သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလးသေဘၤာက်င္း ဆႏၵျပမႈ ပစ္ခတ္ၿဖိဳခဲြ


မႏၱေလးၿမိဳ႕ ရတနာပံု အုတ္က်င္းသေဘၤာဆိ္ပ္မွာ သေဘၤာက်င္းဝန္ထမ္းေတြကုိ ဝန္းရံေနတဲ့ မႏၱေလးလူထု။ (ေဖေဖာ္ဝါရီ ၂၀၊ ၂၀၂၁)

(Zawgyi / Unicode)

မႏၱေလးၿမိဳ႕ ရတနာပံု အုတ္က်င္းသေဘၤာဆိ္ပ္မွာ သေဘၤာက်င္းဝန္ထမ္းေတြက အလုပ္မဆင္းဘဲ CDM လုပ္ေနတာေၾကာင့္ ဖိအားေပးၿပီး သေဘၤာထြက္ခိုင္းဖို႔ ႀကိဳးစားရင္း အာဏာပုိင္ေတြနဲ႔ မႏၱေလးၿမဳိ႕ခံေတြၾကား ထိပ္တုိက္ေတြ႔မႈျဖစ္ၿပီး ပစ္ခတ္ႏွိမ္နင္းမႈေတြ ျဖစ္ခဲ့ပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

စစ္အာဏာသိမ္းတာကို ဆန္႔က်င္တဲ့အေနနဲ႔ မႏၱေလးၿမိဳ႕က ရတနာပံု အုတ္က်င္းသေဘၤာဆိပ္က ဝန္ထမ္းေတြဟာ သေဘၤာေတြမထြက္ဘဲ ဆန္က်င့္ကန္႔ကြက္ေနၾကတာပါ။ လူထုၾကားမွာ ပိတ္မိေနတဲ့ ရဲတပ္ဖဲြ႔ဝင္ေတြကိုေတာ့ လူထုက ျပန္ၿပီးလႊတ္ေပးခဲ့ေပမယ့္ သေဘၤာက်င္းဝန္ထမ္းေတြကို ဝန္းရံေနတဲ့ မႏၱေလးလူထုကို လူစုခြဲတာေတြ ႏွိမ္နင္းတာေတြ ပစ္ခတ္မႈေတြ လုပ္ေနတယ္လို႔ ေဒသခံတဦးက ေျပာျပပါတယ္။

“တေယာက္က ပစ္ခံရတာလားမသိဘူး ေခါင္းထိတယ္၊ တဦးက ေပါင္ကိုထိတယ္၊ လူထုကလည္း ေနာက္ဆုတ္မေပးဘူး။”

ေသနတ္ေတြပစ္တာေၾကာင့္ ဆႏၵျပလူထုေတြ ေခါင္းနဲ႔ ေပါင္ေနရာေတြကုိ ထိမွန္ခဲ့တယ္လို႔ ဆုိပါတယ္။ လက္ရွိမွာ လူထုက ဆက္လက္ဆႏၵျပေနၿပီး စစ္ကား ၁၀ စီးခန္႔၊ ရဲကား ၁၀ စီးခန္႔၊ အခ်ဳပ္ကား၊ လူစုခဲြတဲ့ ေရကားမ်ား ေရာက္ရွိၿပီး ၿဖိဳခြင္းဖို႔ လုပ္ေနတာေၾကာင့္ လူထုက လမ္းပိတ္ဆို႔ထားၿပီး ညေနပိုင္းအထိ အေျခအေန တင္းမာေနပါတယ္။

စစ္တပ္ကေျပာင္းလာတဲ့ လက္ေထာက္မန္ေနဂ်ာကုိလည္း ဝန္ထမ္းေတြကို ဖိအားေပးတာ မလုပ္ဖို႔အတြက္ သေဘၤာက်င္းက အႀကီးတန္းဝန္ထမ္း ေဒၚသီတာေအးက ဒီကေန႔မနက္ပုိင္း ထိပ္တိုက္ေတြ႔ေနစဥ္မွာ အခုလိုေျပာသြားပါတယ္။

“လက္ေထာက္မန္ေနဂ်ာ ဦးစိုးလြင္ရွင့္၊ က်မ အႀကီးတန္းဝန္ထမ္း ေဒၚသီတာေအးပါ၊ ေတာင္းပန္ပါတယ္၊ ျပည္သူေတြရဲ႕ကုိယ္စား ျပည္သူ႔ဆႏၵကုိ လိုက္ေလ်ာေပးပါ။ ျပည္သူေတြ မၾကည္ျဖဴတာကို မလုပ္ပါနဲ႔။ ျပည္သူေတြက ေပးတဲ့ ထမင္းကို စားေနတာပါရွင္။”

မနက္ပိုင္းမွာ သေဘၤာက်င္းဝန္ထမ္းေတြ သေဘၤာေပၚမွာ ပိတ္မိေနတဲ့အတြက္ မႏၱေလးလူထုက သြားေရာက္ေခၚခဲ့ရေၾကာင္းကုိ ေဒသခံလူထု ဦးေအးမိုးက ေျပာျပပါတယ္။

“က်ေနာ္တို႔သေဘၤာရဲ႕ စက္ခန္းတံခါးေတြကိုေတာ့ သူတို႔ ရန္ကုန္က ေခၚလာတဲ့ ဝန္ထမ္းတဦးက ႐ုိက္ခ်ဳိးၿပီး ေမာင္းမယ္လို႔ လုပ္ေနတယ္ ျဖစ္စဥ္က။ ဒီကဝန္ထမ္းေတြက CDM လုပ္ထားတဲ့သူေတြက မေမာင္းဘူး။ ေမာင္းမယ္ဆိုရင္ ကုိယ့္ဘာသာေမာင္း။ သေဘၤာက်င္းက လူေတြက မလိုက္ဘူးေျပာၾကတယ္။ သေဘၤာေပၚကေန မလိုက္ဘူးေျပာေတာ့ ေရလမ္းကေန speed boat ေလးေတြနဲ႔ တက္ၿပီး ရဲတပ္သားေတြ သေဘၤာေပၚကုိ တက္လာတယ္။ ရဲမွဴးအဆင့္ ရဲမွဴးႀကီးအဆင့္ ပါတယ္။ မနက္ကတည္းက ဝင္ၿပီး စီးနင္းတဲ့ပံုံစံေပါ့။ ဝန္ထမ္းေတြ မလုပ္ခ်င္ဘူး။ သူတို႔ ပစၥည္းေတြေပးၿပီး ဝန္ထမ္းေတြကုိ ဆဲြထုတ္လာတာ။ သေဘၤာေပၚက ဝန္ထမ္းေတြကို ဆဲြထုတ္လာခဲ့ပါတယ္။”

သေဘၤာက်င္းဝန္ထမ္းေတြကို ဖိအားေပးၿပီး သေဘၤာေတြထြက္ဖို႔ လုပ္ထားေပမယ့္ ဝန္ထမ္းေတြက CDM လုပ္ၿပီး ကန္႔ကြက္ဆႏၵျပေနၾကတာပါ။ ဒီအတြက္ ရန္ကုန္ကေန စက္ေမာင္းသမားေတြကို ေခၚလာတယ္လို႔လည္း ေျပာျပပါတယ္။

“မေန႔ကတည္းက အင္ဂ်င္နီယာခ်ဳပ္တေယာက္ရယ္ စက္ေမာင္းတဲ့ ၃ ေယာက္ရယ္္ သူတို႔ေခၚလာတယ္။ သေဘၤာေမာင္းမယ္ဆိုၿပီး၊ ဘာအေရးႀကီးလဲေတာ့ မသိဘူး။ က်ေနာတို႔ထင္တာ ရိကၡာေတြ ဘာေတြ ပို႔မလားမသိဘူး။ အဲဒီလိုေတာ့ ယူဆရတယ္ေပါ့။”

မႏၱေလးၿမိဳ႕က ရတနာပံုသေဘၤာက်င္း ဝန္ထမ္းေတြနဲ႔ ဝန္းရံသူေတြကုိ ပစ္ခတ္တာေၾကာင့္ လူထုက မေက်မနပ္ပိုျဖစ္ၿပီး ညေနပိုင္းအထိ အေျခအေနေတြ တင္းမာေနဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

မန္တလေးသင်္ဘောကျင်း ဆန္ဒပြမှု ပစ်ခတ်ဖြိုခွဲ

မန္တလေးမြို့ ရတနာပုံ အုတ်ကျင်းသင်္ဘောဆိပ်မှာ သင်္ဘောကျင်းဝန်ထမ်းတွေက အလုပ်မဆင်းဘဲ CDM လုပ်နေတာကြောင့် ဖိအားပေးပြီး သင်္ဘောထွက်ခိုင်းဖို့ ကြိုးစားရင်း အာဏာပိုင်တွေနဲ့ မန္တလေးမြို့ခံတွေကြား ထိပ်တိုက်တွေ့မှုဖြစ်ပြီး ပစ်ခတ်နှိမ်နင်းမှုတွေ ဖြစ်ခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ မန္တလေးမြို့က ရတနာပုံ အုတ်ကျင်းသင်္ဘောဆိပ်က ဝန်ထမ်းတွေဟာ သင်္ဘောတွေမထွက်ဘဲ ဆန်ကျင့်ကန့်ကွက်နေကြတာပါ။ လူထုကြားမှာ ပိတ်မိနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုတော့ လူထုက ပြန်ပြီးလွှတ်ပေးခဲ့ပေမယ့် သင်္ဘောကျင်းဝန်ထမ်းတွေကို ဝန်းရံနေတဲ့ မန္တလေးလူထုကို လူစုခွဲတာတွေ နှိမ်နင်းတာတွေ ပစ်ခတ်မှုတွေ လုပ်နေတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။

“တယောက်က ပစ်ခံရတာလားမသိဘူး ခေါင်းထိတယ်၊ တဦးက ပေါင်ကိုထိတယ်၊ လူထုကလည်း နောက်ဆုတ်မပေးဘူး။”

သေနတ်တွေပစ်တာကြောင့် ဆန္ဒပြလူထုတွေ ခေါင်းနဲ့ ပေါင်နေရာတွေကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ လူထုက ဆက်လက်ဆန္ဒပြနေပြီး စစ်ကား ၁၀ စီးခန့်၊ ရဲကား ၁၀ စီးခန့်၊ အချုပ်ကား၊ လူစုခွဲတဲ့ ရေကားများ ရောက်ရှိပြီး ဖြိုခွင်းဖို့ လုပ်နေတာကြောင့် လူထုက လမ်းပိတ်ဆို့ထားပြီး ညနေပိုင်းအထိ အခြေအနေ တင်းမာနေပါတယ်။

စစ်တပ်ကပြောင်းလာတဲ့ လက်ထောက်မန်နေဂျာကိုလည်း ဝန်ထမ်းတွေကို ဖိအားပေးတာ မလုပ်ဖို့အတွက် သင်္ဘောကျင်းက အကြီးတန်းဝန်ထမ်း ဒေါ်သီတာအေးက ဒီကနေ့မနက်ပိုင်း ထိပ်တိုက်တွေ့နေစဉ်မှာ အခုလိုပြောသွားပါတယ်။

“လက်ထောက်မန်နေဂျာ ဦးစိုးလွင်ရှင့်၊ ကျမ အကြီးတန်းဝန်ထမ်း ဒေါ်သီတာအေးပါ၊ တောင်းပန်ပါတယ်၊ ပြည်သူတွေရဲ့ကိုယ်စား ပြည်သူ့ဆန္ဒကို လိုက်လျောပေးပါ။ ပြည်သူတွေ မကြည်ဖြူတာကို မလုပ်ပါနဲ့။ ပြည်သူတွေက ပေးတဲ့ ထမင်းကို စားနေတာပါရှင်။”

မနက်ပိုင်းမှာ သင်္ဘောကျင်းဝန်ထမ်းတွေ သင်္ဘောပေါ်မှာ ပိတ်မိနေတဲ့အတွက် မန္တလေးလူထုက သွားရောက်ခေါ်ခဲ့ရကြောင်းကို ဒေသခံလူထု ဦးအေးမိုးက ပြောပြပါတယ်။

“ကျနော်တို့သင်္ဘောရဲ့ စက်ခန်းတံခါးတွေကိုတော့ သူတို့ ရန်ကုန်က ခေါ်လာတဲ့ ဝန်ထမ်းတဦးက ရိုက်ချိုးပြီး မောင်းမယ်လို့ လုပ်နေတယ် ဖြစ်စဉ်က။ ဒီကဝန်ထမ်းတွေက CDM လုပ်ထားတဲ့သူတွေက မမောင်းဘူး။ မောင်းမယ်ဆိုရင် ကိုယ့်ဘာသာမောင်း။ သင်္ဘောကျင်းက လူတွေက မလိုက်ဘူးပြောကြတယ်။ သင်္ဘောပေါ်ကနေ မလိုက်ဘူးပြောတော့ ရေလမ်းကနေ speed boat လေးတွေနဲ့ တက်ပြီး ရဲတပ်သားတွေ သင်္ဘောပေါ်ကို တက်လာတယ်။ ရဲမှူးအဆင့် ရဲမှူးကြီးအဆင့် ပါတယ်။ မနက်ကတည်းက ဝင်ပြီး စီးနင်းတဲ့ပုံံစံပေါ့။ ဝန်ထမ်းတွေ မလုပ်ချင်ဘူး။ သူတို့ ပစ္စည်းတွေပေးပြီး ဝန်ထမ်းတွေကို ဆွဲထုတ်လာတာ။ သင်္ဘောပေါ်က ဝန်ထမ်းတွေကို ဆွဲထုတ်လာခဲ့ပါတယ်။”

သင်္ဘောကျင်းဝန်ထမ်းတွေကို ဖိအားပေးပြီး သင်္ဘောတွေထွက်ဖို့ လုပ်ထားပေမယ့် ဝန်ထမ်းတွေက CDM လုပ်ပြီး ကန့်ကွက်ဆန္ဒပြနေကြတာပါ။ ဒီအတွက် ရန်ကုန်ကနေ စက်မောင်းသမားတွေကို ခေါ်လာတယ်လို့လည်း ပြောပြပါတယ်။

“မနေ့ကတည်းက အင်ဂျင်နီယာချုပ်တယောက်ရယ် စက်မောင်းတဲ့ ၃ ယောက်ရယ် သူတို့ခေါ်လာတယ်။ သင်္ဘောမောင်းမယ်ဆိုပြီး၊ ဘာအရေးကြီးလဲတော့ မသိဘူး။ ကျနောတို့ထင်တာ ရိက္ခာတွေ ဘာတွေ ပို့မလားမသိဘူး။ အဲဒီလိုတော့ ယူဆရတယ်ပေါ့။”

မန္တလေးမြို့က ရတနာပုံသင်္ဘောကျင်း ဝန်ထမ်းတွေနဲ့ ဝန်းရံသူတွေကို ပစ်ခတ်တာကြောင့် လူထုက မကျေမနပ်ပိုဖြစ်ပြီး ညနေပိုင်းအထိ အခြေအနေတွေ တင်းမာနေဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG