သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမစ္ႀကီးနားဆႏၵျပပြဲ အင္အားသံုးၿဖိဳခြဲ ဖမ္းဆီးခံရ


မစ္ႀကီးနားဆႏၵျပပြဲ အင္အားသံုးၿဖိဳခြဲ ဖမ္းဆီးခံရ

{{Zawgyi/Unicode}}

စစ္တပ္က အာဏာသိမ္းတာကုိ ဆန္႔က်င္ဆႏၵျပတဲ့ လႈပ္ရွားမႈေတြ ေနရာအႏွံ႔ေပၚ ေပါက္ေန ခ်ိန္မွာပဲ အာဏာပုိင္ေတြက အင္အားသုံး ႏွိမ္နင္းတာေတြ ရွိေနပါ တယ္။ ကခ်င္ျပည္နယ္ၿမိဳ႕ ေတာ္ ျမစ္ႀကီးနားမွာ ဆုိရင္လည္း ဒီေန႔အေစာပိုင္းက ဆႏၵျပသူေတြ ကိုလုံၿခံဳေရးတပ္ဖဲြ႔ ေတြက ဖမ္းဆီးႏွိမ္နင္းခဲ့တာပါ။ အျပည့္အစုံကုိ ေတာ့ ဗြီအို ေအျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပပါမယ္။

ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကုိ အင္အားသုံးႏွိမ္နင္းတာေတြ မလုပ္ဖုိ႔ ႏုိင္ငံတကာက သတိေပးေနတဲ့ ၾကားကပဲ ဆႏၵျပပဲြေတြကုိ ႏွိမ္နင္းတာ၊ ဖမ္းဆီးတာေတြ ရွိေနတာပါ။ ျမစ္ႀကီးနားၿမိဳ႕မွာ ဆုိရင္လည္း ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပေနတဲ့သူေတြကုိ ရဲတပ္ဖဲြ႔က အင္အားသုံး ၿဖိဳခြင္းတာ ခံခဲ့ရတယ္လုိ႔ ကုိယ္တုိင္ႀကံဳခဲ့ရသူတဦးက ဗြီအုိေအကုိ ေျပာျပပါတယ္။

“ ဟုတ္ၿပီ သူတို႔လာတယ္ဆိုေတာ့ က်မတို႔ကလည္း ၿငိမ္းခ်မ္းစြာနဲ႔ ထိုင္သပိတ္လုပ္ၿပီးေတာ့ က်မတို႔ ထိုင္တဲ့အခါမွာ က်မတို႔ကို ေလးဂြေတြနဲ႔ ပစ္တယ္။ ဖိအားနဲ႔ တအားလိုက္ေတာ့ က်မတို႔ အကုန္လံုးထြက္ေျပးၾကတယ္။ ေျပးတဲ့ အခါမွာ သူတို႔က ေလးဂြေတြနဲ႔လည္း ပစ္တယ္။”

ျမစ္ႀကီးနားၿမိဳ႕ ၿမိဳ႕မေစ်းအနီးမွာလည္း ေက်ာင္းဆရာမ ၂ ဦးအပါဝင္ ဆႏၵျပသူတခ်ဳိ႕ကုိ အာဏာပုိင္ေတြက ဖမ္းဆီးသြားခဲ့ေၾကာင္း ကခ်င္ျပည္နယ္က ၿငိမ္းခ်မ္းေရး အက်ဳိးေဆာင္ အဖြဲ႔ (PCG) တာဝန္ရွိသူ ဦးလမိုင္ဂြန္ဂ်ာက ေျပာပါတယ္။

