သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အာဆီယံစည္းေဝးဖုိ႔ စကၤာပူနဲ႔ အင္ဒိုနီးရွားေထာက္ခံ


ျမန္မာ့အေရး အာဆီယံစည္းေဝးဖုိ႔ စကၤာပူနဲ႔ အင္ဒိုနီးရွားေထာက္ခံ

{{Zawgyi/Unicode}}

ျမန္မာႏုိင္ငံမွာ ေတြ႔ဆံုေဆြးေႏြးဖို႔နဲ႔ ပံုမွန္အေျခအေနျပန္ေရာက္ဖို႔ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႔ (ASEAN) အေနနဲ႔ အေရးပါတဲ့အခန္းက႑ကေန ပါဝင္ႏုိင္တယ္လို႔ စကၤာပူနဲ႔ အင္ဒိုနီးရွား ႏုိင္ငံျခားေရးဝန္ႀကီးေတြက ယံုၾကည္တဲ့အေၾကာင္း စကၤာပူႏုိင္ငံျခားေရးဌာနက ထုတ္ျပန္ပါတယ္။

စကၤာပူႏုိင္ငံျခားေရးဝန္ႀကီး Vivian Balakrishnan နဲ႔ အင္ဒိုနီးရွားႏုိင္ငံျခားေရးဝန္ႀကီး Retno Marsudi တို႔ စကၤာပူမွာ ဒီကေန႔ ေတြ႔ဆံုေဆြးေႏြးၿပီးတဲ့ေနာက္ အဲဒီလိုထုတ္ျပန္တာပါ။

ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ ေရြးေကာက္ခံအစိုးရကို စစ္တပ္က အာဏာသိမ္းျဖဳတ္ခ်ထားတဲ့ ျမန္မာႏိုင္ငံအေျခအေနကို အဖြဲ႔ဝင္ ၁၀ ႏိုင္ငံပါ အာဆီယံအေနနဲ႔ေျဖရွင္းေရး ေနာက္တဆင့္ ဘာေတြလုပ္ႏုိင္ေျခရွိမယ္ဆိုတာ ဝန္ႀကီးႏွစ္ဦး ေဆြးေႏြးခဲ့ၾကပါတယ္။

"ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး အျပဳသေဘာေဆာင္တဲ့ အျမင္္ေတြကို ဖလွယ္ဖို႔နဲ႔ ေရွ႕ဆက္လုပ္ေဆာင္ေရး နည္းလမ္းရွာဖို႔ အာဆီယံံ ဝန္ႀကီးအဆင့္ အလြတ္သေဘာ အစည္းအေဝးတစ္ခုက်င္းပေရး အဆိုျပဳထားတဲ့အေပၚ အခို္င္အမာ ေထာက္ခံတဲ့အေၾကာင္း ဝန္ႀကီးေတြက ေျပာၾကပါတယ္" လို႔ စကၤာပူႏိုင္ငံျခားေရးဌာန ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

အာဆီယံအဖြဲ႔ရဲ႕ မိတ္ဘက္ႏုိင္ငံေတြအပါအဝင္ အဓိက သက္ဆုိင္သူအားလံုးပါဝင္တဲ့ ေဆြးေႏြးပြဲတခု ဘယ္လိုက်င္းပႏုိင္မယ္ဆိုတာ ဝန္ႀကီးႏွစ္ီး ေဆြးေႏြးၾကတယ္လို႔လည္း ထုတ္ျပန္ခ်က္ကဆိုပါတယ္။

အင္ဒိုနီးရွားႏုိင္ငံျခားေရးဝန္ႀကီး Retno Marsudi ဟာ လက္ရွိ အာဆီယံအလွည့္က်ဥကၠ႒ ဘ႐ူႏုိင္းႏိုင္ငံေစာ္ဘြား Hassanal Blokiah နဲ႔ ဗုဒၶဟူးေန႔က ေတြ႔ဆံုၿပီး ျမန္္မာ့အေရးကို အဖြဲ႔ဝင္ႏုိင္ငံေတြၾကား ေျပာဆုိေဆြးေႏြးေရး ေထာက္ခံအားေပးဖို႔ တိုက္တြန္းခဲ့ၿပီးတဲ့ေနာက္ စကၤာပူႏုိင္ငံျခားေရးဝန္ႀကီးနဲ႔ ေတြ႔ဆံုေဆြးေႏြးတာပါ။

ျမန္မာ့အေရးေဆြးေႏြးဖို႔ အာဆီယံအထူးအစည္းအေဝးတစ္ရပ္ ေခၚယူေရးကိစၥကို မေလးရွားႏုိင္ငံကလည္း ေတာင္းဆိုထားပါတယ္။

........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးဖို့နဲ့ ပုံမှန်အခြေအနေပြန်ရောက်ဖို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အနေနဲ့ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နိုင်တယ်လို့ စင်္ကာပူနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတွေက ယုံကြည်တဲ့အကြောင်း စင်္ကာပူနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi တို့ စင်္ကာပူမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် အဲဒီလိုထုတ်ပြန်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို စစ်တပ်က အာဏာသိမ်းဖြုတ်ချထားတဲ့ မြန်မာနိုင်ငံအခြေအနေကို အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံအနေနဲ့ဖြေရှင်းရေး နောက်တဆင့် ဘာတွေလုပ်နိုင်ခြေရှိမယ်ဆိုတာ ဝန်ကြီးနှစ်ဦး ဆွေးနွေးခဲ့ကြပါတယ်။

"မြန်မာ့အရေးနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ အမြင်တွေကို ဖလှယ်ဖို့နဲ့ ရှေ့ဆက်လုပ်ဆောင်ရေး နည်းလမ်းရှာဖို့ အာဆီယံံ ဝန်ကြီးအဆင့် အလွတ်သဘော အစည်းအဝေးတစ်ခုကျင်းပရေး အဆိုပြုထားတဲ့အပေါ် အခိုင်အမာ ထောက်ခံတဲ့အကြောင်း ဝန်ကြီးတွေက ပြောကြပါတယ်" လို့ စင်္ကာပူနိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အာဆီယံအဖွဲ့ရဲ့ မိတ်ဘက်နိုင်ငံတွေအပါအဝင် အဓိက သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတခု ဘယ်လိုကျင်းပနိုင်မယ်ဆိုတာ ဝန်ကြီးနှစ်ီး ဆွေးနွေးကြတယ်လို့လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ဟာ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံစော်ဘွား Hassanal Blokiah နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံပြီး မြန်မာ့အရေးကို အဖွဲ့ဝင်နိုင်ငံတွေကြား ပြောဆိုဆွေးနွေးရေး ထောက်ခံအားပေးဖို့ တိုက်တွန်းခဲ့ပြီးတဲ့နောက် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးတာပါ။

မြန်မာ့အရေးဆွေးနွေးဖို့ အာဆီယံအထူးအစည်းအဝေးတစ်ရပ် ခေါ်ယူရေးကိစ္စကို မလေးရှားနိုင်ငံကလည်း တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG