါ့ေနာ္။ ဒီေန႔ေခတ္မွာေတာ့ ဒီပံုစံ ဒီဇိုင္းသည္ ကိုယ္တေယာက္တည္း အတြက္ ထုတ္လုပ္ထားတာ ဆိုတာမ်ိဳးကို ပိုၿပီးေတာ့မွ လူေတြက စိတ္၀င္စား လာၾကပါတယ္ရွင့္။ လူငယ္ေတြ မ်ားလာတာလဲ ပါတယ္။ ေငြေၾကးတတ္ႏုိင္တဲ႔သူေတြ ရွိလာတာလည္း ပါပါတယ္။ ေနာက္တခုက ႏုိင္ငံတကာ ရုပ္ရွင္ေတြ ႏုိင္ငံျခား ဇာတ္လမ္းတြဲေတြမွာလည္း အမ်ားႀကီး ၾကည့္လို႔ရတာ ျဖစ္တဲ႔ အတြက္ေၾကာင့္ မို႔လို႔ ေျပာင္းလဲလာမယ့္ လူေနမႈ အရေတာ့ ေစ်းကြက္လည္း တျဖည္းျဖည္းနဲ႔ ေျပာင္းလဲ လာတယ္လို႔ ေျပာလို႔ ရပါတယ္ရွင့္။

သိဂၤ ီထိုက္ ။ ။ ျမန္မာႏုိင္ငံထဲက လုပ္ငန္းရွင္ တေယာက္ အေနနဲ႔ ႏုိင္ငံျခားကို ထြက္ၿပီးေတာ့ ေက်ာက္မ်က္ အေခ်ာထည္ ေရာင္းတဲ႔ အခါမွာ ဒီဇိုင္းပိုင္းက အေတာ္ေလး စကားေျပာမယ္ ထင္ပါတယ္။ အဲဒီေတာ့ ေဒၚစုမြန္တိုးတို႔ အေနနဲ႔ ျပည္ပႀကိဳက္ ဒီဇိုင္း အထိေရာ ေစ်းကြက္ကို တိုးႏုိင္ပါသလားရွင့္။

ေဒၚစုမြန္တိုး ။ ။ အခုအခ်ိန္ထိေတာ့ က်မတို႔ ႀကိဳးစားေနရဆဲပါဘဲရွင့္။ က်မတို႔က ေစ်းကြက္ကို ဘယ္ေစ်းကြက္ကို ေရြးခ်ယ္မလဲ ဆိုတာ စဥ္းစားရတယ္ေပါ့ေနာ္။ ေနာက္တခုက ဘာလဲ ဆုိေတာ့ က်မတို႔က ဂ်ပန္ကို သြားေရာင္းလို႔ ရွိရင္ ဂ်ပန္ အတြက္ ဒီဇိုင္းတမ်ိဳး ထုတ္ရပါတယ္။ မကာအိုကို သြားေရာင္းရင္ မကာအို အတြက္ ဒီဇိုင္း တမ်ိဳး ထုတ္ရပါတယ္။ အမ ခုနက ေျပာသလိုဘဲ အိႏၵိယကို သြားလို႔ ရွိရင္ ဂ်ပန္နဲ႔ မကာအိုမွာ လုပ္ထားတဲ႔ ဒီဇိုင္းက အိႏၵိယမွာ သြားၿပီး ေရာင္းခ်လို႔ မရပါဘူးရွင့္။ ဒါေၾကာင့္မို႔ က်မတို႔က ထိုင္းအတြက္ဆိုရင္ ထိုင္းအတြက္ ဒီဇိုင္း တမ်ိဳး စဥ္းစားရပါတယ္။

ၾကာလာေတာ့ ကုန္သည္ေတြ အေနနဲ႔ ဘာျဖစ္လဲ ဆိုေတာ့ ဒီဇိုင္းထက္ စာလို႔ ရွိရင္ စြန္ကုပ္ေလးဘက္ ပါၿပီးေတာ့မွ ေက်ာက္ကိုဘဲ အဓိက ေရာင္းတဲ႔ ပံုစံမ်ိဳးဘက္ကို ေရာက္လာပါတယ္ရွင့္။ ဒါေၾကာင့္မို႔လို႔ က်မက သူတို႔ အေနနဲ႔ စဥ္းစားမႈပိုင္းဆိုင္ရာ Creation ပိုင္း၊ ေန႔စဥ္ ေန႔တိုင္း ဒီအလုပ္ထဲမွာဘဲ ေနေနတာထက္ စာရင္ အသစ္တမ်ိဳးမ်ား ေျပာင္းၿပီးေတာ့ စဥ္းစား ႏုိင္မယ္ဆိုရင္ ေစ်းကြက္ တမ်ိဳး ထပ္ၿပီး ရမလား ၊ ပတ္၀န္းက်င္ တမ်ိဳးနဲ႔ ေတြးေခၚမႈ တမ်ိဳးမ်ား ရမလားဆိုတဲ႔ စိတ္ကူးနဲ႔ သင္တန္းေလးကို လုပ္ျဖစ္တာပါ။

သိဂၤ ီထိုက္ ။ ။ ေက်ာက္မ်က္ ရတနာ အေခ်ာပိုင္းကို တြန္းပို႔ဖို႔ ဆိုတာမွာ အစိုးရရဲ႕ မူ၀ါဒပိုင္းနဲ႔လည္း ဆိုင္မယ္ ထင္ပါတယ္။ ဆိုေတာ့ အစိုးရဘက္က ေက်ာက္မ်က္ရတနာ အရိုင္းေတြ ထြက္ေနတာထက္ စာလို႔ ရွိရင္ တစိတ္တပိုင္း အေခ်ာထည္ေလာက္ ျဖစ္ျဖစ္ဘဲ ထုတ္ရေတာ့မယ္ဆိုတဲ႔ မူ၀ါဒ မ်ိဳးမ်ား ခ်မွတ္ႏုိင္ရင္ မေကာင္းဘူးလားရွင့္။ ေဒၚစုမြန္တိုးတို႔ ဘယ္လို ျမင္ပါသလဲ ဒီအေပၚမွာ။

ေဒၚစုမြန္တိုး ။ ။ က်မ ေလ႔လာၾကည့္ရသေလာက္က ေက်ာက္မ်က္ရတနာ အေခ်ာထည္ ပိုင္းကို အစိုးရ အေနနဲ႔ အမ်ားႀကီးဘဲ အားေပးၿပီးေတာ့ လုပ္ေစခ်င္တာကို ေတြ႔ရွိရပါတယ္ရွင့္။ ဒါေပမယ့္ လုပ္ေဆာင္မႈပိုင္းဆိုင္ရာမွာ က်ေတာ့ သူတို႔ ေက်ာက္မ်က္ရတနာ လုပ္ေနတဲ႔ လူေတြနဲ႔ တကယ္နီးစပ္မႈ ရွိေနတာ မွန္ေပမယ့္ သူတို႔ကိုယ္တိုင္ ဒီထဲမွာ ၀င္လုပ္ေနတာ မဟုတ္ေတာ့ စဥ္းစားေတြးေခၚမႈပိုင္းေတြက မတူညီၾကပါဘူးရွင့္။ ကုန္သည္ေတြနဲ႔ အစိုးရ ဌာနနဲ႔က။

က်မက ကုန္သည္ တေယာက္ အေနနဲ႔ ေနာက္တခုက လူငယ္ တေယာက္ အေနနဲ႔ ေနာက္ ပညာေရးဘက္မွာေရာ၊ က်မ ယူဆတာက ႏုိင္ငံတႏိုင္ငံ တိုးတက္ဖို႔ ေစ်းကြက္ တခု တိုးတက္ဖို႔ ဆိုလို႔ ရွိရင္ ဒီေစ်းကြက္မွာ ရွိတဲ႔ သတင္းအခ်က္အလက္ ၊ ဒီေစ်းကြက္မွာ သိရွိရမယ့္ အခ်က္အလက္ေတြကို မ်ားမ်ားျဖန္႔ႏုိင္မွ ၊ ေနာက္တခုက အသိပညာ ဗဟုသုတ ၾကြယ္၀မွ ၊ ကိုယ့္ဆီမွာ ရွိတဲ႔ ပစၥည္းကို ထိန္းသိမ္း ေစာင့္ေရွာက္ႏုိင္စြမ္း ရွိမယ္လို႔ ယူဆပါတယ္ရွင့္။

ဒါေၾကာင့္မို႔ ျမန္မာျပည္မွာက တကၠသိုလ္ေတြ ရွိပါတယ္။ ေဆးပညာ တကၠသိုလ္ ရွိတယ္၊ ႏုိင္ငံျခား ဘာသာ တကၠသိုလ္ ရွိတယ္။ ကြန္ျပဴတာ တကၠသိုလ္ ရွိတယ္။ သိပၸံနဲ႔ နည္းပညာဆိုင္ရာ တကၠသိုလ္ ရွိတယ္။ စသျဖင့္ တကၠသိုလ္ေတြ ရွိပါတယ္။ ဒါေပမယ့္ ေက်ာက္မ်က္ ရတနာနဲ႔ ပတ္သက္ရင္ ဘူမိေဗဒ တကၠသိုလ္ ရွိေပမယ့္ က်မတို႔ ဆီမွာ လက္၀တ္ရတနာ အေခ်ာထည္ပိုင္းဆိုင္ရာ မရွိေသးပါဘူး။ ေနာက္လာမယ့္ လူငယ္ေတြ အတြက္ အခ်ိန္မပုပ္ေစဘဲနဲ႔ ဒီလိုမ်ိဳး အသိညဏ္ ဗဟုသုတေတြ ရဖို႔လို႔ ေနာက္တခုက အစိုးရ အေနနဲ႔ ဒီ အေခ်ာထည္ပိုင္း ဆိုင္ရာကို တကယ္ ဖြံ႔ၿဖိဳးတိုးတက္ေစခ်င္တယ္ ဆိုလို႔ ရွိရင္ လက္၀တ္ရတနာပိုင္းဆိုင္ရာ တကၠသိုလ္ေတြ ဖြင့္ေပးသင့္တယ္လို႔ က်မကေတာ့ ယူဆပါတယ္ရွင့္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကျောက်စိမ်း ကျောက်မျက် အချောထည်လိုင်းနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မလား

သောတရှင်များရှင် အပတ်စဉ် စီးပွားရေး အစီအစဉ်ကို တင်ပြပါမယ်။
အရည်အသွေး အကောင်းဆုံး ကျောက်စိမ်း၊ ကျောက်မျက်တွေ အတွက် အရိုင်းဈေးကွက်သာ ဖြစ်ထွန်းတဲ့ မြန်မာ့ ကျောက်မျက် ကျောက်စိမ်း ဈေးကွက်ကို တစိတ်တပိုင်း အချောထည်၊ ဒါမှမဟုတ်လည်း အချောထည် လိုင်းဘက်ကို ပြောင်းလဲနိုင်မယ့် အလားအလာ အကြောင်း ဒီသီတင်းပတ်မှာ ဆွေးနွေးထားပါတယ်။

ကျောက်စိမ်း ကျောက်မျက်ကနေ ဝင်ငွေလည်း ပိုပြီး ရလာနိုင်ပြီး လူထု အတွက်လည်း အလုပ်အကိုင်တွေ ဖန်တီးနိုင်ရေးမှာက ကျောက်စိမ်း ကျောက်မျက် ပညာနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးမယ့် ပညာရေး စနစ် လိုအပ်သလို မူဝါဒ ချမှတ်သူတွေ အနေနဲ့ကလည်း ဒီဈေးကွက်ရဲ့ အကြောင်း သိဖို့လိုအပ်တယ်လို့ မန္တလေး ကျောက်မျက်လုပ်ငန်းရှင်များအသင်းရဲ့ တွဲဘက်အတွင်းရေးမှူး(၁) ကျောက်မျက်ဒီဇိုင်းပညာရှင် ဒေါ်စုမွန်တိုးက သုံးသပ်ပါတယ်။ ကျမ သိင်္ဂ ီထိုက်ပါ။

သိင်္ဂ ီထိုက် ။ ။ ဒေါ်စုမွန်တိုးက အင်္ဂလန်မှာ သွားပြီးတော့ ကမ္ဘာ့ အသိအမှတ်ပြု GIA အသိအမှတ်ပြု လက်မှတ် ရယူထားတယ်။ နောက်တခါ မန္တလေးမြို့မှာလည်း လက်ဝတ်ရတနာ ဒီဇိုင်းနဲ့ ပတ်သက်ပြီးတော့ ပြန်ပြီးတော့ သင်ပေးနေပါတယ်။ ဒီ မန္တလေးမြို့ဟာ ဆိုရင် ကျောက်စိမ်းမှာ အတော်လေး အခရာ ကျတဲ့ ဒေသ ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးက အရိုင်းဈေးကွက်မျိုး ဖြစ်နေပါတယ်။ အချောထည် ထုတ်နိုင်ဖို့ပေါ့နော်။ ဒေါ်စုမွန်တိုး ဘယ်လို မြင်ပါလဲရှင့်။

ဒေါ်စုမွန်တိုး ။ ။ မန္တလေးဟာ ဆိုလို့ ရှိရင် ကျောက်စိမ်းမှာ အကြီးဆုံး ဈေးကွက် တခု ရှိပါတယ်။ မန္တလေးက ကျောက်စိမ်း တခုတည်းတင် မဟုတ်ပါဘူးရှင်။ တခြား ကျောက်မျက်ရတနာတွေရဲ့ ဆုံစည်းရာ လို့လည်း ပြောလို့ ရပါတယ်ရှင့်။ အဲဒီမှာ တရုတ်လူမျိုး အများဆုံး လာဝယ်တဲ့ အတွက် အဓိက ကတော့ တရုတ် ဈေးကွက်ကို အဓိက ထားကြပါတယ်။ နောက်ပိုင်းရောက်တော့ ဘာဖြစ်လာလဲ ဆိုတော့ တခြားနိုင်ငံတွေကို ကျမတို့က တင်သွင်းခွင့်တို့ ဘာတို့ ဆိုတာထက် ဒီမှာလာပြီး ဝယ်တဲ့ တရုတ် လူမျိုးတွေကို ရောင်းဖို့လို့ဘဲ လူတွေက အားသန်ကြတယ် ပေါ့နော်။ ဆိုတော့ ကုန်သည်တွေ အနေနဲ့ကလည်း ဈေးကို တချို့ ကုန်သည်တွေက ရသင့်သလောက် မရဘဲနဲ့ ဈေးကွက် အခြေအနေ အရ ရောင်းချလိုက်ရတာတွေလည်း ရှိပါတယ်ရှင့်။

သိင်္ဂ ီထိုက် ။ ။ ဒီဈေးကွက်ကြီးက ကုန်ချော ထုတ်နိုင်တဲ့ ဈေးကွက် ဖြစ်ရင် မြန်မာနိုင်ငံတွင်းမှာ လူတွေလည်း ပိုပြီး အလုပ်အကိုင်ရမယ်၊ ဝင်ငွေလည်း ပိုရမယ်၊ အစိုးရလည်း အခွန် ပိုရမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး ရှိကြတာပေါ့နော်။ ဆိုတော့ ဒီလမ်းကြောင်းကို သွားဖို့ရော နီးစပ်ပြီလားရှင့်။ ဒီ လမ်းကြောင်းကို ဦးတည်နေပြီလား အခု လောလောဆယ်မှာ။

ဒေါ်စုမွန်တိုး ။ ။ ဟုတ်ကဲ့ အခု လောလောဆယ်ကတော့ ပေါ့နော်။ ကျမတို့ ၂၀၁၉ ခုနှစ် နှစ်လယ်လောက်မှာ သင်တန်း ဖွင့်တဲ့ အချိန်ထိတော့ ဒီ ၂၀၂၀ လောက်ထိတော့ စိတ်ဝင်စားတဲ့ လူငယ်တွေလည်း များပြားပါတယ်။ နောက် တခုက ဘာရှိလဲ ဆိုတော့ လက်ဝတ်ရတနာ ဆိုင်တွေ ကျောက်မျက်ရတနာ ဆိုင်ကြီးတွေကပါ စိတ်ဝင်စားကြပြီးတော့ ဆက်သွယ်လာတဲ့လူတွေလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျမကတော့ တယောက်တည်း လုပ်တာထက် စာရင် ဒီလိုလေး လူများလာတော့ တဖြည်းဖြည်းနဲ့တော့ ပြောင်းလဲလာမယ်လို့ မျှော်လင့်ပါတယ်ရှင့်။

သိင်္ဂ ီထိုက် ။ ။ မြန်မာနိုင်ငံမှာက လူတွေက လက်ဝတ်လက်စားဆိုတာက အများစု ရွှေဝယ်ကြပါတယ်။ ရှိရင်တော့ သူတို့က ဝယ်ပြီးတော့ စုထားတဲ့ သဘောပေါ့နော် နောက်ပြီးတော့ ပြန်ရောင်းမယ် လိုတဲ့ အခါမှာ ပြန်ရောင်းမယ် ဆိုတဲ့ သဘော ဖြစ်ပါတယ်။ ဆိုတော့ အခု ဒေါ်စုမွန်တိုးတို့ သွားတဲ့ အထည်လိုင်းကတော့ ပိုပြီးတော့ ဇိမ်ခံ ပစ္စည်း သဘောမျိုးဆန်လာတယ်။ အဲဒီတော့ မြန်မာနိုင်ငံ ဈေးကွက်ကိုရော အားထားလို့ ရပါ့မလား။ ဒီဈေးကွက်မျိုးက နိုင်ငံတကာကို ပိုပြီးတော့ အားထားရမလား။ ဈေးကွက် အနေအထားရော ဘယ်လို တွေ့ရပါသလဲ။

ဒေါ်စုမွန်တိုး ။ ။ အရင်တုန်းကတော့ မြန်မာပြည်မှာက ဥပမာ ပြောရမယ်ဆိုရင် သူဇာ လက်စွပ် ခေတ်စားတယ် ဆိုရင် အားလုံးက သူဇာလက်စွပ် ဆင်တူဘဲ ဝတ်ချင်တယ်ပေါ့နော်။ ဒီနေ့ခေတ်မှာတော့ ဒီပုံစံ ဒီဇိုင်းသည် ကိုယ်တယောက်တည်း အတွက် ထုတ်လုပ်ထားတာ ဆိုတာမျိုးကို ပိုပြီးတော့မှ လူတွေက စိတ်ဝင်စား လာကြပါတယ်ရှင့်။ လူငယ်တွေ များလာတာလဲ ပါတယ်။ ငွေကြေးတတ်နိုင်တဲ့သူတွေ ရှိလာတာလည်း ပါပါတယ်။ နောက်တခုက နိုင်ငံတကာ ရုပ်ရှင်တွေ နိုင်ငံခြား ဇာတ်လမ်းတွဲတွေမှာလည်း အများကြီး ကြည့်လို့ရတာ ဖြစ်တဲ့ အတွက်ကြောင့် မို့လို့ ပြောင်းလဲလာမယ့် လူနေမှု အရတော့ ဈေးကွက်လည်း တဖြည်းဖြည်းနဲ့ ပြောင်းလဲ လာတယ်လို့ ပြောလို့ ရပါတယ်ရှင့်။

သိင်္ဂ ီထိုက် ။ ။ မြန်မာနိုင်ငံထဲက လုပ်ငန်းရှင် တယောက် အနေနဲ့ နိုင်ငံခြားကို ထွက်ပြီးတော့ ကျောက်မျက် အချောထည် ရောင်းတဲ့ အခါမှာ ဒီဇိုင်းပိုင်းက အတော်လေး စကားပြောမယ် ထင်ပါတယ်။ အဲဒီတော့ ဒေါ်စုမွန်တိုးတို့ အနေနဲ့ ပြည်ပကြိုက် ဒီဇိုင်း အထိရော ဈေးကွက်ကို တိုးနိုင်ပါသလားရှင့်။

ဒေါ်စုမွန်တိုး ။ ။ အခုအချိန်ထိတော့ ကျမတို့ ကြိုးစားနေရဆဲပါဘဲရှင့်။ ကျမတို့က ဈေးကွက်ကို ဘယ်ဈေးကွက်ကို ရွေးချယ်မလဲ ဆိုတာ စဉ်းစားရတယ်ပေါ့နော်။ နောက်တခုက ဘာလဲ ဆိုတော့ ကျမတို့က ဂျပန်ကို သွားရောင်းလို့ ရှိရင် ဂျပန် အတွက် ဒီဇိုင်းတမျိုး ထုတ်ရပါတယ်။ မကာအိုကို သွားရောင်းရင် မကာအို အတွက် ဒီဇိုင်း တမျိုး ထုတ်ရပါတယ်။ အမ ခုနက ပြောသလိုဘဲ အိန္ဒိယကို သွားလို့ ရှိရင် ဂျပန်နဲ့ မကာအိုမှာ လုပ်ထားတဲ့ ဒီဇိုင်းက အိန္ဒိယမှာ သွားပြီး ရောင်းချလို့ မရပါဘူးရှင့်။ ဒါကြောင့်မို့ ကျမတို့က ထိုင်းအတွက်ဆိုရင် ထိုင်းအတွက် ဒီဇိုင်း တမျိုး စဉ်းစားရပါတယ်။

ကြာလာတော့ ကုန်သည်တွေ အနေနဲ့ ဘာဖြစ်လဲ ဆိုတော့ ဒီဇိုင်းထက် စာလို့ ရှိရင် စွန်ကုပ်လေးဘက် ပါပြီးတော့မှ ကျောက်ကိုဘဲ အဓိက ရောင်းတဲ့ ပုံစံမျိုးဘက်ကို ရောက်လာပါတယ်ရှင့်။ ဒါကြောင့်မို့လို့ ကျမက သူတို့ အနေနဲ့ စဉ်းစားမှုပိုင်းဆိုင်ရာ Creation ပိုင်း၊ နေ့စဉ် နေ့တိုင်း ဒီအလုပ်ထဲမှာဘဲ နေနေတာထက် စာရင် အသစ်တမျိုးများ ပြောင်းပြီးတော့ စဉ်းစား နိုင်မယ်ဆိုရင် ဈေးကွက် တမျိုး ထပ်ပြီး ရမလား ၊ ပတ်ဝန်းကျင် တမျိုးနဲ့ တွေးခေါ်မှု တမျိုးများ ရမလားဆိုတဲ့ စိတ်ကူးနဲ့ သင်တန်းလေးကို လုပ်ဖြစ်တာပါ။

သိင်္ဂ ီထိုက် ။ ။ ကျောက်မျက် ရတနာ အချောပိုင်းကို တွန်းပို့ဖို့ ဆိုတာမှာ အစိုးရရဲ့ မူဝါဒပိုင်းနဲ့လည်း ဆိုင်မယ် ထင်ပါတယ်။ ဆိုတော့ အစိုးရဘက်က ကျောက်မျက်ရတနာ အရိုင်းတွေ ထွက်နေတာထက် စာလို့ ရှိရင် တစိတ်တပိုင်း အချောထည်လောက် ဖြစ်ဖြစ်ဘဲ ထုတ်ရတော့မယ်ဆိုတဲ့ မူဝါဒ မျိုးများ ချမှတ်နိုင်ရင် မကောင်းဘူးလားရှင့်။ ဒေါ်စုမွန်တိုးတို့ ဘယ်လို မြင်ပါသလဲ ဒီအပေါ်မှာ။

ဒေါ်စုမွန်တိုး ။ ။ ကျမ လေ့လာကြည့်ရသလောက်က ကျောက်မျက်ရတနာ အချောထည် ပိုင်းကို အစိုးရ အနေနဲ့ အများကြီးဘဲ အားပေးပြီးတော့ လုပ်စေချင်တာကို တွေ့ရှိရပါတယ်ရှင့်။ ဒါပေမယ့် လုပ်ဆောင်မှုပိုင်းဆိုင်ရာမှာ ကျတော့ သူတို့ ကျောက်မျက်ရတနာ လုပ်နေတဲ့ လူတွေနဲ့ တကယ်နီးစပ်မှု ရှိနေတာ မှန်ပေမယ့် သူတို့ကိုယ်တိုင် ဒီထဲမှာ ဝင်လုပ်နေတာ မဟုတ်တော့ စဉ်းစားတွေးခေါ်မှုပိုင်းတွေက မတူညီကြပါဘူးရှင့်။ ကုန်သည်တွေနဲ့ အစိုးရ ဌာနနဲ့က။

ကျမက ကုန်သည် တယောက် အနေနဲ့ နောက်တခုက လူငယ် တယောက် အနေနဲ့ နောက် ပညာရေးဘက်မှာရော၊ ကျမ ယူဆတာက နိုင်ငံတနိုင်ငံ တိုးတက်ဖို့ ဈေးကွက် တခု တိုးတက်ဖို့ ဆိုလို့ ရှိရင် ဒီဈေးကွက်မှာ ရှိတဲ့ သတင်းအချက်အလက် ၊ ဒီဈေးကွက်မှာ သိရှိရမယ့် အချက်အလက်တွေကို များများဖြန့်နိုင်မှ ၊ နောက်တခုက အသိပညာ ဗဟုသုတ ကြွယ်ဝမှ ၊ ကိုယ့်ဆီမှာ ရှိတဲ့ ပစ္စည်းကို ထိန်းသိမ်း စောင့်ရှောက်နိုင်စွမ်း ရှိမယ်လို့ ယူဆပါတယ်ရှင့်။

ဒါကြောင့်မို့ မြန်မာပြည်မှာက တက္ကသိုလ်တွေ ရှိပါတယ်။ ဆေးပညာ တက္ကသိုလ် ရှိတယ်၊ နိုင်ငံခြား ဘာသာ တက္ကသိုလ် ရှိတယ်။ ကွန်ပြူတာ တက္ကသိုလ် ရှိတယ်။ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ တက္ကသိုလ် ရှိတယ်။ စသဖြင့် တက္ကသိုလ်တွေ ရှိပါတယ်။ ဒါပေမယ့် ကျောက်မျက် ရတနာနဲ့ ပတ်သက်ရင် ဘူမိဗေဒ တက္ကသိုလ် ရှိပေမယ့် ကျမတို့ ဆီမှာ လက်ဝတ်ရတနာ အချောထည်ပိုင်းဆိုင်ရာ မရှိသေးပါဘူး။ နောက်လာမယ့် လူငယ်တွေ အတွက် အချိန်မပုပ်စေဘဲနဲ့ ဒီလိုမျိုး အသိညဏ် ဗဟုသုတတွေ ရဖို့လို့ နောက်တခုက အစိုးရ အနေနဲ့ ဒီ အချောထည်ပိုင်း ဆိုင်ရာကို တကယ် ဖွံ့ဖြိုးတိုးတက်စေချင်တယ် ဆိုလို့ ရှိရင် လက်ဝတ်ရတနာပိုင်းဆိုင်ရာ တက္ကသိုလ်တွေ ဖွင့်ပေးသင့်တယ်လို့ ကျမကတော့ ယူဆပါတယ်ရှင့်။

XS
SM
MD
LG