“ ဒီမနက္ ဆႏၵျပတဲ့ထဲမွာ ကေလးလူငယ္ေတြ ဆရာ ဆရာမေတြ သူတို႔ အေယာက္ ၁၃ေယာက္ ေလာက္ ခဏထိန္းသိမ္းထားတယ္လို႔ သိရတယ္ဗ်ာ။ အခုကေတာ့ ပုဒ္မ ၁၄၄ ပုဒ္မ အတိုင္းေပါ့ေလ ည၈ မနက္ ၄နာရီ ေနာက္ၿပီးေတာ့ ငါးေယာက္ထက္ လူပိုမစုရ ဆိုတဲ့ ထုတ္ျပန္ခ်က္အေပၚမွာ ဘာပဲ ျဖစ္ျဖစ္ သူတို႔က လူစုလူေဝး နဲ႔ ဆႏၵထုတ္ေဖာ္တဲ့ အေပၚမွာၿဖိဳ ခြင္းတဲ့ သေဘာပါပဲ နားမေထာင္တဲ့ သူေတြကို ဖမ္းတယ္ဆိုတဲ့ သေဘာေပါ့၊ က်ေနာ္တို႔ သိရသေလာက္ကေတာ့ စၿပီးေတာ့ ထြက္ဖို႔ လုပ္ေနတဲ့ အခ်ိန္မွာ စၿပီးေတာ့ဖမ္းတယ္ေပါ့။ လူစုခ်ိန္ဆိုေတာ့ လမ္းေပၚမွာ သိပ္ၿပီးမွလည္း မေန႔တစ္ေန႔ကလို လူသိပ္မရွိဘူး။ စထြက္မယ့္ အခ်ိန္မွာကတည္းက ျဖိဳခြင္းလိုက္ေတာ့ ဆႏၵထုတ္ေဖာ္မယ့္သူေတြက နည္း သြားတယ္ ေပါ့ေလ။”

ျမစ္ႀကီးနားၿမိဳ႕ အခ်က္အျခာေနရာေတြက ဆႏၵျပလႈပ္ရွားမႈေတြအတြင္း ဖမ္းဆီးခံရသူေတြ ရွိေပမဲ့ အေျခအေနကုိေတာ့ တိတိက်က် မသိရဘူးလုိ႔လည္း ေဒသခံအမ်ိဳးသမီးတဦး က ေျပာပါတယ္။

“ ျမစ္ၾကီးနား ဘူတာႀကီးနဲ႔လည္း နီးတယ္။ ေစ်းနဲ႔လည္း နီးတယ္ရွင့္ အဲ အနီးအနား တစ္ီဝုိက္မွာ ျဖစ္တာရွင့္ မနက္က ဖမ္းဆီးခံရတဲ့ ထဲမွာေတာ့ ဆရာမ ႏွစ္ေယာက္ေတာ့ပါတယ္ရွင့္။ ေန႔လည္ေလာက္မွာ ျပန္အဖမ္းခံရတဲ့ ၿဖိဳခြင္းခံရတဲ့ထဲမွာေတာ့ ဖမ္းခံရတဲ့ ၁၁ေယာက္ကေတာ့ ဘယ္သူဘယ္ဝါ ေတြ လို႔ေတာ့ ညီမတို႔ တိတိက်က်မသိရဘူး။”

အာဏာသိမ္းၿပီးေနာက္ပုိင္း ျမစ္ႀကီးနားၿမိဳ႕မွာ ဆႏၵျပပဲြေတြ အင္အားသုံးႏွိမ္နင္းခံရတာ ဒါဟာဒုတိယအႀကိမ္လည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔မွာတုန္းကလည္း စက္မႈဇုံရပ္ကြက္က ဓာတ္အားေပးစက္႐ုံ၀န္းမွာ ဆႏၵျပသူေတြကုိ လုံၿခံဳေရးတပ္ဖဲြ႔ေတြ ပစ္ခတ္လူစုခဲြခဲ့တာေၾကာင့္ ထိခုိက္ဒဏ္ရာရသူေတြလည္း ရွိခဲ့ပါတယ္။

အာဏာပုိင္ေတြက အင္အားသုံးႏွိမ္နင္းေနေပမဲ့လည္း ဆႏၵျပသူေတြကေတာ့ လႈပ္ရွားမႈေတြ ဆက္လုပ္ဖုိ႔ ရည္ရြယ္ထားၾကပါတယ္။

ဆႏၵျပရာမွာ ပါဝင္သူတစ္ဦးအသံ။
“ ဒီလို ျဖိဳခြင္းရင္လည္း သပိတ္ကို က်မတို႔ ရတဲ့နည္းနဲ႔ လုပ္ေနပါတယ္။ အခုဆိုရင္ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္တာေတြ ထိုင္သပိတ္ေတြ လုပ္လို႔မရတဲ့ အေျခအေနမွာ က်မတို႔ ျမစ္ႀကီးနား မွာဆိုရင္ ဆိုင္ကယ္သပိတ္ေတြ အေနနဲ႔ ရေအာင္ သပိတ္စစ္ေၾကာင္းကို ရေအာင္ထြက္ ေနပါတယ္။ ေျပာက္က်ားပံုစံ ေပါ့ေနာ္။ ဟိုဖက္ေရာက္လိုက္ ဒီဖက္ေရာက္လိုက္နဲ႔ စုမိသေလာက္ ဆိုင္ကယ္ေတြနဲ႔ အခုအခ်ိန္ထိ လုပ္ေနတယ္။ ဒီအာဏာရွင္အစိုးရကို အလိုမရွိေၾကာင္းကို ရတဲ့နည္းနဲ႔ ထိုးေဖာက္ၿပီးေတာ့ ဆႏၵျပ ေနပါတယ္။ ဒီမတရားမႈ ဆိုတာက လံုးတြန္းလွန္ရမယ့္ အရာတစ္ခုျဖစ္ပါတယ္။”

ဆႏၵျပသူေတြရဲ႕ အခြင့္အေရးကုိ ေလးစားဖုိ႔ အင္အားသုံးႏွိမ္နင္းတာေတြ မလုပ္ဖုိ႔ ကုလသမဂၢ အပါအ၀င္ ႏုိင္ငံတကာ အသုိင္းအ၀န္းက သတိေပးေနခ်ိန္မွာပဲ ႏွိမ္နင္းမႈေတြနဲ႔ ဖမ္းဆီးမႈေတြ ဆက္လုပ္ေနတာပါ။

ရခုိင္ျပည္နယ္ အမ္းၿမိဳ႕နယ္မွာလည္း မၾကာေသးခင္ ရက္ေတြက ဆႏၵျပလႈပ္ရွားမႈေတြနဲ႔ ဆက္ႏြယ္ၿပီး ဖမ္းဆီးခံထားရသူ ၁၀ ေယာက္ထက္မနည္း ရွိေနတယ္လုိ႔ မိသားစု၀င္ေတြနဲ႔ နီးစပ္သူ ေတြက ေျပာပါတယ္။

ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း ( ျမန္မာႏုိင္ငံ) ကေတာ့ အာဏာသိမ္းၿပီးေနာက္ပုိင္း ဖမ္းဆီးအေရးယူခံရသူ ၅၂၁ ေယာက္နဲ႔ ထိန္းသိမ္း ထားသူ ၄၇၇ ေယာက္ရွိေၾကာင္း မေန႔တုန္းကပဲ သတင္းထုတ္ျပန္ထားပါတယ္ခင္ဗ်ာ။

..............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေ နေရာအနှံ့ပေါ် ပေါက်နေ ချိန်မှာပဲ အာဏာပိုင်တွေက အင်အားသုံး နှိမ်နင်းတာတွေ ရှိနေပါ တယ်။ ကချင်ပြည်နယ်မြို့ တော် မြစ်ကြီးနားမှာ ဆိုရင်လည်း ဒီနေ့အစောပိုင်းက ဆန္ဒပြသူတွေ ကိုလုံခြုံရေးတပ်ဖွဲ့ တွေက ဖမ်းဆီးနှိမ်နင်းခဲ့တာပါ။ အပြည့်အစုံကို တော့ ဗွီအို အေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က ပြောပြပါမယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အင်အားသုံးနှိမ်နင်းတာတွေ မလုပ်ဖို့ နိုင်ငံတကာက သတိပေးနေတဲ့ ကြားကပဲ ဆန္ဒပြပွဲတွေကို နှိမ်နင်းတာ၊ ဖမ်းဆီးတာတွေ ရှိနေတာပါ။ မြစ်ကြီးနားမြို့မှာ ဆိုရင်လည်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့သူတွေကို ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းတာ ခံခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတဦးက ဗွီအိုအေကို ပြောပြပါတယ်။

“ ဟုတ်ပြီ သူတို့လာတယ်ဆိုတော့ ကျမတို့ကလည်း ငြိမ်းချမ်းစွာနဲ့ ထိုင်သပိတ်လုပ်ပြီးတော့ ကျမတို့ ထိုင်တဲ့အခါမှာ ကျမတို့ကို လေးဂွတွေနဲ့ ပစ်တယ်။ ဖိအားနဲ့ တအားလိုက်တော့ ကျမတို့ အကုန်လုံးထွက်ပြေးကြတယ်။ ပြေးတဲ့ အခါမှာ သူတို့က လေးဂွတွေနဲ့လည်း ပစ်တယ်။”

မြစ်ကြီးနားမြို့ မြို့မဈေးအနီးမှာလည်း ကျောင်းဆရာမ ၂ ဦးအပါဝင် ဆန္ဒပြသူတချို့ကို အာဏာပိုင်တွေက ဖမ်းဆီးသွားခဲ့ကြောင်း ကချင်ပြည်နယ်က ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ (PCG) တာဝန်ရှိသူ ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

“ ဒီမနက် ဆန္ဒပြတဲ့ထဲမှာ ကလေးလူငယ်တွေ ဆရာ ဆရာမတွေ သူတို့ အယောက် ၁၃ယောက် လောက် ခဏထိန်းသိမ်းထားတယ်လို့ သိရတယ်ဗျာ။ အခုကတော့ ပုဒ်မ ၁၄၄ ပုဒ်မ အတိုင်းပေါ့လေ ည၈ မနက် ၄နာရီ နောက်ပြီးတော့ ငါးယောက်ထက် လူပိုမစုရ ဆိုတဲ့ ထုတ်ပြန်ချက်အပေါ်မှာ ဘာပဲ ဖြစ်ဖြစ် သူတို့က လူစုလူဝေး နဲ့ ဆန္ဒထုတ်ဖော်တဲ့ အပေါ်မှာဖြို ခွင်းတဲ့ သဘောပါပဲ နားမထောင်တဲ့ သူတွေကို ဖမ်းတယ်ဆိုတဲ့ သဘောပေါ့၊ ကျနော်တို့ သိရသလောက်ကတော့ စပြီးတော့ ထွက်ဖို့ လုပ်နေတဲ့ အချိန်မှာ စပြီးတော့ဖမ်းတယ်ပေါ့။ လူစုချိန်ဆိုတော့ လမ်းပေါ်မှာ သိပ်ပြီးမှလည်း မနေ့တစ်နေ့ကလို လူသိပ်မရှိဘူး။ စထွက်မယ့် အချိန်မှာကတည်းက ဖြိုခွင်းလိုက်တော့ ဆန္ဒထုတ်ဖော်မယ့်သူတွေက နည်း သွားတယ် ပေါ့လေ။”

မြစ်ကြီးနားမြို့ အချက်အခြာနေရာတွေက ဆန္ဒပြလှုပ်ရှားမှုတွေအတွင်း ဖမ်းဆီးခံရသူတွေ ရှိပေမဲ့ အခြေအနေကိုတော့ တိတိကျကျ မသိရဘူးလို့လည်း ဒေသခံအမျိုးသမီးတဦး က ပြောပါတယ်။

“ မြစ်ကြီးနား ဘူတာကြီးနဲ့လည်း နီးတယ်။ ဈေးနဲ့လည်း နီးတယ်ရှင့် အဲ အနီးအနား တစ်ီဝိုက်မှာ ဖြစ်တာရှင့် မနက်က ဖမ်းဆီးခံရတဲ့ ထဲမှာတော့ ဆရာမ နှစ်ယောက်တော့ပါတယ်ရှင့်။ နေ့လည်လောက်မှာ ပြန်အဖမ်းခံရတဲ့ ဖြိုခွင်းခံရတဲ့ထဲမှာတော့ ဖမ်းခံရတဲ့ ၁၁ယောက်ကတော့ ဘယ်သူဘယ်ဝါ တွေ လို့တော့ ညီမတို့ တိတိကျကျမသိရဘူး။”

အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားမြို့မှာ ဆန္ဒပြပွဲတွေ အင်အားသုံးနှိမ်နင်းခံရတာ ဒါဟာဒုတိယအကြိမ်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတုန်းကလည်း စက်မှုဇုံရပ်ကွက်က ဓာတ်အားပေးစက်ရုံဝန်းမှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေ ပစ်ခတ်လူစုခွဲခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

အာဏာပိုင်တွေက အင်အားသုံးနှိမ်နင်းနေပေမဲ့လည်း ဆန္ဒပြသူတွေကတော့ လှုပ်ရှားမှုတွေ ဆက်လုပ်ဖို့ ရည်ရွယ်ထားကြပါတယ်။

ဆန္ဒပြရာမှာ ပါဝင်သူတစ်ဦးအသံ။
“ ဒီလို ဖြိုခွင်းရင်လည်း သပိတ်ကို ကျမတို့ ရတဲ့နည်းနဲ့ လုပ်နေပါတယ်။ အခုဆိုရင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာတွေ ထိုင်သပိတ်တွေ လုပ်လို့မရတဲ့ အခြေအနေမှာ ကျမတို့ မြစ်ကြီးနား မှာဆိုရင် ဆိုင်ကယ်သပိတ်တွေ အနေနဲ့ ရအောင် သပိတ်စစ်ကြောင်းကို ရအောင်ထွက် နေပါတယ်။ ပြောက်ကျားပုံစံ ပေါ့နော်။ ဟိုဖက်ရောက်လိုက် ဒီဖက်ရောက်လိုက်နဲ့ စုမိသလောက် ဆိုင်ကယ်တွေနဲ့ အခုအချိန်ထိ လုပ်နေတယ်။ ဒီအာဏာရှင်အစိုးရကို အလိုမရှိကြောင်းကို ရတဲ့နည်းနဲ့ ထိုးဖောက်ပြီးတော့ ဆန္ဒပြ နေပါတယ်။ ဒီမတရားမှု ဆိုတာက လုံးတွန်းလှန်ရမယ့် အရာတစ်ခုဖြစ်ပါတယ်။”

ဆန္ဒပြသူတွေရဲ့ အခွင့်အရေးကို လေးစားဖို့ အင်အားသုံးနှိမ်နင်းတာတွေ မလုပ်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက သတိပေးနေချိန်မှာပဲ နှိမ်နင်းမှုတွေနဲ့ ဖမ်းဆီးမှုတွေ ဆက်လုပ်နေတာပါ။

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာလည်း မကြာသေးခင် ရက်တွေက ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံထားရသူ ၁၀ ယောက်ထက်မနည်း ရှိနေတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူ တွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( မြန်မာနိုင်ငံ) ကတော့ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးအရေးယူခံရသူ ၅၂၁ ယောက်နဲ့ ထိန်းသိမ်း ထားသူ ၄၇၇ ယောက်ရှိကြောင်း မနေ့တုန်းကပဲ သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG